YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

loki.s02e06.1080p(CM).web.mp4

1.29 GB N/A video/mp4 9839 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
First Love
5.7

“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။ “ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann) “အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg) ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ .. တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်တွေကျနေတာပါ။ တစ်သက်လုံးကြိုးစားခဲ့သမျှအားလုံးပျက်စီးသွားပြီး လက်မှိုင်ချစိတ်ဓာတ်ကျနေတဲ့ Greg နဲ့ နောက်အလုပ်တစ်ခုကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပြီး ယောက်ျားကိုပံ့ပိုးဖို့သာ အားသန်နေတဲ့ Kay တို့ အယူအဆ သဘောထားတွေကွဲလွဲပြီး အချစ်ကိုချစ်စရာရယ်လို့ သတိပါမရနိုင်ကြတော့တဲ့အခါ .. ဆယ်ကျော်သက်လူငယ်တွေရဲ့ ကြည်နူးစရာအချစ်နဲ့ အခက်အခဲတွေအပြင် အိမ်ထောင်ကျပြီး သက်တမ်းတွေကြာနေပြီဖြစ်တဲ့ အချစ်တို့ကိုနှိုင်းယှဉ်ပြထားတာမို့ romance dramaကြိုက်သူတွေအဖို့တော့ အပျင်းပြေကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 658MB |276MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Action • Crime • Thriller
5.7 2022 95 mins
First Love
Girl in the Box
6.7

၁၉၇၇ခုနှစ် ​မေလမှာ ကိုလင်းဆိုတဲ့ မိန်းက​လေးတစ်​ယောက်ဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်​​​​ယောက်ရဲ့ ​မွေး​နေ့ကိုလာရင်း ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း ကိုလင်းတစ်​ယောက် ကြိုသိခဲ့လျှင် အ​ခြေအ​နေက တစ်မျိုးတစ်ဖုံ​ ပြောင်းသွားနိုင်​ပေမယ့် သူသိတဲ့အချိန်မှာ အခါ​နှောင်းသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ လူများ​​အော့နှလုံးနာစရာ နှ​မြောတသဖြစ်စရာ ဖြစ်ရပ်မှန် ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါ​​တော့တယ်။ ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂​ယောက်ဖြစ်ပြီး လင်ဖြစ်သူက BDSMစွဲလမ်းသူ Dominaceတစ်​ယောက် ဖြစ်​ပေမယ့် မယားက submission typeဖြစ်မ​နေတာ​​ကြောင့် လင်မယား၂​ယောက်ဟာ ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်​​​လေးတွေကို ပြန်​ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အ​လောင်း မကျန်​အောင် လက်စ​ဖျောက်တဲ့သူ​တွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။ ကိုလင်းဟာ သူတို့၂​ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို သူတို့လင်မယားရဲ့ က​လေးကိုပါ ထိန်း​ပေးရင်း အိမ်​​ဖော်သာသာ ​နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂​ယောက်ရဲ့ ကုတင် ​အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ ​သေတ္တာခန်း​လေးထဲမှာ ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ ခံခဲ့ရပါတယ်။ ဒီလိုမျိုးဘဝကို ရောက်​နေ​ပေမယ့် ထွက်မ​ပြေးရဲ​အောင် သူမဟာ လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်​ကြောင်း၊ ထွက်​ပြေးရင် မိသားစုပါအသက်အန္တရာယ်ရှိ​​ကြောင်း လိမ်​ပြောထားတာ​ကြောင့် ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာ​သောဒုက္ခကို ပြေးမရပြုမရ ခံစားခဲ့ရပုံကို ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတိ​ပေးလိုတာက အ​ဖော်အပြကြမ်းတဲ့ ကားမျိုးမဟုတ်​ပေမယ့် Sensitiveဖြစ်တတ်သူ​တွေအတွက် သင့်​တော်တဲ့ဇာတ်ကား​တော့ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်မှုခင်း စိတ်ဝင်စားသူ​တွေအတွက်​​တော့ စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူလို့လည်းကောင်းမယ့် ဇာတ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 566MB | 276MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama
6.7 2016 87 mins
Girl in the Box
Introduction
6.2

