YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lilyhammer.S01E01.Reality.Check.720p.(CM).mp4

390.69 MB 720p video/mp4 283 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stroke of Luck

2022ခုနှစ်မှာထွက်ရှိထားတဲ့stroke of luckဆိုတဲ့ဒီကားလေးကတော့ Romance Comedy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက‌တော့ နေသန် ဆိုတဲ့ မြို့မှာနေတဲ့ကောင်လေးက ကျေးလက်မှာနေတဲ့ သူ့အဖေရဲ့‌မွေးမြူး‌ရေးခြံကို သွားပြီး အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်။ မြို့မှာ ကြော့ကြော့လေးနေတတ်တဲ့ မြို့သားလေး ကျေးလက်ကမွေးမြူးရေးခြံကို‌ ရောက်တာနဲ့ အလွဲ‌တွေကြီးပဲ စလုပ်ပါ‌တော့တယ်။ မြို့ကို အရမ်းပြန်ချင်တဲ့‌ကောင်လေးကို သူ့အ‌‌ဖေက ဒီမှာအလုပ်တစ်လလုပ်ပြီးမှ မြို့ကိုပြန်ရမယ် အလုပ်မလုပ်ရင်လုံး၀မပြန်ရဘူးလို့ ရာဇသံ‌ပေးလိုက်ပါတယ်။ အဲလိုနဲ့အလွဲ‌တွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့သူ့ကိုကူညီပေးတဲ့မွေးမြူ‌ရေးခြံမှာအလုပ်လုပ်တဲ့ "ဆာရာ" ဆိုတဲ့‌ ကောင်မလေးနဲ့ ဖြည်းဖြည်းရင်းနှီးလာပြီး သူ့ကို စတင်သ‌‌ဘောကျလာပါ‌တော့တယ်။ အဲ့လိုနဲ့နေသန်တစ်‌ယောက် တစ်လအလုပ်လုပ်ပြီးပဲအိမ်ပြန်သွားမလား ‌။‌ ကောင်မလေးနဲ့ရောအဆင်ပြေပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီးပဲကြည့်ရှုခံစားလိုက်ပါ။ မွေးမြူရေးခြံမှာနေတဲ့တစ်လအတွင်းဘယ်လိုအလွဲတွေလုပ်တယ်ဆိုတာကို ပျော်ပျော်ကြီးကြည့်ရမယ့်ခွီရမယ့်အပြင် ကျေးလက်မှာရိုက်ကူးထားတဲ့အတွက်သဘာ၀ရှုခင်းတွေကလဲအရမ်းကိုမှလှပပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyalsin Yati Ko ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 655MB | 314MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyalsin Yati Ko Encoder ..... Aaron

Thriller
0 2022
Stroke of Luck
Night Train
7

Single Mother တစ်ယောက်ဖြစ်တဲ့ဟော်လီဟာ ကျန်းမာရေးမကောင်းတဲ့သားဖြစ်သူရဲ့ဆေးဖိုးဝါးခအတွက် တရားမ၀င်ကားပြိုင်ပွဲတွေမှာ ၀င်ပြိုင်ရင်း၀င်ငွေရှာရပါတယ်။ ကားမောင်းရာမှာ ငယ်ငယ်တည်းက ပါရမီပါတဲ့ ဟော်လီဟာ အပို၀င်ငွေရဖို့ ဆေးပစ္စည်းမှောင်ခိုသွင်းတဲ့ကားမောင်းပေးဖို့ သဘောတူလိုက်ရာကနေ ရာဇ၀တ်လောကထဲကို တဖြည်းဖြည်းခြေချမိပါတော့တယ်။ အဲဒီအချိန်မှာပဲ အင်မတန်အလုပ်ကြိုးစားတဲ့ FBI အေးဂျင့်တစ်ယောက်က ဟော်လီကို သတိထားလိုက်မိချိန်မှာတော့ ဟော်လီတို့သားအမိလည်း အန္တရာယ်နဲ့ရင်ဆိုင်ဖို့ဖြစ်လာရပါ‌တော့တယ်။ File size…(1.72GB)  / (929MB) /469MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Thriller
7 2023 96 mins
Night Train
Shiri
6.4

၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy
6.4 1999 125 mins
Shiri
Waiting for Forever
5.9

Waiting for Forever- “အချစ်နောက်တစ်ကောက်ကောက်”… ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ချစ်တဲ့သူနောက် လိုက်ခဲ့ဖူးမှာပါ….။ ဘဝမှာလည်း စိတ်ကူးကြည့်မိကြဖူးမှာပါ…၊ ချစ်သူနဲ့သိပ်ဝေးလွန်းလို့ မတွေ့နိုင်မယ့်နေ့ရက်တွေနဲ့ နိုးထတိုင်း ချစ်သူနဲ့တွေ့ရမယ့် နေ့ရက်ဆိုရင်….ဘာကိုရွေးချယ်ကြမလဲ အမြဲတမ်း တွေ့ဖြစ်ရင်၊ တွေ့နိုင်ရင်၊ တွေ့ရရင် ဆိုပြီး ရွေးချယ်မိကြမှာပဲမလား.။ ဒီဇာတ်လမ်းကတော့ ဒီလိုခံစားချက်မျိုးနဲ့ ကိုယ်ချစ်ရသူနောက် တစ်ကောက်ကောက်လိုက်နေခဲ့မိတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ….။ ဘယ်ကတည်းက ချစ်သူအနားမှာ အမြဲ တဝဲလည်လည်နေခဲ့သလဲဆိုတာကတော့…..။ ဘာပဲဖြစ်ဖြစ် တစ်နေ့မှာတော့ ဒီကောင်လေးဟာ သူ့ချစ်သူကိုဖွင့်ပြောဖို့ ကြိုးစားခဲ့ပါပြီ…. ချစ်ရသူကို ဘယ်လိုရင်ဖွင့်ပြမလဲဆိုတာ… ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။ File size…1.65GB / 836MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Thriller
5.9 2010
Waiting for Forever
Reporting for Christmas
5.8

ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။ အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။ မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.55 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.8 2023 90 mins
Reporting for Christmas
A Little Chaos
6.5

ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။ အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.5 2014 117 mins
A Little Chaos
Terminator 2: Judgment Day
8.6

လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ အဲဒီခေတ်ရဲ့ တတိယ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သွားသလို ဟောလိဝုဒ်ရုပ်ရှင်မှတ်တမ်းမှာ အကောင်းဆုံး ဒုတိယအဆက်ကားအဖြစ် ဝင်သွားတာပဲ။ ထိန်းသိမ်းထားရမယ့် ဇာတ်ကားစာရင်းကို ၂၀၂၃ မှာ ထည့်ထားလိုက်ကြတယ်။ ဒီဇာတ်ကားမှာတော့ လူသားတို့ရဲ့ အဓိပတိခေါင်းဆောင် ဂျွန် ကော်နာ ကလေးငယ်ဘဝ မှာ နောက်ထပ်စက်ရုပ်တစ်ခု ရောက်လာခဲ့တယ်။ မော်ဒယ် ၁၀၁ ကြီးပါပဲ။ ထူးခြားတာက အဲဒီစက်ရုပ်ကို လူသားတွေကဖမ်းဆီးပြီး အစီအစဉ်ပြန်လည်ရေးဆွဲထည့်သွင်းလို့ ဂျွန်‌ ကော်နာ ကို ကာကွယ်ဖို့ လွှတ်လိုက်တာပဲ။ စက်တွေဘက်ကလည်း တီ ၁၀၀၀ သတ္တုရည် အသွင်ပြောင်းစက်ရုပ်ကို လွှတ်လိုက်တယ်။ ဒီလိုနဲ့ စက်ရုပ်နှစ်ရုပ် မြေကမ္ဘာပေါ်မှာ ထင်တိုင်းကြဲ တိုက်ကြခိုက်ကြတော့တာပဲပေါ့။ ဒီတော့ မိခင်ဖြစ်သူ ဆာရာ ကော်နာ ရယ်၊ ဂျွန် ကော်နာ ရယ် မော်ဒယ် ၁၀၁ ကြီးရယ် ပူးပေါင်းပြီးတော့ လူသားတို့ အဓွန့်ရှည်စေရေး ရုန်းကန်တိုက်ခိုက်ကြပုံတွေကို ရှုစားရမှာပါ။ ကျွန်တော်တို့ငယ်ငယ်ကတော့ အရည်ပျော်စက်ရုပ်ကားလို့ ခေါ်တာပေါ့လေ။ သူက ဗီလိန်သာပြောတာ ရုပ်ချောချော၊ အစွမ်းအစကလည်း အမိုက်စားဆိုတော့ ကလေးဘဝ ကစားရရင် အရည်ပျော်စက်ရုပ်နေရာ လုကြရတယ်။ ဒီတော့ လူကြီးမင်းတို့အနေနဲ့ ကလေးဘဝ အမှတ်တရလေးကို CM လက်ရာနဲ့ ပြန်လည်ခံစားလိုက်ကြပါဦး။ File size…(3.3 GB)/(1.9 GB) Quality….Blu-Ray Extended 1080p / 720p Format…mp4 Duration….01:17:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arrkun Winchester

Drama • Comedy • Thriller
8.6 1991
Terminator 2: Judgment Day
Rest in Peace
5.9

Rest in Peace ( 2024 ) အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။ နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။ မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသား ဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့ အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။ အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။ တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို မမြင်ရသေးဘူး။ ဒါပေမဲ့လည်း When Evil Lurksတုန်းက သူ့ဟော်ရာက တော်တော်ဟော်ရာပီသခဲ့သလို Rest in Peace ( 2024 )မှာတော့ သူတို့လူနေမှုဘဝကို ရေးတေးတေးတော့ မြင်လာသလိုရှိလာတယ်။ ရှေ့ကကားတွေလည်း မြည်းကြည့်ပြီးပြီ သိပ်မမြည်းဖူးသေးတဲ့ အာဂျင်တီးနာစီနီမာကို ဆက်မြည်းကြည့်ချင်တယ်ဆို Rest in Peaceဟာ တော်တော်ကြည့်ကောင်းမယ့်ရုပ်ရှင်ပါပဲ။ လောလောဆယ်တော့ တခြားထင်ထင်ရှားရှား အာဂျင်တီးနားကားလည်းမရှိသေးတော့ ရွေးစရာလည်းမရှိပါဘူး။ သူ့အရသာကတော့ အီရန်လိုလို ဘာလိုလိုပါပဲ။ အီရန်ကားကြိုက်ရင်လည်း ကြည့်လို့မမှားဘူး။ လောလောဆယ်တော့ ရှေ့က အာဂျင်တီးနားနှစ်ကားထက်ပိုတဲ့ rotten tomatoes rating 100% အပြည့်ရထားတယ်။ နောက်တော့ နည်းနည်းကျဦးမှာပေမဲ့ ဇာတ်ကတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောင်းတဲ့ကားပါပဲ။ ဇာတ်ကတော့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အာဂျင်တီးနားက လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဇာတ်။ သူ့မှာ ငွေတိုးတွေလည်း‌ချေး ရှိသမျှမိတ်ဆွေတွေဆီကလည်း ချေးထားပေမဲ့ သူ့လုပ်ငန်းကို လည်ပတ်ဖို့ ငွေမလောက်နေသလို သူ့အလုပ်သမားတွေကိုလည်း လခမပေးနိုင်နေဘူး။ သူ့သမီးအတွက် ၁၃နှစ်ပြည့် အရွယ်ရောက်ခြင်းအထိမ်းအမှတ်ပါတီ Bat Mitzvah ကောက်လုပ်ပေးပြီး ကလေးတွေအတွက် ကျောင်းလခလည်း မပေးနိုင်, အမျိုးတွေဆီက ယူထားတဲ့ငွေတွေလည်းမပေးနိုင်တဲ့ အခြေအနေဆိုက်နေတာ။ ငွေတိုးသမားကလည်း သူ့မိသားစုနဲ့ ခြိမ်းခြောက်နေပြီ။ သူ့မှာ ငွေဝင်စရာလမ်းဆိုလို့ အသက်အာမခံပဲရှိတယ်။ ဒီလိုနဲ့ သူက‌ ငွေကိုရအောင်ကြံဖန်ရှာပြီး ငွေတိုးသမားကို ပေးဖို့သွားတဲ့လမ်းမှာ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ဒုံးနဲ့တိုက်တာကနေ သူသွားတဲ့လမ်းက အဆောက်အဦးတစ်ခုပြိုပြီး လူတွေသေကြကြေကြတယ်။ သူကတော့ သေသလား ရှင်သလားမသိရတော့ဘူး။ သူ့မိသားစုက သတင်းမှာတွေ့ပြီး အခင်းနေရာကိုလာရှာပေမဲ့ သူ့လက်ဆွဲအိတ်ပဲတွေ့ရပြီး သူ့အလောင်းလည်း မတွေ့ခဲ့ရဘူး။ အဲဒီကနေ ဘယ်လို ထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလဲ ဆက်ပြတယ်။ အလှည့်အပြောင်းတွေက ဇာတ်ကို ဆန်းသွားစေပေမဲ့ ထင်မှတ်ထားတဲ့ အလှည့်အပြောင်းဆိုတာက ဟို ချက်ကော့ရဲ့ သေနတ်လိုပဲ။ ဇာတ်လမ်းတစ်နေရာမှာ နံရံမှာ သေနတ်ချိတ်ထားတယ်လို့ပါရင် အဲဒီသေနတ်ကို ဇာတ်လမ်းတစ်နေရာမှာ ပစ်ကိုပစ်ရမယ်ဆိုတာမျိုးပဲ။ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျွန်တော်တို့ဖြစ်လာတော့မယ်ထင်မိတဲ့အရာဟာ သိပ်မကြာခင်ဖြစ်သွားတတ်တယ်။ ရိုးရှင်းတဲ့ တင်ဆက်ပုံပဲသုံးထားပေမဲ့ သူ့ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပါပဲ။ မြည်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.5GB | 728MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.9 2024
Rest in Peace
Despicable Me 4
6.3

Despicable Me 4 (2024) IMDb Rating (6.3) / Rotten Tomatoes (56%) နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ သွား ခြေရာဖျောက်ခိုင်းထားလိုက်ပါတယ်။ အဲဒီမြို့မှာ သာမန်မိသားစုလို နေဖို့ကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တိုက်ခိုက်ရပုံတွေကို မြင်ရမှာပါ။ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသတွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို့ လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖို့အဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်

6.3 2024
Despicable Me 4
Horrible Bosses 2
6.3

Horrible Bosses 2 (2014) IMDb Rating (6.3) / Rotten Tomatoes (35%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

6.3 2014 108 mins
Horrible Bosses 2
Harta Tahta Raisa

Harta Tahta Raisa (2024) Raisa Andriana ဆိုသူ အင်ဒိုနီးရှားက အဆိုတော်မလေးရဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် Billboard chart တွေမှာလည်း ချိတ်ခဲ့တဲ့အပြင် အင်ဒိုနီးရှားက GBK Stadium ဆိုတဲ့ လူဦးရေ ၇၇၀၀၀ ဆံ့တဲ့ ကွင်းကြီးထဲမှာ ကွင်းလုံးပြည့် concert လုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတစ်ကိုယ်တော်အဆိုရှင် ဖြစ်လာတဲ့ ကောင်မလေးရဲ့အကြောင်းဖြစ်ပြီး သူငယ်ငယ်ကတည်းက ဂီတနောက်ကိုလိုက်ခဲ့ပုံ သူ့နားမှာ အားပေးထောက်ခံကူညီခဲ့တဲ့လူတွေအကြောင်း၊ အင်ဒိုနီးရှား popstar တစ်ယောက်ရဲ့ အနုပညာခရီး၊ သမီးတစ်ယောက်၊ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်နဲ့ အဆိုရှင်ဖြစ်လာဖို့ အိပ်မက်မက်သူတစ်ယောက်အဖြစ် သူဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~ V~ Alex~ KKKZ~ Zwe ဖြစ်ပါတယ်

