YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lie After Lie (2020) (Ep2).mp4

525.69 MB N/A video/mp4 568 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Making Wolf's Path

Independent Film ဆန်ဆန် အမေရိကန်မှာထုတ်တဲ့ အီတလီစကားပြော ရုပ်ရှင်လေးပါ။ ရုပ်ရှင်ပွဲတော် တစ်ချို့မှာလည်း ဆုရထားပါတယ်။ အင်ဒီဖလင်လိုဖြစ်နေတယ်ဆိုတော့ ကြည့်ရတာတော့ ပဒေသာမဖြစ်ပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး အချိုးအကွေ့တွေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူ့နာမည်နဲ့ဆက်စပ်ပြီး ခေါင်းစွပ်နီမလေးနဲ့ မြေခွေးပုံပြင်ကို ထည့်သုံးသွားတာလေးလည်း မဆိုးပါဘူး။ စစချင်း သူက ကလေးတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုအတွက် မှားယွင်းစွပ်စွဲခံရတဲ့သူနဲ့ အဲဒီအမှုကိုကိုင်ခဲ့တဲ့ရဲအကြောင်း ဒိုကူမန်ထရီရိုက်ပြတဲ့ ရုပ်ရှင်သက်သက်လိုမျိုး ခံစားရအောင်ပြတယ်။ တဖြည်းဖြည်းနဲ့ ဇာတ်ကရုပ်လုံးပေါ်လာပြီးတဲ့နောက် ဒိုကူလိုလို တကယ့်အဖြစ်လိုလို အခန်းဖြတ်လေးတွေထည့်၊ ပြီးမှ ၂ခုကိုပေါင်းပြီး ဟာခနဲဖြစ်အောင်လုပ်သွားတဲ့ ဇာတ်ကြောင်းပြောပုံလေးနဲ့ ဇာတ်လမ်းလေးက တော်တော်တော့မဆိုးပါဘူး။ စုံထောက်ကားလိုလို အငွေ့အသက်လည်းရပါတယ်။ ကြည့်ပျော်တဲ့ အင်ဒီကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 19Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
0 2022
Making Wolf's Path
Gabdunri: The Vanishing Town
4

Horror တွေကိုမှ ကြိုက်တတ်ကြတဲ့သူတွေအတွက် ကိုရီးယားရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပါဦးမယ်နော် သရဲတွေ၊ ထူးခြားဆန်းပြားတဲ့အရာတွေကို မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အဖွဲ့ဟာ ဂတ်ဒွန်းရီဆိုတဲ့ အဆောက်အဦးပျက်ကို သွားပြီးမှတ်တမ်းယူရင်း လွန်ခဲ့တဲ့ ၁၇ နှစ်က ပျောက်သွားတဲ့ ဆောင်းဟျော့ရဲ့ ညီမဖြစ်သူရဲ့အလောင်းကို သွားရှာကြပါတယ် ညီမပျောက်လို့ စိတ်လွတ်နေတဲ့ ဆောင်းဟျော့ကိုပါ လမ်းပြအဖြစ် မဖြစ်မနေခေါ်သွားရသလို သွားရတဲ့နေရာလည်း အချိန်တွေကြာသွားတော့ လူမသိသူမသိဖြစ်တဲ့နေရာဆိုတော့ အရမ်းကိုစွန့်စားသွားရပြန်ရော အဲလိုနဲ့ အဲဒီဂတ်ဒွန်းရီဆိုတဲ့ အဆောက်အဦးပျက်ထဲမှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲ၊ မှတ်တမ်းအဖွဲ့ဝင် ၅ ယောက်ကရော အဲဒီကနေ ဘယ်လိုထွက်လာနိုင်မလဲ မှတ်တမ်းရိုက်ကူးသလိုပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပြီးတော့ ဘာသာပြန်သူအနေနဲ့တော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Wi Ha Joon ရဲ့ Gonjiam: Haunted Asylum လိုမျိုး Vibe ပြန်ရလို့ ခပ်အေးအေးနဲ့ စိမ့်စိမ့်လေး ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်လို့ ညွှန်းချင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre...Horror Quality…. 1080p | 720p | 480p File size… 1.78GB | 684MB | 317MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Drama • Romance
4 2021
Gabdunri: The Vanishing Town
God Is a Bullet
6.4

