YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Loneliness Society (2023) (Ep1)_1080p.mp4

927.89 MB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ranasthali
7

Ranasthali (2022) IMDb - 8.8/10 ဇာတ်လမ်းအကျဉ်း အကြမ်းအရမ်း အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သွေးသံရဲရဲ အကြမ်းပတမ်းတွေပါလို့ အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။ ဘာစာဗာက ဒေါသတရားကို ဦးထိပ်တင်ထားသူ။ရန်ပြုလာသူတွေကို လျင်မြန်စွာပဲ သုတ်သင်ရှင်းလင်းပစ်တဲ့လူစားမျိုး။သူ့ကို သိပ်ချစ်တဲ့ဖခင်အိုကြီးနဲ့ ကြားက သားအဖေမေတ္တာကိုလည်း ရင်ထဲမှာလှိုက်နေအောင် ဖန်တီးပုံဖော်ထားပါတယ်။ သူ့ရဲ့ရန်ဘက် ဘာဒရာနဲ့ကြားက သွေးကြွေးကလဲ့စားကို ဘယ်လိုတွေ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ကြမလဲဆိုတာ။သူတို့က ဘာအတွက် တစ်ယောက်နဲ့ တစ်ယောက်ရန်ငြိုးထားကြတာလဲ။ဘယ်သူကပဲ နောက်ဆုံးမှာ အနိုင်ရသွားမလဲ ဆိုတာတွေကို ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,BpL,Aditi,Nyein,Thaik San တို့ပဲဖြစ်ပါတယ်) File size…2.6GB /1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  chiclon3~BpL~Aditi~Nyein~Thaik San

Animation • Family • Fantasy • Romance
7 2022 138 mins
Ranasthali
The Little Vampire
6.8

The Little Vampire (2000) =================== IMDb Rating - 5.7/10 ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။ တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to childhood လုပ်ပြီး ငယ်ဘဝက ဇာတ်လမ်းလေးတွေ ကို ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း တော်တော်အဆင်ပြေတဲ့ ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.84 GB) / (758 MB) / (452 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......May Thet Khine Soe Encoder..........SWM

Comedy
6.8 2000 95 mins
The Little Vampire
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon

စစ်ပွဲတစ်ပွဲဆင်နွဲတဲ့အခါ သမိုင်းတွင်တဲ့ စစ်ပွဲများစွာရဲ့ စစ်သူရဲကောင်းတွေလည်းရှိသလို ဒီလိုစစ်ပွဲကြီးတွေအတွက် အထောက်အကူဖြစ်ဖို့ လူမသိသူမသိဆင်နွှဲခဲ့ရတဲ့ စစ်ပွဲလေးတွေထဲမှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်ပေါင်းများစွာလဲရှိပါတယ် အခု ဒီဇာတ်ကားလေးကတော့ စစ်ပွဲကြီးတစ်ခုက နိုင်ငံ့သူရဲကောင်းတွေကိုရိုက်ကူးပုံဖော်ထားတာမဟုတ်ဘဲ သမိုင်းမှာလည်းမပါ ဘယ်သူမှမသိတဲ့ချိုင့်ဝှမ်းလေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲလေးတစ်ခုက ရဲရင့်တဲ့ ရဲဘော်တွေရဲ့စိတ်ဓာတ်အားမာန်ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ၁၉၅၂ခု နှစ်ကို အခြေတည်ရိုက်ကူးထားတာပါ လျှိုဝမ်ဝူဟာ တိုးတက်မှုနောက်ကျပြီး ပစ္စည်းကိရိယာအစုံအလင်မရှိတဲ့ တရုတ်လုပ်အားပေးစစ်တပ်မှာ အရမ်းတော်တဲ့ တပ်ကြပ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ ၅တပ်ဖွဲ့ကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူတို့တပ်ရဲ့ သတင်းပေးလျန်လျန်ဆိုတဲ့ရဲဘော် ချုံခိုတိုက်ခံရပြီး အထက်က လျန်လျန်ကို သေသေရှင်ရှင် ပြန်ခေါ်ခဲ့ဖို့ တပ်ကြပ်လျှိုခေါင်းဆောင်တဲ့ အဖွဲ့ ၅ကို တာဝန်ပေးလိုက်ပါတယ် တစ်ဖက်မှာလည်း လျန်လျန်ကို ဓားစာခံထားပြီး လျှိုဝမ်ဝူကို ဖမ်းဖို့အမေရိကန်အထူးတပ်ဖွဲ့က အသင့်စောင့်နေချိန်မှာတော့... လက်နက်ခဲယမ်း ကိရိယာအစုံအလင်ရှိပြီး ကျွမ်းကျင်သူတွေကြီးပဲ ဖွဲ့စည်းထားတဲ့ အမေရိကန်တပ်ဖွဲ့ကို လျှိုဝမ်ဝူတို့တပ်ဖွဲ့ ၅ဘယ်လိုရင်ဆိုင်ကြမလဲ နိုင်ငံ့အကျိုးကိုပဲရှေ့တန်းတင် သူတို့အသက်တွေကိုရင်း သူမတူတဲ့မျိုးချစ်စိတ်တွေနဲ့ သူတို့ရဲ့တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မှာလဲဆိုတာ ရဲသွေးရဲမာန်အပြည့်နဲ့ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ဆက်ကြည့်ကြရမှာပါနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (850MB) Quality__WebDL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:30:00 Type__Action, Drama, War Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Action
null 2022
Snipers
Jumanji: The Next Level
6.9

အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီ IMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ် ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါ စပန်ဆာတစ်ယောက်နေရင်းထိုင်ရင်း Jumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲ စပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ် ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်း ပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲ ဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာ ဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီး အပြင်ကိုဘယ်လိုပြန်ထွက်မလဲ သူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။ File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung

Comedy • Drama • Romance
6.9 2019 123 mins
Jumanji: The Next Level
Attack of the Hollywood Clichés!
6.1

Attack of the Hollywood Clichés! (2022) ============================= IMDb Rating – 6.1/10 လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက “ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား” တို့၊ “မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း” တို့ “အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ” တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ “Attack of the Hollywood Clichés!” လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.3 GB) / (470 MB) / (271 MB) Quality…………WEB-DL 1080p / 720p / 480P Duration………58Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Comedy Translator…….Fiona Gillen Encoder……….SWM

6.1 2022
Attack of the Hollywood Clichés!
Take Off
6.9

၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကို နောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။ ၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစား ပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေး နိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမား အဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။ နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။ အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကို လိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့ စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှ ာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။ နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။ တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့် အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊ သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေ တွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာ ဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်း ပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

Comedy • Drama • Family
6.9 2009
Take Off
Red State
6.1

Imdb rating – 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။ တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best Motion Picture ဆုချီးမြှင့်ခံခဲ့ရပါတယ်။ အစွန်း​ရောက်ဂိုဏ်းတွေ ဘာသာရေး​ cult​ တွေကို​ စိတ်​ဝင်စား​သူများကြည့်ရှုသင့်ပါတယ်။ အရွယ်​မရောက်သေးသူများ မကြည့်ရှူသင့်ပါဘူး။ File size…(1.5 GB)/(801 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

6.1 2011
Red State
Ravenous
5.8

Ravenous (2017) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်‌နေရတဲ့‌ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား… ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား… ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။ Cinematography ကလည်း အရမ်းကိုလှပပြီး ကာရိုက်တာတွေကလည်း သူ့ဟာနဲ့သူ ပြီးပြည့်စုံပါတယ်။ ပျက်ကပ်ကြောင့် တိတ်ဆိတ်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အော်ဟစ်သံတွေက ဟော်ရာအရသာကို Perfect ဖြစ်စေတာမျိုးပါပဲ။ Drama ဖက်လည်း မလစ်ဟင်းစေရဘဲ အေးအေးလေးနဲ့ တဖြည်ဖြည်းဇာတ်ရှိန်တက်လာတဲ့ Slow Burn ဇာတ်ကားအမျိုးအစားပါ။ IMDb rating (5.8/10) ရထားပြီး ခရမ်းချဉ်သီး 88% ရထားပါတယ်။ အားလုံးပဲ… ဆုတွေ (၁၆)ခုထိရထားပြီး Nomination (၇)ခုလည်း ၀င်ထားတဲ့ ဒီကားလေးကို မိုးအေးအေးလေးမှာ အိပ်ရာထဲကွေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 840MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2017
Ravenous
Hello, Schoolgirl
6.9

Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့ တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။ Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။ တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာ အလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Moving ကိုရေးသားခဲ့တဲ့ Kang Full ရဲ့ Sunjeong Manhwa ဆိုတဲ့ comic ကိုအခြေခံထားပြီး Girl’s Generation အဖွဲ့ဝင် Sooyoung ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.50 GB Quality…Web-rip 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai

Drama • Fantasy • Romance
6.9 2008
Hello, Schoolgirl
The Mask
6.9

1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘဝလေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ် IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်… The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ ” From Zero To Hero… ” File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Ye Khant Min

6.9 1994
The Mask
Blank
6.1

Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။

6.1 2019 111 mins
Blank
Spithood
5

Horror ကားကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကား လာပါပြီ။ ဇာတ်လမ်းအကျဉ်း *********** စိတ်ကျန်းမာရေး ဆေးရုံကြီးတစ်ခု .. လုံးဝ ပိတ်မသွားခင် နောက်ဆုံးညတစ်ည .. အဲဒီညမှာ အစောင့် မေဆန်နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူ အက်ရှလေတို့ဟာ သူတို့ရဲ့ နောက်ဆုံး ဂျူတီညအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဆီကို နောက်ဆုံး စိတ်ကျန်းမာရေး လူနာတစ်ယောက် ရုတ်တရက် ရောက်လာခဲ့တယ်။ အဲဒီလူနာက အမျိုးသမီး ငါးယောက်ကို သတ်ခဲ့တဲ့ မှတ်တမ်းနဲ့ ရောက်လာတဲ့ လူနာ။ ဖြစ်ချင်တော့ အဲဒီညမှာပဲ အဲဒီလူနာက သူ့ရဲ့ အချုပ်ခန်းထဲကနေ လွတ်သွားပါတယ်။ အဲဒီနောက် ဆေးရုံတစ်ခုလုံး ဘာတွေ ဆက်ဖြစ်မလဲ .. ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်။) File size… (613MB) / (378MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….58m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Animation • Comedy • Drama • Family • Fantasy • Adventure
5 2024 58 mins
Spithood
Nadaaniyan (aka) Naadaniyaan
5

