YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Legend of the Hidden Land S01E17 720p CM.mp4

369.44 MB N/A video/mp4 65 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Come Out Fighting
4.5

၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့ မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာ လူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။ တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။ တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်း သူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်..... အညွှန်း နဲံ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Drama Quality…. 1080p | 720p | 480p File size… 2 GB | 998MB | 460MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Mystery • Thriller • Western
4.5 2023 95 mins
Come Out Fighting
Ford v Ferrari
8

ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။ ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File Size – 2 GB Quality – 1080p.BluRay 5.1CH Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Biography, Drama Source : 1080p.BluRay 5.1CH Translator – Littleneo Encoder – San Win Maung

Action
8 2019 153 mins
Ford v Ferrari
Dakota
5.9

ခွေးချစ်သူတို့အတွက် 2022 ခုနှစ်ထွက် ဇာတ်လမ်းကောင်းလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် လောလောလတ်လတ် ရှေ့တန်းမှာ ယောကျာ်းကို ဆုံးရှုံးလိုက်ရတဲ့ “ကိတ်စလင်ဒါ”ဟာ သူ့သမီးလေး “အဲလက်စ်”နဲ့အတူ ဂျော်ဂျီယာပြည်နယ်က မိသားစုပိုင် မွေးမြူရေးခြံမှာ နေပါတယ် ကိတ်ဟာ မွေးမြူရေးခြံအလုပ်အပြင် မီးသတ်တပ်ဖွဲ့မှာပါ လုပ်အားပေးအဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ အဲဒီမြို့က နယ်ထိန်းရဲ “ဂျက်”ကတော့ ကိတ်တို့ခြံရဲ့ လျှို့ဝှက်ချက်ကို သိထားပြီး အဲဒီအဖိုးတန်မြေကို အပိုင်ရဖို့ ကြိုးစားနေသူပါ အဲဒီလို အခြေအနေမှာ ကိတ်ရဲ့အမျိုးသားဖြစ်သူနဲ့ ရှေ့တန်းမှာ တာဝန်အတူတူ ထမ်းဆောင်ခဲ့တဲ့ စီဂျေက “ဒါကိုတာ” ဆိုတဲ့ ခွေးလေးနဲ့အတူ ရောက်လာပါတယ် ကိတ်ရဲ့သမီး အဲလက်စ်နဲ့ ရှေ့တန်းပြန်ခွေးလေး “ဒါကိုတာ” တို့ မွေးမြူရေးခြံရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုဖော်ထုတ်ကြမလဲ အကျင့်မကောင်းတဲ့ နယ်ထိန်းရဲကို ဘယ်လို ပညာပေးကြမလဲဆိုတာကို ကြည့်ရှူအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Family Quality….1080p | 720p| 480p File size…1.43GB | 774MB | 289MB Format…mp4 Duration…. 1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Comedy • Family • Music
5.9 2022 96 mins
Dakota
Blockers
6.3

ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။ IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။ လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။ အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။ နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by d3mon Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
6.3 2018 102 mins
Blockers
Never Back Down 2: The Beatdown
5.7

IMDb – 5.7 တိုက်ခိုက်ရေးကားခပ်ကြမ်းကြမ်းလေးတွေကိုမှ အားရ သဘောကျကြတဲ့ CM ပရိသတ်တွေအတွက် 2008 က ထွက်ခဲ့တဲ့ Never Back Down ရဲ့ အဆက်ဖြစ်တဲ့ The Beatdown ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မတူညီတဲ့ပြဿနာတွေရှိတဲ့ နောက်ခံပတ်ဝန်းကျင်ကနေလာတဲ့ တိုက်ခိုက်ရေးသမားလူငယ်လေးနှစ်ယောက်၊ The Beatdown ဆိုတဲ့ မြေအောက်တိုက်ပွဲတစ်ခုမှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဆရာကောင်းတစ်ယောက်ဆီမှာ တပည့်ခံဖို့အတွက် MMA fighter ဟောင်း ကေ့စ် ဝေါကာ (Michael Jai White) ဆီကိုရောက်လာကြပါတယ်။ ကေ့စ်ကလည်းအရင်က ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် ထောင်ကျသွားပြီး ပြန်လွတ်လာခဲ့တာပါ။ ဒီလိုနဲ့ ကေ့စ်လေ့ကျင့်ပေးနေတဲ့ လူငယ်နှစ်ယောက်အပါအဝငါ လူငယ်လေးယောက်ကို အတူလေ့ကျင့်ပေးပါတော့တယ်။ ဒီလိုနဲ့ပဲ Beatdown ပွဲနေ့မရောက်ခင်မှာတော့ ကေ့စ်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းသွားခဲ့ပြီး သူ့ရဲ့တပည့်တွေက ကေ့စ်ကိုအကွက်ချသွားတဲ့လူကိုဘယ်လို ပြန်ပြီးလက်စားချေဆုံးမကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ တိုက်ခိုက်ခန်းတွေကလည်း အရမ်းလန်းတဲ့အပြင် တိုက်ကွက်တွေကလည်း အစစ်အမှန်ဆန်တာမလို့ တိုက်ခိုက်ရေးကား တွေကိုလွမ်းနေတဲ့လူတွေအကြိုက်တွေ့မှာ အသေအချာပါပဲ။ File size…2.36 GB / 999.8 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

