YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Local Hero (2016) E10 WEB-DL 1080p [CM].mp4

1.27 GB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
In from the Side
6.8

ဒီကားကတော့ ရက်ဘီကစားပွဲကို အခြေတည်ထားတဲ့အနောက်တိုင်း BL ကားပဲဖြစ်ပါတယ်။ လန်ဒန် ဂေးရက်ဘီကစားသမား B အဖွဲ့က အတွေ့အကြုံမရှိသေးတဲ့ ကစားသမားအသစ် မာ့ခ်နဲ့ A အဖွဲ့ကစတားဖြစ်တဲ့ဝါရန်တို့ဟာ ကလပ်ရဲ့ပါတီတစ်ခုမှာ အရက်မူးပြီးငြိစွန်းသွားခဲ့ပါတယ်။ နှစ်ယောက်လုံးမှာ ပိုင်ရှင်ကိုယ်စီရှိနေတာသိပေမယ့် စထားတဲ့ဇာတ်လမ်းကို မရပ်နိုင်ဘဲ ပါတနာတွေရဲ့နောက်ကွယ်မှာရော ရက်ဘီအဖွဲ့ဝင်တွေမသိအောင်ပါ ခိုးကြောင်ခိုးဝှက်နဲ့ နှစ်ပါးသွားနေကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ဖောက်ပြန်တဲ့ဇာတ်လမ်းက ဘူးပေါ်သလိုပေါ်သွားပြီး ကစားပွဲကိုပါထိခိုက်လာတဲ့အခါမှာတော့ ခိုးစားကြတဲ့ဆရာသမားတွေ ဘယ်လိုတိုင်ပတ်သွားမလဲ ဘယ်လိုပြန်ဖြေရှင်းကြမလဲ သူတို့ပါတနာတွေကရော သစ္စာဖောက်ခဲ့တဲ့သူတို့ကို ခွင့်လွှတ်ပေးကြမလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sport Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August

Crime • Drama • TV Movie
6.8 2022 134 mins
In from the Side
Darkness Falls
5.5

ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ခဲ့တဲ့ ဟော်ရာရုပ်ရှင်ကောင်းတစ်ခုပါပဲ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ "Darkness Fall"ဆိုတဲ့ မြို့လေးမှာ မတ်တေလ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်.သူမကို ကလေးတွေအားလုံးချစ်ခင်ကြတယ်.ဒါပေမဲ့ တစ်နေ့တော့ သုူ့အိမ်မီးလောင်တဲ့ အချိန် သူ့မျက်နှာပါ မီးလောင်ဒဏ်ရာ ရသွားတယ်.တစ်နေ့ မြို့မှာ ကလေးနှစ်ယောက်ပျောက်သွားတော့ မြို့က သူတွေက သူ့ကို ကလေးတွေ သတ်တယ်ဆိုပြီး မှားယွင်းစွပ်စွဲ သတ်ပစ်လိုက်ကြတယ်.မတ်တေလ်ဒါက သူမသေခင်မြို့လေးကို "သူမ မျက်နှာကို မြင်တဲ့ ဘယ်သူကိုမဆို လက်စားချေမယ်" ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်.နှစ်တွေအများကြီး ကြာပြီးတော့ ကိုင်းလ်ဆိုတဲ့ ကလေးလေးနဲ့ ကျိန်စာဟာ ပြန်အသက်ဝင်လာခဲ့တယ်.ကိုင်းလ်ကရော ကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲ. ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အဖြေရှာလိုက်ပါ File size…(1.7 GB)/(779MB)/(362MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Fantasy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Zayar Kyaw

5.5 2003 86 mins
Darkness Falls
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
Beach Rats
6.4

Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာ ဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့် သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီး အိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာ အသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့် ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ ဒီဇာတ်ကားဟာ ‌ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့ လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာ သူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်း ကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။ မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size… 2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.4 2017 99 mins
Beach Rats
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
The Outwaters
4

Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ Angela Basolis၊ Michelle May၊ Scott Schamell၊ Leslie Ann Banfitch၊ Christine Brown နဲ့ Aro Caitlin တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီးသဲကန္တာရထဲမှာ သီချင်းဗီဒီယို outdoor ရိုက်ကွင်းရိုက်ဖို့သွားတဲ့ သူငယ်ချင်းလေးယောက် ရော်ဘီ၊ အန့်ဂျ်၊ စကော့တ်နဲ့ မစ်ရှယ်လ်တို့အကြောင်းဖြစ်ပါတယ်။ ဇာတ်ရဲဌာနကို ဖုန်းခေါ်တိုင်ကြားတဲ့အသံနဲ့ memory card တစ်ခုကို ရဲဌာနက စစ်ဆေးကြည့်ရှုတဲ့မြင်ကွင်းနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ရော်ဘီနဲ့ စကော့တ်က ညီအစ်ကိုတွေဖြစ်ပြီး အဆိုတော်ပေါက်စဖြစ်တဲ့ မစ်ရှယ်လ်အတွက် သီချင်းဗီဒီယိုရိုက်ကွင်းသွားဖို့ ခရီးထွက်ကြပါတယ်။ အစပိုင်းမှာ ပြသနာမရှိပေမယ့် မိုဟာဗီးသဲကန္တာရထဲမှာ စခန်းချတဲ့အချိန်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသံဗလံတွေကြားလာရပါတယ်။ စခန်းချတဲ့ဒုတိယညမှာ မိုးချုန်းသံလိုလိုဘာလိုလိုအသံနဲ့ ထူးထူးဆန်းဆန်းလေသံတွေကြားလို့ စကော့တ်နဲ့ ရော်ဘီတဲပြင်ထွက်ကြည့်မိရာကနေ သူတို့လေးယောက်အတွက် နောက်ပြန်မလှည့်နိုင်မယ့် ကံဆိုးမိုးမှောင်ကျမှုနဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့လိုက်ကြရပါတော့တယ်။ File size…(2.25 GB)/(1.26 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Documentary • War • History • Drama
4 2022 110 mins
The Outwaters
Salisihan
6.3

Salisihan (2024) ============== ဒန်နဲ့အန်နာတို့က လူလတ်ပိုင်းလင်မယားနှစ်ယောက်ပါ။ နှစ်ဦးလုံးကလေးအသည်းအသန်လိုချင်ပေမယ့် ပထမဆုံး ကိုယ်ဝန်ပျက်ကျပြီးကတည်းက နောက်ပိုင်းကံမကောင်းသေးပါဘူး။ တစ်နေ့မှာတော့ သူတို့အိမ်ကို ဆိုဖီဆိုတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီး သူဟာ ဒန်ရဲ့သားဖြစ်သူရဲ့ချစ်သူပါလို့ မိတ်ဆက်လာပါတယ်။ အဲ့ဒီလိုနဲ့ ဒန်ကိုယ်တိုင်မမြင်ဖူးသေးတဲ့ သားဖြစ်သူရဲ့ချစ်သူကို အိမ်ပေါ်မှာတင်ခေါ်ထားလိုက်ပြီးတဲ့နောက်မှာ..သူ့သားဖြစ်သူဆိုသူကလည်း ရောက်လာပါတယ်။ အဲ့ဒီမှာပဲ အရွယ်ချင်းမကွာလှတဲ့ ချွေးမနဲ့ယောက္ခမ၊မိထွေးနဲ့လင်ပါသား စသဖြင့် ပတ်လည်ရိုက်ဇယားတွေရှုပ်ကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(900MB)/(420MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:45:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Thriller • Horror
6.3 2024 48 mins
Salisihan
Yoko

Yoko ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမရဲ့ အိပ်မက်နဲ့ ဘဝတွေကို စွန့်လွှတ်ခဲ့ပြီး လူမှုဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီး သူမရဲ့ သေးငယ်တဲ့ တိုက်ခန်းကို စွန့်ခွာခဲ့ပါတယ် ကွဲကွာနေသောဖခင် ကွယ်လွန်ကြောင်း သိရတဲ့ အခါ သူမ အခန်းမှထွက်ကာ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် အိမ်သို့ပြန်လာဖို့ သူမရဲ့ဝမ်းကွဲဝမ်းကွဲနှင့်အတူ စီးသွားခဲ့တယ် ဒါပေမယ့် Yoko တစ်ယောက် မထင်မှတ်ဘဲ အဝေးပြေးလမ်း အပန်းဖြေစခန်းမှာ မထင်မှတ်ဘဲ ကျန်ခဲ့တဲ့အခါ… File size_(1.5GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Tartee

0 2023 113 mins
Yoko
Skunk
7.5

IMDb 7.5/10 ထိရရှိထားပြီး Winner ၂ဆု နဲ့ Nomination ၁ခုထိ ရရှိထားတဲ့ကားကောင်းလေးတစ်ကားပါ….. လီယမ်ဟာ abusive ဖြစ်တဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရိုက်နှက် နှိပ်စက်ခံလာရင်းကနေ အဖွဲ့တစ်ခုကနေ သူ့ကိုကယ်တင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီအဖွဲ့ထဲမှာနေရင်း သူ့ရဲ့ အတိတ်ဘဝကို ပြန်လည်ရင်ဆိုင်ပုံ ဒီအဖွဲ့ထဲမှာ ရန်သူတွေ မိတ်ဆွေတွေ နဲ့နေထိုင်သွားပုံကို ကြည့်ရှူရမှာပါ။ ဒီဇာတ်ကားရဲ့ Genre ကို Thriller/Drama လို့သတ်မှတ်ထားပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ စိတ်အနှောက်အယှက်ပေးနိုင်တဲ့ တချို့ ရိုက်ချက်တွေလည်း ဒီကားထဲမှာပါဝင်ပါတယ်။ ဒီကားကို ဒတ်ခ်ျဘာသာစကားကနေ အင်္ဂလိပ်ဘာသာ ပြန်ထားတာကိုမှ တစ်ဆင့်မြန်မာလိုထပ်ပြန်ရတဲ့အတွက် လိုအပ်ချက်တချို့ရှိနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်ဗျ။ File size…(3.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Action • Adventure • Thriller • Romance
7.5 2024 105 mins
Skunk
The Secret Tide of the Chivalrous Courage and Medical Heart
5.7

တရုတ်ကွန်ဖူး ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအပြည့် ခံစားရမဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဖန်းကျားမင်ဟာ ခန်းမြို့မှာ ဆေးပညာအတော်ဆုံး တရုတ်တိုင်းရင်း သမားတော်တစ်ယောက် ဖြစ်ပါတယ်။ အမြဲတမ်း လူနာတွေကို အခမဲ့ဆေးကုသပေးတတ်တဲ့အတွက် ဆေးဖိုးဝါးခအတွက် အလှူခံဖို့ မြို့မျက်နှာဖုံးဖြစ်သူ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်တဲ့ သူဌေးရှန်ရဲ့မွေးနေ့ကို သွားခဲ့ပါတယ်။ သူဌေးရှန်ရဲ့ မွေးနေ့မှာ သူ့ရဲ့ ရှေ့ဟောင်းပစ္စည်းဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ဓ ားပြတိုက်သူက သွမ့်ထျန်းလုံလို့ ပြောခဲ့ပါတယ်။ သွမ့်ထျန်းလုံဟာ ငွေသန္တာကျောက်ဆိုတဲ့ ရှေးဟောင်းရတနာတစ်ခုကိုပဲ အဓိက ရှာခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း ဂျပန်လူမျိုးတွေက သူဌေးရှန်ဆီကနေ ငွေသန္တာကျောက်ကို တန်ဖိုးကြီးကြီး ပေးဝယ်လိုကြောင်း ကမ်းလှမ်းလာခဲ့ပါတယ်။ အဲဒီ ငွေသန္တာကျောက်ကို ဘာဖြစ်လို့ လူအများက လိုချင်နေကြသလဲ…… ငွေသန္တာကျောက်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာဖြစ်မလဲ…… ဖန်းကျားမင်ကရော ဒီကိစ္စတွေထဲကို ဘယ်လို ဝင်ပါမိသွားသလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2025
The Secret Tide of the Chivalrous Courage and Medical Heart
100% Love
7

100 % Love (2011) IMDb – 7 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ တစ်ကျောင်းလုံး အဆင့် ၁ နေရာကို အမြဲဆွတ်ခူးနိုင်ပြီး အင်မတန် မာနကြီးလှတဲ့ စာကြမ်းပိုးလေး ဘာလူ။ မွေးရာပါ ထူးချွန်တဲ့အခံကြောင့် ကြိုးစားလိုက်တာနဲ့ ဖြစ်မြောက်ပြီး အင်မတန်ကို လှရက်လွန်းတဲ့ မာဟာလက်ရှ်မီး။ သူတို့နှစ်ဦးဟာ ဆွေမျိုးမကင်းတဲ့သူတွေ ဖြစ်တဲ့အလျောက် ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲတမ်း မျဉ်းပြိုင်နှစ်ကြောင်းလို ပြိုင်ဆိုင်နေခဲ့ကြတယ်။ ကြောင်နဲ့ ကြွက် ဆက်ဆံရေးလို ဖြစ်နေကြတဲ့ သူတို့ ၂ ဦးဟာ အချင်းချင်း ချစ်လျက်နဲ့တောင် ကိုယ်စီထားရှိတဲ့ မာနတွေကြောင့် ကတောက်ကဆဖြစ်ပြီး ဝေးကွာသွားခဲ့ကြတယ်။ ဒီလိုနဲ့ ရက်လနှစ်တွေချီပြီး ပြန်တွေ့တဲ့အခါမှာတော့ အရင်က အချစ်မီးတောက်တွေ ပြန်တောက်လောင်လာမလား၊ မာနချင်းပဲ လွန်ဆွဲနေဦးမလားဆိုတာ ရင်ဖိုလှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 3.45 GB/ 1.83 GB Quality – BluRay 1080p/ 720p Duration – 2:20:55 Format – mp4 Genre – Drama, Romance, Comedy Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