Nadaaniyan (aka) Naadaniyaan (2025) “ရိုးသားမှုများ၏နောက်…” IMDb – 5/10 နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ သားတော်မောင် ပထမဦးဆုံးပွဲထွက်လာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆေ့ဖ်အလီခန်းကိုယ်ပွားလေးလို့ ပြောရလောက်အောင် ဆေ့ဖ်အလီခန်းကို ချွတ်ပြီးစွပ်ထားသလားထင်ရတဲ့အီဘရာဟင်မ်အလီခန်း။ ပီယာဆိုတဲ့ ကျောင်းသူလေးက အသိုင်းကြီးအဝိုင်းကြီးကပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူ ဘ၀ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပေမဲ့ ချစ်ရတဲ့သူငယ်ချင်းတွေက အထင်လွဲမှုတစ်ခုဖြစ်လာတဲ့အခါ ပီယာ့ခေါင်းထဲပေါ်လာတာက တကယ်မရှိဘဲ ရည်းစားရှိတယ်ဆိုပြီး ပြောမိလိုက်ပါလေရော။ ဒီမှာပဲ သူငယ်ချင်းတွေယုံကြည်မှု ချစ်ခင်မှုပြန်ရဖို့ သူ့စိတ်ကြိုက်ရည်းစားတစ်ယောက်ကိုအသည်းအသန်ရှာရတဲ့အခါ….။ ဆိုတော့ ဒီအချစ်ဟာသလူငယ်ရုပ်ရှင်လေးကို စီအမ်အက်ပ်လေးနဲ့ချေးလ်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Thriller
5 2025 119 mins
Nadaaniyan (aka) Naadaniyaan
Remember You
6.8

Remember You (2016) / Don’t Forget Me (2016) ********************************************** ဒီတစ်ခါမှာတော့ မင်းသားကြီး Jung Woosung နဲ့ မမလှလှ Kim Haneul တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို CM Team က ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းကတော့ .. ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်တဲ့ ယွန်းဆော့ဝန်း ( Jung Woosung )နဲ့ စတင်ထားပါတယ် ။ ရဲစခန်းမှာ ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်ရတဲ့အထိ ဖြစ်နေတဲ့ ယွန်းဆော့ဝန်းဟာ ကားမတော်တဆမှုကြောင့် ၁၀ နှစ်တာ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့သူတစ်ယောက်ပါ ။ သူ မသိလိုက်တဲ့ အဲဒီ ၁၀ နှစ်အတွင်းမှာပဲ သူဟာ ရှေ့နေတစ်ယောက် ဖြစ်နေခဲ့သလို ငယ်စဉ်တည်းက ကွဲကွာသွားတဲ့ မိခင်ဖြစ်သူနဲ့လည်း ပြန်ဆုံပြီးလျက်သား ဖြစ်နေခဲ့ပါတယ် ။ နေ့စဉ်ဘဝကို အဆင်ပြေပြေဖြတ်သန်းနေခဲ့ပေမဲ့ ယွန်းဆော့ဝန်းဟာ ဘာမှမသိတော့တဲ့ သူ့ဘဝကို သူ မပိုင်သလိုပါပဲ ။ ဒီလိုအချိန်မှာ အလုပ်ပြန်လုပ်နိုင်ဖို့အတွက် စိတ်ရောဂါကုဆရာဝန်ဆီကနေ ထောက်ခံစာယူဖို့ လာခဲ့တဲ့ ယွန်းဆော့ဝန်းဟာ ဂင်ဂျင်ယောင်း ( Kim Haneul ) လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ် ။ အတိတ်မေ့နေတဲ့ ယွန်းဆော့ဝန်း နဲ့ လျှို့ဝှက်ချက်တွေများလွန်းပုံရတဲ့ ဂင်ဂျင်ယောင်းတို့ ချစ်မိသွားတဲ့အခါမှာ တရိပ်ရိပ်နဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက သူတို့ အချစ်ရေးလမ်းခရီးမှာ ဘယ်လိုအနှောင့်အယှက်ဖြစ်လာမလဲ ။ ယွန်းဆော့ဝန်းရဲ့ ပျောက်နေတဲ့ ၁၀ နှစ်တာအတွင်းမှာ အီဘိုယောင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာတဲ့အခါ သူကရော ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိခဲ့တာလဲဆိုတာကိုတော့ Remember You ဇာတ်ကားမှာ ယွန်းဆော့ဝန်းနဲ့အတူတူ မှတ်ဉာဏ်တွေကို အတူတူရှာဖွေလိုက်ရအောင်နော် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.04GB / 469MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 46 min. Genre ….. Mystery, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Science Fiction • Action • Animation • Adventure • Comedy • Drama • Fantasy
6.8 2016 106 mins
Remember You