5.7 2011
Never Back Down 2: The Beatdown
[18+] Sanctuary
6.5

Sanctuary (2022) ~ IMDb – 6.5/10, Rotten Tomatoes – 90% ~ ဘဝရဲ့အဓိပ္ပာယ်ကဘာလဲ၊ ငါတို့ဒီကိုဘာကြောင့်ရောက်လာရသလဲ၊ ငါတို့ကကော ဘယ်လိုလူတွေလဲ၊ ငါဆိုတဲ့လူအစစ်အမှန်က ဘယ်သူလဲ ဆိုတဲ့မေးခွန်းတွေဟာ စိတ္တဗေဒပညာရှင်တွေတင်မက သာမန်လူတွေပါ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်မိနေကျ မေးခွန်းတွေပါ။ အနုပညာဆိုတာ လူတွေရဲ့ အတွေးတွေကို အသက်ဝင်လာအောင် မှော်သွင်းပေးတဲ့ မှော်တောင်ဝှေးတစ်ခုဖြစ်ပြီး အနုပညာရှင်ဆိုတဲ့ မှော်ဆရာတွေရဲ့ ပဉ္စလက်နဲ့ပေါင်းလိုက်တဲ့အခါ ခေတ်ကိုအံတုနိုင်တဲ့ မှော်ဝင်အနုပညာတွေဖြစ်လာပါတယ်။ ဒီလို အနုပညာကတဆင့် နက်ရှိုင်းတဲ့အတွေးတွေအထိခေါ်သွားနိုင်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲ Psychological Thriller ရုပ်ရှင်တွေက ထိပ်ဆုံးတန်းကနေ အမြဲပါဝင်နေကျပါ။ Taxi Driver ကစလို့ Donnie Darko, The Machinist နဲ့ American Psycho တို့လိုရုပ်ရှင်တွေ အထိ ဒီလိုရုပ်ရှင်တွေက လူတွေရဲ့ မွန်းကြပ်တဲ့ဘဝလူနေမှုပုံစံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားဘဝကို တနည်းနည်းနဲ့ ဆွဲခွာချပစ်ဖို့ ကြိုးပမ်းချက်တွေလို့ပြောရင်မှားမယ်မထင်ပါဘူး။ အခု Sanctuary ရုပ်ရှင်ဟာ ဟယ်လ်ဆိုတဲ့ သူဌေးသားလေးရဲ့ ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို ရေဗက္ကာဆိုတဲ့ ဒိတ်ဂဲလ်လေးတစ်ယောက်က ခွာချပစ်ဖို့ကြိုးစားခဲ့ပုံကို‌ပြထားတာပါ။ ဟယ်လ်မှာက လိင်စိတ်တစ်မျိုးရှိတယ်။ ဆူနေဆဲနေဟောက်နေတာမျိုးမှ စိတ်ထတာမျိုးပေါ့။ ရေဗက္ကာကလည်း အဲဒီအပိုင်းမှာ ဒေါက်တာဘွဲ့ပါပေးရလောက်အောင်ကိုကျွမ်းတယ်။ အစပိုင်းမှာ ဟယ်လ်အနေနဲ့ ဇာတ်ညွှန်းပေးပြီး သူ့ဇာတ်ကြောင်းအတိုင်း ရေဗက္ကာကိုပြောစေ လုပ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကိုသွေဖည်ရမယ်ဆိုပြီးပါ ထည့်ထားတယ်။ အဲဒီတော့ တချို့ဇာတ်ကွက်တွေက သရုပ်ဆောင်နေသလား အတည်ပြောနေကြလား မသဲမကွဲဖြစ်သွားတာမျိုးတွေပါနေပါတယ်။ ဇာတ်ညွှန်းကနေ လက်တွေ့ဘဝကို ယိမ်းသွားသလိုပေါ့။ ဟယ်လ်က လူကြောက်တတ်တယ်၊ သူ့ကိုယ်သူမုန်းတယ်၊ သူ့အဖေလိုဖြစ်ချင်စိတ်ကလည်း ရှိနေသေးတယ်။ အဲဒါတွေကို သူ့ရဲ့ Sexual Fantasy ကနေတဆင့် ရေဗက္ကာက ဘယ်လိုပြုပြင်ပေးသွားမလဲဆိုတာကို ဟိုတယ်ခန်းလေးတစ်ခုတည်းကနေ ရိုက်ပြသွားတာပါ။ ဒီဇာတ်လမ်းမှာ အဓိကသဘောကျမိတာက ဇာတ်ညွှန်းရယ် ဒိုင်ယာလော့ခ်တွေရယ် Margaret Qualley ရဲ့ သရုပ်ဆောင်ချက်တွေရယ်ပါ။ ရေဗက္ကာနေရာမှာ သရုပ်ဆောင်တဲ့ Margaret Qualley က သူ့ဇာတ်ရုပ်ကို အပီအပြင်သရုပ်ဆောင်ထားနိုင်ပါတယ်။ Once Upon A Time in Hollywood ထဲမှာ ဘာမှအဖက်မလုပ်တတ်တဲ့ သွေးအေးအေးဇာတ်ကောင်မျိုးကို သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ရုပ်နဲ့လည်းလိုက်ဖက်မယ်လို့ ဒါရိုက်တာ Zachery Wigon က ကြိုသိခဲ့ပုံပါပဲ။ Sex Scenes အနည်းငယ်ပါဝင်ပြီး ရှင်းရှင်းဘွင်းဘွင်းမဟုတ်ပေမဲ့ အသက်မပြည့်သူများကြည့်ရှုဖို့မသင့်တော်ပါဘူး။ Dark Joke တွေကိုလည်း ပေါတောတောမဟုတ်တဲ့ပုံမျိုးနဲ့ သုံးထားပါတယ်။ Psychological Thriller ကြိုက်နှစ်သက်တဲ့ပရိသတ်ဖြစ်စေ မဖြစ်စေ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 830MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 36Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.5 2022
[18+] Sanctuary
Brighton Rock
5.7

ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့ ၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့ အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီး nomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင် ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံ လိုက်ရပါတယ်။ သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာ ကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိ ဖြစ်သွားတာပါ။ ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေ လက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာ ဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။ သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့ အခါမှာတော့…..။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.7 2010 111 mins
Brighton Rock
Tenant
5

Tenant (2024) “အငှား” IMDb – 6.4/10 လူကြီးမင်းတို့အတွက် စိတ်ဝင်စားဖို့ကောင်းမဲ့ တလေဂူးမှုခင်းဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကောင်ခြောက်ယောက်ကို ဦးတည်ထားပြီး မြွေလှေခါးကစားနည်းမှာ အံစာတုံးခေါက်သလိုမျိုး အတက်အကျတွေနဲ့ ဘာဖြစ်မလဲမှန်းဆဖို့ ရိုက်ကူးပုံဖော်ထားတာမျိုး။ ချစ်လှစွာသော ဇနီးသည်ဖြစ်သူ အသတ်ခံလိုက်ရလို့ ရဲစခန်းကိုတိုင်ချက်ဖွင့်ပါမှ သူ့ကိုပဲ တရားခံအဖြစ်စစ်မေးခံရတဲ့ ခင်ပွန်းသည်တစ်ယောက်ကနေစလိုက်တဲ့ဇာတ်လမ်း။ နောက်ကြောင်းပြန်ရင်း တရားခံကသူပါလားလို့ ထင်မိပြီးမှ နောက်ထပ်အဖြစ်အပျက်တွေ ဆက်တိုက်ထပ်ဖြစ်လာတာမျိုးမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMO ~ Yunniတို့ဖြစ်ပါတယ်)

