YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

loki.s02e05.1080p(CM).web.mp4

898.05 MB N/A video/mp4 9324 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghoster
4.7

၁၅ ရာစုလောက်မှာ အာသာမစ်လာဆိုတဲ့ သူရဲကောင်းက ယူတိုနဂါးကြီးကို နှိမ်နင်းအောင်မြင်ခဲ့ပြီး အက်ကိုဗေးလ်ဆိုတဲ့ မစ်လာအိမ်တော်ကို တည်ထောင်ခဲ့ပါတယ်... ဒါပေမယ့် နဂါးကြီးက အင်အားကြီးလွန်းတာကြောင့် သူ့ကိုသေခြင်းတရားကတောင် မတားဆီးနိုင်ပါဘူး မှော်ဆရာတစ်ယောက်ရဲ့ အကူညီနဲ့ ဝိဉာဉ်တစ်ကောင်အဖြစ်ထွက်လာခဲ့ပြီး အသက်ပြန်ရှင်နိုင်ဖို့အတွက် မစ်လာမိသားစုရဲ့ မျိုးဆက်တွေကို နှစ် ၁၀၀ ကြာတိုင်းလိုက်သုတ်သင်ရှင်းလင်းရင်း ဝိဉာဉ်တွေကို ဖမ်းဆီးနေခဲ့တာ နှစ်ပေါင်း ၅၀၀ ကြာမြင့်ခဲ့ကာ ယနေ့အထိပါပဲ.... သူ့နောက်ဆုံးဖမ်းဆီးရမယ့် ဝီလီယံမစ်လာဆိုတဲ့ ကလေးလေးက ပျောက်ဆုံးသွားခဲ့ပြီး အက်ကိုဗေးလ်အိမ်တော်ကြီးလည်း သရဲခြောက်တဲ့အိမ်ကြီးအဖြစ် ကျန်ရစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ....ဘဏ်နဲ့အာဏာပိုင်တွေက အိမ်ကိုသိမ်းယူတော့မယ့်ဆဲဆဲမှာ အဲဘိဇဘက်ဆိုတဲ့ ဝီလီယံရဲ့မျိုးဆက်ပေါ်လာတာကြောင့် နဂါးကြီး ယူတိုရဲ့ နောက်ဆုံး ဖမ်းဆီးရမယ့် မစ်လာမျိုးဆက်ဖြစ်လာပါတယ်... အက်ကိုဗေးလ်အိမ်ကြီးမှာ ရှိနှင့်နေတဲ့ ဂိုစတာဆိုတဲ့ ဝိဉာဉ်လေးနဲ့ အဲလိဇဘက်တို့ပေါင်းစည်းကာ ဒီနဂါးကြီးကို အပြီးတိုင် နှိမ်နင်းသွားမလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ ငယ်ငယ်က ကျွန်တော်တို့ကြည့်ဖူးတဲ့ ဝိဉာဉ်လေး Casper ရဲ့ ဇာတ်လမ်းအကွဲလို့ပြောလို့ရပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre..... Adventure, Family Quality…. 1080p | 720p | 480p File size… 1.1GB | 629MB | 361MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Horror
4.7 2022 90 mins
Ghoster
The Death of Stalin
7

IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Drama • Science Fiction
7 2017 107 mins
The Death of Stalin
Fatal Love
5.8

