YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Legend Of The Female General (2025) E17 1080p WEB-DL [RMC].mp4

471.8 MB 1080p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Call Me Chihiro
7.2

Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်.. ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာ ပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ.... အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ‌ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှ လူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့... ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး.... အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ် ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင် စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့ တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်.... File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae

Comedy • History • Mystery • Thriller
7.2 2023 131 mins
Call Me Chihiro
Fly Away Home
6.9

အေမီ အော်လ်ဒန်ဟာ မိခင်ဖြစ်သူကိုမတော်တဆမှုမှာဆုံးရှုံးခဲ့ရပြီးနောက် ကွာရှင်းထားတဲ့ဖခင်ဖြစ်သူ သောမတ် အော်လ်ဒန်နဲ့ကနေဒါမှာလိုက်နေရဖို့အကြောင်းဖန်လာခဲ့ပါတယ်။ တနေ့မှာသူမရဲ့အိမ်ဘေးစိမ့်တောထဲမှ ကနေဒါဘဲငန်းဥလေးတွေကိုဖျက်စီးခံရမယ့်အရေးကနေကယ်တင်ခဲ့တာကနေဖခင်ဖြစ်သူနဲ့အတူ သူတို့ကိုကြီးပြင်းတဲ့အထိမွေးမြူဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ကနေဒါဘဲငန်းတွေဟာရွှေ့ပြောင်းကျက်စားတဲ့မျိုးနွယ်ဖြစ်သည့်အတွက် ဆောင်းရာသီမှာတောင်ဘက်ကိုဆင်းဖို့လိုအပ်လာခဲ့ပါပြီ။အေမီအတွက်ကတော့မိုင်500ကျော် ခရီးရှည်ကြီးကိုဖခင်ဖြစ်သူနဲ့အတူ အသေးစားလေယာဉ်နှစ်စီးနဲ့ဒီဘဲငန်းတွေကိုဘေးမသီရအောင်လမ်းပြဖို့လိုအပ်လာခဲ့ပါတယ်။ အေမီတို့ရဲ့ ခရီးမစခင် အခက်အခဲတွေ လမ်းတလျှောက်ကအတွေ့အကြုံတွေနဲ့ အေမီနဲ့သူ့ဖခင် ဒီဘဲငန်းလေးတွေအကြားကချစ်ခြင်းမေတ္တာတွေကိုရှုစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဤဇာတ်လမ်းမှာဖန်တီးမှုသာဖြစ်သော်လည်း ဘဲငန်းများကို လေယာဉ်အပေါ့စားများနှင့်စားကျက်သို့လမ်းပြခဲ့ခြင်းမှာ အစစ်အမှန်ကြိုးစားအောင်မြင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပါသည်။ File size…(1.91GB)  / (1.38GB) / (639MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:47:00 Genre...Adventure / Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Brackman

Drama • Romance
6.9 1996 107 mins
Fly Away Home
Go Back
6.5

"လောကကြီးမှာ မွေးဖွားလာတဲ့ ကလေးတွေအကုန်လုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်" ဆိုးလ်မြို့မှာ ထူးဆန်းတဲ့ "ဝမ် ၁၀၀၀ ပြန်ပေးဆွဲမှု" ဆိုတာ ပေါ်လာခဲ့ပါတယ်။ ပြည်သူတစ်ဦးကို ဝမ် ၁၀၀၀ ပို့ပေးဖို့ နဲ့ အဲဒီငွေတွေကို စုပြီး တစ်ပတ်အတွင်း ဝမ်၁သန်း ပြည့်အောင် မပေးနိုင်ရင် ပြန်ပေးဆွဲထားတဲ့ ကလေးကို သတ်ပစ်မယ်ဆိုပြီး မထင်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုပါပဲ။ လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ အူဆွန်း ကနေ စောင့်ရှောက်ပေးနေတဲ့ ဘိုရာဆိုတဲ့ ကလေးတစ်ယောက် ရှိပါတယ်။ အဲဒီကလေးကို သူ့အဖေက ညှင်းပန်းနှိပ်စက်တယ်လို့ အူဆွန်းက သံသယဝင်လို့ သူ့အဖေနဲ့ အူဆွန်း ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ဘိုရာ့အဖေ ရုတ်တရက် အသတ်ခံရပြီး ဘိုရာလည်း ပျောက်သွားခဲ့ပါတယ်။ ဘိုရာ့အဖေ သေဆုံးမှုကို စုံစမ်းနေတဲ့ ရဲဝန်ထမ်းတွေက အူဆွန်းကို သံသယဝင်လာသောအခါမှာတော့ ..... သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တတ်သူတွေအတွက် ခံတွင်းတွေ့စေမယ့် ကိုရီးယား Crime, Drama ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong Cherry ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama Quality….1080p | 720p| 480p File size…1.1GB | 512MB | 263MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Su Yeong Cherry Encoder ..... August

Drama
6.5 2021 98 mins
Go Back
Into the Deep

ဂျက်စ် ဆိုတဲ့ ကောင်မလေးက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတစ်ယောက်နဲ့ စပ်တူ တီရှပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ် ဂျက်စ်ဟာ ငယ်စဉ်က ကားမတော်တဆမှုတစ်ခုမှာ အ‌မေဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ မိတဆိုးတစ်ဦးဖြစ်ပြီး နှစ်တွေကြာခဲ့ပေမယ့် အတိတ်ကို ဖက်တွယ်ထားနေဆဲ ဖြစ်တဲ့သူတစ်ယောက်ပါ တစ်ရက်မှာတော့ သူတို့တီရှပ်ဆိုင်ဆီကို တိုးရစ် ကိုလူချောတစ်ဦး ရောက်လာလေတော့ သူတို့မြို့ငယ်လေးထဲမှာ မျက်နှာစိမ်းမများတာမို့ ဂျက်စ်တစ်ယောက် ဘန် ဆိုတဲ့ ကိုလူချောကောင်လေးကို မျက်စိကျသွားပြီး သူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့်ပါ ညပါတီပွဲကို ဖိတ်လိုက်ပါတယ် ပါတီပွဲမှာ ကဲကြရင်း အစောကတည်းက ကြွေနေတဲ့ ဂျက်စ်တစ်ယောက် ဘန်ရဲ့ အပျော်စီးလှေပေါ်မှာ တစ်ညတာကို ဖြတ်သန်းခဲ့ပါတော့တယ် ဒါပေမယ့် ကိုလူချော ဘန်ဟာ ဂျက်စ် ထင်ထားသလို လူရိုးလေးမဟုတ်ခဲ့ဘဲ လျှို့ဝှက်ချက်တွေရှိနေ‌တဲ့အခါမှာတော့ ကျားဘက်လိုက်ပြီးကြိုက်ခဲ့တဲ့ ဂျက်စ်တစ်ယောက်တော့ အပျော်စီးလှေပေါ်မှာ ဒုက္ခတွေတသီကြီး ကြုံရတော့မှာပါ File size…(1.39GB)/(742MB)/(472MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Animation • Comedy • Family • Fantasy
0 2022 91 mins
Into the Deep
Oh! Boarding House
6.3

ကိုယ့်အိမ်ပိုင်ရှင်လေး Oh My Broading House IMDb Rating 6.3 ချစ်ရင်ဖွ င့်ပြောပါ မဖုံးကွယ်ထားပါနဲ့ လက်နှေးရင် ခွက်ဆေးရမယ်ဆိုတဲ့စကားကြားဖူးကြမယ်ထင်ပါတယ် ဒီBLကားလေးကလည်းဒီလိုပါပဲ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ဆယ်ဝန်းဆိုတဲ့ ခပ်အူတူတူကောင်လေးဟာ အာမခံကြေးတွေအကုန်အလိမ်ခံလိုက်ရပါတယ် ကံဆိုးမသွားရာမိုးလိုက်လိုရွာသလို အဲ့အချိန်မှာပဲ အလုပ်ပါအထုတ်ခံခဲ့ရပါတယ် အိမ်ပြန်လာတော့လည်း သူ့အမေကဒီအတိုင်းမထားဘဲ အငှားအိမ်ကိုဦးစီးခိုင်းလိုက်ပြန်ပါရော အငှားအိမ်မှာကြိတ်မှိတ်နေတုန်း ချွဲစုဆိုတဲ့ PEဆရာလေးပြောင်းလာပါတော့တယ် အသက်ကယ်တင်ပေးခဲ့သလိုဖြစ်သွားတော့ ပြန်ပေးဆပ်ဖိုလိုက်လုပ်ပေးရင် ဘာတွေဆက်ဖြစ်မလဲ ဆယ်ဝန်းမှာ သူ့ကိုတဖက်သတ်ကြိုက်နေတဲ့ ဂျူနီယာကောင်လေးလည်းရှိပါတယ် သူကဘွန်းဒေါ့ပါ ဖွင့်မပြောရဲဘဲ ဘေးကနေတိတ်တိတ်လေးပဲ ကာကွယ်ကူညီပေးနေခဲ့ပါတယ် သူကလည်းအငှားအိမ်ကိုပြောင်းလာသောအခါ ဘာတွေဆက်ဖြစ်မလဲ သုံးပွင့်ဆိုင်လေးမှာ ဘယ်တစ်ပွင့်က ကြွေလွင့်ရမလဲ စောင့်ကြည့်ပေးပါနော် မင်းသားလေးတွေလည်းအရမ်းချောပါတယ်နော် မိုက်မှမိုက်ပါ? ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(1.7GB) / (900MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:45:00 Type__BL, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Comedy • Drama • Romance
6.3 2022
Oh! Boarding House
Kill Me Now

Kill Me Now (2022) “မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ… ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါ ဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။ အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ……… မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung နဲ့ All of us are dead ထဲမှာ အားလုံးရဲ့ မျက်ရည်တွေကို သိမ်းပိုက်သွားခဲ့တဲ့ ဂျွန်ယောင်းလေး တဖြစ်လဲ မင်းသား Ahn Seung Gyun တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ သရုပ်ဆောင်ပိုင်းသာမက … ဇာတ်လမ်းဇာတ်ကွက်ကပါ ဟာသရသ ၊ ကရုဏာရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် အားပေးကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 1.7GB | 824MB | 395MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thantsin Encoder …..August

Action • Thriller
0 2022
Kill Me Now
Deleter
5.9

Deleter (2022) ~ IMDb – 5.9/10, Rotten Tomatoes – 83% ~ ” အဖေကပြောဖူးတယ် တစ္ဆေတွေဆိုတာ ကြောက်စရာမဟုတ်ဘူး။ တစ္ဆေတွေကိုမြင်တွေ့ရတယ်ဆိုတာ နောက်ဘဝရှိခြင်း၊ ပြီးတော့ ဘုရားရှိခြင်း၊ အကောင်းအဆိုးရှိနေခြင်းတွေရဲ့သက်သေပဲ။ အဲဒါတွေကြောင့် ကျွန်မဟာ ကမ္ဘာကြီးထဲက ရက်စက်ဆိုးယုတ်မှုတွေအကြောင်း နားလည်လာလိမ့်မယ်တဲ့။ ကျွန်မကတော့ အခုထိ တစ္ဆေတွေကိုရှာနေတုန်းပါပဲ။ ” လိုင်ရာက ဆိုရှယ်မီဒီယာတွေပေါ်ကို အသုံးပြုသူတွေတင်လာကြတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေထဲက ကြည့်ရှုဖို့မသင့်တော်အောင် ကြမ်းတမ်းရက်စက်တဲ့ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာတွေကို ပယ်သင့်တာပယ် ခွင့်ပြုသင့်တာခွင့်ပြုပေးရတဲ့ Content Moderator တစ်ယောက်ဖြစ်ပါတယ်။ အလုပ်ရဲ့သဘောသဘာဝအရ စိတ်ထိခိုက်စရာ၊ ခြောက်ခြားစရာတွေကို သူများတွေမကြည့်မိအောင် ကိုယ်တိုင်အစအဆုံးကြည့်ပေးရတဲ့အတွက် စိတ်ဖိစီးမှုများသလို ငယ်ဘဝရဲ့ဒဏ်ရာတွေကလည်း သူ့ကိုခြောက်လှန့်နေပါသေးတယ်။ ဒါပေမဲ့လည်း အဲ့ဒီစိတ်သောကတွေကို ဘယ်သူမှမမြင်အောင်ဖုံးဖိထားနိုင်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို စိတ်ဓာတ်မာကြောသူလို့ယူဆကြပါတယ်။ အဲဒါတွေက သူတို့ရုံးတွင်း လုပ်ဖော်ကိုင်ဖက် အီလင်းဆိုတဲ့ကောင်မလေးတစ်ယောက် သူ့ကိုယ်သူ သတ်သေမသွားခင်အထိပဲဖြစ်ပါတယ်။ အားလုံးက အလုပ်ကပေးတဲ့ စိတ်ဖိစီးမှုကြောင့်လို့ယူဆကြပေမဲ့ တစ်ခြားကောလဟာလတွေလည်းရှိနေတဲ့အတွက် အီလင်းရဲ့သေဆုံးမှုဟာ ပဟေဠိဆန်ပါတယ်။ အဲဒါထက်ပိုဆိုးတဲ့အဖြစ်ကတော့ ကံကွက်ကြားပြီး သူ့အပေါ်ကိုမှ အီလင်းရဲ့ခြောက်လှန့်မှုတွေ စတင်လာခြင်းပါပဲ။ Deleter ဟာ စပြီးရုံတင်ကတည်းက ဝင်ငွေစံချိန်တင်နိုင်ခဲ့တဲ့ B.O မှာကြီးစိုးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်နှစ်တာဝင်ငွေအကောင်းဆုံးဇာတ်ကားတွေထဲမှာလည်း ပါပါတယ်။ Metro Manila Film Festival မှာ ဆုပေါင်း ၁၂ ဆုအထိဆန်ကာတင်ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကား၊ ဒါရိုက်တာ၊ မင်းသမီး အစရှိတဲ့ အဓိကဆုကြီးတွေအပါအဝင် ဆုပေါင်းရှစ်ဆုဆွတ်ခူးခဲ့တဲ့ကားပါ။ အနုပညာအရရော ဝင်ငွေအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အပြောင်းအလဲအနေနဲ့ ခုလို Philippines Horror ကားလေးကို မြည်းစမ်းကြည့်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 740MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 33Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

5.9 2022 93 mins
Deleter
Dragon Blade
5.9

Dragon Blade (2015) =============== IMDb Rating – 5.9/10 ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် အချိန်လုပ်အား သက်သာရတာတွေကို အသားပေးထားလို့ တရုတ်ကားမှ ဟုတ်ပါလေစလို့ ထင်မှတ်ရတဲ့အထိပါပဲ။ တရုတ်တို့ရဲ့ အသောက်အစား ရေမြေတောတောင်ကိုဖွဲ့တဲ့ ဂီတသံအပြီးမှာ ရောမတို့ရဲ့ နိုင်ငံချစ်စိတ်၊ သူရဲကောင်းစိတ်ဓာတ်၊ အမှန်တရားကို မြတ်နိုး တတ်ပုံတွေကို အတိုင်းသားမြင်ရတဲ့ ဂီတသံကို တရုတ်တို့ အံ့ဩဘနန်းဖြစ် ရပုံလည်း မြင်ရပါဦးမယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာပါတဲ့။ ရောမအင် ပါယာကြီးကနေ ထွက်ပြေးလာတဲ့ အိမ်ပြေး ဗိုလ်ချုပ်တစ်ယောက်နဲ့ ပိုးလမ်း မကြီးထက်က နိုင်ငံရာဇဝတ်သား ရဲဘက်အလုပ်သမား တရုတ်ဗိုလ်မင်းတစ် ယောက်တို့ရဲ့ ၁၅ ရက်တာ ခင်မင်မှုကနေ အသက်ပေး ချစ်ခင်ရသူ မိတ်ဆွေ ကြီးတွေ ဖြစ်ခဲ့ရတဲ့ဇာတ်လမ်းပါ။ ရောမအင်ပါယာမှာ လက်ရှိတရားသူကြီး ချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက် ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်က သားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ် စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။ တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ် ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့ အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။ သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန် ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါ တယ်။ နောက်ဆုံး လူစီးယက်စ် နဲ့ ဟိုအန် စီးချင်းထိုးဖို့ဖြစ်လာပြီး တိုက်ပွဲဝင် နေစဉ်မှာ သဲမုန်တိုင်းတိုက်လာတဲ့အတွက် ဟိုအန် က လူစီးယက်စ် ကို မြို့ထဲ အဝင်ခံပြီး တစ်ညတာ တည်းခိုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဟိုအန် ရဲ့ မြို့ တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီ နောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက် လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ … Jackie Chan ရယ်၊ 2012 ကမ္ဘာပျက်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ John Cusack တို့က ခေါင်းဆောင်မင်းသားတွေဖြစ်ပြီး The Pianist ဇာတ်ကား ထဲက မင်းသားကြီး Adrien Brody က ဗီလိန်အဖြစ် ဝေဝေဆာဆာ ပါဝင် သရုပ်ဆောင်ထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.66 GB) / (1.53 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 07Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Drama, Fantasy Translator…….Arr Khun Winchester Encoder……….Zin Phyo Aung

