YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Light The Night E15 (720p) (S2) CM.mp4

209.47 MB N/A video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phenomena
5.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။ တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။ ၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ဂလော်ရီယာ၊ ပက်ဇ်နဲ့ ဆာဂရာရီယိုတို့ သုံးယောက် ဘာတွေကြုံတွေ့ရမလဲ ဆိုတာကို ရင်တ ထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.56 GB) / (596 MB) / (330 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Phu Myat Thwe Encoder..........SWM

Comedy • Romance
5.9 2023 96 mins
Phenomena
My Chilling Roommate
4.3

အခုမှအသစ်ထွက်ရှိိထားတဲ့ "My Chilling Roommate" ဆိုတဲ့ဇာတ်ကားလေးကတော့ Horror,Romantic-Comedy အမျိုးအစားပဲ ဖြစ်ပါတယ်။ iKON ထဲက Chang Woo နဲ့ Gfriend ထဲက Sowon တို့ ခေါင်းဆေယင်အနေနဲ့ ပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။ ကလေးဘဝတုန်းက သရဲမြင်ခဲ့ဖူးတဲ့အတွေ့အကြုံကနေစပြီး ဆက်တိုက် သရဲတွေကိုမြင်နေရတဲ့ ကောင်မလေး ဂျောင်ဆယ်ရီဟာ သရဲတွေနဲ့ပတ်သက်လို့ကောင်းကောင်းသိနေတဲ့သူလည်းဖြစ်ပြီး သူငယ်ချင်းရဲ့ကဖေးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့သူလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကားမ‌တော်တဆမှုတစ်ခုဖြစ်ပွားပြီးမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့၊ ထူးဆန်းတဲ့ဝိဉာဉ်ကောင်လေး ဆုန်းဂျီချန်းက သူ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး တစ်ဦးတည်းသောသူ့ကိုမြင်ရတဲ့ဆယ်ရီ့‌နောက်ကိုတကောက်ကောက်လိုက်ရင်း ၊ အိမ်အထိပါလိုက်လာတဲ့အခါ..။ သူတို့နှစ်ယောက်ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ၊ သူတို့မသိသေးတဲ့အကြောင်းအရာတွေကရောဘာလဲ ၊ ဆုန်းဂျီချန်းကရောမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့သွားမှာလားဆိုတာကို horror အငွေ့အသက်လေးနဲ့အတူ rom-com ဇာတ်လမ်းပုံစံလေးကို မြင်တွေ့ရမှာမို့ အခုပဲကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Cali ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Horror, Romance Quality…. 1080p | 720p | 480p File size… 1GB | 480MB | 229MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Cali Encoder ..... August

Drama • Music
4.3 2022 112 mins
My Chilling Roommate
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
Days of the Bagnold Summer
5.9

IMDb Rating - 6.5/10 အခုအချိန် ကျွန်တော်တို့ လူငယ်တွေနဲ့ အိမ်က လူကြီးတွေကြားမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို  ပြပေးနေတဲ့ ဇာတ်ကားတစ်ကားကို မီးမောင်းထိုးပြပါ ဆို ဒီကားကို ညွှန်ရမှာပါပဲ။ Broken family က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက် နွေရာသီမှာ အဖေရှိရာ လိုက်သွားဖို့ စီစဉ်ထားပေမယ့် အစီအစဉ်တွေပျက်သွားခဲ့တယ်။ အတူနေရတဲ့ အမေကလည်း ကိုယ်သိပ်ကြိုက်တဲ့ heavy metal သီချင်းတွေကို အလကား နားဆူတဲ့ဟာတွေ ဆိုပြီး တော်ကီတွေပွားတယ်။ ဒီအချိန်မှာ ရွယ်တူသူငယ်ချင်းနှစ်ယောက် ဆီကလည်း သူတို့ရည်းစားတွေအကြောင်း လာကြွားတာခံရတယ်။ ဒါ့အပြင် အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူက ကိုယ့်ကျောင်းက ဆရာ လာဖြစ်နေတဲ့ အခါ၊ အလုပ်တွေလိုက်လျှောက်ပေမယ့် ဘယ်အလုပ်ကမှ လက်မခံတဲ့အခါ။ ဒါတွေကို ဒန်နီရယ် ဘက်နိုးလ်တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ၊ သူကတကယ်ပဲ အများထင်သလို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်နေပြီလား အမေဖြစ်သူ ဆူး ကရော သားဖြစ်သူအတွက် ဘယ်ချိန်ထိ နားလည်မှုပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိလူငယ်ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဘက်နိုးလ်နေရာမှာ ငါသာဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်မိမလဲ ဆိုပြီး တစ်လျှောက်လုံးတွေးနေမိစေမှာ အသေအချာပါပဲ။ Rating ကလည်း IMDb 6.5 ထိရရှိထားပြီး မင်းသားချော Eral Cave နဲ့ မင်းသမီးကြီး Monica Doaln တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(700 MB) / (370 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......May Thet Khine Soe Encoder..........SWM