5 2024 96 mins
Tenant
Texas Rangers
5.5

ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ၁၈၀၀ ပြည့်နှစ်အလွန် ကာလတွေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပြည်တွင်းစစ်မတိုင်ခင်က ကပ္ပတိန်မက်နယ်လီက တက္ကဆက်ရိန်းဂျားအဖွဲရဲ့ ခေါင်းဆောင်ပါ။ ပြည်တွင်းစစ်ကြီးပြီးတဲ့နောက်မှာ အမေရိကန် တက္ကဆက်ပြည်နယ်မှာ သူခိုးဓားပြ တွေက ကြီးစိုးနေတဲ့ အတွက် ပြည်နယ်အစိုးရက ကပ္ပတိန်မက်နယ်လီကို တက္ကဆက်ရိန်းဂျားအဖွဲကို ပြန်လည်ဖွဲစည်းစေတဲ့အခါ သူခိုးဓားပြတွေကို နှိမ်နင်းဖို ဖြစ်လာပါတော့တယ်။ ကပ္ပတိန်မက်နယ်လီနဲ့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေးတစ်ဖွဲက သူခိုးဓားပြတွေကို ဘယ်လို တိုက်ခိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာ ၁၈၀၀ ပြည့်နှစ်အလွန် အမေရိကန်လူနေမှုဘ၀ နဲ့ ယဉ်ကျေးမှုအကြောင်းကိုတွေ့မြင်ရမှာပါ။ အမေရိကန် ကောင်းဘွိင်တွေရဲ့ အပစ်အခတ် အသတ်အပုတ်တွေကို အက်ရှင်ဆန်ဆန်ရှုစားရမှာဖြစ်ပြီး ကောင်းဘွိင်ရုပ်ရှင် နှစ်သက်သူတွေအနေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမဲ့ အက်ရှင်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.54GB / 781MB Quality… Blu- Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2001
Texas Rangers
Dragon Wars: D-War
6.1

Dragon Wars ============ King Kong တို့ Gozilla တို့ ကြိုက်တဲ့ သူတွေအဖို့ ဒီနဂါးကားကလည်း အကြိုက်တွေ့စေမယ့်ကားထဲပါပါတယ် ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီက အသက်ရှင်ခဲ့တဲ့ နဂါးမျိုးဆက်ဟာ ကမ္ဘာကိုပြန်ပြီးကြီးစိုးမယ်လို ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒဏ္ဍာရီအရ အီမူဂီလိုခေါ်တဲ့ မျိုးရိုးမြင့်မွေတစ်ကောင်ဟာ လူမိန်းမတစ်ယောက်ရဲ့ ကိုယ်ထဲက ဝိညာဉ်အစွမ်းကိုစုပ်ယူပြီး စကြဝဠာနဂါးအဖြစ်အသွင်ပြောင်းဖို အဲဒီအမျိုးသမီးကို မြေလှန်ရှာဖွေတဲ့အခါမှာတော့…. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Action, Drama, Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Drama
6.1 2007
Dragon Wars: D-War
The Last Queen
6.4

The Last Queen (2023) ~ IMDb – 6.4/10, Rotten Tomatoes – 60% ~ ဒဏ္ဍာရီလိုလို ဖြစ်ရပ်မှန်လိုလို ရှိခဲ့တဲ့ အယ်လ်ဂျီးယားနိုင်ငံက မင်းသမီး ဇာဖီယာရဲ့အကြောင်းပါ။ အမျိုးသမီးတွေနေရာမရတဲ့ ရှေးခေတ်မူဆလင်အသိုင်းအဝိုင်းမှာ ဘုရင်မ ဖြစ်ခဲ့တဲ့သူတစ်ယောက်ပေါ့။ သူက အယ်လ်ဂျီးယားနိုင်ငံက ဘုရင်ရဲ့ ဒုတိယမြောက်မိဖုရား၊ ပင်မနန်းတော်မှာတောင် နေခွင့်မရတဲ့သူပါ။ အယ်လ်ဂျီးယားကို စပိန်တွေ ကျူးကျော်တဲ့အချိန် ဘုရင်က ပင်လယ်ပျော် အာရုဂ်ျဘာဘာရိုဆာရဲ့ အကူအညီနဲ့ စပိန်တွေကိုတိုက်ထုတ်တယ်။ ပင်လယ်ဓားပြ အာရုဂ်ျက နန်းတော်ကို ရောက်တော့ ဘုရင်ကိုလုပ်ကြံပြီး ထီးနန်းယူဖို့ကြံတယ်။ အဲဒီအချိန်မှာ မိဖုရားခေါင်ကြီးက ထွက်ပြေးသွားပြီး ဇာဖီယာက နန်းတော်မှာကျန်ခဲ့ပြီး ပြည်သူတွေရဲ့ အချစ်ကို ရခဲ့တဲ့အတွက် ဘုရင်မဖြစ်လာပါတယ်။ ဇာဖီယာက နန်းသက်သိပ်မကြာပေမဲ့ ဘုရင်မ (ဆူလ်တန်နာ) ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။ သမိုင်းဒရာမာဖန်တွေ ကြည့်သင့်တဲ့ အယ်လ်ဂျီးယားကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.35GB, 1.15GB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 50Min Genre – Adventure, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • History • War
6.4 2023
The Last Queen
Margot at the Wedding
6

