YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

LOLA.2023.720p.(CM).mp4

2.83 GB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rebound

၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီ ဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါ တစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲ အောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများ‌ဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါ Casts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ သင်ယူပြီး ရိုက်ကူးထားကြတာဖြစ်လို့ ကြည့်ရှုရတန်မယ့် ဇာတ်ကားတစ်ကားပါပဲ။ (ကိုရီးယားစကားမှ တိုက်ရိုက်ပြန်ဆိုထားခြင်း ဖြစ်သည့်အတွက် အားကစား အသုံးအနှုန်းများနှင့် ဒေသခံ လေယူလေသိမ်းတို့ လွဲချော်မှု ရှိခဲ့ပါက ချစ်သောမျက်စိဖြင့် ကြည့်ရှု ခံစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်နော်) အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sports Quality…. 1080p | 720p | 480p File size… 1.9GB | 992MB | 481MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Drama
0 2023 14 mins
Rebound
Thor: The Dark World
6.5

ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။ Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက နှစ်ပေါင်း ၅၀၀၀ မှာတစ်ကြိမ် တစ်တန်းထဲ ကျပြီး တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ Malekith က ကမ္ဘာအားလုံရဲ့ နေတွေကို ဖျက်ဆီးဖို့ကြိုးစားတာပါ။) အဲ့လိုအချိတ်အဆက်ဖြစ်နေတဲ့ အချိန်မှာ မင်းသမီး က မထင်မှတ်ပဲ Aether ကို ဖွက်ထားတဲ့ ဂြိုလ်ပေါ်ရောက်သွားပြီး Aether က သူ့ကိုယ်ထဲ ဝင်သွားသလို Malekith ကလည်း Aether ရဲ့ စွမ်းအားကို အာရုံခံမိသွားပြီး Natalie Portman အနောက်ကို လိုက်ဖို့ကြိုးစား သလို Thor ကလည်း သူချစ်သူကို ရော ကမ္ဘာကြီးကိုပါ Malekith ရဲ့လက်က နေ ကယ်တင်ရပုံတွေကို ကြည့်ရှုခံစားရမှာပါ။ (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(2.4 GB)/(1.5 GB)/(1.1 GB) Quality…BluRay 4K HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….01:52:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Action • Comedy • Crime • Thriller
6.5 2013 112 mins
Thor: The Dark World
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
The Menu
7.2

~ IMDb - 7.5/10, RT - 89%, Meta - 71% ~ ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ... Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို့ မလွတ်တမ်း အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 47Min Genre - Comedy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Phyo Pyae

Drama
7.2 2022 107 mins
The Menu
Fast Five
7.3

ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ကားက သူနဲ့အတူ သွားတဲ့ သူ့သူငယ်ချင်း ကမောင်းတာဖြစ်ပြီး ဖြစ်တဲ့နေရာက Valencia ရပ်ကွက်ရဲ့ Street Race လုပ်တာများတဲ့ လမ်းပေါ်မှာဖြစ်ပါတယ်။ Fast Five အကြောင်းကိုပြောရရင် ဒီကားက Fast & Furious လို့ခေါ်တဲ့ စတုတ္ထမြောက်ကားရဲ့ အဆက် ဖြစ်ပြီး O'Conner နဲ့ Dominic တို့ ဘရာဇီးနိုင်ငံ Rio De Jeneiro မှာ အဲ့ဒီမြို့က လူဆိုး ခေါင်းဆောင် Hernan Reyes နဲ့ပြသ၁နာဖြစ်ကြ သလို၊ လူဆိုးအဖွဲ့နဲ့ အလုပ်တူတူ လုပ်နေတုန်း လူဆိုးတွေက DEA အေးဂျင့်တွေကို သတ်လိုက်တာကိုလည်း သူတို့နှစ်ယောက်အပေါ်ပုံချခံရပါတယ်။ ဒါနဲ့ပဲ DEA က The Rock နဲ့အဖွဲကို လွှတ်ပြီး ဖမ်းခိုင်းပါခဲ့တယ်။ အဲ့ဒီမှာ Dominic နဲ့ Brian က Reyes က ဘိန်းအရောင်းအဝယ်နဲ့ ချမ်းသာနေတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ရှိတယ်ဆိုတာ သိသွားတဲ့နောက် Reyes ကို ဓါးပြတိုက်ဖို့ ကြံစည်ကြပါတယ်။ ဒီလို အစီအစဉ်ဆွဲ ရာမှာ သူတို့ ရဲ့ မိတ်ဆွေတွေကို သူတို့နဲ့အတူ ပါဝင်စေခဲ့ပါတယ်။ Brian က 2 Fast 2Furious ထဲက Roman Pearce (Tyrese Gibson, Paul Walker ရဲ့ အမှတ်တရ ပွဲကို မျက်ရည်စက်လက်နဲ့ တက်ရောက်ခဲ့ပါတယ်) နဲ့ Tej တို့ကို ခေါ်ခဲ့ပြီး Dominic က Fast & Furious ကားထဲက Han (Sung Kang), Gisele, Tego နဲ့ Don Omar တို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီကားမှာ ရှေ့ ထွက်ပြီးသမျှ Fast & Furious ကားတွေထဲက သရုပ်ဆောင်တွေ အကုန် လုံးနီးပါပြန်ပါ ခဲ့ပါတယ်။ (Tokyo Drift က Fast & Furious 7 မတိုင်ခင်ထိ ဇာတ်လမ်းတွေရဲ့နောက်ဆုံးကားဖြစ်ပြီး အစဉ်လိုက် စီရရင် The Fast and the Furious, 2 Fast 2 Furious, Fast & Furious, Fast Five, Fast & Furious 6, Tokyo Drift and Fast & Furious 7 ဖြစ်ပါတယ်။) ဇာတ်လမ်းတစ်ဝက်လောက်က အစီအစဉ်ချတာနဲ့တင် အချိန်ကုန်နေပြီး ဇာတ်လမ်း တစ်ဝက်လောက်မှာစပြီး ဇာတ်ရှိန်တက်လာတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည် မှု အပြည့်အဝနဲ့ သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်သလို ထူးထူးခြားခြား ဓါးပြတိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြိုင်ကားနဲ့ ဇာတ်လမ်းကောင်း မျိုး မရှိနိုင်ဘူးလို့ ပြောနေတဲ့ သူတွေကို ပါးစပ်ပိတ် သွားစေတဲ့ကားဖြစ်ပါတယ်။ ပြိုင်ကား ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မိသားစု တူတူကြည့်သင့်တဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ No Nudity ပေမယ့် Street Race ဇာတ်လမ်းဖြစ်လို့ Half Naked, Bikini ဝတ် မော်ဒယ်တွေ အများပြား ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီကားက ကလေးတွေမကြည့်သင့်သလို လူငယ်တွေ အနေနဲ့ မိဘတွေကို ပေးမကြည့်သင့်တဲ့ကားပါ။ :D ဘာလို့လည်းဆိုတာတော့ လူငယ်တွေပဲသိပါတယ်။ #Sololay (အညွှန်းကိုရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။) File Size : (2.4 GB) / (1.3 GB) Quality : BluRay 1080p / 720p 5.1 CH Running Time : 2hr 10min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Zan Aung Encoded by Nyeinsaeya Aung

Comedy • Drama
7.3 2011 130 mins
Fast Five
Bergman Island
6.7

Bergman Island (2021) ================= IMDb Rating – 6.7/10 Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။ စိတ်ဓာတ်တွေကျဆင်း‌ပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့‌တောင် တွန့်ဆုတ်‌နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။ အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.0 GB) / (836 MB) / (450 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 52mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….C’mon Encoder……….SWM

Crime • Drama
6.7 2021 113 mins
Bergman Island
Sugar

Sugar (2022) လွန်ခဲ့တဲ့ 6 နှစ်တုန်းက ကနေဒီးယန်း Ig ဆယ်လီ စော်လေးနှစ်‌ယောက်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းမှာ ဒေါ်လာသုံးဆယ်မီလီယံလောက် တန်ကြေးရှိတဲ့ ကိုကိန်းတွေ မှောင်ခိုသယ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ် ခုဇာတ်ကားလေးကတော့ အဲ့ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ ကမ္ဘာလှည့်ခရီးသွား ဆယ်လီလေးနှစ်‌ယောက် ဘယ်ကနေဘယ်လို မူးယစ်မှောင်ခိုသမားဖြစ်သွားလဲဆိုတာပါပဲ ဖြစ်ရပ်မှန်ပြန်ရိုက်ထားတယ်ဆိုပေမဲ့ ဇာတ်ကောင်တွေ အကုန်လုံးက စိတ်ဝင်စားဖို့ကောင်းမွန်ပြီး ထင်မှတ်မထားတဲ့ မြှပ်ကွက်တွေလဲထည့်သွင်းထားတာတွေ့ရမှာပါ Lead actress မင်းသမီးနှစ‌်ယောက်ကလဲ Instagram celebrity ဆိုတဲ့ဇာတ်ကောင်စရိုက်နဲ့အညီ တော်တော်လေးကို ဆွဲဆောင်မှုရှိတာမို့ လက်လွတ်မခံသင့်ကြောင်း လက်တို့ပေးပါရစေ အညျွန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p | 480p File size… 1.7GB | 941MB | 501MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. August