Horror • Science Fiction • TV Movie
5.9 2020 86 mins
Days of the Bagnold Summer
Awake

၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့ အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့ အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့ အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်း ကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်း တဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။ အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကို အခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကို အဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့် Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီး စီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ကြောင်းသင်ကြားရင်း သူ့ဘဝရဲ့အိပ်မက်ကလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီတစ်ခါမှာရော သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား။ အဲဒီအိပ်မက်ကရောဘာဖြစ်မှာလဲ။ သူလက်လျှော့ခဲ့တဲ့ Shogi ထိပ်တန်းကစားသမားဖြစ်ဖို့ဆိုတဲ့ အိပ်မက်ကိုရော သူဆက်မက်နိုင်မှာလား။ Shogi ရဲ့စည်းမျဥ်းတွေနဲ့ အခေါ်အဝေါ်တွေဟာ စစ်တုရင်နဲ့အနည်းငယ်ကွဲပြားတဲ့အတွက် တချို့နေရာတွေမှာ နားလည်ရခက်နိုင်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်နဲ့ အကြောင်းအရာကရှင်းလင်းပြီးသားဖြစ်တာကြောင့် ဒီကစားနည်းတွေအကြောင်းနားမလည်ရင်တောင် ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။ File size…1.2GB / 600MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Crime • Documentary
null 2020 119 mins
Awake
My Professor's Guide to Murder
6.3

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။

Crime • Drama • Romance
6.3 2023 90 mins
My Professor's Guide to Murder
Mulan
6.9

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မူလန် ထွက်လာခဲ့ပါပြီ ရုံတွေ ပိတ်ထားလို့ Disney+ မှာပဲ တင်ခဲ့ပြီး လောလောဆယ် 720P Version ပဲ ရရှိအုံးမှာပါ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Reversion Live Action တွေ ပြန်ရိုက်လဲ ပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် File size…(1.6GB)/(734MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Little Neo

Crime • Drama • War
6.9 2020 115 mins
Mulan
The Imitation Game
8

IMDb - 8.0/10_____Rotten - 90% Won 1 Oscar. Another 48 wins & 159 nominations ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာၤပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့..........Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ.......။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား........၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ.......................။ အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။) အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။ သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။ (မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး) ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။ IMDb Rating(8.0/10) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ မင်းသားကြီး Benedict Cumberbatch နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာတွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။ Ref; Movies-we watch,we feel.'s FB Page & Movie Review's FB Page (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကိုတော့ Lotus Black မှဘာသာပြန်ခဲ့တာဖြစ်ပါတယ်။) File size...(804 MB) Quality....Blu-ray Rip 720p Format...mp4 Duration....01:54:13 Subtitle....Myanmar Subtitle (Hardsub) Translator ....Lotus Black Encoder....Nyeinsaeya Aung

Drama • Mystery
8 2014 113 mins
The Imitation Game
Spirited Away Live Stage Performance First Distribution
7

Spirited Away Live Stage Performance First Distribution(2022) *********************************************************** “Spirited Away” Live Stage Performance : First Stage Distribution Studio Ghibli ရဲ့ masterpiece တွေထဲက တစ်ခုဖြစ်တဲ့အပြင် ဆုတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ရဲ့ နာမည်ကျော် ဂျပန် anime ကားလေး Spirited Away ကို မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ ။ အခုဟာက Spirited Away ကို တိုက်ရိုက် ထုတ်လွှင့်ပြီး ပြဇာတ်အနေနဲ့ ကပြခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပြဇာတ်အငွေ့အသက်လေးကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဖန်တီးမှုတွေကိုလည်း အံ့ဩမှင်သက်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း အင်မတန် ချီးကျူးစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီဟီရိုဆိုတဲ့ ကလေးမလေးတို့ မိသားစုက နယ်မြို့လေးကို ပြောင်းလာရင်း လမ်းပျောက်ရာကနေ လှိုဏ်ဂူတစ်ခုထဲကို ဝင်ကြည့်ခဲ့တယ်။ ဒီလိုနဲ့ပဲ စူးစမ်းရင်း ချီဟီရိုရဲ့ မိဘတွေဟာ လူသူမရှိတဲ့ ဈေးထဲက အစားအစာတွေကို စားပြီး ဝက်တွေ ဖြစ်သွားခဲ့တယ်။ တကယ်တော့ သူတို့ဟာ မှော်အစွမ်း လောကထဲကို ရောက်ရှိသွားကြတာပါ။ မိဘတွေ ဝက်ဖြစ်သွားပြီး မှော်လောကမှာ ဒုက္ခရောက်နေတဲ့ ချီဟီရိုကို ဟခု ဆိုတဲ့ ကောင်လေးက ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ချီဟီရိုတစ်ယောက် ရောက်ရှိနေတဲ့ လောကကြီးက ဘယ်လိုလဲ ဘာတွေလဲ မိဘတွေနဲ့ရော လူ့လောကကို ပြန်နိုင်မှာလား သိရအောင် အဆုံးထိ ကြည့်လိုက်ကြရအောင်…. File Size :(3.03GB)(and (1.2GB) Quality :WEB-DL1080P, 720p Format…mp4 Duration…02:50:00 Genre : Family, Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Drama
7 2022
Spirited Away Live Stage Performance First Distribution
Dry Day
8.3

Dry Day (2023) “ခြောက်ကပ်ကပ်နေ့များဆီသို့… ” Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။ အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Drama • Crime
8.3 2023
Dry Day
Alicia in Terrorland

မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ… Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(820 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2023
Alicia in Terrorland
[18+] Grand Jeté
4.8

Grand Jeté (2022) Genre – Drama (ပွင့်လင်းမြင်သာသော လိင်မှုဆိုင်ရာ ပြကွက်များနှင့် သာမန်လူအနေဖြင့် လက်မခံနိုင်စရာ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် မကြည့်ကြစေရန် သတိပေးလိုပါသည်။) နာဂျာဆိုတာ နာမည်ကြီး ဘဲလေးအကမယ်တစ်ယောက်၊ ကလေးဘဝကတည်းက ဒီအသက်မွေးကြောင်းကို ခန္ဓာကိုယ်တောင် မညှာတာပဲ အပြင်းအထန်လုပ်ခဲ့လို့ ဘဝမှာ အခက်အခဲတွေ ဖြစ်လာပြီး အစဉ်မပြတ် နာကျင်ကိုက်ခဲမှုတွေကို ခံစားနေရသူပါ။ ဒါနဲ့ သင်တန်းနည်းပြ ပြောင်းလုပ်တော့လည်း ရင်ထဲက ဗလာဟင်းလင်းပြင်ကို မဖာထေးနိုင်ပဲ စိတ်ညစ်နေရသူပေါ့။ ဒါကြောင့် မိခင်ဖြစ်သူ ရှိတဲ့ ဇာတိမြို့လေးကို သူ့စိတ်သူ ကုစားဖို့အတွက် ပြန်သွားခဲ့ပါတော့တယ်။ နာဂျာငယ်စဉ်ဘဝ ဆယ်ကျော်သက်တုန်းက ကိုယ်ဝန်တစ်ခုကို အမှတ်မထင် ရရှိခဲ့ပါတယ် ဒါပေမဲ့ ဘဲလေးအကမယ်လုပ်ဖို့အတွက် ကလေးဖြစ်သူကို သူ့ မိခင်ဆီ အပ်ထားခဲ့ပြီး သားဖြစ်သူကို မတွေ့တာကြာပြီး သူစိမ်းဆန်ဆန်တောင် ဖြစ်နေပါပြီ။ ယခု သူ ပြန်ရောက်လာတော့ သားဖြစ်သူ မာရီယိုက ခန္ဓာကိုယ် လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်နေပြီး ကြီးကောင်ပေါက် လူပျိုတစ်ယောက် ဖြစ်နေပါပြီ။ ဒီမှာတင် သားအမိနှစ်ယောက် ပြန်တွေ့ရာကနေ သူတို့ရဲ့ ရုပ်ပိုင်းဆန်ရာ ထိတွေ့မှုတွေကတဆင့် ပြင်းထန်လာပြီး သားအမိနှစ်ယောက် ရှိသင့်ရှိအပ်တဲ့ ဆက်ဆံရေးထက် ကျော်လွန်လာတဲ့အခါမှာတော့….။

4.8 2022
[18+] Grand Jeté
Spirit in the Blood
4.8

Spirit in the Blood (2024) IMDb Rating (4.8) အမ်မာဆန်ဆိုတဲ့ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးက သူ့အဖေရဲ့မွေးရပ်မြေလေးကို မိသားစုလိုက် ပြန်လာခဲ့ကြတယ်။ သူပြန်ရောက်ပြီးမကြာခင်မှာ အဲ့ဒီမြို့က ရီဘာကာဆိုတဲ့ ကောင်မလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်။ ပျောက်ဆုံးသွားတဲ့ ကောင်မလေးရဲ့ တစစီဖြစ်နေတဲ့ အလောင်းကို တွေ့ရှိကြတဲ့အခါမှာ တစ်မြို့လုံးက သားရဲကောင်တစ်ကောင်ကောင် သတ်ခဲ့တာလို့ ယူဆထားချိန်မှာ အမ်မာဆန်က မကောင်းဆိုးရွားလုပ်တာလို့ ယုံကြည်နေခဲ့တယ် ရီဘာကာကို သတ်လိုက်တာက မကောင်းဆိုးရွားတစ်ကောင်ပဲလို့ ယုံကြည်နေတဲ့ အမ်မာဆန်တို့ အဖွဲ့က သူတို့ကိုယ်ထဲက စိတ်ဝိဉာဉ်ဆိုးကို ခေါ်ထုတ်ပြီး ဒီမကောင်းဆိုးရွားနဲ့ ရင်ဆိုင်ဖို့ လုပ်ကြတဲ့အခါ…. ရီဘာကာကို သတ်လိုက်တာက တစ်မြို့လုံးထင်ထားတဲ့ သားရဲကောင်လား ဒါမှမဟုတ် အမ်မာဆန်တို့ထင်နေတဲ့ မကောင်းဆိုးရွားကောင်လားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:38:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Drama • Action • Horror
4.8 2024 98 mins
Spirit in the Blood
Shin Godzilla
6.8

ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့် လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။ IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ဂျပန်နိုင်ငံထဲကို မြစ်ထဲက ဂေါ်ဇီလာ တက်လာတာကနေဇတ်လမ်းအပျိုးထားပါတယ်။ ဂေါ်ဇီလာအဆင့်ဆင့်ပြောင်းလဲ ပုံကို animation ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်။ တော်တော်မိုက်တယ်ဂေါ်ဇီလာ ရေထဲကနေ ကုန်းပေါ်တက်လာတယ့် အချိန်မှာ ကုန်ပေါ်မှာ ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာ သဘာဝဆန်ဆန် စဉ်းစားပြီးရိုက်ထားတာပါ။ ဂေါ်ဇီလာရဲ့ ဇီဝစရိုက် သဘာဝတွေကိုပါ တစ်ဆင့်ခြင်းပြထားတာတွေ့ရပါတယ်။အပြင်မှာ ဂေါ်ဇီလာတစ်ကယ်ရှိခဲ့လားမသိပေမယ့် ဒီထဲမှာတော့ သက်ရှိ ဂေါ်ဇီလာ တစ်ကောင်အလားတွေ့ရပါတယ်။ ဂေါ်ဇီလာဝင်လာတော့ ဂျပန်နိုင်ငံ ရဲ့စနစ်ကျတယ့် အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းရေးအစီစဉ်တွေ ကို စည်းစနစ်တစ်ကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။ သဘာဝကပ်ဘေး တွေ့တာနဲ့ချက်ချင်း အစိုးရတာဝန်ယူထားတယ့် လူကြီးပိုင်း တွေ ကိုယ်တွယ်ဖြေရှင်းပုံအဆင့်ဆင့်က အားရကျေနပ်စရာတကယ်ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ဆိုးကျိုးက ဂျပန်နိုင်ငံကို အခုထိအောင်ရိုက်ခိုက်နေပြီးနိုင်ငံရဲ့ စစ်တပ်အင်အားကို လိုသလိုသုံးခွင့်မရတယ့်အကျိုးဆက်တွေ ကိုလဲ မီးမှောင်းထိုးပြထားပါတယ်။နောက်ဆုံး ဂျပန်မဟာမိတ် ဖြစ်တယ့် အမေရိကန်ကို အကူညီလှမ်းတောင်းရပါတယ်။ အဲ့ဒီမှာ ပြည်ပကိုအားမကိုးဘဲ ကိုယ်အားကိုယ်ကိုးပြီး လုပ်ချင်တယ့် ဘုကလန့် အစိုးရအရာရှိတစ်ယောက်က စပြီးဖောက်ထွက်ဖို့လုပ်ပါတယ်။ သူက အစိုးရဝန်ကြီးဌာနတွေ က ကြောင်တောင်တောင် ၊ထူူးထူးဆန်းဆန်း ၊ ထူးခြားတယ့်ပင်ကိုယ်စရိုက် ရှိတယ့် သူတွေ ကိုစုလိုက်ပြီး အဖွဲ့တစ်ခုဖွဲ့ပြီး ဂေါ်ဇီလာကို ပြန်တိုက်ဖို့စီမံကိန်း စလုပ်ပါတယ်။ ဘယ်လိုမှလုပ်လို့မရ ဝန်ကြီး ချုပ်အစိုးရအဖွဲ့တွေအားလုံးသေသွား ကုလသမဂ္ဂ ဦးဆောင်တယ့် နိုင်ငံတကာ အဖွဲ့တွေကတစ်ယောက်တစ်ပေါက် ဝိုင်း ဆေးထိုးကြတယ်။ နောက်ဆုံး ဘယ်လိုမှမတက်နိုင်တယ့် အဆုံး တိုကျိုကို နူဗုံးကျဲချဖို့သဘောတူလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာ လူထူးခြားတွေ စုထားတယ့် အဖွဲ့က တန်ပြန်တိုက်ဖို့အစီစဉ်ဘယ်လိုတွေ လုပ်ပြီး ၊ ဂေါ်ဇီလာကြီးကိုရောရပ်တန့်နိုင်မှလား တိုကျိုပြာကျသွားမှလားဆိုတာ ဇတ်ကားထဲမှာ အားလုံးကို ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ ဒီကားက ၁၉၉၅ တုန်းကရိုက်ခဲ့တယ့် အင်္ဂလိပ် ဂေါ်ဇီလာကားလိုဘဲ ငွေကြေးအကုန်အကျ အများကြီးသုံးပြီ ရိုက်ခဲ့တာပါ။ Animation သုံးထားပုံတွေ ကလမ်းကောင်းပါတယ်၊ ဝေဖန်ရေးဆရာတွေကတော့ animation တွေအရမ်းသုံးထားပြီးကြည့်လို့ကောင်းတယ့် ဇတ်ကားပေမယ့် ဇာတ်လမ်းပိုင်းမှာတော့ အမေရိကန်တစ်ယောက်ထက် ဂျပန်တစ်ယောက် ပိုပြီးခံစားတက်လိမ့်မယ်လို့ရေးထားခဲ့ပါတယ်။ တစ်ခြား ဂျပန်ကားတော်တော်များများက အခုတီဗီမှာလာနေတယ့် ဂျပန်ဇတ်လမ်းတွဲတွေ ကခံစားလို့မရတာများပါတယ် တစ်ခြားဟာတွေ အားလုံးကောင်းပြီး ဇတ်လမ်းပိုင်းက over ဖြစ်သလိုလို တွေ တော့ရှိပါတယ်။ ဒီကားမှာတော့ အလိုတွေ သိပ်မတွေ့ရပါဘူး။ဒီကားကို ဂျပန်နိုင်ငံမှာ promotion လုပ်တော့ ကြော်ငြာ ပိုစတာက ၃၈၉ပေရှည်အောင်လုပ်ထားခဲ့ပါတယ်။ ခြုံပြီးပြောရရင် ဒီကားကကြည့်လို့ ကောင်းတယ့်ကားထဲမှာပါပါတယ်။

6.8 2016 120 mins
Shin Godzilla
War Horse
7.3

War Horse (2011) **************** အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်…ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ။ စစ်မြင်းတစ်ကောင်အကြောင်းပေါ့… Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်… စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်… ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်…. ဇာတ်လမ်းအညွှန်း ————- ပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ… ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ… Ted ရဲ့သားဖြစ်သူ Albertက မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ… စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်… စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : 3.05GB / 1.55GB Quality : WEB-DL 1080p 5.1 CH, 720p Duration : 02:26:00 Genres : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Heather Oo

Crime • Drama • Thriller
7.3 2011 146 mins
War Horse