ဒီဇင်ဘာအားလပ်ရက်တွေထဲ ပေါ့ပေါ့ပါးပါးကြည့်စရာ ဟာသဒရာမာ ဇာတ်လမ်းရှာနေသူတို့အဖို့ (၂၀၀၇)ခုနှစ်က ထွက်ရှိထားတဲ့ “Margot at the Wedding” ဆိုတဲ့ ဇာတ်လမ်းလေးကို CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ ပရိတ်သတ်တွေ အကြိုက် ဟာသသရုပ်ဆောင် Jack Black လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မာဂေါ့တစ်ယောက် သူ့သားလေး ကလော့နဲ့ သူ့ညီမလက်ထပ်ပွဲကို သွားရာကနေ အစပျိုးလိုက်တဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ညီအစ်မတွေဖြစ်ကြတဲ့ မာဂေါ့နဲ့ ပေါလ်လင်းတို့ဟာ ပြဿနာတွေကြောင့် အချင်းချင်း စကားမပြော၊ အဖတ်မလုပ်ကြတာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယောင်လို့တောင် မခေါ်ကြပေမယ့်လည်း ညီအစ်မစိတ်ဆိုတာ ရှိသေးတာကြောင့် မာဂေါ့တစ်ယောက် ပေါလ်လင်းလက်ထပ်ပွဲ ကျင်းပမယ့်ဆီကို သွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြပေမယ့်လည်း အစ်မဖြစ်သူ မာဂေါ့ဟာ ပေါလ်လင်းလက်ထပ်မယ့်သူကို အဖြစ်မရှိသူလို့ သတ်မှတ်ထားပြီး မျက်မုန်းကျိူးနေပါတော့တယ်။ ဒါတင်မကသေး ဒီလက်ထပ်ပွဲကို အစပြုပြီးတော့ မထင်မှတ်ထားတဲ့ ဇာတ်ကောင်းတွေရဲ့ ပြဿနာတွေကလည်း ပေါ်လာပါတော့တယ်။ ညီအစ်မကြား၊ သားသမီးတွေနဲ့ မိဘတွေကြား စတဲ့ ဆက်ဆံရေးတွေကြားက နားလည်မှုမရှိတာ၊ ပြဿနာဖြစ်တာတွေအပြင် သူတို့တွေကြားမှာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ရှိပါကြောင်းကို တမျိုးတဖုံသွယ်ဝှိုက်ဖော်ပြထားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်လုဆဲဆဲ ဒီလက်ထပ်ပွဲကို မာဂေါ့တစ်ယောက် သွားရာကနေစပြီးတော့ ညီအစ်မနှစ်ယောက်ကြား မိသားစုဝင်တွေကြား နားလည်မှုတွေပဲ တိုးလာမလား၊ ပြဿနာတွေပဲ တက်လာမလားဆိုတာကိုတော့ ခံစားချက်အမျိုးမျိုးနဲ့ “Magot at the Wedding” ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ခံစား ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ File Size : 2 GB, 814 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Doros Encode by : Thit San Khant

