YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Life.As.We.Know.It.2010.720p.x264.[Movie.Man].mp4

751.06 MB N/A video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
River God: The Strange Story
3

သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ - မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။ တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ် ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ သည်းထိတ်ရင်ဖိုစွာ လိုက်လံ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Crime  Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Comedy • Crime • Drama
3 2023 91 mins
River God: The Strange Story
Walk Up
6.2

~ IMDb - 6.6/10, Rotten Tomatoes - 100% ~ တာကော့စကီး ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ " Cinema is an unhappy art because it depends on money. Not only because a film is very expensive; but it is then also marketed like cigarettes. " တဲ့။ ပြီးမှ မြတ်တာမမြတ်တာဆိုတဲ့ ဈေးကွက်ကိုအသာထား ရုပ်ရှင်ရိုက်ဖို့က သိပ်ဈေးကြီးလွန်းလို့ ရုပ်ရှင်ဟာ ဈေးကြီးလွန်းတဲ့ အနုပညာတစ်ခုအနေနဲ့ တည်ရှိနေခဲ့တယ်။ ရုပ်ရှင်တစ်ကားကို စိတ်တိုင်းကျ ထွက်လာအောင်လည်းလုပ် ငွေလည်းရဖို့က မဖြစ်နိုင်သလောက်ခက်တဲ့ကိစ္စပဲ။ တော်ရုံကွာလတီတစ်ကားရိုက်မယ်ဆိုကတည်းက နောက်မှာ ရင်းနှီးမြုပ်နှံသူတွေပါလာပြီဆိုတော့ သူတို့ ကြိုက်မယ့် အကြိုက်ကနေ စဉ်းစားပေးရတာတွေလည်းရှိလာမှာပဲ။ ကိုယ့်စိတ်ကြိုက် ကိုယ်ရိုက်ပြီး ခြောက်ပြစ်ကင်းနေတဲ့ ရုပ်ရှင်တွေက ရှိတော့ရှိပေမဲ့ ရှားတယ်ပဲပြောရမှာပဲ။ သမိုင်းကြီးလှတဲ့ ဒါရိုက်တာတွေတောင် စိတ်ကြိုက်ရိုက်ခွင့် အပြည့်မရနေခဲ့ဘူး။ ဆာဂျီယိုလီယွန်နီဆို Once Upon A Time in Hollywood ကို ရုံတင်တုန်းက သူ့ရဲ့လေးနာရီကြာတဲ့ ရှည်လွန်းတဲ့ ဇာတ်ကြီးကို ဖြတ်တောက်ခံခဲ့ရတယ်။ ဒီလိုမျိုးခံခဲ့ရတဲ့ လူတွေက တော်တော်လည်းမနည်းဘူး။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာ၊ စတီဗင်စပီးဘာ့ချ်၊ ဒေးဗစ်လင်း၊ ဒေးဗစ်ဖင်ချာ၊ အော်ဆန်ဝဲလ် တို့လိုလူတွေလည်း ခံခဲ့ရတာပဲ။ ကူရိုဆာဝါတို့လိုလူတွေလည်း Cut ခံရတယ်မဟုတ်ပေမဲ့ စိတ်ကြိုက်လုပ်ချင်တာနဲ့ ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့အကြိုက်နဲ့ ငွေကြေးနဲ့ကြားက ပြဿနာတွေကြုံခဲ့ရတာပဲ။ သိသာတာမသိသာတာပဲ ရှိမယ်။ ကွာလတီကောင်းကောင်းတစ်ကားရဖို့ ငွေနဲ့ဆက်စပ်မိလာပြီဆို ဒါရိုက်တာအားလုံး စိတ်ကြိုက်လုပ်ခွင့်မရတာနဲ့ ကြုံလာရမှာပါပဲ။ ဒီလိုဖန်တီးမှုအကန့်အသတ်တွေကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ရဲ့ အနုပညာအပေါ်အမြင်အပြောင်းအလဲကြောင့်ဖြစ်ဖြစ် ကိုယ်ရိုက်ချင်တဲ့ပုံစံအစစ်အမှန်နဲ့ ရုပ်ရှင်ကို ရိုက်ခွင့်မရတာတွေ ကြုံကြရမှာပဲ။ ဒီအကန့်အသတ်က အနုပညာတိုင်းရှိနေတယ်လို့တော့ ထင်ရတာပဲ။ တဂိုးဟာ သူသေတဲ့နေ့အထိ သူရေးချင်တဲ့ ကဗျာမျိုးကို မရေးသွားရဘူးလို့ ဆိုခဲ့သလိုပဲ၊ အနုပညာတိုင်းမှာ ဖန်တီးချင်သူတိုင်းမှာ ပိုကောင်းတာကို ပေးချင်သူတိုင်းမှာ ကိုယ်ချပြချင်တဲ့အတိုင်း ချပြမသွားမရတဲ့ ပြဿနာတော့ရှိကြလိမ့်မယ်။ နောက် ဒီမှာဆိုလည်း နိုင်ငံကျော်အဆိုတော်တစ်ယောက်ဆို နိုင်ငံခြားက ဂီတတွေကို အားကျပေမဲ့ ဘယ်ဖန်တီးမှုအကန့်အသတ်ကြောင့်လဲမသိ သူကြိုက်တဲ့သီချင်းတွေကို