Introduction (2021) ~ IMDb – 6.2/10, Rotten Tomatoes – 81% ~ တောင်ကိုရီးယား Art House ဒါရိုက်တာ Hong Sang-Soo ဟာ ၂၀၂၁မှာ နှစ်ကားထွက်ခဲ့ပါတယ်။ မနှစ်က တော်တော်ကောင်းခဲ့တဲ့ In Front of Your Face ထဲမှာ သူ့နဲ့ Right Now, Wrong Then နောက်ပိုင်း ဆက်တိုက်တွဲရိုက်နေကျ နောက်ပိုင်း သူနဲ့ပါ ညားသွားတဲ့ ဂင်မင်ဟီးကို မသုံးခဲ့ပါဘူး။ Introduction ထဲမှာတော့ ဂင်မင်ဟီးပြန်ပါလာပေမဲ့ အဓိကဇာတ်ဆောင်နေရာကတော့ မဟုတ်ပါဘူး။ ဒီနှစ်ထွက်မယ့် The Novelist’s Film မှာလည်း ဂင်မင်ဟီးကို ပြန်သုံးထားပါတယ်။ Introductionရော နောက်ထွက်လာမယ့် The Novelist’s Film ရောဟာ အဖြူအမဲနဲ့ ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပါ။ Introduction ရဲ့ Introduction ဆိုတဲ့ စကားလုံးဟာ Hong Sang-Soo ရုပ်ရှင်တွေရဲ့မိတ်ဆက်ကို ဆိုလိုတာဖြစ်နိုင်သလို The Novelist’s Film ရဲ့ မိတ်ဆက်လည်းဖြစ်နိုင်တာပါပဲ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ Introduction ဟာ Introduction ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဇာတ်ကောင် ဇာတ်အိမ် ဘာမှသေသေချာချာမပြသွားဘဲ မိတ်ဆက်သဘောလောက်သာ အနည်းအကျဉ်းပြသွားပါတယ်။ Hong Sang-Soo ဟာ Nonlinear narrative ပုံစံနဲ့ပြသွားပြီ ဘာအရင်လာလဲ သိသိသာသာ မြင်ရတဲ့နေရာတွေရှိသလိုပဲ ဘာအရင်လဲ မသိသာတာတွေလည်း ရှိနေပါတယ်။ အဲဒီကြားက အချိန်ကွာဟချက်ဘယ်လောက် ဘာညာကိုလည်း မပြသွားပါဘူး။ ဟိုရောက်နေတယ်ထင်ရင်း ဒီရောက်သွားသလိုပေါ့။ အဆုံးထိလည်း အဆုံးဖြစ်နိုင်တဲ့ဟာနှစ်ခုမှာ ဘယ်ဟာက တကယ့် Timeline အဆုံးသတ်လဲဆိုတာလည်း မသိလိုက်ပါဘူး။ Hong Sang-Soo ရုပ်ရှင် အကုန်နီးပါး ကြည့်ဖူးကြတဲ့ ဝေဖန်ရေးသမားတွေကတော့ Hong ဟာ Nonlinear narrative အသုံးများတဲ့ လူလို့ဆိုပါတယ်။ “TIME IS NOT a real thing.”လို့ Hong Sang-Soo ကိုယ်တိုင်က ရုပ်ရှင်တစ်ကားမှာ ပြောဖူးထားတော့ ‌Introduction ဟာ Hong Sang-Soo မိတ်ဆက်လို့ ဆိုလို့ရတဲ့ ရုပ်ရှင်ပါပဲ။‌ သို့ပေမဲ့ ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဇာတ်ညွှန်းဆု ရခဲ့ပါတယ်။ Introduction ဟာ ဘာအကြောင်းအရာမှ သေချာမပါသလို ဘယ်ဇာတ်ကောင်ကိုမှလည်း သေချာပုံဖော်မသွားတဲ့ ဘာမှရမှာမဟုတ်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Hong Sang-Soo အရသာကို မြည်းစမ်းကြည့်ချင်မှပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ရုပ်ရှင်ဟာ ဒီတိုင်း အရသာခံဖို့အတွက်ပဲ မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 990MB, 460MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 6Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
6.2 2021 66 mins
Introduction
Christmas in August
7.6

