YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Lighter and Princess E20 CM.mp4

241.25 MB N/A video/mp4 246 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Mona Lisa and the Blood Moon
6.5

ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော သူ့ကိုကာကွယ်ပေးမှာလား ရဲတွေကရောဘယ်အထိလိုက်ဖမ်းမှာလဲဆိုတာ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါပဲ File size…(1.91GB/(1GB)/(512MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Fantasy / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama
6.5 2022 106 mins
Mona Lisa and the Blood Moon
[18+] Bewitching Attraction
4.3

Bewitching Attraction (2006) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ် ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါ မမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါ မမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

4.3 2006 104 mins
[18+] Bewitching Attraction
Among the Beasts
6

Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါး‌ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်) File Size..........(2.11 GB) / (685 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Mystery, Thriller Translator.......Leonard Lin Encoder..........SWM

Adventure • Animation • Comedy • Family • Fantasy • Western
6 2023 93 mins
Among the Beasts
Secrets at the Museum

Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ အမှန်တရားကို ရှာဖွေနေရင်းနဲ့ နာတာလီဟာ ပြတိုက်သာမက သူမရဲ့ အသက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိဘနှစ်ပါးလုံးကွယ်လွန်သွားတဲ့ Natalie Freeman ဆိုတဲ့အမျိုးသမီးလေးရဲ့ မိဘနေရာကိုဆက်ခံပြီး ပြတိုက်ကိုဖျက်စီးဖို့ ကြိုးစားနေတဲ့လူရဲ့ ရန်ကနေကာကွယ်ရင်း မိသားစုဂုဏ်ကို ထိန်းသိန်းနိုင်ဖို့ ကြိုးစားခဲ့ပုံတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(660 MB) Quality….Webrip 720p Format…mp4 Duration….01:28:00 Genre…TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Lwin Lwin

0 2023
Secrets at the Museum
Godzilla Raids Again
5.7

ကမ္ဘာ့အရှည်ကြာဆုံးfranchiseအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ Toho Godzilla franchiseရဲ့ ဒုတိယကားဖြစ်တဲ့ Godzilla Raids Againဟာ 1954ဂေါ်ဇီလာ အောင်မြင်ပြီးနောက် သူနဲ့တစ်ဆက်တည်း နောက်ဆက်တွဲအနေနဲ့ ထပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မူရင်းဒါရိုက်တာနဲ့ creatorဖြစ်တဲ့ အိရှိရိုဟွန်ဒါကတော့ Lovetideဆိုတဲ့ ရုပ်ရှင်ကိုကိုင်နေလို့ မအားတာကြောင့် ဒီကားကိုမကိုင်ထားပေမဲ့ တွဲဖက်ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်ပညာရှင် Eiji Tsuburayaကတော့ ဒီကားအတွက်လည်း သူပဲ special effectsတွေ လုပ်ပေးခဲ့တာပါ။ Godzilla Raids Again ဟာ monster vs monster formulaကို အစပျိုးပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ပထမကားမှာ ဂေါ်ဇီလာတစ်ကောင်တည်းရှိခဲ့ပေမဲ့ ဒီကားမှာတော့ နောက်ဂေါ်ဇီလာတစ်ကောင်ပေါ်လာသလို တခြား သတ္တဝါဆန်းတွေလည်းရှိသေးတယ်ဆိုတာကို ဂျပန်အာဏာပိုင်တွေ ပြည်သူတွေ သတိထားမိလာကြာပြီ။ ဒါပေမဲ့ အောက်စီဂျင်ဒတ်စတွိုင်ရာမရှိတော့သလို ဒီလိုဆန်းပြားတဲ့လက်နက်ကို ဖန်တီးခဲ့တဲ့ ဒေါက်တာဆဲအိဇာဝလည်းမရှိတော့တဲ့နောက် ဒီဂေါ်ဇီလာကို နှိမ်နင်းနိုင်မယ့်လက်နက် သူတို့မှာ မရှိနေပါဘူး။ ဂေါ်ဇီလာနဲ့ နောက်ထပ်မွန်းစတားတစ်ကောင်ရဲ့ သတ်ပုတ်ပွဲအောက်မှာ ဂျပန်ပြည်ကြီးလည်း လုံးပါးပါးနေပါပြီ။ ဒါကို ဂျပန်စစ်တပ်နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ကြေးစားလေသူရဲက ဂေါ်ဇီလာကိုနှိမ်နင်းဖို့ ဘယ်လိုအဖြေရှာမလဲ စောင့်ကြည့်ရမှာပါ။ အိရှိရိုဟွန်ဒါကိုင်တာမဟုတ်လို့ ပထမကားရဲ့ အငွေ့အသက်ကိုမမီသလို ပထမကားလောက် မကြမ်းပေမဲ့ ပထမကားရဲ့တိုက်ရိုက်အဆက်လည်းဖြစ်သလို တင်ဆက်ပုံက ကြည့်ကောင်းသေးတာဖြစ်သလို ဒီfranchiseရဲ့အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်နေတာမို့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ နောက်တစ်ကားဖြစ်တဲ့ King Kong vs. Godzilla မှာတော့ အိရှိရိုဟွန်ဒါက ပြန်ကိုင်ထားပါတယ်။ File size… 1.2 GB / 640 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