ကော်ပီလုပ်ဆိုခဲ့ရတယ်လို့ပြောဖူးတာပဲ။ အဲဒီလိုတွေထဲကမှ အနုပညာတစ်ခုထွက်လာဖို့ကို ငွေအား လူအား အတတ်ပညာအား အများကြီးလိုတဲ့ ရုပ်ရှင်ရဲ့အကန့်အသတ်ကတော့ ပိုကြီးနေမှာပဲ။ ဟုန်းဆန်းဆူဟာ Introduction (2021) ကစပြီး In Front of Your Face, The Novelist's Film, Walk Up စတဲ့ရုပ်ရှင်တွေမှာ ရှေ့ရုပ်ရှင်တွေနဲ့ မတူတဲ့ အချိုးအကွေ့တစ်ခုပြောင်းပစ်ခဲ့တယ်။ သူ့မူလဟန်အတိုင်းကိုမှ အကုန်လုံး သူ့စိတ်တိုင်းကျဖြစ်လာတယ်ပြောရမလားပဲ။ ဒီကားတွေအကုန်လုံးကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ရိုက် သူကိုယ်တိုင်ထုတ် သူကိုယ်တိုင်စီနီမာတိုဂရပ်ဖာလုပ် သူကိုယ်တိုင်နောက်ခံတေးလုပ် သူကိုယ်တိုင်တည်းဖြတ်ခဲ့တယ်။ ကားတွေလည်း ခပ်စိတ်စိတ်ထုတ်လာခဲ့တယ်။ ဆိုခဲ့တဲ့ ရင်းနှီးမြုပ်နှံသူတွေ ထုတ်လုပ်သူတွေ ဘာတွေညာတွေ ဘာအကန့်အသတ်မှကို မရှိတော့ဘူး။ သူ့စိတ်တိုင်းကျဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်တွေဟာ အရင်ကထက်လည်း သူ့ကို ပိုထင်ဟပ်လာခဲ့တယ်။ တစ်ကားကလွဲ ကျန်တာအကုန် အဖြူအမဲနဲ့ချည်းရိုက်ထားခဲ့တယ်။ သူ့ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်မှုအကန့်အသတ်ကလွဲ တခြားဘာအကန့်အသတ်မှမရှိတော့ဘူး။ သူလည်းလူဆိုတော့ စီနီမာတိုဂရပ်ဖီ နောက်ခံတေးဘာညာမှာ အားမရချင်စရာကောင်းတာလေးတွေတော့ရှိတာပဲ။ ဒါပေမဲ့လည်း ပြဿနာတော့မဟုတ်ပါဘူး။ ကဗျာလိုပေါ့။ ခြောက်ပြစ်ကင်းစရာလည်း မလိုပါဘူး ရိုးရိုးသားသားဖန်တီးရင်ကို သူ့ဟာနဲ့သူ ရသတစ်ခုခု ခံစားချက်တစ်ခုခုရနေမှာပဲ။ ဒီကားမတိုင်ခင်က ဟုန်းဆန်းဆူနဲ့ပတ်သက်ပြီး ကျွန်တော်နားမလည်ခဲ့တာက ဒီဘဲ ဘာလို့ ဒီလောက်ကားတွေအများကြီး ဆက်တိုက်ရိုက်နေတာလဲဆိုတဲ့ အမေးပဲ။ ဒါပေမဲ့ ဒီကားတွေဟာ သူ့ကိုပိုထင်ဟပ်လာတယ်လို့ ဆိုခဲ့သလိုပဲ ဒီကားတွေအကုန်လုံးမှာ သူနဲ့ ဂင်မင်ဟီးရဲ့လက်ရှိအခြေအနေကိုသိရင် အဲဒီအတွက် သူတို့အဖြေတွေ အခြေအနေတွေကို ပြသွားခဲ့တာကို မြင်ရမှာပဲ။ ဒီမှာလည်း သူဘာလို့ ဒီလောက်သောက်သောက်လဲရိုက်ထုတ်နေတာလဲဆိုတဲ့ အဖြေကိုဖြေသွားခဲ့တယ်။ ဟုန်းဆန်းဆူကား ပီပီသသပဲ။ ဇာတ်အိမ်တို့ ဘာတို့ တစ်စုံတရာကို မျှော်လင့်ရင် ကြည့်သင့်တဲ့ရုပ်ရှင်တော့မဟုတ်ပါဘူး။ သူ့ဇာတ်ကောင်တွေရဲ့ စကားဝိုင်းတွေမှာ ဝင်စီးမျောရင်း ကြည့်ရုံသက်သက်ကြည့်တတ်မှပဲ ကြည့်သင့်တယ်။ သူ့စကားဝိုင်းတွေဟာ တချို့ရုပ်ရှင်တွေလို ဘာမှနက်နက်နဲနဲ အကြီးကြီးတွေပြောနေတာမျိုးမဟုတ်ဘဲ ဒီတိုင်းသာမန်လျှံကာစကားဝိုင်းတွေပဲ။ ကိုယ်အခုမှစသိတဲ့ လူနှစ်ယောက် စကားပြောနေတာကို ကိုယ်က ဘေးက ထိုင်နားထောင်နေရသလို ဖီလင်မျိုးပဲ။ ဘာမှတော့မဟုတ်ပေမဲ့ အဖော်ရှိနေသလိုလိုအရသာရှိတယ်ပေါ့။ ဒီကားဟာ လူတစ်ယောက်ရဲ့စကားတွေကနေ လူတစ်ယောက်ကို သိရတဲ့ ကားမျိုးလို့ပြောလို့ရတယ်။ အဲဒီလူက ဟုန်းဆန်းဆူဖြစ်နေတာတော့ အမြတ်ပေါ့။ ဒီရုပ်ရှင်ဟာ အားနည်းချက်တွေတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့လည်း ဟုန်းဆန်းဆူဟာ သူဖန်တီးချင်တဲ့ ပုံစံမျိုးကို ရာနှုန်းပြည့်နီးပါး သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်ရှင်မို့ ဒါရိုက်တာတစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရုပ်ရှင်စစ်စစ်ဆိုတာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 37Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.2 2022 97 mins
Walk Up
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
Attack

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ် အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်... နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်... ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်.. ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။ File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni

Drama • Mystery • Thriller
null 2022 121 mins
Attack
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
Concrete Clouds
6.5

Concret Clouds (2013) လေထဲက အိမ် ..... နှစ်ယောက်သား အိပ်မက်တွေကို အတူတူ မက်ခဲ့ဖူးကြတယ် လေထဲမှာ တိုက်အိမ်ဆောက်ခဲ့ဖူးကြတယ် အရာရာဟာ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ပေမဲ့ တစ်ခါတလေမှာ အနှစ်မဲ့နေတဲ့ တိမ်စိုင်တွေ အရောင်တောက်ခဲ့ကြချိန်ပေါ့။ ဒီဇာတ်လမ်းကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ ထိုင်းနိုင်ငံရေး စီးပွားရေးကပ်ဆိုက်ချိန်ကြောင့် လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေကို တိတ်တဆိတ်နဲ့ ဖြည်းဖြည်းချင်း ပြိုကွဲခဲ့ရတဲ့ အကြောင်းပါပဲ။ Mutt ရဲ့အဖေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ Mutt က နယူးယော့ကို ပြောင်းလာခဲ့ပြီး ငွေကြေးရောင်းဝယ်ဖောက်ကားသူအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးပျက်ကပ် ဆိုက်ချိန်မှာ အမိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ ပြန်လာရင်း အထက်တန်းကျောင်းတုန်းက သူ စွဲလမ်းခဲ့ရတဲ့ ရည်းစားဟောင်းဖြစ်တဲ့ Sai နဲ့ ပြန်ပြီး ဆက်သွယ်ခဲ့ပါတယ်။ Sai ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ဈေးကွက်ဖြန့်ချိရေး အလုပ်မှာ ကျရှုံးမှုတွေနဲ့ ကြုံနေရတာပါ။ တစ်ချိန်တည်းမှာပဲ Mutt ရဲ့ ညီဖြစ်သူ Nic က ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။ စီးပွားရေးပျက်ကပ်ထဲက အချစ်ဇာတ်လမ်းကို တစ်နည်းတစ်ဖုံနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2013 99 mins
Concrete Clouds
Metalocalypse: Army of the Doomstar
6.8

Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating – 6.8/10 American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ “Metalocalypse: The Doomstar Requiem” ရဲ့ Sequel ဖြစ်တဲ့ “Metalocalypse: Army of the Doomstar”(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။ Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့”Song of Salvation”ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ “Song of Salvation”ဆိုတာ ဘာကြီးလဲတောင် Dethklok အဖွဲ့သားတွေမသိကြပါဘူး။ နေသန်ဟာ အဲဒီအချိန်တုန်းက စော်ငြင်းခံရတဲ့အပြင် ရှင်သန်ခြင်းအဓိပ္ပာယ်တွေပါပျောက်ဆုံးနေတာပါ။ သူရေးသမျှကလည်း သေခြင်း တရားအကြောင်းတွေချည်းပဲဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ရှင်သန်ခြင်းနည်း ကို မသိဘဲစိတ်ဓာတ်ကျနေတာမို့လို့ အဲဒီသီချင်းကိုမရေးနိုင်ဖြစ်နေပါတယ်။ ဟိုဗီလိန်တွေကလည်း သူသီချင်းရေးနိုင်သွားမှာစိုးလို့ နည်းမျိုးစုံနဲ့လိုက်နှောက်ယှက် ပါတယ်။ ဆိုတော့ကာ နေသန်တစ်ယောက် ပျောက်ဆုံးနေတဲ့သူကိုယ်သူပြန်ရှာဖွေပြီး “Song of Salvation”ကိုဘယ်လိုရေးမလဲ၊ သီချင်းတစ်ပုဒ်တည်းနဲ့ ဂြိုဟ်ပျက်မဲ့ကိန်း ကနေ ဘယ်လိုကာကွယ်မလဲ‌ဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.2 GB) / (453 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation Translator……Ngwe Zin Encoder……….SWM

6.8 2023 83 mins
Metalocalypse: Army of the Doomstar
Digital Village
8.7

Digital Village (2023) IMDB 8.7 “ဒစ်ဂျစ်တယ်ရွာ” ဇာတ်ကားလေးက 2023 August မှာတင် ပူပူနွေးနွေးထွက်ထားတဲ့ IMDB rating 8.7 တောင်ရထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ရွာလေးရဲ့ wedding တစ်ခုကို ဘယ်သူမှန်းမသိတဲ့ မြို့က ရုပ်ရှင်ဒါရိုက်တာ လာပြီး စင်ပေါ်တက် တော်ကီဖုတ်သွားတာကို ရုပ်ရှင်ဇာတ်ညွှန်းအကြောင်းဝါသနာ ပါတဲ့ လူငယ်လေး သုံးယောက်က အဲဒီဒါရိုက်တာဆီ မရရအောင် ချဥ်းကပ်ပါတော့တယ် အကြောင်းက သူတို့ကြံထားတဲ့ မဟာအော်ရဂျင်နယ် မာစတာပိစ် ဇာတ်ညွှန်းကြီးကို ဒါရိုက်တာက ပိတ်ကားပေါ် အသက်သွင်းပေးဖို့ပါပဲ ဒါတွေကလည်း မြက်ရိတ်ရင်း နွားစာကျွေးရင်းရလာတဲ့ အိုင်ဒီယာတွေပါ ..ဆိုတော့သူတို့အကြံအစည် အောင်မြင်သွားမလား ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အင်တာနက်/ရုပ်ရှင် ဗဟုသုတနည်းတဲ့ ရွာငယ်လေးတစ်ရွာကို “ဒစ်ဂျစ်တယ်ရွာ” ဖြစ်အောင် ကောင်လေး သုံးယောက် ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာကို ပေါ့ပေါ့းပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်သူကတော့ KKKZ ဖြစ်ပါတယ်

8.7 2023
Digital Village
The Cabin in the Woods
7

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကျယ်၊ သည်းထိတ်ရင်ဖို့ ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ IMDb 7/10 နဲ့ RT 92% အထိ ရရှိထားလို့ Horror ကြိုက်သူတွေအတွက် အတော်ကြည့်ကောင်းမယ့် ဇာတ်ကားဖြစ်ပါတယ်။ Thor မင်းသား Chris Hemsworth နဲ့ Grey’s Anatomy ထဲက Jesse Williams တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းတစ်စု အပတ်ကုန်ရက်မှာ မြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။ ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွားအပန်းဖြေကြဖို့ စီစဉ်ပေးတယ်။ တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်းထိတ်ရင်ဖိုတွေ စလာပါတော့တယ်။ ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင် လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်းတွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကို လာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား… File size… 5.5 GB / 1.4 GB / 676 MB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by EL MoH