0 2024
Harta Tahta Raisa
With a Friend Like Harry…

IMDb 7.1/10 Rotten Tomato 96% ဒီဇာတ်ကားကတော့ ပြင်သစ်ဇာတ်ကား ဖြစ်ပါတယ် ။လျို့ဝှက်သည်းဖိုဇတ်လမ်း တွေကြိုက်တယ်ဆိုရင်တော့ အတော်ပါပဲ ပြင်သစ်ရုပ်ရှင်တွေကလည်းလျှော့တွက် မရတဲ့ အထဲပါပါတယ်။ တစ်ချို့ဇာတ်ကား တွေဆို ကမ္ဘာကျော်တဲ့အပြင် အတွဲလိုက် လက်မလည်အောင်ရိုက်နေရတဲ့ကားတွေ လည်းတွေ့ဖူးပါတယ်။ ဒီဇတ်ကားထဲမှာ ပြင်သစ်ပြည်က တောင် တန်းတွေနဲ့ ကျေးလက်အပန်းဖြေအိမ် လေးကသဘောကျစရာပါပဲ။ကလောမြို့ ကိုတောင်အမှတ်ရမိပါသေးတယ်။ ပြင်သစ်ခေတ်ဟောင်း တေးဂီတနဲ့သီချင်း ကိုလည်း ဇာတ်နဲ့လိုက်ဖက်အောင်သုံး ပေးထားပါတယ်။ ဒါရိုက်တာက Dominik Moll ပါ။ ဇတ်လမ်းအကျဥ်း မီရှယ်ပတ်ဖ်က ဇနီးသည်ကလယ်ရာ သမီးသုံးယောက်တို့နဲ့အတူ သူတို့ဝယ် ထားတဲ့ပြင်သစ်ပြည်တောင်ပေါ်ကျေး လက်က အပန်းဖြေအိမ်မှာ အားလပ် ရက်အပန်းဖြေဖို့တက်လာကြပါတယ်။ ကားကအဲယားကွန်းမပါပူတော့ကလေး အကြီးကဂျီကျတဲ့အပြင်အငယ်ဆုံးက လည်း တစ်ကျီကျီငိုလာပါတယ်။ လမ်းမှာခဏနားတဲ့အချိန် သန့်စင်ခန်း ထဲမှာမီရှယ်ကကျောင်းတုန်းကအတန်း ဖော် ဟာရီနဲ့ဆုံပါတယ်။ ဟာရီကမှတ်မိပေမဲ့ မီရှယ်ကမမှတ်မိ ပါဘူး။ ခရီးဆက်ထွက်မယ်လုပ်တော့ စကားစပ်မိကြပြီး ဟာရီနဲ့သူ့ရည်းစား ပလမ်းတို့ ဆွစ်စလန်သွားမယ့် ခရီးစဥ် ကိုခဏဆိုင်းငံ့ပြီး မီရှယ်တို့အိမ်ကိုလိုက် လည်မယ် ဖြစ်သွားပါတယ်။ အိမ်မှာညစာစားတော့ ဟာရီက ကျောင်း မဂ္ဂဇင်းမှာ မီရှယ်ရေးခဲ့တဲ့ကဗျာကိုအလွတ် ရွတ်ပြပါတယ်။အဖွင့်အခန်းလောက်ပဲ ရေးရသေးတဲ့ ဝတ္ထုကိုလည်းဆက်ရေးဖို့ တိုက်တွန်းပါတယ်။ ဟာရီက မီရှယ် စာဆက်မရေးတာကိုနှမြောနေပါတယ်။ မီရှယ်မှာ ကလေးသုံးယောက် ဝေယျာဝစ္စ အိမ်ပတ်လည် နဲ့အိမ်ကိုလိုအပ်တွေလုပ် ရ အဖေနဲ့အမေကိုဖုန်းဆက်ရနဲ့မအား ဖြစ်နေပါတယ်။ကလယ်ရာစျေးဝယ်သွား ရင်း ကားပျက်ပါတယ်။ဟာရီနဲ့မီရှယ် ရောက်လာပြီးကလယ်ရာနဲ့မီရှယ်စကား များကြပြန်ပါတယ်။ ကလယ်ရာစျေးဝယ် ပြီးတဲ့အခါ ဟာရီကလာကြိုပေးပါတယ်။ လမ်းမှာကလယ်ရာတို့မိသားစုဘဝကို မေးမြန်းအကြံပေးရင်းဟာရီကစိတ်ကူး ပေါက်ပြီးစျေးကြီးတဲ့ ဖိုးဝှီးကားတစ်စီးကို မီရှယ်တို့အတွက်ဝင်ဝယ်ပေးလိုက်ပါတယ်။မီရှယ်တို့ကလက်မခံချင်ပါဘူး။ဒါပေမဲ့ မီရှယ့်မိဘတွေကိုဟာရီဝယ်ပေးတဲ့ကားနဲ့သွားခေါ်ရဖို့ဖြစ်လာပါတယ်။ မီရှယ့်အဖေက ဟာရီ့ကိုမှတ်မိပါတယ်။ ဖိုးဝှီးကားအကြောင်းကို မီရှယ့်အဖေက တုတ်ထိုးအိုးပေါက်ပြောလို့ ဟာရီမျက် နှာပျက်ပြီးချက်ချင်းထသွားပါတယ်။ မီရှယ့်မိဘတွေကလည်း မီရှယ့်အိမ်မှာ မအိပ်ပဲဟိုတယ်မှာအိပ်သလို ဟာရီတို့ အတွဲကလည်းဟိုတယ်မှာသွားအိပ်ပါ တယ်။ အဲဒီညမှာပဲ မီရှယ်တို့အတွက်ထိတ်လန့် တုန်လှုပ်စရာကိစ္စတွေဖြစ်လာပါတော့ တယ်။ထိတ်လန့်တုန်လှုပ်စရာတွေရဲ့ နောက်ခံအကြောင်းရင်းက ဘာတွေဖြစ် မလဲ။သူတို့တွေဘာတွေဆက်ကြုံရမလဲ ဆိုတာတော့ ဖန်သားပြင်ပေါ်မှာဆက် ကြည့်နိုင်ပါတယ်။ ဇတ်ကားရဲ့ရသအချို့ မိသားစုတွေမှာအခက်အခဲတွေရှိတယ် ကိုယ့်ရဲ့တိုးတက်မှုတွေကိုပိတ်ပင်နေ တယ်ထင်ရတောင် ပန်းကလေးတွေ ပွင့်လန်းလာတာကိုကြည်ကြည်နူးနူး ထိုင်ကြည့်ရသလိုပဲဆိုတာ ဒီဇတ်ကား မှာပြထားပါတယ်။ မိဘနဲ့သားသမီးကြားကသံယောဇဥ်နဲ့ စေတနာတွေ ချွေးမနဲ့ယောက္ခထီး ယောက္ခမကြားကဆက်ဆံရေးတွေတွေ့ ရပါမယ်။ သားသမီးတစ်ချို့ရဲ့ မိဘတွေအပေါ် သဘောထားကလည်း ကြောက်စရာပါ လားတွေးမိပါလိမ့်မယ်။ သည်းထိပ်ရင်ဖိုကားတစ်ခုထက်ပိုတဲ့ ဇာတ်ကားတစ်ကားလို့ညွှန်းပါရစေ။ File size…(2 GB)/(938 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Horror • Thriller
0 2000
With a Friend Like Harry…
Neighborhood Watch

IMDb – 6.1/10 R-rated Neighbourhood Watch ဆိုတာ ရပ်ကွက်အတွင်းက ပြည်သူတွေ စုစည်းပြီး ရာဇဝတ်မှုနဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်တွေကတော့: * ရပ်ကွက်တွင်း လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ အသိပညာပေးခြင်း။ * ရပ်ကွက်ကို လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း။ * ရာဇဝတ်မှုနဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး သတင်းပို့ခြင်း။ * ရပ်ကွက်အတွင်းမှာ အချင်းချင်းသိကျွမ်းပြီး ကူညီပံ့ပိုးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်း။ * ဒေသန္တရ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ် အခု ဇာတ်လမ်းမှာတော့ စိတ္တဇရောဂါသည် ဆိုင်မန် (Jack Quaid) ဟာ မိန်းကလေးတစ်‌ယောက်ကို ပြန်ပေးဆွဲသွားတာ မြင်လိုက်ပြီး ရဲသွားတိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မရှိတာတွေ အရှိထင်၊ မြင်၊ ကြားနေတဲ့အတွက် ရဲကလည်း သူ့ကို အရေးလုပ်ပြီး အမှုကို ဂရုမစိုက်ပါဘူး။ ဒါကို သူ့ဘာသာသူလိုက်ရှာဖို့ ကြိုးစားရင်း အိမ်နီးချင်းလုံခြုံရေးဝန်ထမ်းဟောင်း အက်ဒ် (Jeffery Dean Morgan)ကတော့ ဆိုင်မန်ပြောတဲ့ ကားနံပါတ်ကိုလိုက်ကူရှာပေးရင်း ဆိုင်မန်နဲ့အတူ တစ်နွယ်ငင် တစ်စင်ပါ အရှုပ်တွေထဲ ပါသွားပါတော့တယ်။ The Boy ထဲမှာ စူပါကောင်တွေကို တော်လှန်နေသူ Jack Quaid နဲ့ Walking Dead Universe ရဲ့ Antihero ခေါ်မလား၊ ဗီလိန်ခေါ်မလား သရုပ်ဆာင်ခဲ့တဲ့ JDM တို့ကို တွဲဖက်မြင်ရမှာပါ။ တချက်တချက်ဖောက်လိုက်တဲ့ ဟာသတွေကလည်း အပန်းပြေစေမှာပါ။ ဆဲရေးတိုင်းထွာနေတာ‌တွေကြောင့် R-rated ပါ။ ဒါရိုက်တာ Duncan Skiles နဲ့ ဇာတ်ညွှန်း Sean Farley ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.1 GB)/(681 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Thriller
0 2025
Neighborhood Watch
Zindagi Zindabaad
5.5