Fatal Love (1988) မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ‌နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။ လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။ CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ Michael Jackson, The Beatles, Elvis Presley နဲ့ Bob Marley တို့ပါပဲ။ လတ်စလီဟာ အလယ်အလတ်တန်းစား မိသားစုကပေါက်ဖွားလာတာပေမဲ့ တော်တော်အလှူအတန်းရက်ရောတဲ့လူပါ။ ထမင်းကြော်တစ်ပွဲကို အရသာမြည်းပြီး US$32,250 ပေးဖူးပါတယ်။ အလှူအနေနဲ့ပါ။ လတ်စလီဟာ မိသားစုကြီးတစ်ခုက ဆယ်ယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး။ သူ့အဖေက နာမည်ကြီး အပ်ချုပ်သမားပါ။ မာလွန်ဘရန်ဒို ကာရီဂရန့်နဲ့ အဲဖရက်ဟစ်ကော့တို့အတွက် စုစ်တွေ ဒီဇိုင်းဆွဲပေးဖူးပါတယ်။ လတ်စလီဟာ ရုပ်ရှင်ပေါင်းများစွာ သရုပ်ဆောင်ဖူးပေမဲ့ ဒါရိုက်တာအနေနဲ့ တစ်ကားပဲရိုက်ဖူးခဲ့ပါတယ်။ အစိုးရက သူ့ကို Anti-Smoking Ambassador ခန့်အပ်ခံရပြီးနောက် ရိုက်ခဲ့တဲ့ From Ashes to Ashes ဆိုတဲ့ Non-Profit Anti-Smoking video ပါ။ ဒီအဖြစ်ဟာ ဝေါင်ကာဝေးကားတွေမှာရော တခြားကားတွေမှာပါ သူဆေးလိပ်သောက်ပုံကို ခိုက်ခဲ့ရတဲ့ ကျွန်တော့်လို လူတွေအတွက်တော့ တကယ့်ဟာသပါပဲ။ ဟက်ပီးတူဂဲသားရိုက်ပြီးတဲ့နောက်မှာ လတ်စလီဟာ ဝေါင်ကာဝေးနဲ့ ဘယ်တော့မှ ကားထပ်မရိုက်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဟက်ပီးတူဂဲသားရိုက်ကူးရာမှာ ဝေါင်ကာဝေးနဲ့ လတ်စလီချောင်ကြား ပြဿနာတော်တော်များခဲ့ပါတယ်။ တိုနီလျောင်ခဖိုင်ကလည်း ဝေါင်ကာဝေးဟာ တိုနီလျောင်ချူဝေ အာဂျင်တီးနားကိုသွားအောင် လတ်စလီကို အသုံးချခဲ့တယ်လို့ သေသေချာချာကို ခံစားရတယ်ပြောပါတယ်။ လတ်စလီချောင် စိတ်ဓာတ်ကျခဲ့ရတဲ့အကြောင်းရင်းတွေထဲက တစ်ချက်ဟာ ဝေါင်ကာဝေးသူ့အပေါ် အမြတ်ထုတ်ခဲ့တာလည်းပါမယ်လို့ ဝေဖန်ရေးသမားနဲ့ ဒါရိုက်တာ Shu Kei က ပြောခဲ့ဖူးပါတယ်။ လတ်စလီဟာ အကောင်းမြင်တဲ့ဘက်ကရိုက်တဲ့ ဟောင်ကောင်ဂေးကားမို့ ပြီးအောင်ရိုက်ချင်ခဲ့ပေမဲ့လည်း ဝကဝဟာ အဆုံးမှာ ထိုင်ဝမ်က ချန်းချန်ကို ခေါ်သုံးခဲ့တယ်ဆိုပါတယ်။ နောက်ပိုင်းမှာတော့ လတ်စလီချောင်ဟာ သတင်းထောက်တွေကို ဇာတ်ညွှန်းသာကောင်းရင် ဝေါင်ကာဝေးနဲ့ ထပ်တွဲရိုက်ဖို့ စဉ်းစာပေးဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ ပြဿနာကတော့ အားလုံးသိသလို ဝေါင်ကာဝေးကားတွေမှာ ဇာတ်ညွှန်းရေးပြီးရိုက်ထားတာ တစ်ကားမှမရှိပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 930MB Quality – Blu-ray 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 32Min Genre – Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
5.8 1988
Fatal Love
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
Monsters 103 Mercies Dragon Damnation
8

IMDb 8/10 ဒီကာတွန်း​လေးက​တော့ one piece ကာတွန်းစီးရီးရဲ့spin offတစ်ခုပါ ​ပြောရရင်​တော့ Thriller Bark Arcမှာ Zoroနဲ့ သူတင်ကိုယ်တင်ဗျင်းခဲ့ပြီး ကိုင်​ဆောင်တဲ့ Shusuiဓါးကိုပါ Zoroကို​ပေးခဲ့တဲ့ ဒဏ္ဏာရီဆာမူရိုင်းကြီး Ryumaရဲ့ စွန့်စား​ရေးခရီးစဥ်ထဲက အဖြစ်အပျက်​လေးကိုဇာတ်လမ်းဖွဲ့ထားတာပါ ဇာတ်လမ်းအကျဥ်းက​​တော့ Ryumaဟာ နဂါးတစ်​ကောင်ကိုသတ်ဖြတ်ဖူးတယ်ဆိုတဲ့ ဇာတ်လမ်းကိုပဲ ​ဇာတ်လမ်းဆင်ထားတာပါ လွန်ခဲ့တဲ့၁၀နှစ်​လောက်တုန်းက နဂါး​တွေကိုထိန်းချုပ်နိုင်တဲ့ နဂါးခရာဟာ လုယူပြီး​ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီခရာနဲ့ပတ်သတ်တဲ့အရှုတ်​တော်ပုံမှာ Ryumaတစ်​ယောက် ဘယ်လိုပတ်သတ်မိသွားတာလဲဆိုတာ​တော့ ၂၅မိနစ်ကြာဒီအပိုင်းမှာကြည့်ရှုကြပါစို့ File size… 305 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan

8 2024
Monsters 103 Mercies Dragon Damnation
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
My Wife Is A Gangster 2
6.1

My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။ My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။ မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။ တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။ အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ….။ IMDb Rating (6.1) ထိ ရရှိထားပြီး Action အသားပေး ဟာသကားဆန်ဆန်အဖြစ် တင်ဆက်ထားပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.1 2003 110 mins
My Wife Is A Gangster 2
Torque

Torque (2004) Genre – Action, Crime, Comedy ၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေ စထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့က ရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။ အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့ အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ် ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေး ဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော် ဒီတုန်းကတော့ Rating တွေလည်း မသိဘူး ဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့ မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့ မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီး ကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube လည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖော့ဒ်ဆိုတဲ့ Biker ဘဲက ထိုင်းမှာ ၆ လလောက်ပျောက်ပြီး အမေရိကား ပြန်ရောက်လာတယ်။ အရင် ၆ လတုန်းက ဆိုင်ကယ်ခိုးတယ်ဆိုပြီး ကောင်မလေးဖြစ်သူရဲ့ဆိုင်လည်း ဖမ်းခံရ ပိုင်ရှင်ကလည်း လိုက်ဖမ်းပြီး ကိုင်ချင်နေတာမျိုးကိုး။ ဒီလိုနဲ့ ပြန်ရောက်လာတဲ့အချိန် ဆိုင်ကယ်ပိုင်ရှင် ဟင်နရီဆိုတဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ဘီးကို ပြန်လိုချင်တော့ ဖော့ဒ်ကို ပစ်မှတ်ထားတာပေါ့ တကယ်တမ်းတော့ ဒီလူက ဆိုင်ကယ်အဓိက ပြန်လိုချင်တာမဟုတ်ပဲ ဆိုင်ကယ်ထဲက မူးယစ်ဆေးတွေ ဖြစ်နေတာ။ ဖော့ဒ်နောက်ကို လိုက်နေတာက ဒီလူတင်မကပဲ FBI ကလည်း ပါနေတယ် နောက်ပြီး လူမည်းဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီဖြစ်သူကိုလည်း သတ်တာပါဆိုပြီး ထိုးကျွေးခံရတော့ ဒီလူမည်းခေါင်းဆောင်ကလည်း နောက်ကလိုက်သတ်တယ်။ ဒီလိုတစ်အုပ်တစ်မကြီး နောက်ကလိုက်တာကို ခံပြီး သပွတ်အူလို အရှုပ်ကြီးကို ဖော့ဒ်တစ်ယောက် ကောင်မလေးဖြစ်သူ ဘော်ဒါဖြစ်သူတွေနဲ့ ဘယ်လို စာရင်းရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ အရမ်းမဟုတ်ပေမဲ့ ဆိုင်ကယ်အက်ရှင်လေးတွေနဲ့ ကြည့်ပျော်ရှုပျော် ဖြစ်မယ့်ကားလေးဆိုတော့ ငယ်ဘဝ အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ File size… 1.3 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2004
Torque
Mad Fate
6.4

Mad Fate (2023) ============ “ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်” လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.4 2023 108 mins
Mad Fate
Low Life
6.1