7 2011 95 mins
The Cabin in the Woods
Frequently Asked Questions About Time Travel

ဒီတစ်ခါမှာတော့ Sci- Fi ဇာတ်ကားလေးတစ်ခုကကိုတင်ဆက်ပေးချင်ပါတယ် အချိန်ခရီးသွားဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ရေး ပိထ်နဲ့ တိုဘီတို့ သူငယ်ချင်းသုံးယောက်ဟာ အလုပ်မှာအဆင်မပြေလို့ အရက်ဆိုင်ကိုသောက်ဖို့လာခဲ့ကြပါတယ် တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေမှုတွေပြောပြကြရင်းပေါ့ သူတို့ထဲမှာမှ “ရေး” က အချိန်ခရီးသွားခြင်းကိုအလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ အဲ့ဒီအရက်ဆိုင်မှာ ကတ်ဆီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပြီး သူမဟာ အနာဂတ်ကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။ သူက အချိန်ခရီးသွားသူပါတဲ့ အနာဂတ်မှာ ”ရေး” ဟာ နာမည်ကျော်တစ်ယောက်ဖြစ်ကြောင်းကိုလည်းပြောပြပါတယ် သူက အချိန်ယိုစိမ့်ပေါက်တွေကိုပြင်ရတဲ့သူပါ အရက်ဆိုင်ပတ်ဝန်းကျင်မှာ အချိန်ယိုစိမ့်ပေါက်ရှိနေလို့လာပြင်ရင်း ”ရေး” နဲ့တွေ့တာပါ သူရှာနေတဲ့အချိန်ယိုစိမ့်ပေါက်က အရက်ဆိုင်က သန့်စင်ခန်းမှာရှိနေတာပါ အဲ့ဒီတော့ အိမ်သာထဲကိုဝင်သွားမိတဲ့သူငယ်ချင်းသုံးယောက် ဘယ်ခေတ် ဘယ်အချိန်တွေကိုရောက်သွားမလဲ သူတို့ လက်ရှိကာလကိုရောပြန်ရောက်ပါ့မလားဆိုတာကိ စိတ်ဝက်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size…(1.5 GB)/(879 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy, Drama, Romance, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
Frequently Asked Questions About Time Travel
Evidence
5.1

ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

5.1 2012 78 mins
Evidence
Straight Outta Nowhere: Scooby-Doo! Meets Courage the Cowardly Dog
6.3

ဒီတစ်ခါမှာတော့ စကူဘီအပြင်တခြား နာမည်ကြီး ကာတွန်းခွေးကလေး Courage the Cowardly Dog နဲ့ Collab ထားတဲ့ ကားလေးပါ စကူဘီတို့ အုပ်စုဟာ ကန်းဆက် ပြည်နယ်မှာ ရှိတဲ့ နိုးဝဲဆိုတဲ့ မြို့လေးကို ရောက်လာကြပါတယ် ဒီမြို့ကတော့ တခြားမြို့ မဟုတ်ပါဘူး Courage (သတ္တိ) ဆိုတဲ့ ငကြောက်ခွေးလေး ရှိတဲ့ မြို့ပဲ ဖြစ်ပါတယ် အဲဒီမှာ Courage တို့ နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ဒီမြို့လေးမှာ နတ်ဆိုးတွေ ခြောက်လှန့်နေတယ်ဆိုတာကို သိရပြီး ဒီခြောက်လှန့်မှုတွေကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ် နဂိုတည်းက ကြောက်တတ်တဲ့ စကူဘီတစ်ယောက် သူနဲ့ အတူကြောက်ဖို့အတွက် နောက်ထက်ငကြောက်ခွေးလေးတစ်ကောင်နဲ့ အတူတူ ဘယ်လို အလွဲတွေ လုပ်ဦးမလဲဆိုတာကို ကြည့်ရှု ခံစားလိုက်ပါဦး ခင်ဗျာ File size… 1.5 GB / 744 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Jia

Thriller
6.3 2021 72 mins
Straight Outta Nowhere: Scooby-Doo! Meets Courage the Cowardly Dog
Snake Woman
5.6

ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့ တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။ ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့ မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။ မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက် မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့ အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။ ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ….. ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ…… ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ……

Fantasy • Comedy • Romance • Science Fiction
5.6 2025
Snake Woman
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam