YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Life.and.Beth.S01E03.Out.on.the.Island.1080p.HULU.WEB-DL.DDP5.1.H.264-NPMS.mp4

496.9 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
Orphan: First Kill
6.7

၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ မိဘမဲ့သမီးလိမ္မာလေးရဲ့ ဇာတ်လမ်းကို အားလုံးသိကြမှာပါ။ မကြည့်ဖူးသေးရင် ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ 2009 ရဲ့အဆက်မဟုတ်ဘဲ ရှေ့ကိုပြန်သွားတာပါ။ သမီးလိမ္မာလေးရဲ့ ပထမမိသားစု ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းမှာတော့ သမီးလိမ္မာလေးတစ်ယောက် ဘယ်လို ကိုယ်ဖေကိုယ်ချစ်ပြီး မိသားစုကို ဘယ်လိုတွေ ကောင်းကျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သမီးလေးဘယ်လောက်လိမ္မာမလဲဆိုတာ သိပြီးသားဖြစ်နေရင်တော့ သိပ်မအံဩရပေမဲ့ ဇာတ်လမ်းနဲ့ အတိုက်အခိုက်အသတ်အဖြတ်လေးတွေကြမ်းတာမို့ သမီးလိမ္မာလေးရဲ့ ရာဇဝင်ကို ကြည့်ကောင်းကောင်းနဲ့ ကြည့်ရဦးမှာပါပဲ။ File size… (1.9 GB)/(1.7 GB)/(560MB) / (300 MB) Quality….Webrip 4K HEVC/1080p / 720p / 480p Format…mkv/mp4 Duration….01:39:00 Genre...Drama,Crime, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • War
6.7 2022 99 mins
Orphan: First Kill
I Still Know What You Did Last Summer
5.3

1997 ခုနှစ်ကထွက်ရှိခဲ့တဲ့ I Know What You Did Last Summer ဆိုတဲ့ ဆယ်ကျော်သက် horror, thriller ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ။ သူငယ်ချင်းတွေကိုသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားကို မတော်တဆသတ်မိခဲ့တဲ့ ကောလိပ်ကျောင်းသူဂျူလီဟာ တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေမက်ပြီး အရာရာကိုထိတ်လန့်နေဆဲပါ။ တစ်နေ့မှာ ဂျူလီရဲ့အခင်ဆုံးသူငယ်ချင်း အခန်းဖော် ကာလာမှာ ရေဒီယိုအစီအစဉ်တစ်ခုကနေပြီး ဘဟားမားကိုအပန်းဖြေခရီးလက်မှတ်လေးစောင်ရတဲ့အခါ ဂျူလီ၊ ကာလာရဲ့ရည်းစား တိုင်လာ နဲ့ ဂျူလီကိုတစ်ဖက်သတ်ကြွေနေတဲ့ သူငယ်ချင်းဝယ်လ်တို့ဟာ ကာလာကောင်းမှုနဲ့ ဘဟားမားကို ဂျူလိုင်လေးပိတ်ရက်အတွက် အလည်အပတ်သွားကြပါတော့တယ်။ ဒါပေမယ့် ကျွန်းပေါ်ရောက်တဲ့အခါ ဂျူလီတစ်ယောက် မူမမှန်တာတွေကို စသတိထားမိလာပြီး ခြိမ်းခြောက်စာတွေရလာတဲ့အခါမှာတော့ သူသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမား ဘန် ဝဲလေ့စ်ဟာ မသေသေးတာကိုသိလိုက်ရပါတော့တယ်။ မုန်တိုင်းကြောင့် လှေအသွားအလာမရှိတဲ့ ကျွန်းပေါ်မှာ လူသတ်သမားလက်ကနေ သူတို့လေးယောက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ကြည့်လိုက်ကြရအောင်။ File size…(1.63GB)  / (837MB) / (483MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:40:00 Genre...Horror / majesty / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Romance
5.3 1998 100 mins
I Still Know What You Did Last Summer
Thor: God of Thunder
4.8