God Is a Bullet (2023) ဖြစ်ရပ်မှန်တွေကို အခြေခံထားပြီး Teran Boston ရဲ့ အရောင်းရဆုံးဝတ္ထုဖြစ်ခဲ့တဲ့ "God Is a Bullet" ကို ရုပ်ရှင်အနေနဲ့အသက်သွင်းထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ဘော့ဘ်က သူ့မိန်းမဖြစ်သူနဲ့ ကွာရှင်းထားပြီး သမီးဖြစ်တဲ့ဂါဘီနဲ့ ခွဲနေနေရတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့အိမ်ကို စေတန်ဂိုဏ်းတစ်ခုက‌ ဝင်စီးပြီး မိန်းမနဲ့ သူ့ရဲ့နောက်ယောက်ျားကို ဘဝပြောင်းပေးသွားတဲ့အပြင် သမီးဖြစ်တဲ့ဂါဘီကိုပါ ပြန်ပေးဆွဲသွားပါတယ်။ ဘယ်ကဘယ်လို စလိုက်လို့လိုက်ရမှန်းမသိတဲ့အချိန်မှာ ‌‌တစ်ချိန်က စေတန်ဂိုဏ်းဝင်ဖြစ်ခဲ့ပြီး ‌ထွက်ပြေးလာခဲ့တဲ့ ကေ့စ်က စေတန်ဂိုဏ်းလက်ချက်ဆိုတာကို သိပြီး ဘော့ဘ်ကိုကူညီဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ပေါင်းပြီး စေတန်ဂိုဏ်းကိုခြေရာခံရင်း ဂါဘီကို ကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ ဇာတ်လမ်းက ဒီအပေါ်ကိုအခြေခံထားပေမဲ့ စေတန်ဂိုဏ်းနဲ့မတွေ့ခင်ကြားထဲတင် ပေအတော်ရှည်တယ်ပြောရမယ်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားစရာကောင်းအောင် တဖြည်းဖြည်းတည်ဆောက်သွားပြီးမှ လူဆိုးကြီးနဲ့ပေးတွေ့တာမျိုးပေါ့။ ဘော့ဘ်က အမြဲတမ်းစားပွဲခုံထိုင်တဲ့ လူရိုးလူအေးကြီးဖြစ်ခဲ့ပေမဲ့ သမီးဇောနဲ့ တက်တူးတွေထိုး ဂန်းတွေပါကိုင်ပြီး စေတန်ဂိုဏ်းသားတွေကို အမဲလိုက်တဲ့ မုဆိုးအဖြစ်အသွင်ပြောင်းသွားတယ်။ ဇာတ်ကောင်တစ်ကောင်ကို လူပုံစံပါကွဲသွားလောက်တဲ့ထိ အချိုးအကွေ့ကြီးတစ်ခုနဲ့ ‌တိုက်မိစေလိုက်တာပါပဲ။ ကေ့စ်နေရာက Maika Monroe ကလည်း ဆေးဖြတ်ခါစ စိတ်ကျန်းမာရေးသိပ်မကောင်းတဲ့ ကောင်မလေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်ပါတယ်။ Nicolaj Coster- Waldau ကလည်း GOT တုန်းက Jaime Lannister ဇာတ်ရုပ်နဲ့ ကွဲထွက်တဲ့ ဇာတ်ကောင်မျိုးနေရာကနေ Facial Expression ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ Jamie Foxx ကတော့ Jamie Foxx အထာနဲ့ပဲ ပါဝင်လာပါတယ်။ Cast တွေကိုတော့ အပြစ်ရှာစရာသိပ်မရှိပေမဲ့ ဇာတ်လမ်းက အစမှာအေးပြီး ရုတ်တရက်ထပူသလို အပူအအေး သိပ်မမျှဘူးလို့ ပြောနိုင်ပါတယ်။ စေတန်ဂိုဏ်းဘက်ကို ပိုပိုသာသာလေး ဇွတ်လူမိုက်လုပ်ခိုင်းထားပြီး ကြမ်းပြခိုင်းတာကတော့ သိပ်အားမရစရာအချက်ပါ။ ပစ်တာခတ်တာတွေ နဲ့ အက်ရှင်ခန်းတွေပီပြင်တာကတော့ ဒီရုပ်ရှင်ရဲ့ကောင်းကွက်တစ်ခုထဲအပါအဝင်ဖြစ်ပါတယ်။‌ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင်တော့ ဇာတ်ဝင်သီချင်းတွေကို သေချာလေး နားထောင် ခံစားကြည့်ပါလို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 620MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 2H 36Min Genre - Action, Crime, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
6.4 2023 155 mins
God Is a Bullet
Sing Street
7.9

ဒီနေ့တော့ rating အမြင့် အိုင်းရစ် Musical Comedy ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးကို 2016 january 24 မှာ Sun dance film festival မှာပြသခဲ့ပြီး March 17 မှာ ရုပ်ရှင်ရုံတွေမှာပြသခဲ့ပါတယ်။ ဇာတ်ကားအညွှန်း အရ တောင်ပိုင်း ဒဗ်ဘလင် မြို့မှာနေထိုင်ကြတဲ့ လေလာ မိသားစုထဲက ပက်ထရစ် ဟာ မိသားစုပြသနာတွေကြောင့် သူ့အနုပညာအလုပ်တွေထက် အရက် နဲ့ ဆေးလိပ်ဖက် ပို အားသန်ခဲ့ပြီး အကုန်အကျ များလာတာကြောင့် သူဟာ သူ့သားအငယ်ဆုံး ကော်နာ ကို ကျောင်းထုတ်ပြီး ဆန်ဂီကျောင်း ကိုပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက် ကော်နာ တစ်ယောက် ကျောင်းမှာ ဘယ်လိုတွေ ဗရုတ်သုတ်ခ ကျပြီး နောက်ဆုံးဘာတွေဖြစ်လာမလဲဆိုတာ ကို အလန်းစား 80's Rock Music တွေ နဲ့ ကြည့်ရမှာမို့ အမြန်ဆုံးသာ ဒေါင်းလုတ်ဆွဲ ကြည့်လိုက်ကြပါတော့ဗျာ (ဇာတ်လမ်းအညွန်းကို Moe Oo Mann မှရေးပေးထားတာဖြစ်ပါတယ်) File size…(830MB) Quality…720p Bluray Format…mp4 Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw

Action • Drama • History • War
7.9 2016 106 mins
Sing Street
Dope
7.2

မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့ လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက် စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး တ‌ယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့ သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက် ဖို့အစီအစဉ်က ဒီမူးယစ်‌ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့ အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။ အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့ အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့် ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.2 2015 103 mins
Dope
Perfect Sense
7

Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင် File size…(1.6 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Science Fiction, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

7 2011
Perfect Sense
Spy Kids: Armageddon

Spy Kids: Armageddon (2023) 5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။ 90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။ မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။ သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကို အိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။ အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ အဖေနဲ့အမေကိုပါ ဖမ်းထားနိုင်လိုက်ပါတယ်။ ဒီတော့မှ မိဘတွေ စပိုင်မှန်းသိရတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရဲ့ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Family Quality…. 1080p | 720p File size… 1.9GB | 911MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

0 2023 94 mins
Spy Kids: Armageddon
Open Season: Scared Silly
5.2

စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့ ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။ ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ် ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။ ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့ သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။ သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။ အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။ ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့ ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့ ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။ အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင် ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။ အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ထုတ်ပြမယ့်အချိန်မှာ အကုန်လွဲကုန်တော့တာပါပဲ။ အဲဒီအလွဲအချော်ကနေမှ အားလုံးက သမန်းဝံပုလွေရှိတယ်လို့ တကယ်ယုံသွားကြတယ်။ အဲဒီထဲမှာ မုဆိုးကြီး ရှောလည်း အပါအဝင်ပါပဲ။ မုဆိုးကြီးရှောက သမန်းဝံပုလွေကို ဖမ်းမယ်ဆိုပြီး အမဲလိုက်ခွင့်ကို ပြန်ဖွင့်ခိုင်းပါတယ်။ နောက်ပိုင်းမှာတော့ ဝက်ဝံကြီးနဲ့သမင်ကတစ်ဖက် မုဆိုးကြီးကတစ်ဖက် မရှိတဲ့ သမန်းဝံပုလွေကို အပြိုင်လိုက်ဖမ်းကြမှာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဆိုတော့ သမန်းဝံပုလွေကြီးကို လိုက်ဖမ်းတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သမင်တို့ ဘာတွေကြုံတွေ့ရမလဲ၊ သမန်းဝံပုလွေအပြင် သူတို့ကိုပါ အပြတ်ရှင်းချင်နေတဲ့ မုဆိုးကြီးရှောကိုရော ဘယ်လိုကိုင်တွယ်မလဲ၊ သမင်လေး အယ်လီယော့ကရော ဘာတွေအလွဲလွဲအချော်ချော် လုပ်ဦးမလဲဆိုတာကိုတော့ ရုပ်ရှင်ချစ်သူတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size… 1.7 GB / 797 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.2 2015
Open Season: Scared Silly
Wishmaster
5.8