Christmas in August ( 1998 ) သိဟ်ရာသီထဲထည့်ထားသလို ဒီမြို့ကလေးက ဘယ်လောက်မှ မကြာညောင်းတဲ့ မြို့ကျဉ်းကျဉ်းကလေးပေါ့။ ဆယ်စုနှစ်သုံးခုနဲ့ ဆယ်စုနှစ်နှစ်ခုဟာ ဒီမြို့ကလေးမှာ အနှစ်နှစ်ဆယ်ကျော် ဘာရယ်ကြောင့် မဆုံစည်းခဲ့ကြလဲပဲ။ ချစ်ခြင်းဆိုတာ တစ်ခါတလေကျ ဓာတ်ပုံဟောင်းတွေလိုလိုပါ။ အပြုံးရဲ့အငွေ့အသက်လွှမ်းဆဲ အခိုက်အတန့်တွေကို နှင်းအဆက်ဆက်တည်စေချင်တဲ့ စိတ်နဲ့ ဘောင်ဘင်ခတ်ခဲ့ကြခြင်းတွေလည်း မမြဲဘူး။ ဓာတ်အခံနဲ့ ရက်အကျန်တွေကပဲ သူ့ဟာနဲ့သူ လွန်လေခဲ့ပြီးသောတွေကို ငေးမောနေလိမ့်မယ်။ ဟိုးအမြင့်ကြီးကိုရောက်သွားလိုက် ဟိုးအောက်ဆုံးကိုပြန်ဆင်းလိုက် ရိုလာကိုစတာစီးသလို တို့ဘဝတွေမှာ ခဏလောက်ဖြစ်ဖြစ် တွဲထားပေးမယ့် လက်ကလေး လိုသလိုလိုရှိတယ်။ ဒါပေမဲ့လည်း အချိန်ကိုက်အခါကိုက် မဟုတ်ခဲ့ရင် ပက္ကလာနဲ့မိုးအခန့်မသင့်ခဲ့ရင် ရေစုန်မှာမျှောလိုက်ဖို့မှအပ ရွေးချယ်စရာလည်းမရှိခဲ့ပြီ။ သိဟ်ရာသီထဲက ခရစ္စမတ်တစ်ရက်လို အပျော်ဆုံးဘဝတွေ အချိန်အခါလွဲခဲ့ကြပေမဲ့ သိမ်းဆည်းထားလိုက်ဖို့ရာလည်း ဘာရေးထားလဲ မသိလိုက်ရတဲ့စာလေးတစ်စောင်လို ဩဂုတ်စ်လရဲ့ ခရစ္စမတ်လို ချစ်ခြင်းရဲ့ဖွင့်ဆိုချက်က ဘာလဲ ငါတို့သိဖို့မလို။ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လုံးကြီးပေါက်ကွဲ အမှုန်အမွှားတွေလွင့်စင်လိုက် ပြန်စုဝေးလိုက် ဖြစ်နေတဲ့ သံသရာမှာ ကြယ်မှုန်ကဖြစ်လာတဲ့ အစက်အပြောက်ကလေးတွေရဲ့ အဓိပ္ပာယ်ဟာ တစ်ခါတလေ ပျော်ခဲ့ဖူးတဲ့နေ့ရက်တို့တွေ တည်မြဲနေပါစေ။ အခုနေ ငါမရှိတော့ရင်တောင် ငါ့ရဲ့သိဟ်ရာသီအဆက်ဆက်မှ ခရစ္စမတ်တစ်ရက် ရှိခဲ့ဖူးကြောင်းကတော့ နှင်းကိုဝတ်ရုံလိုခြုံထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အတိတ်မှာ ကြွင်းရစ်နေမြဲ။ သိဟ်ရာသီရေ အဲဒီခတ္တာပွင့်ကလေးကို သိမ်းရစ်လေဦး။ April Snowတို့ One Fine Spring Dayတို့ အရိုတစ်လိုင်းကားတွေ , Forbidden Dreamတို့ The Last Princessတို့လို ရာဇဝင်ကားတွေ, ရိုက်ခဲ့တဲ့ hur jin hoရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မင်းသားကတော့ လီချန်းဒုံရဲ့ ပွဲဦးထွက်ကား Green Fishရဲ့ အဓိကဇာတ်ဆောင်ဖြစ်ဖူးတဲ့ Dr. Romanticတို့ Deep Rooted Treeတို့ထဲလည်း သရုပ်ဆောင်တော်တော်ကောင်းတာ မြင်နိုင်တဲ့ Han Suk-kyuပါပဲ။ Baeksang ဆုပေးပွဲမှာ Best Film ,Best Actress , Best New Director ဆုတွေရခဲ့ပြီး Blue Dragon မှာလည်း Best Film , Best Actress , Best Cinematography , Best New Director ဆုတွေကို ရခဲ့ပါတယ်။ ဒီကားကို ကျွန်တော် သတိထားမိတာက တစ်ချို့က ကိုရီးယားရိုမန့်တစ်မာစတာပိစ်တွေဖြစ်နေတဲ့ II Mareတို့ My Sassy Girlတို့ the classicတို့လို ကားမျိုးတွေနဲ့ တစ်တန်းတည်းထားကြလို့ပါပဲ။ မကြည့်ခင်ကတော့ ကျွန်တော်လည်း အဲဒီလို တော်တော်ရိုမန့်တစ်ဆန်တဲ့ပုံစံမျိုးလို့ ထင်ခဲ့တာပဲ။ ခုနကားတွေလို ကိုရီးယားကလပ်စစ် ရိုမန့်မာစတာပိစ်စာရင်းဝင်ပေမဲ့ ခုနကားတွေကို ကြိုက်တဲ့လူတွေ ကြိုက်မကြိုက်တော့မသေချာပါဘူး။ ကျွန်တော်တော့ ခုနကားတွေကိုလည်း ကျသလို ဒါလည်း ကျတာပါပဲ။ ဒီကားက တခြားရိုမန့်တစ်ကားတွေနဲ့ ကွာခြားနေတဲ့အချက်က realityဆန်လွန်းနေတာပါပဲ။ ခင်ဗျား ဘဝမှာ နေရင်းထိုင်ရင်း ရနိုင်တဲ့ ရိုမန့်ဆက်ဆံရေးတစ်ခုလို ပုံစံမျိုးကိုပဲ ပုံဖော်ထားတာ ကြုံတောင့်ကြုံခဲမှ တွေ့ကောင်းတွေ့နိုင်တဲ့ ရိုမန့်ဆန်ခြင်းမျိုးမဟုတ်ဘူး။ မင်းသားက သေတော့မယ့်လူ ဒါပေမဲ့ ဒရာမာချိုးလို့ ရလျက်သားနဲ့ကို လုံးဝဒရာမာမချိုးသွားသလို မင်းသမီးကလည်း ဒါကိုမသိသွားဘူး။ ဇာတ်ကောင်မင်းသားက မင်းသမီးထက် အသက်၁၀နှစ်လောက်နီးနီးကြီးတဲ့သူဆိုတော့ အဲဒီအရွယ်နဲ့လိုက်ဖက်အောင်ပဲ ပုံဖော်သွားတယ်။ သူ့သေခြင်းကို သူကောင်းကောင်းကြီး လက်ခံပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲရအောင် မလုပ်ချင်တော့တဲ့ ချစ်ခြင်းမျိုးကိုပဲ ပြသွားတယ်။ ဘာမှ ဒရာမာကြီးကြီးမားမားမချိုးသွားဘူး။ ဒီကားဟာ ရိုမန့်ကားပေမဲ့ တော်တော်လေးရိုးရိုးသားသားနဲ့ကို ရိုမန့်ဆန်နေတဲ့ကားလို့ ပြောရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.4GB | 1GB | 480MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Adventure • Animation • Comedy • Family
7.6 1998
Christmas in August
Third World Romance
6.1