Mystery • Thriller • TV Movie
6 2007 91 mins
Margot at the Wedding
Partners
6.5

Partners (2024) အမှန်တရား ဘယ်ဆီ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါတဲ့။ အခုချိန် ဖုံးကွယ်ထားလို့ရရင်တောင် နောင်တစ်ချိန်ပေါ်ပေါက်လာရမှာပါ။ ဘာလို့လဲဆိုတော့ လိမ်ညာ ဖုံးကွယ်မှုဟာ တစ်ခါတည်းနဲ့ပြီးပြတ်တယ် မရှိဘဲ ဒီတစ်ခုမပေါ်အောင် ဆက်လက် လိမ်လည် ဖုံးကွယ်နေရတဲ့အတွက်ပါပဲ။ ဒီလိုမကောင်းမှု ရာဇဝတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ၈၀% က‌ ငွေကြေးကြောင့်ပါတဲ့။ လူတွေဟာ ငွေကြောင့် သူစိမ်းက‌ နေမိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကနေ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာလည်း ရွာတွေရဲ့ထုံးစံအတိုင်း ငွေတိုးချေးစား ခေါင်းပုံဖြတ်နေတဲ့သူတွေကိုကြောက်နေရချိန် အဲဒီရွာလေးမှာ ဘဏ်တစ်ခုလာဖွင့်ပါတယ်။ ရွာသားတွေကတော့ သူတို့ရွာမှာ ပထမဆုံးဖွင့်တဲ့ဘဏ်မို့ ပျော်နေလေရဲ့။ ဒါပေမဲ့ဒီဘဏ်က ရိုးရိုးသာမန်ဘဏ်မဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုကိုကြိုးကိုင်သူတွေရှိနေပါတယ်။ ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ရွှေတွေငွေတွေကို ပမာဏများစွာ ခိုးယူဖို့ သူတို့ဘယ်လိုအလုပ်ဝင်လာကြမလဲ၊ ဘယ်လိုလှုပ်ရှားကြမလဲ၊ ရွာသားတွေကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဘဏ်လုပ်ငန်းရှင်တွေရော ဒီအမှုမှာပါဝင်နေမလားဆိုတာ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.5 2024
Partners
Eleven
5.6

Eleven (2025) “အတိတ်ဆိုး” IMDb- 7.9/10 မှုခင်းရုပ်ရှင်ကြိုက်တဲ့သူတွေအတွက် ဇာတ်အလှည့်အပြောင်းများတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သေခြင်းတရားဆိုတာ ကိုယ့်ဘ၀ထဲက ကျန်နေရစ်သူတွေအတွက်ချမှတ်လိုက်တဲ့ ကြောက်စရာပြစ်ဒဏ်တစ်ခု၊ လူတွေက ကျူးလွန်သူတွေအပေါ်မှာ ခွင့်လွှတ်ချင်ကြပြီး ခံရတဲ့သူတွေကိုတော့ မေ့ပစ်ချင်ကြတယ်။ ငါကတော့ မေ့လည်းမမေ့သလို ခွင့်လည်းခွင့်မလွှတ်ဘူးဆိုတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်။ ရဲအရာရှိရန်ဂျစ်က အဲဒီလူသတ်သမားကို စုံစမ်းနေပေမဲ့ သေဆုံးသူခြောက်ယောက်ထိ ရှိလာပြီး အမှုမှန်ပေါ်မလာခဲ့သေးပါဘူး။ အရာရှိရန်ဂျစ်နေရာမှာ ဒီကွင်းဆက်လူသတ်မှုကို ပြောင်းပြီးကိုင်ရတဲ့သူက ထူးချွန်ထက်မြတ်တဲ့ ရဲအရာရှိအာဗင်ဒန်။ သဲလွန်စတစ်ခုမှ ရှာမတွေ့တဲ့ထိ တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်မီးရှို့ခံနေရတဲ့ ဒီအမှုကို အာဗင်ဒန်တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

TV Movie • Comedy • Romance
5.6 2025 135 mins
Eleven
Way Home
6.4

ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထုတ် ဇာတ်ကားလေးဖြစ်ပြီး Award ၄ ခု နဲ့ Nomination 12 ခု အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်း +++++++++++ ခရစ်စတီရန် လို့ခေါ်တဲ့ ဒိန်းမတ်စစ်သားဟောင်းကြီးတစ်‌ယောက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား ကို သားဖြစ်သူကို ရှာဖို့ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးရီးယားနိုင်ငံမှာ ဘာသာရေးအစွန်းရောက်စစ်သွေးကြွတွေ အားကောင်းနေပြီး သားဖြစ်သူက အဆိုပါ အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တာပါ။ ခရစ်စတီရန်လည်း အီဆာ ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး စစ်သွေးကြွအယောင်ဆောင်ကာ သားဖြစ်သူကို ရှာဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သားဖြစ်သူကို အိမ်ပြန်ခေါ်ဖို့ ကြိုးပမ်းရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ….. ဘယ်လိုအန္တရာယ်တွေဝိုင်းရံနေမလဲ….. ဆီးရီးယားပြည်တွင်းစစ်ရဲ့ အတွင်းကျကျပုံရိပ်တွေကိုပါ ထင်ဟပ်နေအောင် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ File Size… (1.63 GB) / ( 768 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 38m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Comedy
6.4 2024 98 mins
Way Home