YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Longing.For.You(2023)EP3.WEB-DL.720P(CM).mp4

370.65 MB N/A video/mp4 790 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
The Englishman Who Went Up a Hill But Came Down a Mountain
6.6

ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစား ချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့ မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊ အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့ မင်းသမီးကြီး Tara Fitzgerald (Sirens – 1994/ The Woman in White)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့ သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့ မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း ၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာ မြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။ သူတို့ရဲ့စံချိန်စံညွှန်းတွေအရ တောင်တစ်လုံးအဖြစ် အဆင့်မီဖို့ဆိုရင် ပေ ၁၀၀၀ အထိမြင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိထားပြီးဖြစ်ပေမယ့် တကယ်တမ်း တိုင်းတာကြည့်တဲ့အခါမှာတော့ တောင်က ပေ ၁၀၀၀ မရှိဘဲ ၉၈၄ ပေသာရှိတာကြောင့် တောင်ကုန်းအဆင့်အဖြစ်နဲ့သာ သတ်မှတ်ခံရဖို့ဖြစ်လာပါတော့တယ်။ ပထမကမ္ဘာစစ်အတွင်းလည်းဖြစ်လို့ အရှုံးဆိုတာကို ခါးသီးနေချိန်၊ ရွာက လူငယ်တော်တော်များများကလည်း စစ်မှုထမ်းသွားနေပြီး သူတို့မောမောပန်းပန်းနဲ့ ပြန်များလာခဲ့ရင် သူတို့ရွာကတောင်လေးက တောင်မဟုတ်ဘဲ တောင်ကုန်းအဆင့်သာဖြစ်တာကို ဆီးကြိုမပြောချင်တဲ့၊ ရွာရဲ့သိက္ခာကိုဆယ်ချင်တဲ့ ရွာက လူကြီးတွေက ဒီလို အဆင့်မမီဘူးဆိုတဲ့ သတ်မှတ်ချက်ကို လက်မခံနိုင်ကြဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ ကြံစည်ကြပါတော့တယ်။ ရိုးသားတဲ့လူတွေ မရိုးမသားလုပ်ကြတဲ့အခါ ချစ်ဖို့လည်းကောင်း၊ ရယ်ဖို့လည်းကောင်းတာမို့ သေချာပေါက် အလွဲလွဲအချော်ချော်တွေဖြစ်လာတော့တာပေါ့လေ။ မြေပုံရေးဆွဲရေးအရာရှိနှစ်ယောက် ပြန်မသွားဖို့အရေးလည်း ကြံကြဖန်ကြရ၊ သူတို့ တောင်(ကုန်း)လေးကို တောင်အဖြစ် ပြန်သတ်မှတ်နိုင်ဖို့အရေး နည်းလမ်းပေါင်းစုံ ရှာရဖွေရနဲ့ တစ်ရွာလုံး ရှုပ်ယှက်တွေခတ်၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဟိုလူကယ်ပါ ဒီလူကူပါတွေ ဖြစ်နေကြပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေ ဖြစ်ချင်ကြသလို သူတို့ရဲ့တောင်(ကုန်း)လေးက တောင်အဖြစ် ပြန်ပြီး သတ်မှတ်ခံလိုက်ရမလား.. မြေပုံရေးဆွဲရေးအရာရှိနှစ်ယောက်ကိုရော နောက်ဆုံးအချိန်ထိဆွဲထားနိုင်ပါ့မလား.. သူတို့တောင်(ကုန်း)လေးကရော တောင်အဖြစ် အဆင့်မီသွားပါ့မလား.. ဆိုတာကိုတော့ အလွဲလွဲ အချော်ချော်လေးတွေကို ချစ်စဖွယ်ကြည့်ရှုရင်း ရယ်ရယ်မောမောနဲ့ အားပေးလိုက်ကြပါဦးနော်။ File size…(1.6 GB)/(830 GB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Romance • Comedy • Drama • Music
6.6 1995
The Englishman Who Went Up a Hill But Came Down a Mountain
Love Amongst the Stars
5.6

မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

5.6 2022
Love Amongst the Stars
Grudge
5.5

Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့ Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာ သူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေက သူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကို ကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင် ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့ မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာ လုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင် မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2021 104 mins
Grudge
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
A Good Year
7

A Good Year (2006) IMDb Rating (6.9) ဒါရိုက်တာကြီး Ridley Scott ရဲ့ ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။ မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့…. ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့ မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိ အလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်း ငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေ က ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…..။ အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။

Crime • Action • Thriller
7 2006 117 mins
A Good Year
Taken 3
6.3

Taken 3 (2014) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။ Taken 3 Taken trilogy ရဲ့ ၂၀၁၄ ခုနှစ်ထွက် နောက်ဆုံးကားဖြစ်ပါတယ်။ Liam Neeson နှင့် သူ၏စွန့်စားခန်းများ Taken အပိုင်း ၃ ပေါ့လေ။ သမီးဖြစ်သူ ကင်မ်အပေါ် အသည်းအသန် ဂရုစိုက်ပေးနေတဲ့ ဘရိုင်ယန်တစ်ယောက် ဖခင်တစ်ယောက်ရဲ့ တာဝန်ကို အပြည့်အဝ ကျေပွန်အောင် ကြိုးစားနေတုန်း မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ မသတ်ဘဲ လူသတ်သမားအဖြစ် ထောင်ချောက်ဆင် အစွပ်စွဲခံလိုက်ရတာပါပဲ။ ရဲတွေကလည်း သူ့နောက်ကို လိုက်နေပြီး စုံစမ်းရေးမှူးခေါင်းဆောင်က အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တာမို့ ဘရိုင်ယန်တစ်ယောက် ရဲလက်က လွတ်အောင်ပြေးရတာတစ်မျိုး၊ သူ့ကို ချောက်ချတဲ့ရန်သူကို စုံစမ်းရတာတစ်ဖုံနဲ့ ဗျာများပြီး ခရီးမတွင် ဖြစ်နေခဲ့ရပါတော့တယ်။ သို့ပေမယ့်လည်း ဘယ်၊ ညာ အစုံ အန္တရာယ်တွေကြားထဲက ဘရိုင်ယန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ထုံးစံအတိုင်း ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)

Mystery • Comedy • Crime
6.3 2014 109 mins
Taken 3
South Park: The End of Obesity