Thriller • Mystery • TV Movie • Drama
5.9 2015 127 mins
Dragon Blade
The Plus One

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။ “Male of honor” အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ… လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
The Plus One
Midwives (Sages-femmes)
7.1

Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။ ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.6 GB)/(867 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.1 2023
Midwives (Sages-femmes)
The Hitcher
5.6

The Hitcher (2007) ============== ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.55 GB) / (594 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator…….Alias Encoder……….SWM

5.6 2007
The Hitcher
Kill Me If You Dare

Kill me if you dare (2024) ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 786MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Kill Me If You Dare
Yellow Dragon’s Village
5.8

Yellow Dragon Village (2021) Horror ဖန်တွေအတွက် ဂျပန် Horror အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကောလိပ်ကျောင်းသားသူငယ်ချင်းအုပ်စုတစ်စုဟာ အပျော်ခရီးတစ်ခုထွက်လာရင်းနဲ့ လမ်းမှာ မမျှော်လင့်ဘဲ ဖုန်းတိုင်မမိတဲ့နေရာမှာမှ ကားဘီးပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘေးဘီဝဲယာ အကူအညီရလိုရငြားလိုက်ရှာကြရင်းနဲ့ ရွာတစ်ရွာကို တွေ့သွားပြီးတော့ အကူအညီသွားတောင်းကြပါတော့တယ်။ ရွာက လူကြီးတွေကလည်း သဘောတွေအရမ်းကောင်း စားစရာတွေနဲ့ ဧည့်ခံရင်း တစ်ညအိပ်သွားပြီး မနက်ကားပြင်ပြီးမှ သွားကြဖို့ ပြောရာကနေ အဲဒီရွာမှာပဲ တစ်ညအိပ်ဖို့ အကြောင်းဖြစ်လာပါတယ်။ ဒီလိုနဲ့ သူတို့ အိပ်ရာကနိုးလာတဲ့အခါမှာ ဒီရွာက ပုံမှန်မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီးနောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာမလဲ ….. ကျောင်းသားတွေနဲ့ ဒီရွာနဲ့ ဘယ်လိုတွေ ပတ်သက်နေမလဲ…. နောက်ကွယ်မှာရော ဘယ်လို လျှို့ဝှက်ချက်တွေရှိမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Horror Quality…. 1080p | 720p File size… 1.6GB | 842MB Format… mp4 Duration…. 1h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

5.8 2021
Yellow Dragon’s Village
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
Tom and Jerry: The Fast and the Furry
6.5

တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။ Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်‌ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလို ဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက် ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။ သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီး မူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။ အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီး ဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊ တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး စံအိမ်ကြီးကို ပိုင်ဆိုင်သွားမလဲဆိုတာ အချိုးအကွေ့များစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB, 732 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action, Adventure, Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.5 2005 75 mins
Tom and Jerry: The Fast and the Furry