Genre – Fantasy, Horror မီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့ သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။ အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေး ဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းက ပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။ တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာ တမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီး ကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကို ဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။ နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက ၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့် ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကို မင်းသမီးက အသက်ဝင်လာအောင် နိုးထပေးလိုက်သလိုဖြစ်ပြီး ကမ္ဘာမြေပေါ် ပြန်ရောက်လာပြီး လူတွေကို ဆုတွေတောင်းခိုင်းလိုက် သတ်ဖြတ်လိုက်နဲ့ သောင်းကျန်းနေတဲ့အခါ မင်းသမီးတစ်ယောက် ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ပတ္တမြားအနီ သရဲကားဆိုပြီး အစ်ကိုတွေ ကြည့်နေတဲ့အချိန် လက်ဖဝါးလေးအုပ်ပြီး ခိုးကြည့်ခဲ့ဖူးပါတယ်။ ခိုးကြည့်ရဆို သူက သတ်တာဖြတ်တာတွေ သေတာတွေက သွေးသံတရဲရဲနဲ့ ရက်ရက်စက်စက် R Rated အဆင့် ရှိတာကိုး။ ဂျင်နတ်ဆိုးကြီးဆိုလည်း ခုမျက်စိနဲ့သာ မကြောက်တော့တာ ငယ်ငယ်ကတော့ သွေးပျက်ခဲ့ရတာပေါ့ဗျာ။ အဲဒါကြောင့် ကိုယ်တွေလိုမျိုး ငယ်ငယ်က ကြည့်ပြီး မှတ်မိနေတဲ့လူတွေလည်း အလွမ်းပြေ ပြန်ကြည့်နိုင်အောင် မကြည့်ဖူးသေးတဲ့လူတွေလည်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ Horror ကားကောင်းလေး ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ File size… 2.6 GB / 975 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Fantasy/ Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

5.8 1997 90 mins
Wishmaster
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Tiragabadara Saami
6.9

Tiragabadara Saami (2024) “တိုက်ခတ်လာသော မုန်တိုင်း” Genre – Action အသစ်စက်စက် ထွက်ရှိထားတဲ့ တေလဂူးစကားပြော အိန္ဒိယအချစ်အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဂီရီဆိုတာ ငယ်စဉ်ကတည်းက စိတ်အခံရှိတာကြောင့် သူများတွေလို ပုံမှန်အလုပ်မလုပ်ပဲ လူပျောက်တွေဆိုရင် လိုက်ရှာပေးပြီး မိသားစုတွေဆီ ပြန်အပ်တာ နားလည်အောင် ပြောပြပေးတာမျိုးလုပ်တဲ့ လူပျောက်ရှာတဲ့ ဆရာလေးတစ်ပါး။ ဒါပေမဲ့လည်း ဒီလိုမျိုးအလုပ် လုပ်တာကြောင့် မိသားစုဘဝလေးကို အားကျ စိတ်ကူးယဉ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းမရှာလို့မရဘူး ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အင်မတန်မှ လွတ်လပ်တဲ့စိတ်ထား ပွင့်လင်းမြင်သာတဲ့ သဘောထားနဲ့ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ နဖူးစာရွာလည်ပြီး ဆုံခဲ့ကြပါလေရော။ လင်မယားကြား တစ်ခုခုဆိုလည်း ရှေ့ကနေ သွက်သွက်လက်လက်နဲ့ ဦးဆောင်ပြီးတော့ ဖြေရှင်းနိုင်သူလေးပေါ့။ ဒါပေမဲ့ သိတဲ့အတိုင်း အပျော်တွေဆိုတာ ကြာရှည်မခံတတ်တဲ့အမျိုး ဖြစ်လေတော့ ဂီရီရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ သူတို့လင်မယားကြားကို ကံဆိုးမိုးမှောင်ကျမှုကြီး ဖြစ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ဆက်ကြည့်ရမှာ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Family
6.9 2024 115 mins
Tiragabadara Saami
The Infernal Walker
5.3

ဒီဇာတ်ကားလေးက တော့ဘိန်းဖြန့်ချီရေးအဖွဲ့စည်းတွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ သူလျှိုတွေနဲ့ အရောင်းအဝယ်လမ်းကြောင်းကို သတင်းပေးပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့… ဒီကားရဲ့ ထူးခြားချက်ကတော့ အပြန်အလှန် သူလျှိုတွေရှိနေတာပါပဲ… ဖူဟဲလုပ်ငန်းနဲ့ တုန်းလီလုပ်ငန်းစုတို့ ဘိန်းဈေးကွက်ကို ကြိုးကိုင်နေတဲ့ အင်အားကြီးလုပ်ငန်း ၂ ခုပေါ့ ဒီ ၂ ဖွဲ့ကို ဖမ်းဖို့ကြိုးစားနေတဲ့ ဟောင်ကောင်ရဲအဖွဲ့က ဖူဟဲလုပ်ငန်းစုမှာ သူလျှိုထားထားပြီး လမ်းကြောင်းတွေ စုံစမ်းနေခဲ့တယ်… ဒါက TVB ရဲကားတိုင်းနီးပါးမှာ ပါနေကြအကွက်ပေါ့… ဒါပေမယ့် တုန်းလီလုပ်ငန်းစုက စုန့်လူကြီးမင်း မွေးထားတဲ့ သူလျှို ကစားသွားတဲ့အကွက်လေးတွေကတော့ အ တော်လေးလန်းတယ်လို့ပြောရပါမယ် ဘာတွေဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး

Action • Thriller
5.3 2020 91 mins
The Infernal Walker
Halabala

ဟာလာဘလာ တောနက်ကြီးရဲ့မာယာကျော့ကွင်း ============================== ATM မင်းသားလို့ နာမည်ကြီးတဲ့ တို့များ မမဒါဝိရဲ့ ခင်ပွန်းလောင်းလေးနဲ့ မင်းသမီးချောလေး Nychaa တို့ရဲ့ ရှယ်ကြမ်းပလန်နဲ့ ကြမ်းတဲ့ သရဲကားလေး ထွက်ရှိလို့လာခဲ့ပါပြီ။ ဒန်ဆိုတာကတော့ ချောင်ကျကျမြို့လေးတစ်မြို့က ရဲအရာရှိတစ်ယောက်ပါ၊ သူဟာ လူဆိုးတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ တွေ့ရာနေရာမှာတင် သတ်ပစ်လိုက်တဲ့အတွက် အလောင်းတစ်ရာ ဒန် ဆိုပြီး နာမည်ကြီးပါတယ်။ ဒန့်မှာ ကိုယ်ဝန်အတော်ရင့်နေပြီဖြစ်တဲ့ ဇနီးသည်လည်းရှိပါတယ်။ ဒန့် ဇနီးသည် ဝီကတော့ ဒန့်ကို လူသတ်ရတဲ့ ဒီအလုပ်ကို ဆက်မလုပ်စေချင်တော့ပါဘူး။ ဘန်ကောက်ကိုပြောင်းပြီး အေးအေးချမ်းချမ်း နေချင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မီးတောက်မျက်လုံး ထပ် ဆိုတဲ့ နာမည်ကြီး ရာဇဝတ်ကောင်က ဟာလာဘလာ တောထဲ ထောင်ဖောက်ပြေးသွားတဲ့သတင်းကို သိလိုက်ရတဲ့နောက်မှာ ဒန်တစ်ယောက် ထပ် ကို လိုက်ဖမ်းဖို့ တာဝန်ပေးခံရပါတော့တယ်။ ဒီလိုနဲ့ ထပ် ဝင်ရောက်သွားတဲ့ ဟာလာဘလာ တောထဲကို လိုက်ခဲ့ရင်း ဘယ်လို ခြောက်ခြားစရာတွေ ကြုံတွေ့လာရမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(1.7 GB)/(834 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub)

Crime • Mystery • Thriller
0 2025 105 mins
Halabala