ဆင်းရဲသားကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ အလုပ်တွေ ကြိုးကြိုးစားစားလုပ်ရင်း နောက်၃၊၄နှစ်နေတော့ ချမ်းသာသွားကြပါတယ်။ …ဒီလိုဆိုရင်တော့ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းဖြစ်နေမှာပေါ့။ အချိန်တိုတိုလေးအတွင်း လူချမ်းသာကြီးဖြစ် အိမ်တွေကားတွေပိုင်သွားတယ်ဆိုတာ ဇိမ်ခံရုပ်ရှင်တွေထဲမှာပဲရှိတာပါ လက်တွေ့ဘဝကြီးမှာတော့ ဘာကိုမှအလကား ရမနေပါဘူး။ လက်ရှိဘဝလေးကတဆင့် ချောင်လည်အောင် ကြိုးစားရုန်းကန်ရင် အသက်ရှင်နေရတာပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း အထက်လူကြီးရဲ့ခေါင်းပုံဖြတ်မှုကြောင့် အလုပ်ထွက်လိုက်တဲ့ Breeနဲ့ ပျော်ရွှင်ဖို့ကိုသာဘဝရည်မှန်းချက်အဖြစ်ထားတဲ့ စူပါမားကတ်ကလုပ်သားလေးVinတို့ဟာ လက်တွေ့လောကကြီးဟာ ထင်သလောက်မလွယ်ကူကြောင်းပြနေပါတယ်။ ကပ်ရောဂါကြီးဖြစ်ပြီးခါစ အားလုံးလည်း နာလန်ပြန်ထူဖို့ ကြိုးစားနေတဲ့အချိန်ပေါ့။ အစိုးရကထောက်ပံ့တဲ့ စားနပ်ရိက္ခာသွားယူရင်း Vinဟာ Breeကို သဘောကျသွားတဲ့ အတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ Breeကို လက်ရှိသူလုပ်နေတဲ့ စူပါမားကတ်မှာ အလုပ်သွင်းပေးလိုက်ပါတယ်။ ဘဝမှာ နေပျော်ဖို့ပဲအဓိကထားပြီး စိတ်ထားပြည့်ဝတဲ့ Vinဟာ Breeလိုအပ်တာမှန်သမျှကို တက်နိုင်သမျှလေးဖြည့်ဆည်းပေးရှာပါတယ်။ ဆင်းရဲတဲ့ဘဝမှာ အကြောက်တရားကင်းဖို့ကလွဲရင် ဘာကိုမှရွေးချယ်စရာမရှိဘူးလို့ ခံယူထားတဲ့Bree။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ခံယူချက်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့်ဖြစ်ရပ်နဲ့ ကြုံရတဲ့အခါ… File size…1.88GB / 892MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 52m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