Action • Comedy
0 2022
Sugar
Sheroes

Sheroes 2023 အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ ဟီးရိုးမဟုတ်ပါဘူး “ရှီးရိူး” ပါ အဲ့တော့ ကောင်မလေးတွေအစွမ်းပြမဲ့ကားတစ်ကားပေါ့ ဘယ်လို အစွမ်းပြမလဲဆိုတော့ ဇာတ်ကားက ဒီလိုပါ။ သာမန်မိန်းကလေး လေးယောက်ပေါင်းပြီးတော့ ထိုင်းနိုင်ငံဖူးခက်မှာ လောင်းကျော်ကြဖို့ ပရိုက်ဗိတ်လေယာဉ်ကြီးနဲ့ချီတက်လာတဲ့အခါမှာ သူတို့အိတ်နဲ့ဆေးအိတ်နဲ့မှားပြီးတော့ ထိုင်းက မူးယစ်ဂိုဏ်းစတားကြီးတွေနဲ့ သွားရှုပ်မိတော့တာပါပဲ။ အပိုဆောင်းအနေနဲ့ကတော့ သူတို့သူငယ်ချင်းလေးတစ်ယောက်ပါ အဖမ်းခံရပါတော့တယ် ဒါပေမဲ့ ဇာတ်လမ်းထဲက ဒါရိုက်တာကြီးရဲ့သမီးတော်လေးက တွမ်ခရုဘာညာရှုံးတဲ့ အေးဂျင့်စကေးလ်တွေကို သူ့ဖားသားကြီးရိုက်လာတာ ကြည့်ရင်း တစ်သက်လုံးကြီးပြင်းခဲ့ရသူလေးမို့ ခုလည်း ထင်ရာမြင်ရာမူးယစ်ဂိုဏ်းနဲ့အပြိုင် သူတို့သူငယ်ချင်းကို ဘယ်လိုဉာဏ်တွေ သုံးပြီ ပြန်ကယ်တင်ကြမလဲဆိုတာကတော့ … မင်းသမီးလေး လေးယောက်လုံးက ချစ်စဖွယ်ကညုတုတုရုပ်လေးတွေဖြစ်တဲ့အပြင် အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးပြီး လူကြီးခန်းလေးတစ်ချို့တစ်လေလည်းပါတာမလို့ မိသားစုနဲ့ မကြည့်ရှုကြရန် ကြိုတင်သတိပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thu Rein Lynn ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure Quality…. 1080p | 720p | 480p File size… 1.3GB | 756MB | 363MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2023
Sheroes
All-Time High

စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
All-Time High
The Beautiful Summer

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ နယ်ကနေ မြို့တက်ပြီး အတူတူကြိုးစားရုန်းကန်နေတဲ့ မောင်နှမနှစ်ယောက်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတဲ့ အီတလီ Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျီနီယာဟာ နယ်ကတက်လာသူဖြစ်ပြီး မြို့ပေါ်က ဖက်ရှင်ဆိုင်မှာ အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျီနီယာဟာ အစ်ကိုဖြစ်‌သူနဲ့အတူ သူငယ်ချင်းတွေ ဆုံနေကျနေရာကိုသွားရင်း အမလီယာဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်းနှီးခဲ့ပါတော့တယ်။ အမလီယာရဲ့ အလုပ်အကိုင်ကတော့ ‌ပန်းချီဆရာတွေအတွက် သရုပ်ပြပေးရတာပါ။ အရွယ်ရောက်လာတဲ့ ဂျီနီယာဟာ အမလီယာနဲ့‌ အပေါင်းအသင်းဖြစ်သွားပြီး ပန်းချီဆရာတွေနဲ့ပါ ချိတ်ဆက်မိသွားတဲ့အခါ အရွယ်ရောက်သူပီပီ ဂျီနီယာဟာ သူ့ရဲ့ပထမဆုံးအချစ်ကို ပန်းချီဆရာတွေကြားမှာပဲ ရှာတွေ့ခဲ့ပါတော့တယ်။ နယ်ကနေ မြို့ကိုတက်လာပြီး အရွယ်ရောက်သူတစ်ယောက်စဖြစ်လာတဲ့အချိန် ဘယ်လိုဆုံးဖြတ်ချက်အမှားတွေ ချမိပြီး ဘယ်လိုပြုပြင်သွားမလဲ‌ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.4 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
The Beautiful Summer
Our Beautiful Summer Part2
9

Our Beautiful Summer Part2 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 2 လေးကို ဆက်လက်တင်ပေးလိုက်ပါတယ်။ ဒီဒုတိယအပိုင်းလေးမှာတော့ ညီအစ်ကိုတွေဟာ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း ယောရွန်းကိုလည်း သူတို့ ညီမလေးလို အမှားမျိုးထပ်မဖြစ်ရအောင် ဘယ်လိုမျိုးကြိုးစားသွားကြမလဲ…။ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ယောရွန်းကရော အမြွာညီအစ်ကိုရဲ့ ဖေးမမှုတွေကြား သူ့နှလုံးသားတံခါးလေးကို ဖွင့်ပေးသွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။) File size…1.10GB / 5500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Romance, Youth Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth, ToeToe Aung , Hsu Pyae & Muse

9 2024
Our Beautiful Summer Part2
Bachhala Malli
7.3

Bachhala Malli (2024)”မာလီ” ======================= ၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့ အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့ တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲက အာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊ စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။ သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။ သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံက အလုပ်သမားတစ်ယောက်ဖြစ်ပြီး ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။ အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့ အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့ လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေက သူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Horror • Drama • Fantasy
7.3 2024 135 mins
Bachhala Malli
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai