YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Likay Mor Lam S01E22 1080p CM.mp4

677.24 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up Revolution
6.9

Genre – Drama, Music, Romance IMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…2.25GB / 1.08GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery
6.9 2012 99 mins
Step Up Revolution
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
Rango
6.8

2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ … Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။ IMDB rating 7.2အထိ ရထားတဲ့ ဒီကားက Animation ပရိသတ်တွေအတွက် စိတ်ကျေနပ်မှူ ရစေမှာ သေချာပါတယ်။ File size__( 2 GB ) and ( 1.3GB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:51:00 Type__Animation, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Hnin Yu Aung Encoded by Naing Aung Latt

Adventure • Animation • Comedy • Family • Fantasy
6.8 2011 107 mins
Rango
A Wicked Trilogy

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Action • Thriller
null 2022 156 mins
A Wicked Trilogy
Get Him Girl!
6.5

စုမ်ပွိုင်ဟာ ထိုင်းနိုင်ငံ​မြောက်ပိုင်း တောရွာလေးမှာပဲ အညတရဘဝနဲ့နေသွားရမှာကို စိတ်ကုန်နေပါတယ် ... ဘန်ကောက်ကလူတွေနဲ့ အိမ်ထောင်ကျထားကြတဲ့ ဦးလေး၊အဒေါ်တွေကမွေးတဲ့ ဝမ်းကွဲမောင်နှမတွေက တောက်ပြောင်လှပနေသလောက် ကိုယ့်နယ်ကတောသားကိုပဲ ယူထားတဲ့ အမေဖြစ်သူကြောင့် သီတင်းကျွတ်မှာ အဘိုးအဘွားတွေကို သွားကန်တော့ရတိုင်း ချောင်ကပ်ပြီးထိုင်နေရတဲ့ဘဝရောက်နေသူပေါ့.... ဒီဘဝကျွတ်ဖို့ ဘန်ကောက်သားနဲ့အိမ်ထောင်ကျရင် သူ့ဘဝပြောင်းသွားလိမ့်မယ်လို့ ယုံကြည်တဲ့ စုမ်ပွိုင်တစ်ယောက် ဗေဒင်ဆရာတစ်ယောက်ရဲ့  ဘန်ကောက်သားနဲ့အဆင်ပြေဖို့ ယတြာကို လိုက်လုပ်မိရာက အလွဲပေါင်းများစွာကြုံရပါတော့တယ်... ဒီကားလေးကအတော်ကိုရယ်ရသလို ထိုင်းသမီးလေးနဲ့ မင်းသား ၂ယောက်ဟာလည်း အရမ်းလှ အရမ်းချောပါတယ်... မျက်စိအဟာရဖြစ်အောင် အလှလေးတွေပါတဲ့အပြင်  ဇာတ်လမ်းလေးလည်းကောင်းတာကြောင့် ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်... File Size :(2.23GB) (1.1GB) and (418 MB) Quality : WEB-DL  720p Format…mp4 Duration…01:59:00 Genre :Romance , Drama ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Angel & Myo Chothet Encoded by Phyo Pyae

6.5 2021 118 mins
Get Him Girl!
Dream Wedding
5.6

Dream Wedding (2023) ================== ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့ ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Roman Nox Encoder……….SWM

Horror • Comedy • Drama • Thriller
5.6 2023 90 mins
Dream Wedding
The Last Voyage of the Demeter
6.4

The Last Voyage of the Demeter (2023) ============================= IMDb Rating – 6.4/10 ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။ အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi က သရုပ်ဆောင်ထားပါတယ်။ (ဒီဇတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။ အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီး အပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။ ဇာတ်လမ်းအကျဉ်း ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနား မယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခု ကိုလက်ခံလိုက်ပါတယ်။ ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂ လန်ကိုပို့ပေးဖို့ပါပဲ။ အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့ လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါ ခေါ်လာခဲ့ပါတယ်။ အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာ တွေဖြစ်ပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.76 GB) / (1.34 GB) / (600 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror Translator……Mr.Anderson Encoder……….SWM

6.4 2023
The Last Voyage of the Demeter
Diary of a Wimpy Kid Christmas: Cabin Fever
5.8

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီး ပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့ လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။ Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှား မထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက် အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင် တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိ သွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှ မသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။ Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

5.8 2023 64 mins
Diary of a Wimpy Kid Christmas: Cabin Fever
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
Godzilla: Final Wars
6.3

Godzilla: Final Wars (2004) ===================== IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.44 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.3 2004 125 mins
Godzilla: Final Wars
The EGGsplosive Easter
7.2

မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

7.2 2024
The EGGsplosive Easter
[18+] The Pursuit of Lust 3
5

The Pursuit of Lust 3 (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊ သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျ ဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊ အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… ( 410 MB) / ( 220 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:36:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Family • Adventure • Comedy • Drama
5 2025
[18+] The Pursuit of Lust 3
You Are Not Me
7

မိဘအိမ်နဲ့ဝေးရာကိုသွားပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကိုမကြည်ဖြူတော့ဘဲ ကိုယ့်နေရာမှာလည်း တခြား သူစိမ်းတစ်ယောက်ကိုအစားထိုးထားပြီဆိုရင် ဘယ်လို ခံစားရမလဲလို့စဉ်းစားကြည့်လိုက်ပါ။ ဒါမျိုးကမရှိတာတော့မဟုတ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့ အတွက် ဒီအိုင်ဒီယာကိုယူပြီး ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးလိုက်တဲ့အခါမှာတော့ အခုတင်ဆက်ပေးမဲ့သည်းထိပ် ရင်ဖိုဇာတ်ကားလေးထွက်လာပါတော့တယ်။ နာမည်ကိုတော့ You Are Not Me(နင်က ငါမဟုတ်ဘူး)လို့ ပေးထားပြီး လက်ရှိ IMDb Rating 7.0 အထိရရှိထားတဲ့ အတွက် သည်းထိပ်ရင်ဖိုပရိသတ်တွေအတွက် ကြည့်လို့ ကောင်းမယ်ဆိုတာကတော့ အသေအချာပါပဲ။ အိုက်တာနာဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့လိင်တူ ချစ်သူဂါဘီနဲ့ သူတို့ရဲ့မွေးစားသားလေး ဂျိုးတို့နဲ့အတူ ခရစ္စမတ် အကြိုနေ့ညမှာ မိဘတွေရှိရာအိမ်ကို ကြိုအသိမပေးဘဲ စပရိုက်စ်ပြန်လာခဲ့ပါတော့တယ်။အိုက်တာနာစိတ်ထဲမှာတော့ မိဘတွေပျော်သွားမယ်လို့ထင်ခဲ့ပေမဲ့ သူတို့ကိုတွေ့လိုက်တဲ့ အခါမှာ မိဘတွေကမျက်စိပျက်မျက်နှာပျက်တွေဖြစ်နေခဲ့ ကြပါတော့တယ်။ဒါနဲ့တင်မပြီးသေးဘဲ သူ့အခန်းထဲမှာလည်း သူစိမ်းအမျိုးသမီးတစ်ယောက်ဝင်အိပ်နေလို့ လန့်တောင်လန့် ခဲ့ရပါသေးတယ်။အဲ့ဒီအမျိုးသမီးကတော့ နာဒီယာဖြစ်ပြီး သူ့မိဘတွေကသနားလို့မွေးစားထားတဲ့ လမ်းဘေးကကောင်မလေး ပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့မိဘတွေက သူ့ထက်နာဒီယာကိုပဲ အရေးပေး ဂရုစိုက်နေပြီး သူ့ကိုတော့ရှိလေတယ်လို့တောင်မထင်တဲ့ အတွက် အိုက်တာနာတစ်ယောက် ဒေါသလည်းဖြစ် ရှုပ်လည်း ရှုပ်ထွေးရင်းနဲ့ သူ့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းကိုစုံစမ်းတဲ့အခါမှာတော့ ဘယ်လို ထိတ်လန့်စရာတွေကိုသိလာရမယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (669 MB) / (406 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Action • Thriller
7 2024 98 mins
You Are Not Me