6.1 2023 113 mins
Third World Romance
Old School
5.7

သူငယ်ချင်းကြားက ခံစားချက်ဆိုတာ ရှင်းလင်းလို့ မရနိုင်ဘူး။ တစ်ခါတလေ သူအဆင်မပြေနေတာတွေ့ရင် သူ့ကို အဆင်ပြေစေချင်တယ်။ ဒါပေမဲ့ သူက အရမ်းအဆင်ပြေနေရင်တော့ စိတ်ထဲမှာ မနာလိုဖြစ်မိတယ်။ တက္ကသိုလ် ဘွဲ့ရပြီး နှစ် ၂၀ ကြာ သူငယ်ချင်းပြန်လည်ဆုံဆည်းပွဲမှာ ရိုးသားတဲ့လီကျစ်ကျန့်ဟာ အောင်မြင်နေတဲ့ ကျန်းဖုန်းနဲ့ တွေ့ခဲ့တယ်။ တက္ကသိုလ်တုန်းက ကျန်းဖုန်းက လီကျစ်ကျန့်ရဲ့ အချစ်ဦးကို လုသွားပြီး သိုးသိုးဆိုတဲ့ ကလေးတစ်ယောက် မွေးထားပါတယ်။ ဆုံဆည်းပွဲပြီးတော့ သူတို့နှစ်ယောက်သား ကားတစ်စီးတည်း အတူတူစီးခဲ့ပြီး ကားတိုက်မှု ဖြစ်ခဲ့ပါတယ်။ ကျန်းဖုန်းက လီကျစ်ကျန့်ကို ၅ သိန်းပေးမယ်လို့ ကတိပြုခဲ့ပြီး သူ့အစား အချုပ်ကျခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လီကျစ်ကျန့်ကလည်း မင်္ဂလာဆောင်ဖို့ အိမ်ဝယ်ဖို့ငွေ လိုနေတဲ့အတွက် သဘောတူခဲ့ပါတယ်။ လီကျစ်ကျန့် အချုပ်ထဲက ထွက်လာမှ သိလိုက်ရတာက ကျန်းဖုန်းရဲ့ စီးပွားရေးက ကျရှုံးနေပြီး အကြွေးတွေ တင်နေပါတယ်။ သူ့ကို ကတိပြုထားတဲ့ ၅ သိန်းကို မရတဲ့အပြင် ကျန်းဖုန်းတစ်ယောက် သူ့သားနဲ့အတူ သူ့အိမ်ကို လိုက်လာပါတော့တယ်။ လီကျစ်ကျန့်နဲ့ ကျန်းဖုန်းတို့ တစ်အိမ်တည်း အတူတူနေပြီးနောက် ဘယ်လိုပြဿနာတွေ ဖြစ်မလဲ…… ကျန်းဖုန်းရဲ့ အကြွေးရှင်ကရော အကြွေးတောင်းဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဒုက္ခပေးမလဲ…… ဆိုတာကို ရယ်စရာဟာသလေးတွေနှောထားတဲ့ Old School ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

