YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Law School.2021.EP6.mp4

546.2 MB N/A video/mp4 2855 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Female General Fan Lihua

ဒီဇာတ်လမ်းလေးကတော့ ရှေးခေတ်သူရဲကောင်းဖန်လိဟွားဟာ ဓားပြတွေနဲ့တိုက်ခိုက်ရာမှာ အထင်ကရကျော်ကြားတဲ့ အတွေ့အကြုံအကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဖန်လိဟွားက ဓားပြတွေကိုသုတ်သင်ရှင်းလင်းချင်တာကြောင့် သန်မာတဲ့ ရွှယ်တင်းရှန်နဲ့တွေ့ဆုံခဲ့ပြီး ရွှယ်တင်းရှန်းကိုလည်း မြင်မြင်ချင်းမှာပဲချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှယ်တင်းရှန်ကတော့ သူမကို လက်နက်ချပြီးသူမရဲ့ နယ်ပယ်ကိုပဲပြန်သွားစေချင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အခက်အခဲတွေ ရည်ရွယ်ချက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးပြီး ဓားပြတွေကို အတူတူနှိမ်နှင်းဖို့လုပ်ဆောင်ခဲ့ကြတယ် ဒီလိုနဲ့အဆုံးသတ်မှာတော့ သူတို့နှစ်ယောက်ရဲ့ကံကြမ္ပာကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင့် [ Reviewed By Ou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance
0 2022
The Female General Fan Lihua
Love Affair
5.8

Seong-min ဟာ ကုမ္ပဏီကနေ အနားယူပြီး ဇနီးနဲ့အတူ စာအုပ်ဆိုင် ဖွင့်ထားတဲ့ အိမ်ထောင်ရှင် ဖခင်တစ်ဦးပါ သူ့ဆိုင်ကို အရမ်းလှတဲ့ ဘဲလေးအကဆရာမဖြစ်တဲ့ Ga-hee ရောက်လာပြီးတဲ့နောက် Seong-minက နေ့တိုင်း အကဆရာမလေးအကြောင်းပဲ တွေးမိနေတော့တယ် Ga-hee က သူ့အမေဆေးရုံစရိတ်တွေကြောင့်သာ လက်ရှိခင်ပွန်းနဲ့ ပေါင်းသင်းနေရတာဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ဆက်ဆံရေးက အေးစက်ပြီး Seong-min နဲ့ ဆက်ဆံရေးကတော့ တစ်နေ့တခြား ပိုပိုနီးစပ်လာပါတယ် ဒီလိုနဲ့ နှစ်ယောက်လုံး အရူးအမူး ချစ်မိသွားကြပြီး ဆင်ခြင်တုံတရားမဲ့သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.. ဇာတ်လမ်းလည်းကောင်းသလို မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းများပါဝင်လို့ ကသတိချပ်စေချင်ပါတယ်.. File Size : (1GB) and (437MB) Quality :WEB-DL1080P, 720p Format…mp4 Duration…01:32:00 Genre : Adult, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  DS Encoded by SD

Drama • Horror
5.8 2014 91 mins
Love Affair
A Night in Nude: Salvation
6.5

Ren ဆိုတဲ့ ကောင်မလေးက ငယ်စဉ်ကတည်းက မိဘတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရပြီး တစ်နေ့မှာ နာရီပျောက်မှုတစ်ခုကို Jiro(Naoto Takenaka)ဆိုတဲ့ ထူးဆန်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တဲ့ လူဆီမှာ အမှုသွားအပ်ခဲ့ပါတယ် JiroဟာRenကိုတဖြည်းဖြည်းသနားစိတ်ဝင်လာရာကနေ အချစ်တစ်ခုပေါက်ဖွားကာ ကောင်မလေးကိုအမှောင်ကမ္ဘာထဲက ဆွဲခေါ်ထုတ်နိုင်မလား ဒါမှမဟုတ် သူပါနစ်ဝင်သွားမလားဆိုတာ အသည်းတယားယားနဲ့ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒါ့အပြင် Renကငယ်စဉ်ကတည်းကရခဲ့တဲ့Traumaကြောင့် ကြိုးစားရှင်သန်ဖို့ဘယ်လိုမျိုးတွေအစီစဉ်ချသွားမလဲဆိုတာကိုလဲ ရင်ဖိုဖိုနဲ့ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ် File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__02:07:00 Type__Adult, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by DS Team Encoded by Dark Devil