History • Documentary
5.7 1955 82 mins
Godzilla Raids Again
Big Fat Liar

Imdb – 5.5/10 ၂၀၀၂ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားလေးက အမေရိကန်​ ဆယ်​ကျော်​သက်​ဟာသ ရုပ်ရှင်​ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်​တွေမှာ အဓိက​ဇာတ်​ကောင်​အဖြစ်​ ပါဝင်​သရုပ်ဆောင်​ခဲ့တဲ့ Frankie Muniz က ဒီ​ဇာတ်​ကားထဲမှာ​Jason အဖြစ်​ ပါဝင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Jason က Greenbury မြို့​မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ်​ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်​ကြံ​ဇာတ်လမ်း​တွေ ဖန်တီး​လိမ်လည်တဲ့နေရာမှာ ထူးချွန်​သူဖြစ်ပါတယ်။ တစ်နေ့မှာ​ ဆရာမ ပေးလိုက်​တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်​စာ အက်​ဆေးကို အချိန်​မီထပ်ဖို့ ကျောင်း​ကို​အသွား Marty Wolf ဆိုတဲ့​ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်​ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်း​အထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကား​ထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ​ အချိန်​ပိုကျောင်း တက်​လိုက်​ရပြီး အဲဒီ​အချိန်​မှာ Marty Wolf ကတော့ Jason ရဲ့ အက်​ဆေးထဲက ဇာတ်လမ်း​ကို Big Fat​Liar​ လို့ အမည်​ရတဲ့ ရုပ်ရှင်​ကားကြီးအဖြစ် ရိုက်ကူး​ဖို့ ကြေငြာ​လိုက်ပါတယ်။ ဒီအကြောင်း​တွေကို​ Jason​ သိသွားတဲ့အခါမှာ သူငယ်​ချင်း​မိန်းကလေး​ဖြစ်သူ​ Kaylee နဲ့အတူ Marty​ Wolf နေထိုင်​ရာ ဟောလီးဝုဒ်​အထိ လိုက်သွားပြီး Marty​ Wolf​ ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်​ခံခိုင်းပါတယ်။ Marty က လက်​မခံတဲ့အခါမှာတော့ သူငယ်ချင်း​နှစ်ယောက်​ Marty ကို နည်း​မျိုးစုံ​သုံး​ပြီး ပညူပြဖို့ ကြိုး​စား​ရပါတော့တယ်။ ၂၀၀၀ ခုနှစ်​ကျော်ကာလတွေက အဟုန်​ပြင်းပြင်းနဲ့ ထွက်​ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်​တွေ​ထဲက တစ်ခု​ဖြစ်​ပြီး ဝင်​ငွေ​အရ​ အောင်မြင်​မှုရရှိခဲ့ပါတယ်။ နာမည်ကြီး​သရုပ်ဆောင်​ Paul Giamatti က ဘဝင်​မြင့်​မောက်​မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်​ထုတ်လုပ်​သူ Marty Wolf အဖြစ်​ ပါဝင်​ထားပါ​တယ်။ မိသားစု​နဲ့အတူ ကြည့်​ပျော်​တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Family, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

0 2002
Big Fat Liar
The Larva Island Movie

The Larva Island Movie (2020) ***************************** The Larva Island Larva လို့ဆိုလိုက်တာနဲ့…ကျွန်တော်တို့ ၂၀၁၁လောက်က ထွက်တဲ့ အနီရောင်နဲ့အဝါရောင်.. ပိုးကောင်လေး၂ကောင်ကိုမြင်မိကြမှာပါ။ Tom & Jerry ပြီးရင် အရီရဆုံး animated cartoon လို့ပြောရင်မမှားပါဘူး။ ကျွန်တော်တို့ စမြင်ခဲ့တဲ့ Lava ၂ကောင်ဟာမြို့ပြရဲ့ရေဆိုးမြောင်းအောက်လိုနေရာလေးကနေ စရင်းနှီးခဲ့ပါတယ် … နောက်ပိုင်းseason တွေမှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ လူတစ်ယောက်နဲ့အတူပါလာတာတွေ့မိပါတယ် … အခု Larva Island ဟာ Larva season timeline တွေကိုရှေ့သွားနောက်လိုက်ညီအောင်ချုပ်ပေးလိုက်တာပါ… ဒီ movie လေးကြည့်ရင်နောက်ထွက်တဲ့ series အပိုင်းတွေပါကာမိမယ်ထင်ပါတယ်။ အခုmovie ရဲ့ Plot ကတော့ ချက်ခ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ အပျော်စီးသင်္ဘောပျက်ရာကနေ…အသွားအပြန်ခြေငါးလှမ်းစာလောက်ရှိတဲ့ ကျွန်းပိစိလေးပေါ်မှာသောင်လာတင်ပါတော့တယ်။ အဲဒီမှာ လာဗာ၂​ကောင်နဲ့စတွေ့မိတာပဲ။ ချက်ခ်တစ်ယောက်ဘယ်လိုလုပ်… အဲဒီကျွန်းကလွတ်လာမလဲဆိုတာ ဟာသလေးတွေနှောပြီးကြည့်ရမှာပါ…Larva မှာအထူးအခြားပြောစရာရှိတာက… သူသုံးထားတဲ့ humour type ပါ။ slapstick လို့ခေါ်တဲ့အကောင်သေးသေးလေးတွေ heavy ကြီးတွေလုပ်ပြတာမျိုးပေါ့။ ဥပမာ Tom and Jerry မှာ Tom တို့ Jerry တို့ ပစ္စည်းအလေးကြီးတွေ မ ပြသလိုဟာလေးတွေသုံးထားတယ် … နောက်ပြီးသူ့ရဲ့ signature humour ဖြစ်တဲ့ toilet humour ကိုဖောဖောသီသီထည့်ပေးထားလို့ ပါးစပ်တောင်စေ့ချိန်မရပါဘူး … သို့ဖြစ်စေကာမူ Korea Production တို့ထုံးစံအတိုင်း လူကိုကြည်နူးသလို ငိုချင်သလို လွမ်းသလိုဖီးကြီးမျိုးရအောင်လုပ်ဦးမှာမို့.. ဘဝအမောပြေရုံသာမက message လေးတစ်ခုခုမျှော်ကိုးချင်တဲ့သူတိုင်း ကြည့်သင့်တဲ့ကာတွန်းကောင်းလေးတစ်ခုပါ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပါတယ်… File Size : 1.9GB / 900MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Heather Oo

0 2020
The Larva Island Movie
Banel & Adama aka Banel e Adama
6.3

ဒီကားလေးကတော့ အာဖရိကမှာရိုက်ထားပေမယ့် အာဖရိက အချစ်ကားလို့လည်း အသေအချာ ပြောလို့မရ။ ရိုးရာယဥ်‌ကျေးမှုကို အသားပေးထားတာလဲ မဟုတ်ပြန်။ ထူးထူးခြားခြား ဒီကြားထဲက ရိုးရာယဥ်‌ကျေးမှု နဲ့ လူငယ်နှစ်‌ေယာက်ရဲ့ ချစ်ခြင်းကြားက ပဋိပက္ခကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ပြပေးထားတာမျိုးပါ။ လက်တွေ့ ဘ၀မှာလည်း အခုအချိန်ထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ လွဲမှားတဲ့ ရိုးရာယဉ်ကျေးမှု အချို့ကြောင့် ပတ်၀န်းကျင်၊ မိသားစုနဲ့ ချစ်ရတဲ့ သူတွေ ဒုက္ခကြုံကြရပါတယ်။ ဒီကားထဲကအလွန်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ဘက်နဲ နဲ့ အက်ဒမာလည်း ဒီလို ရိုးရာယဉ်ကျေးမှု ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ရိုးရာကို တွန်းလှန်နိုင်မလား။ သူတိူ့ချစ်ခြင်းပဲ ပြိူကွဲသွားမလားဆိုတာကို စိတ်၀င်တစားကြည့်ရင်း တွေးစရာ ဆွေးစရာလေးတွေ ပေးသွားမယ့် ကား‌‌ကောင်းလေး တစ်ကားဖြစ်တာကြောင့် အခုပဲ ကြည့်ရှုလိုက်ကြရအောင်

Drama • Romance
6.3 2023 87 mins
Banel & Adama aka Banel e Adama
Children of Men
7.9

Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92% ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံး အနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ .. အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် .. အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်း ဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ .. အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် .. နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် .. အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာ ဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် .. ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီး Clive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ 1.04 GB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:49:00 Genre : Drama , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pyae Sone Encoded by AHtet

Action • Thriller • Crime
7.9 2006 109 mins
Children of Men
Journey’s End
6.7

Journey’s End (2017) IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။ 1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။ နာမည်ကျော်” The Space between us “,” Hugo “အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. ” Me before u”,”Love Rosie!” အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin.. ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။ Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။ သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ စိတ်ဖိစီးတာတွေများပြီး အရက်တွေပဲအမြဲသောက်နေတော့ ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ကံကြမ္မာကိုဘယ်လိုရင်ဆိုင်ကြမှာလဲဆိုတာကို သေသေချာချာရိုက်ကူးတင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mastero ဖြစ်ပါတယ်။) File size…(1.3 GB) / (710 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:48:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mastero

Action • Crime • Comedy
6.7 2017 108 mins
Journey’s End
Salut d’Amour
7.2

Salut d’Amour (2015) ************************ IMDb….7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့ Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊ မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့ မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။ -ဇာတ်လမ်းအကျဉ်း- ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာ ဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ မားကတ်တစ်ခုမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ ဆောင်ချီးရဲ့ ဘေးအိမ်ကို ပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့ အင်မ်ဂွန်နင်း (Youn Yuh Jung) တစ်ယောက် အိမ်ပြောင်းလာခဲ့ကာ မိတ်ဖွဲ့ခဲ့ပါတယ်။ ဒေါသအိုးဆောင်ချီးတစ်ယောက် နူးညံ့တဲ့အင်မ်ဂွန်နင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာပြီး ခံစားချက်တွေ အရောင်ဆိုးလာတဲ့အခါ အသက်ကြီးစုံတွဲဖြစ်တဲ့အလျောက် ဂင်ဆောင်ချီးနဲ့ အင်မ်ဂွန်နင်းတို့ နှစ်ယောက် သူတို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုရှေ့ဆက်ကြမလဲ.. သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို အင်မ်ဂွန်နင်းရဲ့ သမီးဖြစ်သူ ဂင်မင်ဂျောင်း (Han Ji Min) က ကန့်ကွက်လာတဲ့အခါမှာရော ထိုအခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုတော့ နွေးထွေးပြီး နှလုံးသားအရည်ပျော်ကျမတတ် ကြည့်လို့ကောင်းတဲ့ Salut D’ Amour ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ‌ရေးသားထားပါတယ်။) File Size : 1.93GB/ 930MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:51:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Hazelle & Esth Encoded by Tiff

Action
7.2 2015 112 mins
Salut d’Amour
American Wages
6

ဒီတစ်ခေါက်မှာ CM က တင်ဆက်ပေးလိုက်တာကတော့ American Wages လို့ ခေါ်တဲ့ Comedy , Crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ။ မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ အက်ရှလေဟာ ကားဝပ်ရှော့မှာ စက်ပြင်ဆရာလုပ်တဲ့ ဂျက်ခ်နဲ့ ယူထားပြီးတဲ့နောက် ဆန်ကုန် မြေလေးနဲ့ ယူလိုက်လေခြင်းရယ်လို့ အမေဖြစ်သူဆီက နေ့စဥ် ရက်ဆက် အပြောခံနေရသလို တစ်ဖက်မှာလည်း သူတို့ဟာ ကိုယ်ပိုင်အိမ်တောင် မရှိဘဲ Trailer ကားထဲမှာ နေရတာဖြစ်ပြီး မီတာခတွေပေးဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ အခြေအနေပါ ။ ဒီလို အခြေအနေမျိုးမှာ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဒဏ်ရာရထားတဲ့လူတစ်ယောက်ဟာ ငွေထုပ်ကြီး တင်လာတဲ့ ကားတစ်စီးနဲ့အတူ သူတို့အိမ်ရှေ့ကို ရောက်လာခဲ့ပါတယ် ။ သူတို့ လင်မယားက ဆေးရုံပို့ပေးဖို့ စဥ်းစားခဲ့ပေမဲ့ အဲဒီလူက ဆေးရုံမပို့ဖို့ ဆရာဝန်ကိုလည်း မခေါ်ဖို့ ပြောလာတဲ့အခါ သူတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ … အဲဒါအပြင် ငွေထုတ်ကြီးထဲက ပိုက်ဆံပမာဏကို မြင်လိုက်တဲ့ အခါမှာ လောဘတက်လာတဲ့ သူတို့ နှစ်ယောက် ဘာဆက်လုပ် ကြမလဲ ……. လောဘရဲ့ တစ်ခဏစေ့ဆော်မှုနောက်ကို လိုက်မိတဲ့ သူတို့ နှစ်ယောက် အဲဒီပိုက်ဆံတွေကိုရော လူမမိအောင် သေချာ ထိန်းသိမ်းနိုင်မှာလား … နောက်ဆုံးမှာ သူတို့ ထင်ထားသလို သူတို့ နှစ်ယောက် သန်းကြွယ်သူဌေးတွေအတွက် ကောင်းစားသွားမလား ဆိုတာကိုတော့ American Wages ရုပ်ရှင်မှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ File size… (847 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 19m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Thriller • Crime • Mystery
6 2025 80 mins
American Wages
Words of War
5.6

Words of War (2025) IMDb Rating (5.6) / Rotten Tomatoes (70%) ဒီရုပ်ရှင်က ရုရှားဂျာနယ်လစ် Anna Politkovskaya ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဒရာမာတစ်ခုပါ။ Maxine Peake က Anna အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ ရဲရင့်တဲ့ ဂျာနယ်လစ်ဘဝကို ပြသထားတယ်။ ဇာတ်လမ်းက ချေချင်းယားမှာ ရုရှားစစ်တပ်ရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ရင်း ဗလာဒီမာပူတင်ရဲ့ အာဏာရှင်စနစ်ကို စိန်ခေါ်ခဲ့တဲ့ Anna ရဲ့ဘဝကို အခြေခံထားတယ်။ သူမက ခြိမ်းခြောက်ခံရတာ၊ အဆိပ်ခတ်ခံရတဲ့ဒဏ်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် အမှန်တရားကို ဖော်ထုတ်ဖို့ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး။ ဒီရုပ်ရှင်မှာ Jason Isaacs က Anna ရဲ့ခင်ပွန်း Sasha အဖြစ်နဲ့ Ciarán Hinds က သူမရဲ့ အယ်ဒီတာ Dmitry အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းက အက်ရှင်ထက် စိတ်ခံစားမှုနဲ့ လူသားဆန်တဲ့ အခိုက်အတန့်တွေကို ဦးစားပေးထားတယ်။ ဥပမာ၊ Anna ရဲ့ ချေချင်းယားက ပြည်သူတွေနဲ့ စကားပြောတဲ့အချိန် သူတို့ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း ရယူတဲ့ပုံက အတော်ခံစားရပါတယ်။ ဒါပေမယ့် သူမရဲ့ သတ္တိက နောက်ဆုံးမှာ သူ့ဘဝကို ပေးဆပ်လိုက်ရတဲ့ ဖြစ်ရပ်ဆီ ဦးတည်သွားခဲ့တယ်။ ဒီရုပ်ရှင်က သိပ်ပြဇာတ်ဆန်တဲ့ စတိုင်မျိုးမဟုတ်ဘဲ ရိုးရှင်းပြီး နက်ရှိုင်းတဲ့ မက်ဆေ့ချ်တွေကို ပေးတယ်။ ဂျာနယ်လစ်တွေရဲ့ အန္တရာယ်နဲ့ သူတို့ရဲ့အမှန်တရားအတွက် တိုက်ပွဲကို ပြသရင်း ဒီကနေ့ ကမ္ဘာ့အခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ခံစားရတယ်။ ပြသချိန်က ၁ နာရီ ၅၇ မိနစ်ပဲရှိပြီး ၂၀၂၅ မေလ ၂ ရက်မှာ ရုံတင်ခဲ့ပါတယ်။ သမိုင်းနဲ့ ဂျာနယ်လစ်ဇင်ကို စိတ်ဝင်စားရင် ဒီရုပ်ရှင်က ကြည့်လို့ကောင်းမယ့် ရွေးချယ်မှုတစ်ခုလို့ ပြောလိုက်ပါရစေဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (7.8 GB) / (2.4 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, Thriller, War Duration…. 01:58:30 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Action • Crime • Thriller
5.6 2025 117 mins
Words of War