5.7 2024
Old School
White Rose
6

White Rose (2024) “နှင်းဆီဖြူ” IMDb – 7.2/10 နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့ မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကို သဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါ ဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ် အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာ‌ကြောင့် ကွင်းဆက်လူသတ်မှုလို့‌ရဲတွေက ကောက်ချက်ချထားပါတယ် တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင် နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့ မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန် လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့ အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့… သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့… (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်)

6 2024
White Rose
Mr. Bachelor

Mr.Bachelor (2023) “၃၁ယောက်မြောက် သတို့သမီး” ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။ သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။ အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2023
Mr. Bachelor
My Dictator

My Dictator (2014) ******************** မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်း အဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေ စိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကို လွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာ ပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာ သူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီး အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်က နိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာ မမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင် ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကို အဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB / 940MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 8m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

0 2014
My Dictator
Montréal Girls

ဒီတစ်ခေါက်မှာတော့ IMDB 6.2/10 ရရှိထားတဲ Comedy/Romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Montréal ဆိုတာက ကနေဒါက နာမည်ကြီးမြို့ကြီးတစ်ခုဖြစ်ပြီး ဇာတ်ကားနာမည် Montréal Girls ဆိုတာကတော့ အဲဒီမြို့က ကောင်မလေးတွေကို ညွှန်းဆိုထားတာပါ။ ရာမီက ဆေးကျောင်းတက်ဖို့ သူ့ရဲ့အန်ကယ်အိမ်ကို ရောက်လာခဲ့ပြီး တီးဝိုင်းလုပ်တဲ့ သူ့ဝမ်းကွဲအစ်ကိုရဲ့ ကောင်းမှုနဲ့ Montréal က ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ သိကျွမ်းခဲ့ပါတယ်။ ထင်မထားတဲ့အချိန်မှာ ပေါ်လာပြီး ရုတ်တရက် ပျောက်ပျောက်သွားတတ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရာ့ဇ်ရယ်၊ ရာမီပြောသမျှကို နားထောင်ပေးပြီး အနုပညာကို ချစ်မြတ်နိုးတဲ့ ဒက်ဇီရယ်၊ ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်ရာကို ရဲရဲဝံ့ဝံ့လျှောက်ရဲတဲ့ ဆိုဖီယာရယ်ပေါ့။ ကဗျာဆရာဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို ချောင်ထိုးပြီး ဆုံးပါးသွားတဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကိုလိုက်လျောရင်း ဖခင်ဖြစ်သူကိုလည်း ကြောက်လို့ ဆေးကျောင်းလာတက်နေရပေမဲ့ ဘဝရဲ့ ဦးတည်ချက်ပျောက်ဆုံးသလိုဖြစ်နေတဲ့ ရာမီက သူ့ဘဝကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရှိလာနိုင်မှာလား၊ ကောင်မလေးတွေထဲက ဘယ်သူကရော ရာမီ့ရဲ့ကဗျာတွေအတွက် ဈာန်နတ်သမီးဖြစ်လာနိုင်မလဲ၊ ရာမီကရော နောက်ဆုံး ဆေးကျောင်းကိုပဲ ဆက်တက်မလား၊ ကဗျာဆရာအဖြစ်ကိုပဲ ရွေးချယ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.6 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Montréal Girls
Mr. Perfect
6.7

Mr. Perfect (2014) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင် ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာ အချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့ လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။ တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် .. ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ .. ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူက ကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့် ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင် ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် .. ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ဆရာအနေနဲ့လက်ခံနိုင်မှာလား… ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုလိုက်ပါဦးနော် .. အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ် File size…2.10GB / 825MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 41 min. Genre ….. Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Kay Kay Encoded by AHtet

6.7 2014
Mr. Perfect
Making Family
7

Making Family (2016) ************************ 2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူး ခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။ ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိ သုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့် အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက် ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာ ရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ… ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့ တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့ အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေ အထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Esth မှ ရေးသားပေးထားပါတယ်။) File size…2.21GB / 960MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Comedy, Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Esth