Action • Drama
6.5 2010 145 mins
A Night in Nude: Salvation
New Kung Fu Cult Master 1

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇ ာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator - Nu Mon, Jo Jo VA , Yunn Myat Noe Khaing Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 354MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, Yunn Myat Noe Khaing Encoder ..... August

Action
null 2022 115 mins
New Kung Fu Cult Master 1
My Policeman
6.3

My Policeman (2022) ================ IMDb Rating – 6.3/10 One Direction အဖွဲ့က ဟယ်ရီစတိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ BL ရုပ်ရှင်အသစ်တစ်ကားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရဲသားကြီးဆိုတဲ့နာမည်နဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ Firebird ဇာတ်လမ်းနဲ့ဆင်သလိုလိုပဲလို့ ပြောရမှာပါပဲ။ Call Me by Your Name ကိုမမီပေမဲ့ အတော်လေးကောင်းတဲ့ ဗြိတိန်အချစ်ဇာတ်လမ်းပါပဲ။ ဇာတ်လမ်းအကျဉ်း ============= တွမ်ဟာ စိတ်ထားကောင်းပြီး ယဉ်ကျေးတဲ့ ရဲတပ်သားလေးတစ်ယောက် ပါပဲ။ တွမ့်ကိုအရမ်းကြိုက်နေတဲ့ မာရီရွန်ဆိုတဲ့ကောင်မလေးကတော့ ကျောင်းဆရာမလေးပေါ့။ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာသူကတော့ ပြတိုက်မှူး ပန်းချီဆရာ ပတ်ထရစ်ပါပဲ။ ဇာတ်အိမ်တည်ထားတာက ဗြိတိန်ရဲ့ ၁၉၅၀ ကျော်ကာလဖြစ်လို့ လိင်တူ ချစ်ကြိုက်မှုဟာ ပြစ်မှုမြောက်ပါတယ်။ ထောင်ကျပါတယ်။ ဒီတော့ သူတို့ သုံးယောက်ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သိုင်းချခန်းအချို့ပါဝင်လို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(500 MB) Quality…………Web-DL 720p Duration………1Hr 53mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Mr.Anderson Encoder……….SWM