ယခုအခါမှာတော့ South Park ရဲ့ special episode တစ်ခုဖြစ်တဲ့ The end of obesity ဆိုတဲ့ အပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်… South Park ဆိုတာကတော့ လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး လှောင်ပြောင်သရော်တဲ့ adult animation ဖြစ်ပါတယ်… ဇာတ်လမ်းအကြောင်းကတော့ ကတ်ဒ်မန်းဆိုတဲ့လူငယ်လေးဟာအဝလွန်ရောဂါဖြစ်နေတဲ့အတွက် Ozempic ဆိုတဲ့ဆေးကိုသုံးဖို့ဆရာဝန်ကညွှန်းပါတယ်… semaglutide ပါဝင်တဲ့ Ozempic ဆေးဟာ ဈေးကြီးလွန်းတဲ့အတွက် ကတ်ဒ်မန်းတို့မိသားစုမတတ်နိုင်ပါဘူး… အာမခံကုမ္ပဏီကလည်း လူနာမှာ ဆီးချိုရောဂါရှိမှသာ ဆေးဖိုးကိုကျခံပေးမှာဖြစ်ပါတယ်…Ozempic ဆေးဟာ ‌ဆီးချိုရောဂါအတွက်သာ FDA ထောက်ခံချက်ရရှိထားတာဖြစ်ပြီး အဝလွန်ရောဂါအတွက်မထောက်ခံထားလို့ပါ…. တစ်ဖက်မှာလည်း သက်လတ်ပိုင်းအမျိုးသမီးတွေအကြား Ozempic, Mounjaro, Zepbound စတဲ့အဆီချဆေးတွေဟာ ရေပန်းစားလာခဲ့ပါတယ်…လူသုံးများလွန်းလို့ဆေးပြတ်တောက်တဲ့အထိပါဖြစ်လာပါတယ်…. ဒီတော့ ကတ်ဒ်မန်းဟာသူ့ရဲ့အဆီချဆေးရဖို့ဘယ်လိုလုပ်မလဲ….သူ့သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ….ဆေးကိုအလွန်အကြူးသုံးစွဲနေတဲ့သက်လတ်ပိုင်းအမျိုးသမီးအုပ်စုကရော နောက်ထပ်ဆေးထပ်ရဖို့ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. South Park ရဲ့ ဒီ End of obesity ဆိုတဲ့အပိုင်းဟာ တကယ့်လက်‌တွေ့ဘဝက semaglutide ဆေးနဲ့ပတ်သက်ပြီးလူကြိုက်များမှု…ဆေးပြတ်တောက်မှုအကြောင်းကိုရိုက်ပြထားတာပါ (၂၀၂၃-၂၀၂၄ မှာဆေးကပြတ်တောက်သွားပြီလို့ဖတ်ရပါတယ်)….Adult animation ဆိုတဲ့အတိုင်းရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေပါဝင်ပါတယ်…ချင့်ချိန်ကြည့်ရှုကြပါခင်ဗျာ…. File size…(725 MB)/(361 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:53:00 Genre… Animation, TV Movie, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2024
South Park: The End of Obesity
Marrowbone
6.7

Marrowbone (2017) IMDb Rating (6.7) ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ်

Drama
6.7 2017
Marrowbone
Suck Seed
7.4

Suck Seed (2011) IMDB: 7.4 / Rotten Tomatoes: 82% ယခုတစ်ခါမှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Music အချစ်ဟာသဇာတ်ကားလေးဖြစ်တဲ့အတိုင်းပဲ အဆိုတော်မင်းသားတွေဖြစ်တဲ့ Jirayu La-ongmanee နဲ့ Pachara Chirathivatတို့က ပါဝင်ထားပါတယ်။ ငယ်ငယ်လေးတည်းက တိတ်တခိုးလေးချစ်ခဲ့ရတဲ့ ကောင်မလေးအန်ဟာ ဘန်ကောက်ကို ပြောင်းရွှေ့သွားတဲ့အတွက် ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ မြိုသိပ်ထားရင်း နေလာခဲ့တဲ့ ပက်ဒ်။ ပက်ဒ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွန်ဟာ သူဖြစ်ချင်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီးတော့ စိတ်အပြောင်းအလဲမြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ပက်ဒ်တို့တွေ အထက်တန်းကိုရောက်လာတဲ့အချိန်မှာတော့ အန်ဟာ သူတို့ကျောင်းကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ မမျှော်လင့်ထားတဲ့ကိစ္စကတော့ ကွန်ဟာ အန့်ကို ကြွေသွားပြီးတော့ လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ပက်ဒ်တစ်ယောက် သူငယ်ချင်းကို ချစ်တဲ့သူပီပီ သူ့ရဲ့အချစ်တွေကို မြိုသိပ်ထားခဲ့ပါတော့တယ်။ အန်ဟာ ဂီတကို ရူးသွပ်တဲ့သူတစ်ယောက်ပီပီ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း အန့်ကိုလိုက်ဖို့ကြိုးစားနေတဲ့ ကွန်ဟာလည်း ဂီတဘက်ကို စိတ်ရောက်သွားပြီးတော့ သူငယ်ချင်းဖြစ်တဲ့ ပက်ဒ်နဲ့အက်တို့ကို ဆွဲခေါ်ရင်း အဆိုပြိုင်ပွဲပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပက်ဒ်,ကွန်နဲ့ အက်တို့ အဆိုပြိုင်ပွဲကို ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲ ….. အန်ရယ် ပက်ဒ်နဲ့ ကွန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…(3.9 GB) / (1.5 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:10:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou

7.4 2011
Suck Seed
[18+] Halinghing
4.5

ရန်ဒီဟာ ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး ဖိတ်သ်ဆန်ဒါဆိုတဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အကြောင်း ဓာတ်ပုံဆောင်းပါးရေးဖို့ အေဂျင်စီက သူ့ကိုတာဝန်ပေးခဲ့ပါတယ်။ ဖိတ်သ်ဆန်ဒါဟာ ရည်းစားဖြစ်သူကိုသတ်တဲ့အမှုနဲ့စွပ်စွဲခံရပြီး လူမြင်ကွင်းကအတန်ကြာပျောက်နေခဲ့တဲ့သူပါ။ ဒါကြောင့် သူ့အကြောင်းကိုတတ်နိုင်သမျှ သိုဝှက်ထားချင်တာကြောင့် ရန်ဒီနဲ့နှစ်ဦးချင်းတွေ့ဆုံအလုပ်လုပ်ဖို့ပဲတောင်းဆိုထားပါတယ်။ မိန်းမချင်းလိင်တူကိုသာစိတ်ဝင်စားတဲ့ ရန်ဒီတစ်ယောက် မင်းသမီးတစ်ယောက် မိန်းမလှတစ်ယောက်နဲ့ အနီးကပ်အတွင်းကျကျ အလုပ်လုပ်ရင်းနဲ့ မင်းသမီးရဲ့ဘ၀ဇာတ်ကြောင်းတွေ နောက်ကွယ်ကလျှို့ဝှက်ချက်တွေကိုပါ သိမြင်ရင်းနှီးလာ သံယောဇဉ်တွယ်လာချိန်မှာတော့..။ Aiko Garcia နဲ့ Jenn Rosa တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (460 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:05:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024 90 mins
[18+] Halinghing
Love Fool
5.9

ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။ တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ …… ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။

Romance
5.9 2023
Love Fool
Juror #2
7.2

မင်းသားကြီး Clint Eastwood ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတွေက တွေးစရာရင်ခုန်စရာ Plot တွေနဲ့ Crime , Thriller အမှန်အကန်တွေကို ချပြတတ်ပါတယ်… ဒီ Juror 2 ဆိုတဲ့ ရုပ်ရှင်မှာလည်း Xmen ကားတွေနဲ့ နာမည်ရလာတဲ့ မင်းသား Nicholas Hoult , J.K Simmons , Toni Collete စတဲ့ နာမည်ကြီး Actor တွေနဲ့ အားဖြည့်ထားတာဖြစ်လို့ သေချာပေါက် ကြည့်သင့်တဲ့ကားပါ…. ကိုယ်ဝန်သည်ဇနီးဖြစ်သူ အဲလီဆင်နဲ့ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေတဲ့ ဆောင်းပါးရေးဆရာဂျက်စတင်ကန့်ဟာ ပြည်နယ်က ဂျူရီအဖွဲ့ဝင်လုပ်ပေးဖို့ တာဝန်ပေးလို့ မလုပ်ချင်လုပ်ချင်နဲ့ တရားခွင်တဲ့ သွားထိုင်လိုက်ရပါတယ်…ဒါပေမယ့် အမှုအကြောင်းကိုသိသွားတော့ သူ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခြောက်ခြားသွားစေတယ်… ကန်ဒယ်ကာတာနဲ့ ဂျိန်းစ်ဆိုက်ဆိုတဲ့ စုံတွဲက အောက်တိုဘာ ၂၅ ရက် အရက်ဘားတစ်ခုမှာ အရက်သောက် ရန်ဖြစ်ကြရင်း အပြန်မှာ ကောင်မလေးဖြစ်သူ ကန်ဒယ်က သေဆုံးသွားပါတယ်… အမှုအသွားအလာအရ ကောင်မလေးက မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ ညကြီးမှာ ချစ်သူနဲ့ ရန်ဖြစ်စကားများထွက်လာပြီး တစ်ယောက်ယောက်က မာကျောတဲ့အရာတစ်ခုနဲ့ ခေါင်းကိုရိုက်နှက်ပြီး ချောင်းထဲကျ သေသွားတာဖြစ်တယ်… ညမှောင်ပြီးမိုးတွေလည်းရွာ မျက်မြင်သက်သေလည်း မရှိတော့ အားလုံးက သူ့ရည်းစားကောင်လေး ဂျိန်းစ်ဆိုက်ကိုပဲ တရားခံအဖြစ် သတ်မှတ်ပြီး ဖမ်းလိုက်ကြတယ်… တကယ့်လူသတ်သမားက ဒီကောင်မလေးကိုကားနဲ့မတော်တဆ တိုက်မိပြီး သတ်သွားတဲ့ ဂျူရီအဖွဲ့ဝင် ဂျက်စတင်ကန့်ကိုယ်တိုင် ဖြစ်နေပါတယ်…သူကျူးလွန်ခဲ့တဲ့အမှုကို တစ်နှစ်အကြာမှာ ဂျူရီ လူကြီးအဖြစ် ပြန်ပြီး အပြစ်ဒဏ်ကိုဆုံးဖြတ်ပေးလာရတဲ့ ဂျက်စတင် တစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို စိတ်ဝင်တစား ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်……. File size… ( 4.5GB ) / (1.59GB) / (819MB ) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 47m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy, Thiha Yan Naing