7 2016
Making Family
Fatal Intuition
5.8

Fatal Intuition (2015) ******************** CM ပရိသတ်ကြီးအတွက် 2015 ခုနှစ်မှာ ထွက်ရှိထားပြီး မင်းသားကြီး Yu Hae Jinနဲ့ Joo Won တို့ ပါဝင်ထားတဲ့ Fatal Intution ဆိုတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ဂျန်ဝူနဲ့ အွန်းဂျီတို့ဟာ မိဘတွေ ဆုံးသွားပြီးကတည်းက မောင်နှမနှစ်ယောက်တည်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ ညီမဖြစ်သူ အွန်းဂျီကို လာထိရင် လုံးဝသည်းမခံနိုင်တဲ့ ‌အစ်ကိုဖြစ်သူ ဂျောင်ဝူက သူတို့နဲ့ သွေးဝေးပေမဲ့ ဆွေမျိုးတော်စပ်တဲ့ မြောင်ဂယူကိုတော့ သည်းခံပြီး နေလာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လူတွေ ဘယ်လိုသေမလဲဆိုတာကို ကြိုမြင်နိုင်တဲ့ အီရှီအွန်းကို ရပ်ကွက်ထဲက စုန်းမဆိုပြီးတော့ အဆက်အဆံမလုပ်ကြပေမဲ့ အွန်းဂျီကတော့ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုခဲ့လို့ ရင်းနှီးသွားခဲ့ပါတယ် .. ဒီလိုနဲ့ တစ်ရက်မှာ မောင်နှမနှစ်ယောက် စကားများပြီး ဂျောင်ဝူက အွန်းဂျီကို အိမ်ထဲမှာ ပိတ်ထားခဲ့ပါတော့တယ်။ ရက်ပိုင်းလောက်အကြာမှာတော့ အွန်းဂျီကို သေဆုံးလျက် တွေ့ခဲ့ရပြီး သူ့ဘဝလေး ပျက်စီးသွားခဲ့ရပါတော့တယ်။ ရဲတွေက မြောင်ဂယူကို တရားခံအဖြစ် စွပ်စွဲပြီး ဖမ်းခဲ့ပေမဲ့ တရားခံအစစ်က မြောင်ဂယူမဟုတ်တာကို သိနေတဲ့ ဂျောင်ဝူက သူ့ညီမကို သတ်ခဲ့တဲ့ တရားခံကို သူကိုယ်တိုင် ဘယ်လိုဖမ်းမလဲ။ အကြားအမြင်ရနေတဲ့ ရှီအွန်းကရော ဘယ်လိုတွေ ကူညီပေးမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…3.41GB / 845MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 49 min. Genre ….. Thriller, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Comedy • Drama • Romance
5.8 2015 109 mins
Fatal Intuition
Foremost by Night

ဒီဇာတ်လမ်းလေးကတော့ Crime/ Drama အမျိုးအစားဖြစ်ပြီး စပိန်နိုင်ငံအတွင်း Francisco Franco အာဏာရစဥ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုတွေကိုအခြေခံထားပြီး အဲဒီကာလမှာသားကောင်ဖြစ်ခဲ့ရတဲ့သူတွေဖြစ်တဲ့ Vera, Egoz နဲ့ Cora ဆိုတဲ့ လူသုံးယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ခိုးယူခံလိုက်ရတဲ့မိမိရဲ့ရင်သွေးကိုရှာဖို့အတွက် နည်းမျိုးစုံကြံစည်ရင်း ရှာဖွေနေတဲ့ Vera ဟာ ခိုးယူမှောင်ခိုကူးခံလိုက်ရတဲ့သားတစ်ဖြစ်လည်း ကလေးမရနိုင်တော့လို့ ကလေးမွေးစားဖြစ်ခဲ့တဲ့ Cora ဆိုသူအမျိုးသမီးရဲ့ မွေးစားသားအဖြစ် Egoz တို့ဟာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ တွေ့ဆုံကြရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အခုလိုတွေ့ဆုံဖြစ်ကြရင်း Vera က သူရဲ့နောက်ထပ်ဆန္ဒတစ်ခုဖြစ်တဲ့ မှောင်ခိုသမားတွေကို လက်စားချေဖို့ကြိုးစားရမှာပါ။ ဒီလိုနဲ့ Vera ရဲ့အကြံအစည်တွေဟာ အောင်မြင်သွားမလား သူတို့သုံးယောက်ကရော ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတာကြည့်ရှုရင်း စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်မှောင်ခိုမှုရဲ့ နောက်ကွယ်က ဆိုးရွားတဲ့အကြောင်းအရာတချို့ကို တစေ့တစောင်းသိရှိနိုင်မယ့် စပိန်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien Cho

0 2024
Foremost by Night