Adventure • Family
6.3 2022
My Policeman
Chiara
5.9

Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ သူပြောတာက သာသနာ့ဘောင်ထဲ ဝင်လိုက်ရင် တကယ်ပဲငြိမ်းချမ်းသွားမယ်တဲ့။ ကျွန်တော်တို့သူငယ်ချင်းတွေကလည်း သူ့ကို ပြန်​ပြီး နားချကြတာပေါ့ဗျာ။ သီလရှင် ရာသက်ပန်ဝတ်လိုက်လို့ တကယ်ပဲ ငြိမ်းချမ်းမယ် ထင်လို့လားပေါ့။ သာသနာ့လောကထဲမှာလည်း သူ့ အခက်ခဲနဲ့ သူ၊ သူ့ အရှုပ်ထွေးနဲ့ သူ ရှိနေကြဆိုတာကို မျက်မြင်တွေ့နေကြရတာပဲ မဟုတ်လား။ ယခု ရုပ်ရှင်ထဲမှာဆိုရင် ကလဲလို့ခေါ်တဲ့ ကောင်မလေးက ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ ကောင်မလေး တစ်ယောက်ပါ။ ကလဲက ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာကို လူ့လောကမှာ ချန်ထားခဲ့ပြီး သီလရှင် ဝတ်လိုက်ပါတော့တယ်။ ကလဲ ကျင့်တဲ့လမ်းစဉ်က ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး လောဘကို အဆုံးသတ်ကာ ဆင်းရဲခြင်းလမ်းစဉ်ကျင့်သုံးတာဖြစ်ပါတယ်။ ဇာတ်အိမ်က ၁၂၁၁ ခုနှစ်မှာ တည်ထားတာပါ။ ယခု ၂၁ရာစုမှာတောင် gender equalityက ရသင့်သလောက် မရသေးဘဲ ရှိနေသေးတာ ၁၂၁၁ ခုနှစ်ဆိုတော့ ပိုဆိုးပေါ့။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေမှာ ယောင်္ကျားသားဖြစ်တဲ့ ဘုန်းတော်ကြီးတွေက သာသနာ့လောကကို အုပ်စိုးထားပုံတွေ၊ သီလရှင်တွေကို ဘုန်းကြီးတွေလောက် မတူသလို မတန်သလို ဆက်ဆံကြပုံတွေ၊ သီလရှင်တွေအပေါ်ကို အမျိုးမျိုးသော နှိမ့်ချမှုတွေကို ဒီရုပ်ရှင်ထဲမှာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော် ပြသထားတာဖြစ်ပါတယ်။ ကလဲ တစ်ယောက် သီလရှင်တွေကို ဖိနှိပ်ကြတဲ့ အမျိုးမျိုးအဖုံဖုံကို ဘယ်လိုရင်ဆိုင်သွားမလဲ၊ သူ့ရဲ့ကျင့်စဉ်နဲ့ လူ့လောကကို ဘယ်လို အကျိုးပြုသွားမလဲ၊ ယောင်္ကျား ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ မိန်းမသားဖြစ်တဲ့ သီလရှင်တွေအတွက် တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်ပေးမယ့် သာသနာ့ဘောင် စစ်အေးတိုက်ပွဲတွေကို ဒီရုပ်ရှင်မှာ ခံစားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေ စာပေကျမ်းဂန်တွေက တကယ့်အနှစ်ပါလှပြီး မည်သည့်ဘာသာကို ကိုးကွယ်သူမဆို ဒီရုပ်ရှင်ကို ကြည့်သင့်ကြည့်ထိုက်ပါတယ်။ ဘာသာပြန်သူ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားနဲ့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဘာသာတရားနဲ့ မတူညီကြပေမယ့် ဘာသာတရားတိုင်းရဲ့ အခြေခံက အတူတူပါပဲ။ ဘယ်ဘာသာပဲ ကြည့်ကြည့် ငြိမ်းချမ်းရေးအကြောင်းကိုပဲ ဦးတည်ထားကြတာပါပဲ။ လူအချင်းချင်း ချစ်မြတ်နိုးကြပြီး ကိုယ်ချင်းစာတရား ထားနိုင်ကြရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းနေမှာဖြစ်ကြောင်း မှတ်ချက်ပြုရင်း reviewကို အဆုံးသတ်ပါရစေ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

5.9 2022
Chiara
Chhota Bheem MahaShaitaan Ka Mahayudh
9.1

Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10 ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။ မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…….. ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.1 2023
Chhota Bheem MahaShaitaan Ka Mahayudh
The Thundermans Return
5.5

Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ် ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကို Thundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့ အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင် အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 675MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 10m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

5.5 2024
The Thundermans Return
Gadera
6

Gadera (2024) “ရတနာသိုက်ရှာပုံတော်” လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။ တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီး စူးစမ်းရှာဖွေကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2024 108 mins
Gadera
Showdown in Little Tokyo
6.1

ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း Los Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ နည်းလမ်းကျကျ မှန်မှန်ကန်ကန် ဘယ်လို ဖမ်းဆီးသွားမလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:19:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

6.1 1991
Showdown in Little Tokyo
Lust, Caution
7.6

Lust, Caution (2007) IMDb Rating (7.6) / Rotten Tomatoes (73%) အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို အမွှန်းတင်တဲ့ကားဖြစ်နေတာကြောင့်ရော လိင်မှုခန်းတွေ အသက်ဝင်လွန်းတာကြောင့်ရော တရုတ်အစိုးရက သဘောမကျခဲ့သလို ထျန်းဝေကိုယ်တိုင်လည်း တရုတ်မှာ နှစ်ပါင်းများစွာ ရုပ်ရှင်ရိုက်ခွင့်အပိတ်ခံခဲ့ရတယ်။ ဇာတ်အိမ်တည်ထားတာက ၁၉၃၈ဟောင်ကောင်နဲ့ ၁၉၄၂ရှန်ဟိုင်းမှာ။ ဒုတိယကမ္ဘာစစ်မတိုင်ခင်တစ်နှစ်နဲ့ မပြီးသေးခင်ကာလပေါ့။ ၁၉၃၇မှာ တရုတ်ပြည်ကို ဂျပန်တွေ ဝင်ကျူးကျော်ခဲ့ပြီးတစ်နှစ်အကြာ ၁၉၃၈မှာ ဟောင်ကောင်က လင်းနန်တက္ကသိုလ်မှာ ဝမ်ကျားချီဆိုတဲ့ ကောင်မလေးက ကျောင်းလာတက်တယ်။ ဒီအချိန်မှာ ဝမ်ကျားချီဟာ ယင်ဖိုတောင်မသန်းဖူးသေးတဲ့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ရိုးသားတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဝမ်ကျားချီဟာ တက္ကသိုလ်မှာ မျက်စိပွင့်နားပွင့်အမြင်ကျယ်လာသလို အပေါင်းအသင်းတွေလည်းရလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်းမတစ်ယောက်ကနေတစ်ဆင့် တက္ကသိုလ်ပြဇာတ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွမ်ယုမင်နဲ့ ချိတ်မိသွားတယ်။ ကွမ်ယုမင်က ဝမ်ကျားချီကို မင်းသမီးတင်ပြီး မျိုးချစ်ပြဇာတ်တစ်ပုဒ်ကရာမှာ တော်တော်လေးအောင်မြင်သွားခဲ့တယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုများလာခဲ့တယ်။ ဒီလိုနဲ့ ကွမ်ဟာ သူ့အစ်ကိုရဲ့သူငယ်ချင်းဖြစ်တဲ့ တရှိုနဲ့သွားတွေ့တယ်။ တရှိုက အဲဒီအချိန်မှာ ဂျပန်အလိုတော်ရိဖြစ်နေတဲ့ ဝမ်ကျင်းဝေရဲ့ ထိပ်တန်းအေးဂျင့်ဖြစ်တဲ့ မစ္စတာရီဆိုတဲ့လူဆီမှာ အလုပ်လုပ်နေတာသိတော့ သူတို့တွေ ဂျပန်အလိုတော်ရိ မစ္စတာရီအိမ်ထဲ ချည်းဝင်ပြီး လုပ်ကြံဖို့ကြံကြတယ်။ ပြဇာတ်လောက်နဲ့တင်းတိမ်မနေဘဲ တကယ့်သစ္စာဖောက်တွေကို သတ်ရမယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့ တရှိုရဲ့အချိတ်အဆက်ကိုသုံးပြီး မစ္စတာရီနဲ့ ရင်းနီးလာအောင်လုပ်ကြတယ်။ ပြဇာတ်သမားတွေဆိုတော့ သူတို့ချည်းကပ်ပုံကလည်း ပြဇာတ်ဆန်ဆန်ပါပဲ။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မစ္စတာမာနဲ့ သူ့မိန်းမ မဒမ်မာအနေနဲ့ သရုပ်ဆောင်ပြီး ရှန်ဟိုင်းက လာတာမို့ ဟောင်ကောင်ကို