YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Likay Mor Lam S01E26 1080p CM.mp4

577.39 MB N/A video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
SUGA: Road to D-DAY
10

BTS အဖွဲ့ဝင် SUGA ရဲ့ Documentary Film ဖြစ်တဲ့ SUGA Road To D-Day ထွက်ရှိလို့ လာပါပြီ။ Music Genius လို့ ခေါ်ဝေါ်ခံရတဲ့လူပီပီ SUGA ရဲ့ "D-DAY" အယ်လ်ဘမ်ဖန်တီးမှု ခရီးစဉ်က သူများနဲ့မတူဘဲ ကွဲပြားလို့နေပြန်ပါတယ်။ BTS SUGA အနေနဲ့ မဟုတ်ဘဲ "AGUST D" လို့ ခေါ်တဲ့ အမည်ခွဲအောက်က ဂီတလမ်းကြောင်းပေါ်မှာ ရှင်သန်ဖို့ ကြိုးစားနေတဲ့ SUGA ရဲ့ အခြားတစ်ဖက်ခြမ်းကို တွေ့ရမှာပါပဲ။ ဂီတပေါ်ထားတဲ့ သူ့အမြင်၊ စိတ်ထားနဲ့ ဒိခရီးစဉ်တစ်လျှောက် ရုန်းကန်မှုတွေကို ရှုစားရပါဦးမယ်။ "D-DAY" ဖန်တီးမှုခရီးစဉ်တစ်လျှောက်မှာ နယ်ပယ်အစုံက ဂီတပညာရှင်တွေနဲ့ တွေ့ဆုံရင်း စကားလက်ဆုံဖလှယ်မှုတွေလည်း ပါဝင်တာမို့ အတွေးပွားစရာ တစ်ခုမကတဲ့ အတွေးတွေ ရရှိနိုင်မှာလည်း အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။ Genre..... Biography, Documentary, Music Quality…. 1080p | 720p | 480p File size… 1.2GB | 580MB | 290MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron

Adventure • Comedy • Fantasy
10 2023 81 mins
SUGA: Road to D-DAY
Soul of Blades

"ဓားကိုသွန်းမလုပ်ခင် ဓားဝိညာဥ်ကိုအရင်သွန်းလုပ်ရတယ်။ ဒါမှ ဓားနဲ့ဓားပိုင်ရှင်ဟာတစ်ထပ်တည်းကျပြီး အချင်းချင်းဆက်သွယ်နိုင်တယ်" တဲ့။ နန်ကုန်းအိမ်တော်ကသွန်းလုပ်တဲ့ လောကမှာအကောင်းဆုံး ပထမတန်းစားဓားလို့ညွှန်းဆိုရလောက်တဲ့ ရွှေရောင်ဓားဟာ ထိပ်သီးသိုင်းသမားချင်ယိယောက်ရဲ့လုယူသွားခြင်းကိုခံရပါတယ်။ ဓားရဲ့ဂုဏ်သတင်းကြောင့် သိုင်းလောကလူအများရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး လူပေါင်းများစွာဟာအဲ့ဒီဓားနောက်လိုက်နေကြပါတယ်။ ချင်ယိသောက်ဟာတစ်လောကလုံးနဲ့တစ်ယော​က်တည်းဖြစ်နေပြီး ထွက်ပြေးပုန်းရှောင်ရပါတော့တယ်။ ကံကြမ္မာဆုံချင်တော့ ထွက်ပြေးတဲ့လမ်းမှာ ခွေးလေးလို့ခေါ်တဲ့သူတောင်းစားလေးနဲ့တွေ့ခဲ့ပြီးသားအဖြစ်မွေးစားခဲ့ပါတယ်။ တရားမျှတမှုမရှိတဲ့လောကကြီးမှာ သူတို့သားအဖရှင်သန်နေထိုင်လာရင်း နန်ကုန်းအိမ်တော်ရဲ့သခင်မလေးဟာ သူတို့ကိုတွေ့သွားပါတော့တယ်။ နန်ကုန်းသခင်မလေးဟာ ချင်ယိသောက်ရဲ့မွေးစားသားကို မာယာနဲ့ချဥ်းကပ်ပြီး မွေးစားအဖေကိုပြန်သတ်အောင် သွေးထိုးပေးချိန်မှာတော့... သိုင်းလောကအရှုပ်အထွေးနဲ့အတူ အချစ် အမုန်း ရန်ငြိုးတို့ရဲ့ကြားမှာ ကလဲ့စားဟာဘယ်လိုအဆုံးသတ်လေမလဲ။ ဆန်းကြယ်တဲ့ ပထမတန်းစားဓားရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။ နောက်ဆုံးမှာလောကပထမဓားကိုဘယ်သူက ပိုင်ဆိုင်သွားပြီး ရှုပ်ထွေးနေတဲ့လောကကို ကယ်တင်နိုင်မလဲ။ ဘယ်သူက သူရဲကောင်းအစစ်အမှန်ဖြစ်လေမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2021 90 mins
Soul of Blades
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
Karan Arjun
6.7

အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို သတိထားကြည့်မိရင် များသောအားဖြင့် အက်ရှင် ၊ဖိုက်တင် ၊ စွန့်စားခန်းတွေ ပါလေ့ရှိတဲ့အပြင် အမြဲမြင်နေကျ ခမ်းနားကြီးကျယ်လှတဲ့ ရွှေမြို့တော်တို့နဲ့ ဝေးရာ တောတောင်ရေမြေ သဘာဝရှုခင်းတွေနဲ့ ပြည့်နက်နေတဲ့ ကျေးလက်ဇနပုဒ်တွေ ၊ လှပတဲ့ သစ်တောအုပ်တွေမှာ ရိုက်ကူးလေ့ရှိတာက သူ့ရဲ့ထူးခြားချက်တစ်ခုလို့ပဲ ဆိုရမယ်ထင်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ဇာတ်ကားတိုင်းလိုလိုဟာ အင်္ဂလိရှ်အက္ခရာ "K "နဲ့ အစချီလေ့ရှိတာကိုလဲ သတိထားမိကြမယ်ထင်ပါတယ် ။ ဥပမာ.. "Koyal " "Karan Arjun " "Kaho Naa Pyar Hai " "Koi Miligaya " " Khrish " တို့ပေါ့ ။ ဒီဇာတ်ကားဟာ ဘတ်ဂျတ် ရူပီ ၆ ကုဋေအကုန်ကျခံရိုက်ကူးခဲ့ပြီး ၊ ရူပီ ကုဋေ ၅၃.၅၈ ပြန်ရခဲ့ကာ ၁၉၉၅ခုနှစ် ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင် အနေနဲ့ရပ်တည်ခဲ့တယ် ။ (ဘာလို့ဆို ၁၉၉၅ ရဲ့ ဝင်ငွေအကောင်းဆုံး(၁) ဇာတ်ကားက DDLJ ဖြစ်နေခဲ့လို့ပါပဲ) ဇာတ်လမ်းအကျဉ်း ************* ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကို လူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း လူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာ သူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာ သူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။ ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် ။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကို မျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် - အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး ၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကို ကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန် ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွား့ပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် ။ ♠ဘောလီးဝုဒ် ရဲ့ အခန့်ညားဆုံးမင်းသားလေး Hrithik Roshan အတွက် ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ ရုပ်ရှင်ပါတဲ့ ။ ♠ဇာတ်ကားတစ်ကားလုံးကို ရာဂျစ်စတန် မှာရိုက်ကူးခဲ့ပြီး ၊ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေရိုက်တဲ့ ရွာကတော့ ရာဂျစ်စတန် ပြည်နယ် ၊ အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ကူးခဲ့တယ် ။ ♠ ဒီဇာတ်ကားထဲက ဒူရ်ဂါမယ်တော် ဘုရားကျောင်း ကတော့ အဂျ်မာရ်အနီးရှိ ပူရ်ကားရ်ရွာမှာ တည်ထားတဲ့ မယ်တော်ကျောင်းပါတဲ့ ။ ♠ဒီ ကရန်- အာရ်ဂျွန် အတွဲအတွက် Sunny Deol နဲ့ Ajay Devgan အတွဲကို အရင်ကမ်းလှမ်းခဲ့ပြီး ၊ သူတို့က ရိုက်ရက်မပေးနိုင်လို့သာ ဆယ်စုနှစ်တွေကြာသည့်တိုင် မမေ့နိုင်တဲ့ ကျနော်တို့ရဲ့ SRK -Sallu အတွဲကို ကြည့်မြင်ခွင့်ရခဲ့တာပါ ။ ♠Filmfare Best Action Award နဲ့ Filmfare Best Editing Award ရခဲ့တယ် ။ ♠ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို Rajesh Roshan (ဒါရိုက်တာ ရာကေ့ရှ်ရိုရှန် ရဲ့ ညီ) ကိုယ်တိုင်သီကုံးရေးဖွဲ့ခဲ့ပြီး ၊ ဒီသီချင်းတွေရဲ့ မူပိုင်ခွင့်တွေကိုတော့ Times Magnetic မှ အစောပိုင်းကတည်းက ဝယ်ယူသွားခဲ့တယ် ။ ♠ ဒီဇာတ်ကားနာမည် ကို အစောပိုင်းတုန်းက "Kaaynaat " လို့ပေးထားခဲ့တာပါတဲ့ ။ ♠ ကရန်ဇာတ်ကောင်အတွက် ဆယ်လ်မားန် ကို ရွေးချယ်ဖို့ရှာရွတ်က မရမက တောင်းဆိုခဲ့တယ် ။ ♠ ရှာရွတ် နဲ့တွဲမဲ့ မင်းသမီးကို ဂျူဟီးချော်လာကို အရင်ရွေးချယ်ဖို့စဉ်းစားခဲ့ပြီး ၊ ကာဂျိုးကို အတည်ပြုရွေးချယ်ခဲ့တယ် ။ ဆယ်လ်မားန် နဲ့တွဲမဲ့မင်းသမီးကိုလဲ Nagma ကို အရင်ရာထားခဲ့ရာကနေ Mamta Kulkarni ကို နောက်ဆုံးရွေးချယ်ဖြစ်သွားခဲ့တယ် ။ #HN(SRK UNIVERSE MYANMAR) (ရုပ်ရှင်အညွှန်းကို SRK Universe Myanmar Page မှ ကူးယူဖော်ပြပါသည်။) File size…(3.7 GB)/(1.5 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Romance
6.7 1995 175 mins
Karan Arjun
Sakura
6.3

Sakura (2020) မင်းသမီးလေး Nana Komatsu ပါဝင်ထားပြီး iMDB rating 6.3/10 ရရှိထားတဲ့ မိသားစုဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ အိုဆာကာမှာနေထိုင်ကြတဲ့မိသားစုလေးတစ်ခုမှာ သားသမီး၃ယောက်ရှိပါတယ်။ ဆာကူရာဆိုတာကတော့ သူတို့ငယ်ငယ်တည်းကမွေးထားတဲ့ခွေးလေးရဲ့နာမည်ပါ။ အကြီးဆုံးသား ဟာဂျိမဲ၊သားလတ် ခအိုရုနဲ့ အငယ်ဆုံးကတော့ သမီးလေး မိခိပါပဲ။ အငယ်ဆုံးကျမှ သမီးလေးမွေးတာမို့ မိဘတွေရော အစ်ကိုတွေကပါချစ်ပြီးအလိုလိုက်ကြပါတယ္။ ဒါကြော်င့မိခိက တစ်ကိုယ်ကောင်းဆန်ပြီး တဇွတ်ထိုး သူဖြစ်ချင်တာပဲသိပါတယ်။ အစ်ကိုကြီး ဟာဂျိမဲက အားကစားထူးချွန်ပြီး ဂုဏ်ယူရတဲ့သားတစ်ယောက်ပါ။ သားလတ် ခအိုရုကတော့ သူ့လောက်မတော်ဘဲ အစ်ကိုကြီးနဲ့အမြဲနှိုင်းယှဉ်ခံရပေမဲ့ မနာလိုစိတ် အလျဉ်းမရှိခဲ့သူပါ။ အစ်ကိုကြီးရည်းစားထားတော့လည်း မိခိက သဘောမကျဘဲ ကလန်ကဆန်တွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပွင့်လင်းနွေးထွေးတဲ့ အားကျစရာမိသားစုလေးလိုပါပဲ။ ဒီလိုနဲ့ အားလုံးက အားကိုးချစ်ခင်ရတဲ့ သားကြီး ဟာဂျိမဲကို taxiတစ်စီးကဝင်တိုက်ပြီး အောက်ပိုင်းချိ မျက်နှာထိခိုက်သွားတဲ့အခါမှာတော့ မိသားစုအခြေလေး ပျက်ခဲ့ရပါတော့တယ်။ ဒီလိုမထင်မှတ်ထားတာတွေနဲ့ မိသားစုလေးက ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ကုစားခဲ့ကြလဲဆိုတဲ့အကြောင်းတွေကို ကြည့်ရှုရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.1GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:59:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Thriller
6.3 2020
Sakura
Seraphim Falls
7

