YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Legacy.Of.Rage.1986.1080p.BluRay.(CM).mp4

1.79 GB 1080p video/mp4 234 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Life As We Know It
6.9

ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ) File size…1.45 GB / 553.9 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 54m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Su

Action & Adventure • Crime • Drama
6.9 2010 114 mins
Life As We Know It
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
Missing
7.5

ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant Bo

Crime
7.5 2023 111 mins
Missing
Falling for Christmas

လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။ တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။ File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Horror • Thriller
0 2022
Falling for Christmas
Duma
7.2

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

7.2 2005
Duma
Spy Kids: Armageddon

Spy Kids: Armageddon (2023) 5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။ 90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။ မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။ သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကို အိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။ အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ အဖေနဲ့အမေကိုပါ ဖမ်းထားနိုင်လိုက်ပါတယ်။ ဒီတော့မှ မိဘတွေ စပိုင်မှန်းသိရတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရဲ့ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Family Quality…. 1080p | 720p File size… 1.9GB | 911MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

0 2023 94 mins
Spy Kids: Armageddon
Warrior Strong
5.8

Warrior Strong [2023] (IMDb 6.2/10) ဇာတ်လမ်းစစချင်းမှာ ဘစကတ်ဘောကွင်းထဲက နည်းပြ ရှမစ်ဒ်တစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပါတယ်.. ဒီအချိန်မှာပဲ ရှမစ်ဒ်ရဲ့ တချိန်က တပည့်ဟောင်း ဘီလာဟာလည်း သူ့ရဲ့ NBA နည်းပြကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အသင်းလက်မဲ့ဖြစ်သွားခဲ့ရပါတယ်… နာမည်ဆိုးနဲ့ကျော်ကြားသွားပြီမို့ လိဂ်တစ်ခုလုံးကရော ပရိတ်သက်များကပါ ဝိုင်းဝန်ပယ်ကျဉ်တာကို ဘီလာ ခံရပါတော့တယ်… ဒီလိုနဲ့ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဘီလာတစ်ယောက် နာမည်ကို ပြန်အဖတ်ဆယ်ပြီး NBAလောကထဲ ပြန်ဝင်ဖို့ လိုလာပါတော့တယ်… ဒီအတွက် အေးဂျင့် လုပ်သူ ကာတာရဲ့ အကြံပေးချက်အတိုင်း ဘီလာလို့ စတင်ကျော်ကြားလာတဲ့ သူ့ရဲ့မွေးရပ်မြေကလေးက Warriors အသင်းကို သွားရောက်ပြီး နည်းပြ ရှမစ်ဒ်အစား နည်းပြဝင်လုပ်ဖို့ ဖြစ်လာရပါတော့တယ်… ဒီလိုနဲ့ နာမည်အဖတ်ဆယ်ရုံသက်သက် သွားရောက်ခဲ့တဲ့ ဘီလာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ… သူ ပြန်သွားချင်တဲ့ NBA ဘတ်စကတ်ဘော ထိပ်သီးလောကထဲကိုရော ပြန်ဝင်နိုင်ပါ့မလားဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.5GB | 757MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.8 2023
Warrior Strong
The New Legend of Shaolin
6.3

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက် မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့ သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီး သူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီး နှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား…… ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ…… ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ …… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6.3 1994
The New Legend of Shaolin
Robin and Marian

ရော်ဘင်ဟု လို့ပြောလိုက်ရင် တော်တော်များများ ဝတ်စုံအစိမ်းရောင်နဲ့ ခပ်ငယ်ငယ် မြားသမား တစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ဒီကားကလည်း ရော်ဘင်ဟု အကြောင်းပါပဲ။ တစ်ခုရှိတာက ရော်ဘင်ဟု တစ်ယောက် အသက်ကြီးလာပြီး ဇရာထောင်းစပြုနေတဲ့အချိန်မှာ နေရာယူထားတာပါ။ ကျွန်တော်တို့နဲ့ရင်းနှီးနေစဖြစ်တဲ့ ရှားဝုတောထဲမှာ နေပြီး လူချမ်းသာ တွေဆီက ပိုက်ဆံယူ ဆင်းရဲသားတွေကို ပြန်မျှတဲ့ အဖြစ်အပျက် တွေအပြီးမှာ ရော်ဘင်ဟု ဟာ အင်္ဂလန်ဘုရင် ရစ်ချတ်လိုင်းယွန်းဟာ့နဲ့ ခရူးဆိတ်စစ်ပွဲကို လိုက်ပါဆင်နွဲခဲ့ပါတယ်။ ခရူးဆိတ် စစ်ပွဲကြီး အပြီးမှာတော့ ရော်ဘင်ဟုဟာ သူ့ရဲ့အိမ်ဖြစ်တဲ့ ရှားဝုတောထဲကိုပြန်လာခဲ့ပါတယ်။ ဒီလိုပြန်လာရင်းနဲ့မှ သူ့ရဲ့ချစ်သူဖြစ်ခဲ့တဲ့ မာရီယန်ကို နော်တင်ဟမ်မြို့ ရှဲရစ်ဖ်က ဖမ်းဆီးဖို့လုပ် နေတာကို သိသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရော်ဘင်ဟု တစ်ယောက် သူ့ရဲ့ရန်သူတော်ဟောင်းကြီး ရှဲရစ်ဖ် နဲ့ နေက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရပါတာ့တယ်။ ရော်ဘင်ဟု နေရာမှာ သရုပ် ဆောင်ထားတာက တော့ နာမည်ကျော်မင်းသားကြီးဖြစ်တဲ့ Sean Connery ပါပဲ။ ဒီကားထဲမှာ ရော်ဘင်ဟု ရဲ့ဇာတ်လမ်းကို မြင်နေကျပုံစံတွေနဲ့ ကွဲထွက်ပြီး ခံစားရစေမှာပါ။ File size…(2.3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Tragedy, Adventure, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