Zindabaad (2024) “ဒုစရိုက်နွံ” ပန်ချာပီ အက်ရှင်ဇာတ်ကြမ်းကားလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ပါတယ် ပန်ချာပီဆိုပေမဲ့လို့ ပုံမှန်လို ဟေးလားဝါးလား တာဘန်တွေနဲ့လူအုပ်ကြီးမဟုတ်ဘဲ အကြမ်းအရမ်းဖိုက်တင်ဇာတ်ဝင်ခန်းတွေနဲ့ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်တူဆိုတဲ့ ကောင်လေးနဲ့ သူတို့မြို့လေးဟာ တစ်ချိန်က အရာအားလုံး သာသာယာယာရှိခဲ့တာပါ ဒါပေမဲ့ မူးယစ်ဆေးဆိုတဲ့စွဲလမ်းမှုကြီး ဝင်လာတဲ့အခါမှာ သူတို့လူငယ်တွေ လမ်းမှားရောက်ကုန်ပါတော့တယ် လမ်းမတွေပေါ်မှာ ဘဝကိုကုန်ဆုံးတာနဲ့ အုပ်စုဖွဲ့ ရန်ဖြစ်တာတွေက ထုံးစံလိုဖြစ်လာတဲ့နောက်မှာ ဒီစွဲလမ်းမှုကနေ သူတို့တဖန်ပြန်ရုန်းထွက်နိုင်မှာလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller
5.5 2024
Zindagi Zindabaad
Stalked by My Amish Boyfriend
6.2

Stalked by My Amish Boyfriend (2024) ************************************ CM ပရိသတ်ကြီးကို Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကာလေဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် နွေရာသီ ပိတ်ရက် ကော်ဖီဆိုင် တစ်ဆိုင်မှာ အေဘရမ်ဆိုတဲ့ အာမစ်ရှ် ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိရင်း မိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အေဘရမ်က အာမစ်ရှ်လူမျိုး လူငယ်တွေ လုပ်နေကျ အစဉ်အလာဖြစ်တဲ့ ၁၆ နှစ်ပြည့်ချိန် သူတို့အဝန်းအဝိုင်း အပြင်ဘက်က လူနေမှုဘဝတွေကို လေ့လာစူးစမ်းတဲ့ ကာလ ရန်စပန်ဂါ လုပ်နေတာ ဖြစ်ပြီးတော့ ကာလေကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ်။ နွေရာသီ ပိတ်ရက်ကို အတူဖြတ်သန်းပြီးတဲ့အခါ ကာလေက ကောလိပ်တက်ဖို့ တခြားမြို့ကို သွားခဲ့ပြီး အေဘရမ်ကလည်း သူ့နေရပ်ကို ပြန်ဖို့ စီစဉ်ထားတာပါ။ ကာလေ ကောလိပ်ရောက်တဲ့အချိန်မှာ အေဘရမ်ကလည်း သူမတို့ကျောင်းမှာ တက်ဖို့ ရောက်နေတာကို အံ့အားသင့်စွာနဲ့ တွေ့လိုက်ရပါတယ်။ ကာလေက နွေရာသီ အပျော်တွဲခဲ့ပေမယ့် အေဘရမ်အဖို့က လုံးဝကို မစွန့်လွှတ်နိုင်ဘဲ အစွဲအလန်းကြီးစွာနဲ့ လိုက်လာခဲ့တာမို့ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ကာလေကရော အေဘရမ်လက်က လွတ်နိုင်ပါ့မလားဆိုတာ…။ (အညွှန်းကို Aoi မှ ရေးသားထားပါတယ်) File size…1.67GB / 752MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aoi Encoded by AHtet

Adventure • Action • Science Fiction
6.2 2024 88 mins
Stalked by My Amish Boyfriend