Seraphim Falls(2006) ******************** ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကို အသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်း အငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။ အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကို ဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။ စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။ Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက် ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။ File Size :(2.3GB)(983MB) and (292MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:55:00 Genre :Action, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

7 2006 115 mins
Seraphim Falls
Fight Through The Yin-Yang House
5.7

ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ “ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်” ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။ မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား…… သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။ အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။

5.7 2023
Fight Through The Yin-Yang House
Gold Brick
6.2

Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး ပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ဖြစ်ပြီး အေးအေးငြိမ့်ငြိမ့်လေးမို့လို့ မတူညီတဲ့ ရသတစ်မျိုးပေးစွမ်းပါတယ် T Hmue မှ အညွှန်းရေးသားပြီး ဘာသာပြန်သည် File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2023
Gold Brick
Good Bye, Lenin!

IMDb Rating – 7.7/10 အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။ အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ နောက်တစ်ခါနှလုံးဖောက်ရင် အသက်ပါ ပါနိုင်ကြောင်း ပြောလာတဲ့အခါ အဲလက်စ်တစ်ယောက် သူ့အမေ ထိုအဖြစ်အပျက်တွေကို မသိရှိရေး အသည်းအသန် ကြိုးစားရပါတော့တယ်။ နိုင်ငံကြီးက ခေတ်နဲ့အမီ တိုးတက်နေတဲ့အချိန် ဂျာမဏီနိုင်ငံက ကမ္ဘာ့ဘောလုံးပွဲမှာတောင် ချန်ပီယံဖြစ်နေတဲ့အချိန် အဲလက်စ်တစ်ယောက် အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ သူ့မိခင်အတွက် အရှေ့ဂျာမဏီရဲ့ ဆိုရှယ်လစ်အုပ်ချုပ်မှုစနစ်ကြီးကို တစ်ယောက်တည်းအသက်သွင်းနေရတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲလက်စ်တစ်ယောက် သူ့မိခင်ကို အဆုံးထိ လိမ်သွားနိုင်မလား… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.1 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

Drama • Family
0 2003
Good Bye, Lenin!
Tyler Perry’s Divorce in the Black
5

ဒီဇာတ်ကားကို Medea movie Franchise နဲ့ နာမည်ကြီးလာတဲ့ Tyler Perry က director အဖြစ်နဲ့ရော ဇာတ်ညွှန်းဆရာအဖြစ်ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လူမည်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်ရေး Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် Ava ဟာ သူ့ယောကျ်ားကို အရမ်းချစ်ပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ား Dallas က‌တော့ Ava ကို အကောင်းမမြင်ပဲနဲ့ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းပြီးသွားတာတောင်မှ မကျေနပ်နိုင်သေးပဲ Ava ကို လိုက်နှောင့်ယှက်နေပါတယ်။ Dallas က Ava ကို ဘယ်လိုတွေလိုက်နှောင့်ယှက်မလဲ.. ဘာလို့လိုက်နှောင့်ယှက်နေတာလဲ.. Ava ကရော သူ့လက်ထဲကနေလွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ရသမျိုးစုံခံစားရအောင် ကြည့်ရမှာဖြစ်ပါတယ်။ File size…1.89GB / 793MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Thriller • Action
5 2024 121 mins
Tyler Perry’s Divorce in the Black
Auschwitz
5

ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။ နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Drama, War, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5 2011
Auschwitz
[18+] Pwede G, Pwede B
4.5

ဘာဆီဟာ အသက် ၃၀ ဝန်းကျင်လူပျိုလူလွတ်တစ်ယောက်ဖြစ်ပြီး မိန်းမကိစ္စ ဝါသနာထုံပါတယ်။ မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက်ကို စားပြီးနားမလည်လုပ်ခဲ့ရာကနေ လီလီဆိုတဲ့ ကောင်မလေးနဲ့အလှည့်မှာတော့ စိတ်အနာကြီးနာသွားတဲ့ လီလီရဲ့ကျိန်စာတိုက်မှုကို သူခံခဲ့ရပါတယ်။ အဲ့ဒီကျိန်စာကတော့ မိန်းကလေးတွေကိုလှည့်စားခဲ့တဲ့အတိုင်း သူ့အပေါ်မေတ္တာမတုန့်ပြန်ပဲ အပျော်ကြံမယ့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားပါစေဆိုတာပါပဲ။ အဲ့ဒီညမှာပဲ အသည်းကွဲလာတဲ့ အတူနေအခန်းဖော် သူငယ်ချင်း သီယိုနဲ့အမှတ်မထင်အချစ်နယ်ကျွံမိခဲ့ကြပြီး တစ်ဖြည်းဖြည်းနဲ့ သီယို့အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာနေပြီဆိုတာ အလန့်တကြားသိလိုက်ရချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(810 MB) / (360 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:51:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.5 2024
[18+] Pwede G, Pwede B
Lizzie Lazarus
4.3

Lizzie Lazarus (2024) ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller, နဲ့ Drama အမျိုးအစားဖြစ်ပြီး 1990 ခုနှစ် Summer Solstice ကာလမှာ သေဆုံးသူ Lizzie ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြတဲ့ Lizzie ရဲ့အစ်မဖြစ်သူနဲ့ Lizzie ရည်းစားတို့အကြောင်းကို ရိုက်ကူးထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ Lizzie ကို အသက်သွင်းဖို့ တောကြီးထဲကို သူတို့နှစ်ယောက် Lizzie အလောင်းကိုသယ်ရင်း သွားကြတဲ့အခါ လမ်းတစ်လျှောက် သူတို့ပြောသွားကြတဲ့အကြောင်းအရာတွေက ဘယ်လိုဆက်စပ်မှုရှိမလဲ၊ ဘယ်လိုနည်းကို အသုံးပြုပြီး အသက်သွင်းကြမှာလဲ၊ လမ်းထဲမှာရော ဘယ်လိုမျိုး အနှောင့်အယှက်တွေ တလွဲတွေ ဖြစ်ဦးမလဲ၊ Lizzie ကရော တကယ်ပြန်ရှင်လာပါ့မလားဆိုတာကို အဖြေရှာစောင့်ကြည့်ရမှာဖြစ်သလို သွေးထွက်သံယိုတွေ အော့နှလုံးနာစရာမြင်ကွင်းတွေ ပါဝင်မှုအနည်းဆုံးဖြစ်လို့ အသည်းငယ်သူတွေလည်း ကြည့်လို့ရမှာဖြစ်ပြီး ဇာတ်အေး Horror တွေကိုသဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size…(1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien Cho