သိပ်မကျွမ်းသေးတဲ့ မစ္စတာရီ့ဇနီးကို ဟောင်ကောင်ကို လိုက်ပတ်ပြပေးမယ်ဆိုပြီး ချဉ်းကပ်ခဲ့တယ်။ မဒမ်ရီနဲ့ ရင်းနှီးသွားတဲ့နောက် မဒမ်မာတစ်ဖြစ်လဲ ဝမ်ကျားချီဟာ မစ္စတာရီတို့အိမ်ကို အမြဲလိုမာကျောက်သွားကစားပြီး သူတို့ကြားပိုရင်းနှီးလာအောင်လုပ်ခဲ့တယ်။ အောင်မြင်ခဲ့ပါတယ်။ ဝမ်ကျားချီဟာ မစ္စတာရီ သူ့အပေါ် အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာအောင် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ မစ္စတာရီက သူ့ကိုစိတ်ဝင်စားလာတဲ့နောက် သူ့ခန္ဓာကိုပါ ဆက်ရင်းဖို့ လုပ်ခဲ့တယ်။ ဒီနေရာမှာ သူက မဒမ်မာအနေနဲ့ နေနေတာဆိုတော့ အပျိုဖြစ်နေလို့မရသလို အတွေ့အကြုံမရှိမဖြစ်နေလို့လည်း မရတာကြောင့် သူတို့ထဲက တစ်ယောက်နဲ့ သူပန်းဦးခြွေခဲ့တယ်။ ဒီအခန်းရဲ့ရက်စက်မှုကတော့ ဝမ်ကျားချီရဲ့နောက်ပိုင်း ရမ္မက်ကြီးမှုတွေမှာ ဖုံးသွားသလိုလိုရှိပေမဲ့ သူချစ်တဲ့သူရှေ့မှာတင် တခြားတစ်ယောက်ဆီ ခန္ဓာပေးခဲ့ရတဲ့အထိ ရက်စက်မှုမျိုးဟာ ဒီအပြာရောင်သန်းတဲ့အခန်းတွေနောက်မှာ ကွယ်ဝှက်နေခဲ့တယ်။ ဒီလောက်ထိ လုပ်ခဲ့ကြပေဲ့လည်း အထက်က အမိန့်မရတာကြောင့် ဘာမှဆက်မလုပ်နိုင်နေတဲ့အချိန် မစ္စတာရီက ရှန်ဟိုင်းကိုပြန်ရဖို့အကြောင်းဖန်လာပြီး သူတို့ရဲ့ တော်လှန်ရေးအိပ်မက်ဟာ ပျက်သုဉ်းသွားတယ်။ ဇာတ်ရဲ့နောက်ထပ်ကာလက လေးနှစ်အကြာ ၁၉၄၂မှာ ရှန်ဟိုင်းမှာ ဝမ်ကျားချီပြန်ရောက်နေတာက စတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ပေါ့။ ဂျပန်တွေက တရုတ်ကိုသိမ်းထားတုန်းပဲ။ ဝမ်ကျင်းဝေကလည်း ရုပ်သေးအစိုးရရဲ့ သမ္မတဖြစ်နေပြီ သူ့အောက်က မစ္စတာရီကလည်း ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်နေပြီ။ ချိန်ကေရှိတ်တို့ ပြည်တွင်းစစ်ရှုံးပြီး ထိုင်ဝမ်ကို မကူးခင်ကာလပေါ့။ ဝမ်ကျင်းဝေရဲ့ အဓိကရန်ဘက်က ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ။ ရှန်ဟိုင်းက ပြည်သူတွေ နိုင်ငံခြားသားတွေကတော့ ဒုက္ခတွေ ပေါင်းစုံနေအောင် ခံနေရပြီ။ မစ္စတာရီကလည်း သတိလည်းပိုကြီးလာသလို သူ့အာဏာကလည်းပိုကြီးလာတဲ့အလျောက် သူ့ကိုလုပ်ကြံဖို့ဆိုတာ တော်တော်ခက်သွားပြီ။ တော်လှန်ရေးသမားတွေအနေနဲ့ သူ့ကိုလုပ်ကြံဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီအချိန်မှာ ကွမ်ယုမင်ကလည်း ကူမင်တန်ထောက်လှမ်းရေးအေးဂျင့်ဖြစ်နေပြီ။ သူက