ဟုတ်ကဲ့ မမှားပါဘူး။ မာဗယ်ရဲ့အချစ်တော် နာမည်ကျော် ဆရာသောရ်ရဲ့ အသစ်စက်စက်ရုပ်ရှင်ပါ။ ထုံးစံအတိုင်း သောရ်နဲ့ ဆရာလိုကီတို့ရဲ့ အပြိုင်ဇာတ်ပါပဲ။ ဇာတ်လမ်းစစဖွင့်မှာတော့ လိုကီဟာ အကျဉ်းစံနေရပါတယ်။ ခဏအကြာမှာတော့ ထမင်းလာကျွေးတဲ့ကောင်ကို မလှိမ့်တပတ်လုပ်ပြီး လွတ်သွားပါတယ်။ God of Mischief ကြီး လိုကီကို ဂျက်စပဲရိုးကို လှောင်သလို သံတိုင်နောက်လှောင်ထားတာကိုး။ မလွတ်တာကမှ ဆန်းနေမှာပါ။ လိုကီဟာ လွတ်ပြီးပြီးချင်းပဲ အိုဒင်ကိုသွားသတ်ပြီး Ragnarök ကို အစပျိုးဖို့ ကြံပါတယ်။ သူ့သားတွေထဲက တစ်ကောင်ဖြစ်တဲ့ ဧရာမဝံပုလွေကြီးကို အကျဉ်းချထားတာကို လွှတ်ပေးရမှာပါ။ အဲဒီဝံပုလွေကြီးလွတ်သွားရင် အိုဒင်ကို စားပြီး လောကကိုးပါးသစ်ပင်ကို စားပြီး လောကကိုးပါးလုံးကို ဖျက်ဆီးပစ်မှာပါ။ ပြဿနာကတော့ အိုဒင်ကြီးဟာ မျက်စိတစ်ဖက်ကန်းနေပေမဲ့ စောင်ထာကျနေတဲ့ ကြေးစားလူမိုက်ရုပ်ကြီးထွက်နေပါတယ်။ အိုဒင်အသက်ငင်နေတဲ့ အချိန်မှာပဲ အတ်ဂတ်စ်ကိုပစ်ပြီး ဘယ်တွေအလည်လွန်နေမှန်းမသိတဲ့ ဆရာသောရ် ပြန်လာပါပြီ။ မီးခိုးငွေ့တွေ မြင်ရပါတယ်။ တူကိုင်ထားတဲ့လက်ကြီး မြင်ရပါတယ်။ သောကြီးကြမ်းပါတော့မယ်။ ဟာ ရုပ်မြင်ရပါပြီ။ မုတ်ဆိတ်‌မွေးပဲရှိတဲ့ ထိပ်ပြောင်ကတုံးကြီးပါ။ ရှေးသရုပ်ဖော်ပုံတွေမှာတောင် အဘိုးကြီးဖြစ်တဲ့အထိ ဆံရှည်ခဲ့တဲ့သောရ်ဟာ ခုတော့ ထိပ်ပြောင်ကြီးဖြစ်နေပါပြီ။ ထိပ်ပြောင်ကြီးဟာ တူကြီး ယမ်းပါတယ်။ ယမ်းတာ အထာကျပါတယ်။ မီးခိုးငွေ့တွေကြား ယမ်းရင်း အိမ်ပြန်ရောက်တဲ့ ကလေးလေးလို အပြေးလေးလာပါတယ်။ ထိပ်ကြီးကတော့ ပြောင်နေပါတယ်။ သေခါနီးအိုဒင်ဟာ စောင်စကားတွေများပြီး လိုကီကိုတားဖို့မှာပါတယ်။ ဒီတော့ ဝံပုလွေကြီးကို ချုပ်ထားတဲ့ မစ်ဂတ်ခေါ် ကမ္ဘာကို နှစ်ကောင်သား ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကို နှစ်ထောင်ပေါင်းများစွာ ဘယ်သူမှမတွေ့ခဲ့တဲ့ ဝံပုလွေကြီးကို ချုပ်ထားတဲ့နေရာကို ကမ္ဘာပေါ်ကလူတွေက ဒီအချိန်မှာမှ စတွေ့ပါတယ်။ ရှေးသုသမားပီသကြပါတယ်။ ဗိုက်ကင်းသင်္ချိုင်းလိုလို ဘာလိုလို ပေါက်ကရတွေမျိုးစုံ လျှောက်မှန်းပါတယ်။ တကယ်က ထောင်ကြီးပါ။ ရှေးသုသမားတွေကို မယုံကြပါနဲ့။ အစွမ်းအပြည့်နဲ့ လိုကီဟာ အဲဒီရှေးသုဆိုက်ထဲကို ခွင့်တောင်းပြီးမှဝင်ပါတယ်။ သူ့ရှေ့မှာတင် ရုပ်ပြောင်းသွားတာကိုလည်း ဆရာသမားအစောင့်က သံသယမဝင်ပါဘူး။ ဒါမျိုး အင်းနားလော့ဂျစ်မျိုး ကွီးနေထူးနိုင်ကလွဲ ကမ္ဘာမှာ ဘယ်သူမှ မလုပ်နိုင်သေးတာကို ဒီကားမှာ လုပ်ပြသွားပါတယ်။ ကြုံတောင့်ကြုံခဲရုပ်ရှင်ပါပဲ။ အတိုချုန်း ပြောရရင်တော့ လိုကီက ဝံပုလွေကို လွှတ်ပေး၊ လောကကိုးပါးကို ဖျက်ဖို့ပြင်၊ ကမ္ဘာကစပျက်၊ သောရ်က ရောက်လာ၊ ထုံးစံအတိုင်း လူတွေနဲ့ပေါင်းပြီး ကမ္ဘာကို ကယ်ဖို့လုပ် ဒါတွေပါပဲ။ ထူးတာကတော့ ဒီရုပ်ရှင်မှာ Mjölnir ကို worthy ဖြစ်တဲ့သူ နောက်တစ်ယောက်ပေါ်လာတာပါပဲ။ မာဗယ်ဖန်တွေမကြည့်မဖြစ်ကြည့်သင့်ပါတယ်။ မာဗယ်ကားလောက်နီးနီးကောင်းသလို Mjölnir ကို worthy ဖြစ်တဲ့လူ နောက်တစ်ယောက်ရှိ‌ကြောင်း ပြောကြတဲ့အခါကျ ပါးစပ်အဟောင်းသားမဖြစ်နေဖို့ ကြည့်သင့်ပါတယ်။ သောရ်ထိပ်ပြောင်နဲ့ တော်တော်ဂကြောင်ကျတဲ့ သောရ် ပေါကားဆိုပေမဲ့လည်း ဒတ်နေရာကနေ ထပေါသွားတဲ့ သောရ်ကား၂ကားကို ရင်းနှီးပြီးသားသူတွေအဖို့တော့ သောရ်ပေါတာမဆန်းတော့ပါဘူး။ နောက်ဆုံးကားမှာဆို ဇာတ်တိုက်ကိုပေါပြတာပါ။ မကြည့်ရသေးတဲ့ လူတွေကြည့်ကြစေချင်ပါတယ်။ တိုက်ဂါးဟာ နာမည်ကျော် ဒါရိုက်တာ ပီသစွာပဲ မာဗယ်အဆန်ဆုံး မာဗယ်ကားစစ်စစ်ကို မွေးထုတ်ပေးလိုက်တာပါပဲ။ ဒီကားကလည်း သူနဲ့တစ်နှစ်တည်းထွက်တဲ့ ကားနဲ့အပြိုင်ပေါပါတယ်။ သို့ပေမဲ့ ကြည့်ကြစေချင်ပါတယ်။ တမင်ပေါတာနဲ့ ရုပ်တည်နဲ့ပေါတာလေးပဲ ကွာတာပါ။ တစ်နှစ်ထက်တစ်နှစ် ပေါပြီးရင်း ပေါလာတဲ့ သောရ်ပေါကြီးရဲ့ သောရ်ပေါကားအသစ်ကို ကြည့်ရင်း စိတ်အပန်းဖြေနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ ဟုတ်ကဲ့ ဒီလောက်ပါပဲ။ ကျွန်တော် လူစီဖာပါ။ Size - 1.64GB, 790MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

4.8 2022 90 mins
Thor: God of Thunder
Trial Period
6

Trial Period(2023) ------------------ IMDb-7.2/10 အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။ အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry

Drama • Fantasy
6 2023 125 mins
Trial Period
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Aneethi
7.1

Aneethi (2023) IMDb – 7.4/10 The Times Of India – 3.5/5 “မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်… အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး..” တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။ တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ နဂိုစိတ်ရောဂါအခံနဲ့မင်းသားတစ်ယောက် ပိုပဲဆိုးသွားမလား… ဘာတွေဆက်ဖြစ်မလဲဆိုတာကို Romance, Thriller,Crime ရောစပ်ပြီး အချိတ်အဆက်မိမိရိုက်ကူးထားတဲ့ကားလေးမို့ CM BOLLYWOOD TEAM မှ ဘာသာပြန်တင်ဆင်ပေးလိုက်ရပါတယ်ရှင့်။ အညွှန်းကိုတော့ Aditi ရေးသားပြီး CM BOLLYWOOD TEAM မှ Aditi ~ ToMo ~ Zwe ~ Alex ~ BpL ~ V တို့ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။

7.1 2023 143 mins
Aneethi
68 Kill
6

68 Kill (2017) IMDb-6/10 Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။ 68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့ သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီး ချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီး သွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီး လိုက်သတ်တဲ့အခါမှာတော့…။ အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)

Action • Thriller • Comedy • Drama • Crime
6 2017 92 mins
68 Kill
The Invisible Guest
6.1

ဒီတစ်ခါမှာ CM ပရိသတ်တွေကို တရုတ်ပြည်မှာနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ The Invisible Guest ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကြီးအဆောက်အဦးဒီဇိုင်းပညာရှင်မင်ဟောက်က မြန်စွေရဲ့ ဟိုတယ်တစ်ခုမှာအသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်နေရာမှာပဲ အိမ်ခြံမြေလောကရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်တဲ့ ရှားလုပ်ငန်းစုရဲ့ချွေးမဖြစ်သူ ချောင်ဝန်နာ့ကိုသံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ ချောင်ဝန်နာ့ကတချိန်လုံးသူ မသတ်ခဲ့ကြောင်းငြင်းဆန်ရင်း တနေ့မှာ ကျန့်ဝေ့ဆိုတဲ့ရဲအရာရှိတစ်ယောက်ကသူ့ကိုကူဖို့ အကြောင်းဖန်လာခဲ့တယ်။ အကြောင်းရင်းကတော့ ရဲအရာရှိကျန့်က ချောင်ဝန်နာ့လူသတ်ခဲ့တယ်ဆိုတာသံသယဝင်နေတာကြောင့်ပဲပေါ့။ ကဲဒီတော့ မင်ဟောက်ကိုသတ်တာကဘယ်သူများလဲ။ ဒီအမှုကကောဘယ်လိုတွေ ပတ်သက်နေတာလဲ။ ဘယ်သူတွေပတ်သက်နေတာလဲ။ ဘာကြောင့်လဲစတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းရာတွေအတွက် ဒီဇာတ်ကားလေးကိုအတူတူကြည့်ရူလိုက်ရအောင်

6.1 2024
The Invisible Guest
Operation Valentine
5.5

Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာ IMDb-5.5/10 Rotten tomatoes/71% ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ် Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ် အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ် အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.5 2024 132 mins
Operation Valentine
Suze

The American Society of Magical Negroes, Tiny Beautiful Things, You Hurt My Feelings, Robot Chicken, Family Guyတို့လို လူကြိုက်များတဲ့ ရုပ်ရှင်စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Michaela Watkinsနဲ့ Julie and the Phantoms,Speed Kills, Runt, Love You Anyway, The Rest of Usတို့ရဲ သရုပ်ဆောင်ဖြစ်တဲ့ Charlie Gillespieတို့ ၂ယောက်သား chemistry မိမိ သရုပ်ဆောင်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ IMDb 6.7 ရရှိထားပြီး Audience Score ကလည်း 91%ထိ ရရှိထားပါတယ်။ ဆုလည်း ၂ခု ဆုခူးထားအပြင် nominations ၂ခုလည်း ဝင်တဲ့အထိ အောင်မြင်ခဲ့တဲ့ comedy အမျိုးစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဆူဆန်ဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖောက်ပြန်သွားပြီးနောက်မှာ ဘရွတ်လာဆန်လို့ခေါ်တဲ့ သမီးလေးကို ကိုယ်တိုင်စောင့်ရှောက်ပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ ဆူဆန်ရဲ့ဘဝကြီးထဲမှာ သမီးလေး ဘရွတ် တစ်ယောက်တည်းကိုပဲ ဦးစားပေးလာခဲ့တာပါ။ ဂေ့ခ်ျကတော့ ဘရွတ်ရဲ့ရည်းစားပါ။ ဒီလိုနဲ့ ဘရွတ်က အထက်တန်းအောင်ပြီး သူရဲ့ အမေရော ဂေ့ခ်ျရောကိုပါ ထားခဲ့ပြီး တက္ကသိုလ်တက်ဖို့ဖြစ်လာပါတော့တယ်။ ဂေ့ခ်ျကတော့ အထက်တန်းကို ကျကျန်ခဲ့ပါတယ်။ ဘရွတ် တစ်ယောက် တက္ကသိုလ် သွားတက်တော့ ဂေ့ခ်ျ တစ်ယောက်ကို ဖြတ်ပါတော့တယ်။ ဒီလိုနဲ့ စော်ပစ်ခံလိုက်ရတဲ့ ဂေ့ခ်ျ တစ်ယောက်က သတ်သေမယ် ဘာညာတွေဖြစ်လာလို့ ဆူဆန်က ဂေ့ခ်ျအဖေ မရှိခိုက်မှာ စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ ဆူဆန်နဲ့ ဂေ့ခ်ျတို့ ၂ယောက် ထားခံခဲ့ရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဘယ်လိုပြဿနာတွေတက်မလဲ၊ ထားခံခဲ့ရတဲ့ ၂ယောက်သား ဘယ်လိုဖေးမကြမလဲ၊ ၂ယောက်သား ဘယ်လိုတွေ ပြဿနာတက်ပြီး ဘယ်လိုတွေ အတူတူဖြေရှင်းကြမလဲဆိုတာကို ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ထားခံခဲ့ရတဲ့လူတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားနေရတဲ့လူတွေ၊ အထီးကျန်နေတဲ့ လူတွေ ကြည့်မယ်ဆိုရင် အရမ်းကိုက်ညီတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ ဆွေးမြေ့ရမယ့် ဇာတ်လမ်းမျိုး မဟုတ်တော့ အားတက်ချင်တဲ့လူတွေ ကြည့်ရှု့ဖို့ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်လည်း ဒီအတိုင်း အပျော်ကြည့်မယ်ဆိုရင်လည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ပျော်တဲ့ရုပ်ရှင်လေးပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.2 GB)/(643 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Suze
Semmelweis
7

Semmelweis (2023) ကျွန်တော်တို့ ဆေးပညာသမိုင်းစာမျက်နှာကို လှန်ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်က သမားတော်တွေ ဆရာဝန်တွေဆိုတာ လူနာကိုအလယ်မှာထားလို့ ရောဂါပိုးတွေရော ရောဂါအမျိုးမျိုးနဲ့ပါ လွန်ဆွဲတိုက်ခိုက်နေကြရတာပါ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ကုသနည်းတွေနဲ့အတူ ရောဂါဆန်းတွေလည်း တစ်ခုပြီးတစ်ခုမြင်နေရတယ်ဆိုပေမဲ့ အသစ်အသစ်ရှာတွေ့လာတဲ့ကုသမှုတိုင်းရဲ့နောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့အသက်တွေနဲ့ အားစိုက်ခဲ့ရတဲ့ ဆရာဝန်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မမေ့လိုက်သင့်ပါဘူး။ အခုဒီနေ့မှာ တင်ဆက်ပေးချင်တာတော့ တစ်ချိန်က မိခင်တွေရဲ့ကယ်တင်ရှင် Miracle Worker ရယ်လို့ တင်စားခဲ့ကြတဲ့ ဒေါက်တာအစ်ဂ်နက်ဆမ်မယ်ဝိုက်စ်ရဲ့Biography Dramaလေးပဲဖြစ်ပါတယ်။ ဗီအန်နာမြို့ရဲ့ အကောင်းဆုံးဆေးခန်းမှာအလုပ်လုပ်ဖို့က အဲဒီခေတ်အဲဒီအချိန်က ဗီအန်နာမြို့က ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးရဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီဆေးခန်းက မီးဖွားမယ့်မိခင်တွေအတွက်တော့ သေမင်းဆေးရုံကြီးလို့ ခေါ်ရတဲ့အထိ အဝင်ပဲရှိ ထွက်လမ်းမရှိလို့ သမုတ်ရတဲ့အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သေမင်းတံခါးဝပေါ့။ ဒီဆေးရုံမှာမွေးမယ့်အစား လမ်းဘေးမှာပဲမွေးပစ်လိုက်ရရင်တောင် ကောင်းသေးတယ်ဆိုတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ ‌ဒီလိုနဲ့ သေမင်းဆေးရုံကြီးကို သားဖွားဆရာမကောလိပ်က သားဖွားဆရာမ သူနာပြုတစ်ယောက် အလုပ်လာလျှောက်ရာကနေ ဒေါက်တာဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေတဖြုတ်ဖြုတ်သေနေတာ သူတို့ဆေးခန်းတစ်ခုတည်းမှာဖြစ်နေတယ်ဆိုတာ ဒီကပ်ဆိုက်နေတယ်ဆိုတာ ဒီဆေးခန်းမှာပဲ ထိန်းမရသိမ်းမရဖြစ်နေတာကို သိသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးအလုပ်လာဆင်းတဲ့ သားဖွားဆရာမကောလိပ်က သူနာပြုက မီးဖွားထားတဲ့မိခင်တွေ အဖျားတက်ပြီး သူ့ရှေ့တင်ဆုံးသွားတာကို မျက်မြင် မြင်လိုက်ရပြီး ဒီလိုမျိုးမကြုံဖူးဘူးလို့ ပြောလိုက်လို့ပါပဲ။ ကပ်ဆိုက်တယ်လို့ခေါ်ရအောင်လည်း ဒီဆေးခန်းမှာပဲဖြစ်နေတာမလို့ အကြောင်းအရင်းက ဆေးခန်းမှာပဲရှိရမယ်ဆိုပြီး ဆမ်မယ်ဝိုက်စ်တစ်ယောက် အကြီးအကျယ် သုတေသနလုပ်ဖို့ ကြံစည်ပါတော့တယ်။ နဂိုထဲက အနှိမ်ခံဟန်ဂေရီလူမျိုးဖြစ်တာကတစ်ကြောင်း လူကတော်ပေမဲ့ လူမှုဆက်ဆံရေးကမကောင်း စည်းကမ်းဆိုလည်းမလိုက်နာတတ်လို့ အထက်‌လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကပါ မနာလိုတိုက်ခိုက်မှု‌တွေကြားက ဆမ်မယ်ဝိုက်စ်တစ်ယောက် မိခင်တွေရဲ့အသက်ကို ရက်ရက်စက်စက် နှုတ်ယူသွားတဲ့ တရားခံကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, History Quality…. 1080p | 720p File size… 1.5GB | 800MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7 2023
Semmelweis
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
Men Are From QC, Women Are From Alabang
7.6

Men Are From QC, Women Are From Alabang (2023) ==================================== IMDb Rating – 7.6/10 Long Distance Relationship ဇာတ်ကားတွေကြည့်ဖို့ ရှာနေကြတယ်ဆိုရင်တော့ ဒီကားက သင့်အတွက် တကယ်ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါ QC ကကောင်လေးနဲ့ Alabangက ကောင်မလေး တို့က ကောလိပ်ကတည်းက အတူရှိခဲ့ကြပြီး အနေ‌ေ၀းတာတွေနဲ့ အခြားပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြတယ် ဒါပေမယ့် အခု သူတို့ လုပ်ငန်းခွင် လက်တွေ့ဘ၀မှာ စတင်လုပ်ဆောင်နေပြီ ဖြစ်တဲ့ အတွက် လောကကြီးရဲ့ တကယ့် အခြေအနေအရှုပ်အထွေးတွေက သူတို့ကို ‌ေ၀းကွာအောင် တွန်းပို့လာတဲ့အချိန်မှာတော့… သူတို့နှစ်ယောက် ဘယ်လိုတွေဆက်လုပ် မလဲဆိုတာကို ကြည့်ရှု့လိုက်ကြရအောင်နော် File size_(1.3GB)/(740MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Action • Comedy • Crime
7.6 2023 109 mins
Men Are From QC, Women Are From Alabang
Daruma
6.7

Daruma (2024) IMDb Rating (6.7) / Rotten Tomatoes (100%) အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားပါ။ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ Patrick ဆိုတဲ့ အလုပ်လက်မဲ့လူတစ်ယောက်ဟာ သူ့မှာ Camilla လေးနှစ်အရွယ်သမီးတစ်ယောက်ရှိကြောင်းကို ကလေးသူငယ်စောင့်ရှောက်ရေးဌာနက အိမ်ရှေ့ရောက်လာမှသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးကို နိုင်ငံတစ်ဖက်မှာ‌နေတဲ့ အဘိုးအဘွားတွေဆီပို့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရန်ဖြစ်နေကျ အိမ်နီးချင်း စစ်ပြန် Robert ဆိုသူကိုအကူအညီတောင်းပြီး Camilla လေးကို ပို့ဖို့ထွက်ခွာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက်ဘာတွေဆက်ဖြစ်မှာလဲ..? Daruma အရုပ်လေးရဲ့ အဓိပ္ပာယ်ကဘာများဖြစ်မလဲ..? လူ့ဘဝမှာ လဲကျပြန်ထနိုင်စွမ်းရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့က အရေးကြီးကြောင်း အစရှိတာတွေကို ဒီ drama ထဲမှာခံစားနိုင်ပါတယ်။ ရင်ထဲလည်းထိရှစေနိုင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ဒရာမာရုပ်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.8 GB) / (800 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:52 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Comedy • Romance
6.7 2024 104 mins
Daruma