YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Livestream.2023.WEB-DL,720P(CM).mp4

630.5 MB N/A video/mp4 1574 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scare Package II: Rad Chad’s Revenge
6

~ Rotten Tomatoes - 88%, Shudder - 3.3/5 ~ ယနေ့ခေတ် Horror Movie တွေရဲ့ ရှင်းလင်းသပ်ရပ်တဲ့ ရိုက်ကွက်တွေနဲ့တင်ဆက်ထားတဲ့ Scare Package (2019) ရဲ့အဆက်ဖြစ်တဲ့ Scare Package II: Rad Chad's Revenge ဟာ အရင်လ ဒီဇင်ဘာ 22 ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက် Horror ကားပဲဖြစ်ပါတယ်။ Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Rad Chad တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ဆုံးပါးသွားပါတယ်။ သူ့အသုဘကို လာပို့တဲ့သူတွေကို ဆေးခတ်ပြီး ရယ်ရခက် ငိုရခက် ထောင်ချောက်တွေနဲ့ တမလွန်ကနေဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာကိုတော့ ပါးစပ်မပိတ်ပဲ တခွိခွိနဲ့ရယ်ရင်း ရှုစားကြရမှာပါ။ သဘောကျစရာအကောင်းဆုံးတစ်ချက်က ရုပ်ရှင်တစ်ခုတည်းကိုကြည့်ရသလိုမဟုတ်ပဲ တစ်ကားတည်းမှာတင် တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေကိုပါ တစ်ဆက်တည်းကြည့်ရမှာကိုပါပဲ။ အဲ့ဒီအပိုင်းတိုလေးတွေကိုလည်း တခြားဒါရိုက်တာတွေက ဝင်ပြီးရိုက်ထားတာဆိုတော့ ကြည့်ရတာမအီဘူးပေါ့။ Old School Horror တွေသဘောကျတဲ့သူတွေအတွက်လဲ ဒီထဲမှာ အရင်ကားဟောင်းတွေကို Reference အများကြီးယူထားတာဆိုတော့ အပျင်းပြေပဲ ကြည့်ရင်တောင်မှပဲ တော်တော်ကိုတန်တဲ့ ရုပ်ရှင်တစ်ခုပါပဲဗျာ။ Rad Chad ကြီးက ဘယ်လိုတွေမွှေထားခဲ့လဲ၊ မွှေနေတာကရော သူတစ်ယောက်တည်းဟုတ်ရဲ့လား၊ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်တွေကရော ဘယ်လိုတွေလွဲကြပြီး ထောင်ချောက်တွေကလွတ်အောင် ဘယ်လို ဉာဏ်နီဉာဏ်နက်တွေများကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှု ခံစား လန့်ပြီး ခွီကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 960MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Action • Horror • Thriller
6 2022 99 mins
Scare Package II: Rad Chad’s Revenge
Yellow Bird
5

တစ်ခါက အောင်မြင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ အခုအခါမှာတော့ စတိုးဆိုင်လေးတစ်ခုမှာ သာမန် အလုပ်သမားအဖြစ် အလုပ်ဝင်လုပ်နေရပါတယ်။ အိမ်ထောင်ကလည်းအဆင်မပြေသလို ကိုယ်တိုင်ကလည်း အရက်ဖြတ်ဖို့ ကြိုးစားနေရတဲ့အနေအထားပါ။ ဒီရုပ်ရှင်မှာ မြင်ရတာကတော့ အဘက်ဘက်က မြောင်းထဲကျနေတဲ့ဇာတ်လိုက်နဲ့ သူ့ကို ပိုနစ်ဖို့ ကူထိုးမယ့် ဝါးတွေကော၊ ဆယ်ဖို့ ကြိုးစားမယ့် လက်တွေကော၊ ကိုယ်တိုင်ကရော ပြန်တက်လာချင်ရဲ့လား မြောင်းထဲဆက်နေမလားဆိုတဲ့ ဆုံးဖြတ်ချက်ကော... တွေ့ရမှာပါ။ ပြောထားတာတွေက စိတ်ညစ်စရာတွေချည်းမို့ အထင်တော့မမှားလိုက်ပါနဲ့ဦး။ ဒီကားက ဟာသကားပါ။ အဲဒီလောက် စိတ်ညစ်စရာတွေကို ဘယ်လိုများရယ်ရအောင် ပြမလဲတော့ ကိုယ်တိုင်ပဲ ရှုစားတော်မူကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 785MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Thriller
5 2023 104 mins
Yellow Bird
Starship Troopers 2: Hero of the Federation
4.3

Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာ အဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင် ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံး ကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်း ကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်. အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်. ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက် တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာ လူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကို သိလိုက်ရပါတော့တယ်. ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ? ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေက ရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့. Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး r untimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကို အခုထိသဘောကျဆဲဖြစ်ပါတယ်. Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ.

Drama • Fantasy • Romance
4.3 2004 92 mins
Starship Troopers 2: Hero of the Federation
The Tunnel to Summer, the Exit of Goodbyes
7.3

The Tunnel to Summer, the Exit of Goodbyes (2022) ~ IMDb - 6.8/10, Rotten Tomatoes - 100% ~ " နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက် " တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊ တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ ငါတို့တကယ်မရှိခဲ့ဘူးလို့ ငါတို့သိလိုက်ရတဲ့နှစ်တွေမှာ နွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိုဏ်ခေါင်းလေးထဲ ငါ ပြေးဆင်းကြည့်မိတယ်... အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း... ငါတို့ကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲ အပြင်မှာ ဘယ်လောက်ထိ ပြောင်းသွားကြလဲ အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲ ဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာ ငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်း ဒီကမ္ဘာဝန်းထဲ တို့ထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်... ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလို့ စုံလုံးမှိတ်ယုံလိုက်ကြတာပေါ့ နွေရာသီတွေလည်း လင်းဦးမယ်... (ဒီဇာတ်ကားနဲ့အညွှန်းကဗျာကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 23Min Genre - Animation Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Drama • Mystery
7.3 2022 83 mins
The Tunnel to Summer, the Exit of Goodbyes
Daeng Phra Khanong
6.1

Daeng Phra Khanong (2022) ဒန် အဖြစ် Melix Efe Aygun မလီ အဖြစ် Machida စီ အဖြစ် Phuwarak Khamsing ဆမ်လီ အဖြစ် Mboke Medad Epie ဟင် အဖြစ် Surachai Borsuwan ဇာတ်လမ်းအကျဉ်း လူတွေက နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ မက်နဲ့နတ်ရဲ့အကြောင်းကိုသာ မှတ်မိကြပြီး နတ်ရဲ့ သေဆုံးသွားခဲ့တဲ့ သားလေး ဒန်ကိုတော့ သိပ်မသိနေခဲ့ကြပါဘူး ဒီဇာတ်လမ်းမှာတော့ မိဘတွေမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ဒန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် လူတွေကို ရန်ပြုလိုစိတ်မရှိဘဲ ခင်မင်ချင်ပြီး မိဘတွေကိုပဲ အမြဲလိုက်ရှာချင်ခဲ့တဲ့ ဒန် တစ်နေ့ ရွာမှာ ညတိုင်းခြောက်လှန့်နေပြီး လူပါသတ်တယ်လို့ စွပ်စွဲခံလာရတဲ့အခါ ဒန့်ကို နှိမ်နင်းဖို့ ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူသားတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ မျှော်လင့်နေခဲ့တဲ့ မိဘတွေနဲ့ရောဆုံနိုင်မလားဆိုတာ ဟာသနှောရိုက်ကူးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ N ပဲ ဖြစ်ပါတယ်။ Genre…..Thriller Quality…. 1080p | 720p | 480p File size…1.5GB | 845MB | 291MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. N Encoder ….. August

Action • Thriller
6.1 2022 110 mins
Daeng Phra Khanong
Shotgun Wedding
5.8

Shotgun Wedding (2023) ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB | 503MB Format… mp4 Duration…. 1b 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

5.8 2023
Shotgun Wedding
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
The Rescue
5.7

သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဒုက္ခတွေကနေ ကယ်ဆယ်တဲ့အကြောင်း ပုံဖော်ထားတဲ့ Survival ဇာတ်ကားလေးပါ။ တောင်လမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စင်းဖြတ်သွားတဲ့အချိန် မြေပြိုတဲ့အတွက် ဘတ်စ်ကားကချောက်နက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ ကံကောင်းခြင်းတော့ မိုင်းတွင်းဝမှာပိတ်နေတဲ့နွယ်တွေပေါ်ကျသွားတာကြောင့် ဘတ်စ်ကားကမပေါက်ကွဲပဲ အထဲကလူတွေလဲအသက်ရှင်ကျန်နေပါတယ်။ အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် သူတို့ဆီကိုစိန်ခေါ်မှုတွေကရောက်လာပါပြီ။ အသက်ဘေးနဲ့ကြုံလာတဲ့အခါ လူ့ရဲ့သဘာဝတွေ ဗီဇတွေဟာ ဘွင်းဘွင်းကြီးပေါ်လာတတ်တယ်မဟုတ်လား….. ဒီစွန့်ပစ်မိုင်းအတွင်းကနေလွတ်မြောက်အောင် သူတို့ကြိုးစားပြီးလွတ်မြောက်နိုင်ပါ့မလား …….

5.7 2023
The Rescue
Lights Out
5.2

Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။ အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။ မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီး အကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Thriller Quality…. 1080p | 720p File size… 1.55GB | 740MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Comedy • Animation
5.2 2024
Lights Out
Founders Day
5

Founders Day (2023) ============= Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Comedy , Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

5 2023 107 mins
Founders Day
Second Life
6

တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ……

6 2024
Second Life
Sister Wife Murder
5.5

အဖေဖြစ်သူ ဆုံးသွားလို့ စိတ်ထောင်းကိုယ်ကြေဖြစ်နေရှာတဲ့ ခလိုဝီတစ်ယောက် သင်းအုပ်ဆရာနဲ့ ချစ်ကြိုက်လက်ထပ်မိပြီး သင်းအုပ်ဆရာမှာ မယားကြီးနဲ့ မယားလတ်ရှိနေတဲ့အပြင် သူမက မယားအငယ်ဆုံးဖြစ်နေကြောင်း သိလိုက်ရတဲ့အခါ၊ ဒါတင်မကသေးပဲ သင်းအုပ်ဆရာက ဖိုဝါဒီ မတရားဆန်ပြီး အကြမ်းဖက်လာတဲ့အခါ ခလိုဝီတစ်ယောက် ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ ဇာတ်လမ်းအကျဉ်း ခလိုဝီဟာ အဖေဖြစ်သူ ဆုံးသွားပြီးတဲ့နောက်မှာ စိတ်ဓာတ်တွေကျ၊ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာ သောင်တင်နေပါတယ်။ ဒါကို မကြည့်ရက်နိုင်တဲ့ အမေဖြစ်သူက သူ့ကို ဘုရားကျောင်းကို အတင်းခေါ်သွားတဲ့အခါမှာ ခေးလက်ဆိုတဲ့ သက်လတ်ပိုင်း သင်းအုပ်ဆရာအဆင်နဲ့ တွေ့ပါတော့တယ်။ ဒီအချိန်မှာ သူမဟာ ခေးလက်ကို သဘောကျသွားပြီး ဘုရားကျောင်းပုံမှန်သွား၊ ပရဟိတတွေလုပ်ကူပြီး ခေးလက်နဲ့ ချစ်ကြိုက်သွားကာ လက်ထပ်လိုက်ပါတော့တယ်။ ဒီအချိန်မှာ သူမသိလိုက်ရတာကတော့ ခေးလက်မှာ မယားကြီး မယားလတ်ရှိနေပြီး သူက မယားအငယ်ဆုံးဖြစ်တဲ့အပြင် ခေးလက်က စတွေ့တုန်းကလိုမဟုတ်ပဲ လက်ထပ်ပြီးမှ သူမကြိုက်တာလုပ်မိရင် အခန်းသော့ခတ်အပြစ်ပေးတတ်ပြီး ရိုက်နှက်အကြမ်းဖက်တတ်တဲ့လူမှန်း သိလိုက်ရတဲ့အခါ သူဟာ ခေးလက်ရဲ့အိမ်ကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(640 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

5.5 2024 86 mins
Sister Wife Murder
Amiko
7

Amiko (2022) ~ IMDb – 7/10, MyDramaList – 7.5/10 ~ ဟီးရိုရှီးမားမြို့မှာနေတဲ့ အာမီကိုဆိုတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့မတူ စာသင်နေတုန်းသီချင်းဆိုတာတို့ ခြေဗလာနဲ့လျှောက်သွားနေတာတို့စတဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုလုပ်လေ့ရှိသူပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရယ်၊ လူတိုင်းအပေါ် သဘောကောင်းတဲ့အဖေရယ်၊ အိမ်မှာပဲ လက်ရေးလှသင်တန်းကျောင်းဖွင့်ထားတဲ့ ကိုယ်ဝန်ဆောင်သူ့အမေရယ် ရှိတယ်။ အာမီကိုက သူနဲ့အတန်းတူတဲ့ နိုရီ-ကွန်ဆိုတဲ့ကောင်လေးကို ကြိုက်နေတယ်။ ရိုးသား၊ အလွန်းလှတဲ့အာမီကိုရဲ့ အပြုအမူအချို့က တစ်ခါတရံ လူတွေကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။ အဲဒါကြောင့်ပဲ အာမီကိုရဲ့မိသားစုဘဝလေးက စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပါတယ်။ အာမီကို ဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတွေကနေတစ်ဆင့် လူ့ဘောင်ထဲကမိသားစုမျိုးစုံထဲကမှ ရှိလေ့ရှိထ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုတစ်စုရဲ့ဇာတ်ကြောင်း၊ ကလေးတစ်ယောက်ကို ရှုပ်တယ်ဆိုပြီး လျစ်လျူရှုတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကို လက်တွေ့နဲ့မကင်းကွာအောင် ရိုက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ Natsuko Imamura ရေးသားထုတ်ဝေခဲ့တဲ့ “Kochira Amiko” ကို ဒါရိုက်တာ Yusuke Morii က သူ့ပွဲဦးထွက်ဇာတ်ကားရှည်အနေနဲ့ သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါတယ်။ အာမီကိုလေးကို ပရိသတ်တွေ စုတ်သပ်လာအောင် သနားချင်လာအောင် အားမလိုအားမရဖြစ်လာအောင် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြတဲ့သူကတော့ ကလေးသရုပ်ဆောင် Kana Osawa ဖြစ်ပါတယ်။ သူ့ပွဲဦးထွက်ဇာတ်ကားလို့ မထင်ထားရလောက်အောင် သရုပ်ဆောင်ကောင်းပြီး တော်တော်လေး အရည်အချင်းရှိတယ်ပြောရမလားပဲ။ Yusuke Morii ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Route 29 (2024) ထဲမှာလည်း Kana Osawa ဟာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ဦးမှာဖြစ်ပါတယ်။ Kana Osawa ကို ကြည့်ရင်း Monster (2023) ထဲက Hinata Hiiragi နဲ့ Soya Kurokawa တို့ကို သွားသတိရမိပါတယ်။ သူတို့တွေက သရုပ်ဆောင်ကောင်းကြလွန်းတဲ့ တက်သစ်စကလေးသရုပ်ဆောင်လေးတွေဆိုတော့ နောက်ထပ်ဇာတ်ကားသစ်တွေထဲမှာ ဘယ်လိုဇာတ်ကောင်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – BluRay 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7 2022 104 mins
Amiko
Thaghut
6.4

Thaghut (2024) IMDb Rating (6.4) အိုက်နွန်ဟာ ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာ ကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။ သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြို့ပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။ တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါ အံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။ နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို သူငယ်ချင်းနှစ်ယောက်နဲ့အတူ တဇွတ်ထိုးသွားရောက်ခဲ့ပြီးတဲ့နောက် အဘားရဲ့သေဆုံးမှုဟာ ထင်ထားတာထက်ပိုနက်နဲပြီး ပဟေဠိဆန်နေတာ တစ်ဖြည်းဖြည်းသိလာရပါတယ်။ အဲ့ဒီလိုနဲ့ အဘားရဲ့လက်ထောက်ဖြစ်သူက သူ့ကိုအဘားရဲ့အကြောင်းအတွင်းကျကျသိချင်ရင် အဘားရဲ့နေရာကိုဆက်ခံဖို့ကမ်းလှမ်းလာချိန်မှာ အလွယ်တကူလက်ခံမိခဲ့ပေမယ့် သူနဲ့အတူလိုက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဒီရွာကြီးအပြင်ရွာသားတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် ပြန်ဖို့အသင့်ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာမမျှော်လင့်တဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့ သူတို့သုံးယောက်လုံးရွာက မပြန်ဖြစ်ပဲ ဆက်နေကြရချိန်မှာတော့ ရွာကြီးရဲ့ထူးဆန်းမှုတွေ၊ လျှို့ဝှက်မှုတွေ ပဟေဠိတွေဟာ တစ်စတစ်စ ခြောက်ခြားစရာရုပ်လုံးပေါ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.8 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:44:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
6.4 2024 102 mins
Thaghut
Everything’s Going to Be Great
5.5

Everything’s Going to Be Great (2025) IMDb Rating (5.5) / Rotten Tomatoes (63%) ဒီတစ်ခါမှာတော့ Comedy/Drama ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ Breaking Bad ထဲကမင်းသားကြီး Bryan Cranston, Allisson Janneyနဲ့ Benjamin Evan Ainsworth တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဖျော်ဖြေရေးလောကမှာ စားဝတ်နေရေးအတွက် ပြဇာတ်ကစားပြီးရပ်တည်နေတဲ့ ဘက်ဒီနဲ့မေစီစမတ်တို့ဟာ ဒဲရစ်နဲ့လက်စတာဆိုတဲ့သားနှစ်ယောက်နဲ့အတူနေထိုင်ကြပါတယ်။ ဒေသခံပြဇာတ်ရုံအသေးလေးမှာပဲပြဇာတ်ကရင်း အိမ်ရဲ့စီးပွားရေးက ပြေလည်တစ်လှည့် ကြပ်တည်းတစ်လှည့်ပေါ့။ သားနှစ်ယောက်ကလည်း ဝါသနာမတူဘဲ မကြာခဏအချင်းများလေ့ရှိကြတယ်။ သားအငယ်လက်စတာကတော့ အဖေတူသားပီပီ ပြဇာတ်တွေမှာပါဝင်သရုပ်ဆောင်ရတာကိုခုံမင်ပေမဲ့ အကြီးဖြစ်သူဒဲရစ်ကတော့ ဘောလုံးအားကစားကိုဝါသနာပါပေမဲ့ လိုအပ်တဲ့အခါဖျော်ဖြေမှုမှာပါဝင်ရပါတယ်။ တစ်ရက်မှာ နယူးဂျာစီမှာရှိတဲ့ပြဇာတ်အကြီးမှာဖျော်ဖြေဖို့အခွင့်အရေးရလာပြီး ထိုဖျော်ဖြေမှုအောင်မြင်ခဲ့ပါက ဘဝပြောင်းနိုင်မယ့်အခွင့်အရေးကြီးမလို့ ရည်မှန်းချက်ကြီးမားတဲ့ဘက်ဒီတစ်ယောက် အားလုံးကိုပုံအောလောင်းကြေးထပ်ပြီး နယူးဂျာစီမြို့ကိုပြောင်းလာပါတယ်။ အောင်မြင်ရင်ရရှိမယ့်ဆုလဒ်ကကြီးမားသလို ဆုံးရှုံးခဲ့ရင်လည်းဘာမှမကျန်တော့တဲ့အထိဖြစ်မှာမလို့……..သူတို့အောင်မြင်သွားကြပါ့မလား။ မမျှော်လင့်ထားတဲ့အခက်အခဲတွေ အခြေအနေတွေကြုံတွေ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rybujane ဖြစ်ပါတယ်။) File size… (3.8 GB) / (1.3 GB) / (660 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:35:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Rybujane

5.5 2025 95 mins
Everything’s Going to Be Great