Drama • TV Movie
7.2 2024 114 mins
Juror #2
Bhool Bhulaiyaa 3
5.1

Bhool Bhulaiyaa 3 (2024) “၀င်္ကပါ” IMDb – 5.1/10 အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။ အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာ သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

5.1 2024 158 mins
Bhool Bhulaiyaa 3
Mimang
6.5

Mimang (2024) ***************** IMDb…..6.5 အခုတစ်ခါတင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ In water,No Surprise မှ မင်းသား Ha Seong Guk, Perfect Tomorrow, Three Room မှ မင်းသမီး Lee Myung Ha တို့ ပါဝင်ထားတဲ့ ရိုမန့်စ်ကားလေးပဲ ဖြစ်ပါတယ်။ -ဇာတ်လမ်းအကျဉ်း- အမြဲတမ်း တစ်နေရာတည်းမှာပဲ ရှိနေတယ်လို့ ထင်ရတဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေဟာလည်းပဲ နေ့စဉ်နှင့်အမျှ ဆောက်လုပ်ရေးလုပ်နေတဲ့ မြို့ကြီးတွေရဲ့ နေရာတွေလိုမျိုး ပြိုကျပျက်စီးပြီး ပြန်လည်ဆောက်လုပ်ခြင်းခံနေရပါတယ်။ အဲဒီလိုနဲ့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီး ရှိပေမဲ့ မပြောင်းလဲဘဲ ကျန်နေတဲ့အရာတွေထဲမှာ ကျွန်ုပ်တို့ဟာ ထပ်တလဲလဲဖြစ်မှုတွေနဲ့ ခြားနားမှုတွေကနေ တစ်ဆင့် တစ်နေရာရာကို ရှေ့ဆက်သွားနေကြရပါတယ်တဲ့…။ ဒီကားလေးထဲမှာတော့ ‘ mimang ‘ ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် 3 မျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိန်၊နေရာ၊ ဇာတ်ကောင်တွေရဲ့ ပြောင်းလဲမှုများကို အပိုင်း 3 ပိုင်းဖြင့် ရိုက်ကူးထားပြီး အထူးသဖြင့် ဆိုးလ်မြို့က သမိုင်းဝင်နေရာတွေရဲ့ ပြောင်းလဲမှုများကိုပါ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ရိုက်ကူးထားတာဖြစ်လို့ ဒီကားလေးကို ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ May Thet မှ ရေးသားထားပါတယ်။) File Size : 2.48GB/ 890MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:32:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Comedy • Romance
6.5 2024 92 mins
Mimang