Drama • Romance • Family
7 2011 140 mins
100% Love
Midnight Cowboy
7.8

ဒီတခါမှာတော့ ပုံမှန်သမီးရည်းစား ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေကနေကွဲထွက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအကြောင်းကိုရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ Midnight Cowboy ဆိုတဲ့ကားလေးဟာ IMDbမှာ rating 7.9ရထားပြီး Rotten Tomatoes မှာလည်း 89% reviewရထားတဲ့ဇာတ်ကားလေးပါ။ တက္ကဆက်ပြည်နယ်သားဂျိုးဟာ ကြေးစားလိင်လုပ်သားအဖြစ်နဲ့ နယူးယောက်မြို့ကိုအရဲစွန့်အခြေချပြီးတဲ့နောက်မှာ ရက်စ်တို ဆိုတဲ့လူနဲ့တွေ့ပြီးဘယ်လိုတွေဒုက္ခရောက်မလဲ၊ အလုပ်ရောဘယ်အချိန်အဆင်ပြေမလဲဆိုတာကို အစမှအဆုံးထိဇာတ်ရှိန်မကျဘဲကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint

Action • History • War
7.8 1969 113 mins
Midnight Cowboy
Senseless
6

Senseless (1998) 1998မှာထွက်ရှိခဲ့တဲ့ Underrated Gem တစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ပါရစေ။ တက္ကသိုလ်ကျောင်းသားလေး ဒဲရယ်ဟာ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ရုန်းကန်လှုပ်ရှားနေရသူပါ။တစ်ဖက်မှာလည်း မိခင်နဲ့ညီငယ်ညီမငယ်လေးများကို ပြန်ကြည့်နေရသူတစ်ယောက်ပါ။ ရုန်းကန်နေရသူ ဒဲရယ်တစ်ယောက် ပိုက်ဆံရဖို့အရေး ဒို့အရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပိုက်ဆံရရင်ပြီးရောဆိုပြီး ဘာအလုပ်မှမရွေးဘဲ အလုပ်ပေါင်းစုံကိုလုပ်ကိုင်ရာကနေ တစ်နေ့မှာတော့ ထူးဆန်းတဲ့အလုပ်တစ်ခုကိုရှာတွေ့မိသွားပါတော့တယ်။ စီးပွားရေးမေဂျာယူထားတဲ့ ဒဲရယ်ဟာ စမိုက်ဘိတ်စ်ကုမ္ပဏီမှာလည်း အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ကို စိတ်ကူးယဉ်နေရသူလည်းဖြစ်ပါတယ်။ အမြဲတမ်းဝန်ထမ်းဖြစ်မှသာ ဖခင်ဖြစ်သူက တာဝန်မယူချင်လို့စွန့်ပစ်သွားခဲ့တဲ့သူ့ရဲ့မိသားစုကို စောင့်ရှောက်နိုင်မှာမို့လို့ပါ။ တစ်ဖက်လည်း အလုပ်ပေါင်းများစွာနဲ့တစ်ဖက် ကိုယ့်စရိတ်ကိုရှာသုံးရင်း ဒဲရယ်ရဲ့မလျှော့သောဇွဲနဲ့အတူ တစ်ဖက်မှာလည်း စမိုက်ဘိတ်စ်မှာ အမြဲတမ်းဝန်ထမ်းဖြစ်ချင်တယ်ဆိုရင် အားကစားကလပ်တွေလူမှုရေးကလပ်တွေမှာ အသင်းဝင်ထားဖို့ကလည်း လိုအပ်တဲ့အတွက်ကြောင့် ဖတ်ဖတ်မောဖြစ်ရတဲ့ပုံတွေကို ဟာသနှောပြီးရိုက်ကူးထားတဲ့အတွက်ကြောင့် ဘဝအမောပြေချင်သူများအဖို့ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (3.3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:33:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Comedy • Drama • Thriller
6 1998 93 mins
Senseless