4.3 2024 91 mins
Lizzie Lazarus
Anxiety
6.1

polish- german ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက မယ်ဂိုဇာတာနဲ့ လုပ်ခ့်ခါဆိုတဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို ခရီးစဉ်တိုလေးတစ်ခုမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ မယ်ဂိုဇာတာက ကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး လူ့လောကကို စွန့်ခွာချင်သူပါ၊ သူ့ညီမဖြစ်သူ လုခ့်ခါကတော့ သူ့ဘဝကို အရှုံးမပေးဘဲ ဆက်တိုက်ခိုက်နိုင်အောင် အားပေး နိုင်တယ်လို့ ယုံကြည်ပါတယ်။ အတိတ်က အကြောင်းတွေနဲ့ ငိုကြ ရယ်ကြ ၊ ရန်ဖြစ်ကြရင်း ညီအစ်မနှစ်ယောက်ကြားက real ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို ဝမ်းနည်းဝမ်းသာ တစိမ့်စိမ့် ခံစားကြည့်ရှုရမှာပါ။ Magdalena Cielecka က မယ်ဂိုဇာတာ အဖြစ်ပါဝင်ထားပြီး Marta Nieradkiewicz က လုခ့်ခါအဖြစ် သရုပ်ဆောင်ထားပါတယ်။ File size… (1.39 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama • Romance
6.1 2024 96 mins
Anxiety
Wolf Girl
5.6

ကဲ ရန်ကိုရန်ချင်း တုံ့ပြန်မယ်ဆို ဒီသံသရာကြီးက အဆုံးသတ်ပါဦးမလား… မေတ္တာနဲ့ တုံ့ပြန်ပါဆိုတဲ့ ရွှေပြည်အေးတရားဟောတာ ခဏခဏကြုံဖူးမယ်ထင်ပါရဲ့… ဒါပေမယ့် တစ်ဖက်က မေတ္တာတရားထားချိန်မှာ တစ်ဖက်ကလည်း မေတ္တာတရားကိုနားလည်ဖို့ နှလုံးသားပါလာဦးမှဆိုတာ ဒီကားလေးကသရုပ်ပြထားပါတယ်… ဟုတ်ပါတယ်… ယွဲ့ဝမ်ရယ်ဟာ သူ့ချစ်မိဖုရားလေးက ရောဂါဆန်းနဲ့ ကုတင်ပေါ်လဲသွားတဲ့အတွက်… နန်းတွင်းသမားတော်ရဲ့ စကားအတိုင်း ဝံပုလွေဘုရင်မရဲ့ သွေးနဲ့မှ ကုသနိုင်ပါမယ်ဆိုလို့ ၃ ရက် ၃ ည တိတိ တောအဝမှာ မိုးညထဲ တောင်းပန်ခဲ့ပါတယ်… ဆေးကုဖို့သွေးကို… ဒါပေမယ့် သွေးမရခင်မှာပဲ မိဖုရားကသေသွားခဲ့ပြီး…. မိဖုရားကိုကယ်ဖို့သွေးပေးရင်လည်း ဘုရင်မသေမှာမို့ မပေးခဲ့တာဆိုပေမယ့်လည်း… ယွဲ့ဝမ်ရယ်ကတော့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်တွေကို ငှားပြီးတော့ ဝံပုလွေတစ်မျိုးနွယ်လုံးကို ချေမှုန်းဖျက်စီးတော့တာပေါ့… ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ စကားပုံလေးအတိုင်း… တစ်မျိုးနွယ်လုံးကို မရှင်းနိုင်ဘဲ ဝံပုလွေပေါက်လေးကျန်သွားတော့… ၁၀ နှစ်ကြာတဲ့အခါမှာ ပါရမီရှင်တစ်ယောက်ချင်းစီကို နည်းဗျူဟာတွေ သေချာချမှတ်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖို့ကြိုးစားတော့တာပေါ့… ကဲ ဝံပုလွေပေါက်လေး ရဲ့ လက်စားချေတာ အောင်မြင်ပါ့မလား… လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ပျက်ခဲ့တာတွေကရော ကြားထဲမှာ သိုဝှက်ထားတဲ့ လူမသိတဲ့ကိစ္စရှိနေဦးမှာလား… တစ်ခဏ ဘဝအမော စိတ်ဒုက္ခတွေပြေပျောက်ဖို့ ဇာတ်ကားလေး ကြည့်မယ်တွေးရင် ဒီကားလေးကို ကြည့်ကြည့်ပါလို့

Drama • Comedy • Romance
5.6 2025
Wolf Girl