TV Movie • Comedy • Romance
0 1976 106 mins
Robin and Marian
The Last Dance
5.9

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအရ အားလုံးက ရှေးလူကြီးတွေက ပြောတယ်ဆိုတာနဲ့ မှန်မှန်မှားမှား ဇွတ်ယုံကြည်တဲ့လူတစ်စုရဲ့ အမူအကျင့်လေးတချို့ကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ… ဒီကားလေးထဲမှာ ကပ်ဘေး ကိုဗစ်အပြီးမှာ အားလုံးက ငွေကြေးရော အလုပ်အားလုံး ခက်ခဲနေကြတာပေါ့… ဒီအချိန်မှာ မင်္ဂလာဆောင်စီစဉ်သူလုပ်ခဲ့တဲ့သူကနေ ဈာပနစီစဉ်သူအဖြစ် ပြောင်းလဲသွားရတော့တာပေါ့… ဒီအချိန်မှာ ငွေရှာဖို့နဲ့ စိတ်ချမ်းသာစေဖို့ ကြားမှာ ဘဝနေနည်းနဲ့ ရှင်သန်ရေးတို့ကြား အတော်လေး အနေခက်ခဲ့ပုံကို ပုံဖော်တင်ဆက်ထားတာပါ… တစ်ဖက်မှာလည်း အလောင်းပြင်ပြီး နတ်ဆရာရဲ့ ရှေးရိုးအယူတွေကြားက ကြေကွဲနေတဲ့ မိသားစုအရေးကိစ္စလည်း ပါဝင်နေပြန်တယ်… ကဲ အားလုံးပဲ ဟောင်ကောင်ရိုးရာ ဈာပနပွဲစီစဉ်ပုံလေးကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Crime • Mystery • Thriller • Drama
5.9 2025
The Last Dance
Girl in the Sunny Place
6.7

Girl in the Sunny Place (2013) ****************************** 2011 ခုနှစ် ဆယ်ကျော်သက်ဂျပန်နှုတ်ခမ်းနီမလေးတွေကြားမှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ အရမ်းကောင်းတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Cast‌ တွေကလည်း 2013 ခုနှစ်မှာပဲ ဒီဇာတ်ကားနဲ့ best couple awardရထားတဲ့အထိ chemistry မိထားတဲ့ ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် မင်းသားရော မင်းသမီးရော နာမည်ကြီးတွေဆိုတော့ ရှုစားသင့်တဲ့ ရုပ်ရှင်ကောင်းလေးတစ်ကားပါပဲ။ မာအိုနဲ့ခိုဆုခဲတို့နှစ်ယောက်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်က ငယ်ချစ်ဦးတွေပေါ့။ ဒါပေမဲ့ အချစ်ဦးဆိုတာ အဆင်မပြေကြဘူးဆိုတဲ့အတိုင်းပဲ ခိုဆုခဲတစ်ယောက် ကျောင်းပြောင်းသွားချိန်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲရင်း အချစ်ဇာတ်လမ်းလေးလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အကြာမှာ အလုပ်မှာ မာအိုနဲ့ပြန်ဆုံချိန်မှာတော့..တစ်ချိန်က ကျောင်းရဲ့ အပယ်ခံမာအိုဟာ အခုချိန်မှာတော့ သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အချစ်ဦးဆိုတာ နှစ်ပေါင်း 100 ထိ မမေ့နိုင်ဆိုတဲ့အတိုင်းပဲ ခံစားချက်တွေလည်း လတ်ဆတ်နေဆဲမို့လို့ ဆယ်စုနှစ်အကြာမှာ အချစ်တွေကိုပြန်လည်အသက်သွင်းရင်း လက်ထပ်ကြဖို့ပြင်ဆင်ချိန်မှာ မာအိုရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ခိုဆုခဲတစ်ယောက် သိလိုက်ရချိန်မှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.88GB / 909MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Romance, Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Action
6.7 2013 128 mins
Girl in the Sunny Place
Mountainhead
5.5

Mountainhead (2025) IMDb Rating (5.5) / Rotten Tomatoes (80%) ဒီကားလေးကတော့ လက်ရှိ billionaire အချို့ရဲ့ အစွန်းရောက်နိုင်မှုကို ထင်ဟပ်ထားပါတယ်။ AI ထုတ် သတင်းအမှားတွေကြောင့် ကမ္ဘာတစ်ဝှမ်း အုတ်အော်သောင်းနင်းဖြစ်နေစဉ်မှာ ကျိကျိတက်ချမ်းသာတဲ့သူဌေးသူငယ်ချင်းလေးယောက်က မောင်တိန်ဟာ့ဒ်ဆိုတဲ့နေရာမှာ အားလပ်ရက်ကို လာအပန်းဖြေကြတယ်။ ဒါပေမဲ့ သူတို့တစ်ဦးချင်းစီမှာက လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပါတယ်။ ရလေလိုလေအိုတစ္ဆေဆိုသလိုပဲ လူတစ်ယောက်က ဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါစေ ကိုယ့်ထက်သာတဲ့လူကိုအမြဲမျှော်ငေးနေရင်ကတော့ ကျေနပ်မှုက ဘယ်လိုမှမရလာတတ်ဘူး။ အဲ့ဒါကပဲ သူတို့လေးယောက်ကြားမှာ စိတ်၀မ်းကွဲစရာဖြစ်လာတယ်။ သူတို့လေးယောက်ပဲရှိတဲ့ ဒီမောင်တိန်ဟာ့ဒ်နေရာကြီးမှာ ကိုယ်ကျိုးအတွက် ကိုယ်စီလှုပ်ရှားရုန်းကန်ကြတဲ့အခါ ဘာတွေဖြစ်ကုန်မလဲ‌ဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (3.3 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:50:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Action • Comedy • Crime
5.5 2025 109 mins
Mountainhead
Irish Ashes
5.5

ဇာတ်လမ်းအကျဉ်းကတော့ .. နိုင်ငံရပ်ခြားရောက်နေတဲ့ထရစ်စတန်ဟာသူ့အမေဆုံးသွားတဲ့အတွက်မွေးရပ်မြို့ကိုပြန်လာပြီး အသုဘကိစ္စအဝဝကိုဆောင်ရွက်ရင်းနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကယ်လီတို့ဆီသတင်းမေးရင်းအလည်သွားခဲ့တယ်။ ငယ်ငယ်တုန်းကကယ်လီနဲ့ဇာတ်လမ်းတွေရှိခဲ့တယ်ဆိုပေမယ့်အခုကတော့ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ။ အသုဘမှာကယ်လီရဲ့အဖေမလာဖြစ်တာကိုမေးရင်းနဲ့ နိုင်ငံခြားမပြန်ခင်ညီမဖြစ်သူကေတီကိုတွေ့ချင်တဲ့အတွက်ကြောင့်ကယ်လီရဲ့အဖေကိုမေးကြည့်တယ်။ ကေတီနာမည်ကိုကြားလိုက်တာနဲ့ ရုပ်ပျက်ဆင်းပျက်သွားတဲ့အတွက် ပထွေးဖြစ်သူဘရန်ဒန်ကိုပဲမေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ကယ်လီအဖေကလည်း ပထွေးနဲ့ခပ်ကင်းကင်းနေဖို့နဲ့ ဒီမှာဆက်မနေဖို့ကိုပဲတိုက်တွန်းနေတယ်။ ဘရန်ဒန်ကိုမေးတော့လည်း ကေတီကထွက်သွားတာလချီနေပြီးအဆက်အသွယ်မရဘူးပဲပြောလွတ်လိုက်လို့စိတ်ပျက်နေတုန်းမှာကယ်လီကလာတွေ့ပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်။ ကေတီကကိုယ်ကိုယ်ကိုသတ်သေသွားကြောင်းနဲ့ ပထွေးဖြစ်သူရဲ့လက်ချက်မကင်းဆိုတာသိလိုက်တဲ့အခါမှာ…. File Size… (953 MB) / ( 478 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 19m Genre …..Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Drama • Action • Thriller
5.5 2025 79 mins
Irish Ashes
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion