YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lost.in.the.Night.2023.VOSTFR.720p.WEB-DL.(CM).mp4

861.79 MB 720p video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Influencer
6.5

အရမ်းလည်း dark မဖြစ်ဘဲ တထိတ်ထိတ်နဲ့ရင်ခုန်ရမဲ့ mystery ဆန်ဆန် movie ကောင်းလေးတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် (၂၀၂၃) ထွက် အသစ်ဆက်ဆက် mystery ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ မက်ဒီဆင်က နာမည်သိပ်မရှိတဲ့ သာမန် social influencer တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်အနေနဲ့ရော၊ ကြော်ငြာပစ္စည်းတွေအတွက် blog တွေရိုက်ကူးဖို့အတွက်ရော ရောက်ရှိလာခဲ့ပါတယ်။ မပြေလည်တဲ့ rs ပြဿနာတွေအတွက်ရော၊ မအောင်မြင်တဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြောင့်ရော စိတ်ဖိစီးမှုတွေများနေစဉ်မှာပဲ CW လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ စတွေ့ခဲ့ပါတယ်။ CW က ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့လည်း မက်ဒီဆင်ထိုင်းနိုင်ငံကပြန်ခါနီးမှာပဲ ပက်စပို့ခိုးခံလိုက်ရပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ပုံမှန်နဲ့မတူတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး IMDB rating ကလည်း 6.1 အထိရရှိထားတာမို့ mystery ဆန်ဆန်ဇာတ်ကားတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် ကြည့်ရအဆင်ပြေစေမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…(1.4 GB)/(740 GB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Thriller,Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Comedy • Drama
6.5 2023 92 mins
Influencer
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Your World Without Me

Your World Without Me ဆိုတဲ့ဇာတ်ကားလေးကတော့ တောသားလေးနဲ့ မြို့သူမလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်တစ်နေ့မှာ မြို့သူမလေး လော့ယောင်က တောသားလေး အားပုနေတဲ့မြို့ငယ်လေးကို ခရီးထွက်ရင်ရောက်လာပါတယ် အားပုကမီးပုံပွဲတော်သွားမဲ့လမ်းတစ်‌ဝက်မှာ လော့ယောင်နဲ့တွေ့ဆုံမိပြီး မြင်မြင်ချင်းမှာပဲ ချစ်မိသွားပါတော့တယ် ချစ်မိသွားတယ်ဆိုတဲ့အတိုင်း လော့ယောင်ကိုနေရာတကာလိုက်ကာကွယ်ပြီး ကူညီတာပေါ့နော်ဒီလိုနဲ့ပဲ လော့ယောင်နဲ့အချိန်ကြာကြာတူတူရှိချင်လို့ သူတို့မြို့ငယ်လေးကိုလည်ပတ်ဖို့ လမ်းညွှန်ခရီးထွက်ကြပါတယ် ဒီလိုနဲ့ပဲ သူတို့သစ်သားအိမ်လေးမှာ မသိစိတ်က ချစ်ခြင်းမေတ္တာလေးတွေပြင်းထန်သွားပြန်ရော ခရီးထွက်လာတဲ့ဧည့်သည် လော့ယောင်လေးက သူမြို့လေးကိုပြန်ရတော့မဲ့အချိန်ကိုရောက်လာတော့ အားပုကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ် နောက်ပိုင်းမှာ အားပုကို လော့ယောင်ရှိတဲ့နေရာကိုလိုက်သွားပြီး သူတို့ ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Quality : WEB-DL 1080p Format : mp4 Genres : Drama , Romance Duration : 96 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Drama • Sci-Fi & Fantasy
0 2021
Your World Without Me
The Christmas Chronicles
7.2

CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီး Rating 7.6 ရရှိထားကာ ကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်.. အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု... ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ် ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်.. သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်း ခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်... ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်... ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကို ကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ.. တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်... ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်... တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်... ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ် အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ... သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့ အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်... သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်... ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး... စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ... စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီး အလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ အကုန်ပြုတ်ကျပါတော့တယ်... တက်ဒီနဲ့ ကိတ်တီဟာ သူတို့နှစ်ယောက်ကြောင့် ခရစ်စမတ်မပျက်စီးအောင် စန်တာကလော့စ်ကို ကူညီပေးရပါတော့တယ်... ခရစ်စမတ်မရောက်ခင် လက်ဆောင်ထုပ်တွေကို ရှာပြီး အမှီပို့နိုင်ပါ့မလား... အောင်မြင်ပါ့မလား စတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ... File Size : (978MB) and (302 MB) Quality : Web DL 720p Running Time :1hr 44min Format : Mp4 Genre : Adventures , Comedy , Family Subtitle : Myanmar Subtitle (Hard Sub) Translated by May Haruko Encoded by Moe Myint Lwin

Drama • Sci-Fi & Fantasy
7.2 2018 104 mins
The Christmas Chronicles
Silverstar

ရှုခင်းလှလှလေးများနဲ့ ကျေးလက်အငွေ့အသက်လေးတွေ ပါဝင်တဲ့ ဒတ်ချ်စကားပြော ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Silverstar ဆိုတဲ့မြင်းလေးနဲ့ Esmee ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကြားထဲက ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို စွန့်စားခန်းဆန်ဆန် တင်ဆက်ထားပါတယ်. Look at it from the bright side ဆိုတဲ့အတိုင်း နေရောင်ခြည်၊ စိုက်ခင်းလေးများ၊ လေပြည်ညင်းနဲ့ တောလမ်းကလေးများကို တစ်လှည့် ခံစားရင်း.ပစ္စုပ္ပန်မျက်မြင်က ဘဝကိုပဲ ပွေ့ဖက်ရင်း. မြင်းကုန်းနှီးပေါ်က လွတ်လပ်မှု၊ ဆံဖျားနဲ့ မျက်နှာကို တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အရိုင်းဆန်မှု၊ ဆက်ကျော်သက်ဘဝ တဇွတ်ထိုးဆန်မှု၊ မိသားစုနဲ့ချစ်မေတ္တာ စသည်တို့ကို အချိုးညီစွာ ထင်ဟပ်ပြသထားတဲ့ နိုင်ငံခြားစကားပြောဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(2.22GB) / (1.16GB) /625.35MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre…Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sai Sumali

0 2022
Silverstar
Dragon Gate Posthouse 5: Flying Butterfly
6

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါလေးကတော့ လူတွေ မေ့ထားတဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သိုင်းလောကထဲမှ သူရဲကောင်းစုံတွဲ “လိပ်ပြာပျံ” လို့ နာမည်တွင်နေတဲ့ မုံ့ဖေးနဲ့ ထျန်ယွဲ့တို့ လင်မယားနှစ်ယောက်ဟာ အနောက်ရုံးတော်ရဲ့ အသုံးချချင်းကို ခံခဲ့ရပြီး ထုံကွမ်းမှ နိုင်ငံတော်ငွေတွေကိုခိုးယူခဲ့ပါတယ်။ အဲ့နောက်မှာ အနောက်ရုံးတော်မှ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။ မုံ့ဖေးဟာ ချင်တာရဲ့ လုပ်ကြံခြင်းကို ခံရပြီး ချန်းချန်အဆိပ်မိသွားကာ သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ယောကျာ်း သေသွားတာကို လက်မခံနိုင်တဲ့ ထျန်ယွဲ့ဟာ မုံ့ဖေးကို ကျောပိုးကာ မိုင်ထောင်ချီအဝေးကနေ ယွဲ့ယာမြို့မှာ ဆေးကုသပေးနိုင်မယ့် သမားတော်ကို လာရှာခဲ့ပါတယ်။ ဖုန်းစစ်ညန်ဟာ ထျန်ယွဲ့ရဲ့ မေတ္တာကြီးမားမှုကြောင့် ခံစားခဲ့ရပြီး တောနက်ထဲဝင်ကာဖြေဆေးတောင်းဖို့ ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ချင်တာဦးဆောင်တဲ့ စစ်တပ်ကြီးဟာ ရပ်နားစခန်းရှေ့သို့လာပြီး ထျန်ယွဲ့တို့ လင်မယားကို သတ်ဖို့ လုပ်လာပါတယ်။ လင်မယားနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ရပ်နားစခန်းမှ လူအပေါင်းတို့ဟာ သေရေးရှင်ရေး အန္တရာယ်ကြီးနဲ့ တွေ့ကြုံနေရပါတော့တယ်။ စစ်ညန်တစ်ယောက် ဖြေဆေးကို အချိန်မီယူလာနိုင်ပါ့မလား…… ရပ်နားစခန်းရှေ့ရောက်လာတဲ့ စစ်တပ်ကြီးကိုရော စခန်းမှ လူအပေါင်းဘယ်လို ဖြေရှင်းကြမလဲ….. ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6 2018
Dragon Gate Posthouse 5: Flying Butterfly
Chiara
5.9

Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

5.9 2022
Chiara
Stalked by My Doctor

ရုပ်ရှင်နာမည်အတိုင်းပဲ ဒေါက်တာတစ်ယောက်က သူ့လူနာတစ်ယောက်နောက်ကို နောက်ယောင်ခံလိုက်တဲ့ ဇာတ်ကားလေးပါ။ သည်းထိတ်ရင်ဖိုနဲ့ အချစ် ရသနှစ်မျိုးခံစားရမယ့် ဇာတ်ကား‌လေးပါ။ ဘာလို့ နောက်ယောင်ခံလိုက်ရတာလဲသိချင်ရင်တော့ ခုပဲ ဒေါင်းလုပ်ဆွဲပြီး ကြည့်လိုက်ပါတော့ မိတ်ဆွေ။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ သည်းထိတ်ရင်ဖိုနဲ့ အချစ်ကားတွေ ‌ရိုက်တဲ့ Doug Cambell ပါ။ ဗီလိန်ဇာတ်ရုပ်တွေပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် Eric Roberts နဲ့ မင်းသမီးချော Brianna Joy Chomer တို့က အဓိကသရုပ်ဆောင်ထားပါတယ်။ Doug Cambell အနေနဲ့ ဒီဇာတ်ကားအပြင် Stalked by My Neighbour (2015), Stalked by My Doctor: The Return (2016), Stalked by My Mother (2016), Stalked by My Doctor: Patient’s Revenge (2018) ဆိုပြီး နောက်ယောင်ခံ သည်းထိတ်ရင်ဖိုဇာတ်ကား နောက်ထပ် ၄ ကား ထပ်ရိုက်ထားတာရှိပါသေးတယ်။ File size…(1.7 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

0 2015
Stalked by My Doctor
An Easter Bloom
6.3

အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။ အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura aung

Drama • History
6.3 2024 85 mins
An Easter Bloom
Fengshui
6.1

ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။ တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။ မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။ သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့…. ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်…. ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-woo ဟုန်ဆိုးမင်းသားအဖြစ် Ji Sung ချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ) File size… 1.8 GB / 896 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kyar Phyu Lwin

6.1 2018
Fengshui
The Hateful Eight
7.8

The Hateful Eight (2015) IMDb Rating (7.8) / Rotten Tomatoes (75%) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards, Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ ရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ် ( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။ အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။ အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ကြာမြင့်ချိန် ၃ နာရီနီးပါးရှိပြီး ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။

7.8 2015
The Hateful Eight
Baaria
6.9

Baaria (2009) Genre – Comedy, Drama IMDb Rating (6.9) ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။ လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။ လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ဘယ်လို ဟန်ချက်ညီအောင်နေရတာတွေ စသဖြင့် ဒီလိုမျိုး မျိုးရိုး ၃ ဆက်စာ အတွေ့အကြုံတွေကို ခေတ်အလိုက် ပြန်ပြီး စိတ်ကူးထဲပုံဖော် မြင်လာအောင် ကြိုးစားရိုက်ကူးပြထားတဲ့ အီတလီရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thura Aung မှ တင်ဆက်ထားပါတယ်။)

6.9 2009 160 mins
Baaria
The Enigma of Arrival
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မူးယစ်ဖမ်းဆီးရေးတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင် ယုံကျန့်ကို မူးယစ်ဆေးအမှုတစ်ခုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ မှုခင်း စုံစမ်းနေတဲ့အချိန်မှာ သူငယ်ချင်းယွီကျီထုံက မူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာတွေ ပေါ်လာခဲ့ပါတယ်။ ယွီကျီထုံဟာ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး နေမကောင်းတဲ့သားကို ကုသဖို့အတွက် မူးယစ်ဂိုဏ်းထဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။ မူးယစ်ဂိုဏ်းမှာ တစ်ဦးတည်းသော အမျိုးသမီးလူယုံအနေနဲ့ သူ့ကို မနာလိုမုန်းတီးသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီလို သူငယ်ချင်းဟောင်းနှစ်ယောက်က ပြန်တွေ့တဲ့အချိန်မှာ ရန်သူတွေ ဖြစ်သွားကြမလား…… မူးယစ်ဂိုဏ်းကို ချေမှုန်းဖို့ ပူးပေါင်းကြမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
The Enigma of Arrival
Venus and Mars
5.8

Venus and Mars (2007) *********************** IMDb… 5.8 Venus and Mars ရုပ်ရှင်က​တော့ 2007ခုနှစ်မှာ ပြသခဲ့ပြီး Sul Kyung Guနဲ့ Kim Tae Heeတို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Hard- Boiled Romantic Comedy ဇာတ်လမ်းဖြစ်ပါတယ်။ အကျင့်စရိုက်ချင်းမတူညီကြတဲ့ ဆန်းမင် (Sul Kyung Gu)နဲ့ ဂျီနာ (Kim Tae Hee)တို့ စုံတွဲက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ​လက်ထပ်ခဲ့ပေမဲ့ ​နောက်ဆုံးမှာ ပိုင်ဆိုင်မှု​တွေကို တစ်ဝက်စီခွဲပြီး ကွာရှင်းလိုက်ရပါ​တော့တယ်။ ​ တွေ့လိုက်တိုင်း ရန်ဖြစ်​နေကြတဲ့ ဂျီနာနဲ့ ဆန်းမင်က ကွာရှင်းပြီး ၃လအကြာမှာပဲ နာရီချိန်သီး​​ကြောင့် အ​သေအ​​ကျေတိုက်ခိုက်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ အစွဲလန်းလွန်​ရောဂါ​ကြောင့် နာရီချိန်သီးကို အသည်းအသဲပြန်​တောင်း​နေတဲ့ ဆန်းမင်နဲ့ ​ ကွာရှင်းထားတဲ့ကိစ္စ​ကြောင့် ပြဿနာ​ပေါင်းစုံတက်​နေတဲ့ ဂျီနာတို့ အချင်းချင်းအရွဲ့တိုက်ရာက​နေ ​နောက်ဆုံးမှာ နှစ်​ယောက်လုံး ထိခိုက်ဆုံးရှုံးလာတဲ့အခါ… ​ ခြေတစ်လှမ်း​နောက်ဆုတ်ပြီး နှစ်ယောက်သားအဆင်​ပြေသွားမလား ကြားထဲမှာ ဘယ်လိုပြဿနာ​တွေ ​ပေါ်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှု​ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။) File Size : 1.70GB/ 710MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

Animation • Science Fiction • Adventure • Family
5.8 2007
Venus and Mars