Low Life (2004) *************** ဘာကိုမှ မကြောက်ရွံ့တတ်ခဲ့တဲ့ ထယ်ဝန်းတစ်ယောက် အနိုင်ကျင့်ခံရတဲ့ သူငယ်ချင်းအစား လက်စားချေဖို့အတွက် Hongik အထက်တန်းကျောင်းကို တစ်က်ုယ်တည်း သွားခဲ့တယ် အနိုင်ကျင့်သူကို ရှာတွေ့သွားပြီး ကောင်းကောင်း ပြန်ရိုက်နိုင်ခဲ့ပေမဲ့လည်း လှည့်အပြန်မှာ မျက်မြင်သက်သေ ကျောင်းသားတစ်ယောက်ရဲ့ ဓားနဲ့ ထိုးတာကို ခံလိုက်ရတယ် .. အဲဒီအခါမှာ ဒေါသတကြီးနဲ့ ဓားထိုးသူအိမ်ကို လိုက်သွားခဲ့ရာ ဓားထိုးသူက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဘတ်အီဝန်းရဲ့ သားဖြစ်သူ ဆွန်းမွန်း ဖြစ်ကြောင်း သိလိုက်ရတယ် .. ဒါပေမဲ့လည်း ရဲကိုတော့ ဖွင့်မဟခဲ့ပါဘူး အဲဒီ‌နောက်ပိုင်းမှာ ဘတ်အီဝန်းက ထယ်ဝန်းကို သားအနေနဲ့ မွေးစားလိုက်တော့တယ် ဘတ်အီဝန်းဆီမှာ ဟယ်အို့ဆိုတဲ့ သမီးတစ်ယောက်ရှိခဲ့ရာ သမီးဖြစ်သူက ထယ်ဝန်းကို တိတ်တိတ်လေး ရင်ခုန်နေခဲ့တယ် .. အဲဒီနောက် ထယ်ဝန်းက မြောင်ဒုံ‌လူမိုက်ဂိုဏ်းက လူမိုက်တစ်ယောက်ဖြစ်လာခဲ့တယ် တစ်နေ့မှာတော့ မွေးစားအစ်မဖြစ်တဲ့ ဟယ်အို့ အပေါ်မှာ စိတ်မထိန်းနိုင်ဘဲ ချစ်ကြိုးသွယ်မိသွားတယ် .. ဟယ်အို့နဲ့ လက်ထပ်လိုက်တဲ့နောက်မှာ စီးပွားရေး မပြေလည်လာတဲ့အတွက် မကောင်းတဲ့ ဒုစရိုက်အလုပ်တွေ အကုန်လုပ်ခဲ့တယ် ထယ်ဝန်းတစ်ယောက် ဘဝက နိမ့်လိုက် မြင့်လိုက်နဲ့ ခက်ခဲကြမ်းတမ်းနေခဲ့တယ် ဒီလိုနဲ့ တစ်နေ့မှာ မထိသင့်တဲ့ အရာကို သွားထိမိခဲ့ရာက ထယ်ဝန်းတစ်ယောက် ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…5.13GB / 1.48GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 45 min. Genre ….. Action, Crime, Political Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

6.1 2004
Low Life
Angithee 3
6

Angithee 3 2024 (အချစ်မီးလျှံ) ကူနယ်နဲ့ ရီဗာတို့ဟာ အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံပေါ့။ သူတို့ဟာ မင်္ဂလာဆောင်အပြီး ကူနယ့်မွေးရပ်မြေအိမ်လေးကို ဟန်နီးမွန်းခရီးအနေနဲ့ ပြန်လာခဲ့ကြပါတယ်။ ကူနယ့်မှာတော့ အမေပဲ ရှိတော့တာဖြစ်ပြီးတော့ အပန်းဖြေစခန်းလေး ဖွင့်ထားပါတယ်။ ကူနယ်တို့အိမ်မှာတော့ သူ့အမေကို ကူညီလုပ်ခိုင်းပေးနေတဲ့ သူတို့အိမ်က ကားမောင်းသမားကြီးရဲ့သမီးဖြစ်သူ ချန်ဒါနဲ့ အပန်းဖြေစခန်းကို ကူနယ့်ကိုယ်စား စီမံအုပ်ချုပ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ဆာမာတို့ နေကြပါတယ်။ ချန်ဒါဆိုတာကလည်း ကူနယ့်ကို ငယ်ငယ်လေးကတည်းက ချစ်ခင်ခဲ့သူဖြစ်ပြီး ခေါ်တာတောင် အစ်ကိုလေးလို့ပဲ ခေါ်သူပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ မတွေ့ရတဲ့သားလေး ပြန်လာမှာကို အိမ်ကနေ စိတ်လှုပ်ရှားစွာ စောင့်နေတဲ့ ကူနယ်ရဲ့ အမေ၊ မထင်မှတ်ဘဲ ကူနယ်တို့ ကားမတော်တဆဖြစ်တဲ့ သတင်းလည်းကြားရော အဲဒီအချိန်မှာပဲ ကံကြမ္မာဆိုးတွေ စတင်ခဲ့ပါတော့တယ်။ ချွေးမဖြစ်သူက အများကြီးမထိခိုက်ပေမယ့် ကူနယ်ကတော့ ကားမတော်တဆဖြစ်မှုကနေ ကျောရိုးထိခိုက်ပြီး တစ်သက်လုံးလမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြင်စဦးလင်မယားနှစ်ယောက် ရှေ့ဆက် ဘယ်လို စခန်းသွားကြမလဲ ……. အမေ, ချန်ဒါနဲ့ ဆာမာတို့ကရော ကူနယ့်အပေါ်မှာ ဘယ်လိုတွေ ဖြည့်စည်းလုပ်ကိုင်ပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023
Angithee 3
Beyond the Lake
5.5

Beyond the Lake (2024) IMDb Rating (5.5) / Rotten Tomatoes (57%) သရုပ်ဆောင်တွေကတော့ David Socolar, Allison Elaine, Megan Mockensturm နဲ့ Domenic Porcari တို့ပါ။ Director ကတော့ Domenic Porcari ဖြစ်ပါတယ်။ Live Show ပုံစံသီချင်းကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းလေးပါ။ ဇာတ်လမ်းလေးက သိပ်မရှုပ်ထွေးပါဘူး။ ဂီတပညာရှင်ဟောင်းဂျိုး ဟာ ဇာတ်မြှုပ်နေတုန်း သူ့ကို သီချင်းတွေဆက်မလုပ်ဖြစ်တော့အောင် စိတ်နာစေခဲ့တဲ့ ရည်းစားဟောင်းကို ပြန်ဆုံရတဲ့အခါမှာ အချစ်စိတ်တွေ ပြန်ပေါ်လာမလား.. ဒါမှမဟုတ် ပြန်မတွေ့ချင်လောက်အောင်ပဲ ခါးသီးနေမလား ဆိုတာကို ဟာသလေးနှောရင်း ခံစားကြည့်ပါ။ တချက်တချက်မှာ Horror Vibes လဲ ဝင်လာပါလိမ့်မယ်။ သီချင်းကောင်းလေးတွေနဲ့ ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • Crime • Thriller
5.5 2024 100 mins
Beyond the Lake
Maybe Forever
6.3

Maybe Forever (2024) IMDbs 6.3/10 (Romance) =============================== ဘဝမှာခါးသီးတာတွေအများကြီးဖြတ်သန်းခဲ့ပြီးတဲ့လူနှစ်ယောက် ကံကြမ္မာအရနှလုံးသားချင်းဆုံဆည်းသွားကြပြိီး ပြီးပြည့်စုံတဲ့အချစ်စစ်ကို ခံစားနေရတဲ့အခိုက်အတန့်လေးတွေကို ရိုးရိုးလေးနဲ့ ဒိုင်ယာလော့လှလှလေးတွေနဲ့ ဖော်ကြူးထားတဲ့ ရိုမန့်စ်ကားလေးပါ တစ်ယောက်နဲ့တစ်ယောက် သဘောကျရတဲ့​အကြောင်းလေးတွေကို ကဗျာဆန်ဆန်လေးပြောပြလိုက် အမူအရာအကြည့်တွေနဲ့ဖော်ပြလိုက်နဲ့ ဇာတ်အိမ်ကအတော့်ကိုရိုးရှင်းပေမဲ့ ကြည့်ရင်းရည်းစားလိုချင်လာမဲ့ vibe မျိုးရသွားလောက်ပါတယ် မိုးအေးအေးနဲ့ ပြုံးပြီးကြည့်လိုက်ကြပါအုံး… File size… 1 GB / 500 MB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 11m Genre ….. Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Shwe Eain Si

6.3 2024 71 mins
Maybe Forever