ဝမ်ကျားချီကိုလာရှာပြီး သူတို့အပြီးမသတ်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ပြန်စဖို့ကြံကြတယ်။ Spoilerd Alert အန်းလီဟာ Lust, Cautionရဲ့ ဇာတ်က ကျွန်တော်တို့ကို ခေါ်သွားချင်တဲ့နေရာဆီ အရင်ခေါ်သွားပြီးမှ နောက်ပြန်ခေါ်ပြီး ဒီနေရာဆီ ဘယ်လိုရောက်လာခဲ့လဲ တဖြည်းဖြည်းချင်း ရုပ်လုံးပြန်သွင်းပြထားတယ်။ ပြောရရင် ဝမ်ကျားချီဟာ မစ္စတာရီကို မဒမ်မာအဖြစ် မလှည့်စားခင် ကျွန်တော်တို့ကို အရင်လှည့်စားသွားခဲ့တယ်။ Lust, Cautionရဲ့ တရုတ်နာမည်ဟာ လက်စွပ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်သေးတယ်။ အန်းလီဟာ စစမှာတင် ဒီကားရဲ့ symbolicဖြစ်တဲ့ လက်စွပ်ကိုလည်း ထည့်ပြောထားခဲ့တယ်။ မစ္စတာရီရဲ့ အတွေ့အောက်မှာ ဝမ်ကျားချီဟာ သူ့နှလုံးသားပါသွားတော့မလိုလိုဖြစ်ခဲ့တယ်။ ဝမ်ကျားချီဟာ ရမ္မက်ကနေ ပြောင်းလဲသွားတဲ့ တရွေ့ရွေ့တက်လာတဲ့ချစ်စိတ်တွေကို သတိနဲ့ ချွန်းအုပ်ထားခဲ့ရပေမဲ့ အဲဒီသတိကို ပြိုလဲစေခဲ့တဲ့အရာက လက်စွပ်တစ်ကွင်းဖြစ်ခဲ့တယ်။ မစ္စတာရီရော ဝမ်ကျားချီပါ သတိကြီးကြတဲ့လူတွေပါပဲ။ မစ္စတာရီရဲ့ သတိကိုပြိုလဲစေခဲ့တဲ့အရာက ရမ္မက်ဖြစ်ခဲ့ပြီး ဝမ်ကျားချီရဲ့သတိကိုပြိုလဲစေတဲ့အရာကတော့ လက်စွပ်တစ်ကွင်း ဖြစ်ခဲ့တယ်။ အဲဒီလက်စွပ်ဟာ ဝမ်ကျားချီအတွက်တော့ အချစ်ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ Lust, Cautionဟာ ကြမ်းကြုတ်တဲ့ခေတ်တစ်ခေတ်နောက်ခံက ဘက်မတူတဲ့လူနှစ်ယောက် သတိလွန်ဆွဲကြတဲ့ ဇာတ်ဆိုလည်းဟုတ်တယ်။ နိုင်ငံရေးအမြင်တွေ ကိုယ်ပိုင်ခံယူချက်တွေ, ရမ္မက်တွေ အချစ်တွေ သတိတွေလွန်ဆွဲကြတာဆိုလည်း ဟုတ်တယ်။ အန်းလီအတွက် ဒီမတိုင်ခင်က သူ့ဇာတ်ကားတိုင်းလိုလိုမှာ ဒီလိုလွန်ဆွဲကြတဲ့အကြောင်းအရာမျိုးတွေ ရိုက်ပြဖူးပြီးသားဆိုတော့ Lust, Cautionမှာ သူ့ကာရိုက်တာတည်ဆောက်ပုံဟာ ဒီလိုဇာတ်အတွက် တော်တော်ပိုင်နိုင်နေပြီ။ ကာရိုက်တာနှစ်ကောင်တည်းရဲ့ လွန်ဆွဲပွဲနဲ့တင် အန်းလီဟာ ဒီဇာတ်တစ်ခုလုံးကို ကောင်းကောင်းအသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်အိမ်ကတော့ သူပြထားတဲ့ခေတ်နဲ့မလိုက်အောင်ကို ခေတ်ထက် ဒီလူ၂ယောက်ကိုပဲ အကုန်ပုံထားခဲ့တယ်။ ဒါကလည်း အန်းလီထက် မူရင်းစာရေးဆရာမ Eileen Changလက်ချက်။ သူ့ခေတ်က နိုင်ငံရေးကို ပိုထည့်ရေးကြတဲ့ခေတ်ဖြစ်ခဲ့ပေမဲ့ Eileen Changကတော့ နိုင်ငံရေးကို အရန်လောက်ပဲသုံးပြီး ဇာတ်ကောင်၂ကောင်ဆီပဲ ဦးတည်ထားခဲ့တယ်။ အန်းလီကလည်း ဒီတိုင်းပဲ အသက်သွင်းခဲ့တယ်။ Lust, Cautionရဲ့ ကာရိုက်တာနှစ်ယောက်ထဲက ထျန်းဝေရဲ့ကာရိုက်တာအပေါ်မှာတော့ မတရားလှတဲ့ရက်စက်ခြင်းတွေ လွှမ်းခြုံထားတယ်။ အဲဒီရက်စက်ခြင်းတွေဟာလည်း ကျွန်တော်တို့ဘဝထဲက အရာများစွာလိုပဲ အဖြေမရှိဘူး။ ဝမ်ကျားချီရဲ့ ရွေးချယ်မှုအတွက်လည်း အဖြေမရှိဘူး။ ဒါပေမဲ့ ကိုယ်က ဘယ်အရာအတွက် ပိုတာဝန်ရှိလဲ ရွေးချယ်ဖို့လိုလာတဲ့အခါ နှလုံးသားအတိုင်းလိုက်ရင် အမှားများကောင်းများလိမ့်မယ်။ ဒါပေမဲ့ အသိစိတ်အတိုင်းလိုက်ရင်တော့ ကိုယ့်အတွက် နောင်တပိုများနေမှာပဲ။ ပထမလမ်းအတိုင်းလိုက်တာက မှားနေရင်တောင် မှန်နေမယ်လို့ ကျွန်တော်တော့ သေချာတယ်။ ဝမ်ကျားချီမှာတော့ နောင်တရှိခဲ့မယ်မထင်ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.6 2007 158 mins
Lust, Caution
The Smile Man
7.4

The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု) အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင် လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကို အပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်။ ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။ ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့ အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။ သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊ ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်း ဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။ ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့ နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။ ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲ အပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။ ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့ သားဖြစ်သူ အာရဗင်ဟာ ချီဒမ်ဘရမ်ကို ဒီအမှုထဲ ပြန်လည်ဝင်ရောက်စေခဲ့တဲ့အခါမှာတော့ ………. လွန်ခဲ့တဲ့ ၅နှစ်က ဗန်ကာတက်ရှ် ပစ်သတ်လိုက်တဲ့ တရားခံဟာ အပြုံးလူသား လူသတ်မှုတရားခံအစစ်ဟုတ်ရဲ့လား …….. ဗန်ကာတက်ရှ်ရဲ့ ပျောက်ဆုံးမှု နောက်ကွယ်က အမှန်တရားကရော ဘာဖြစ်မလဲ ……. အယ်လ်ဇိုင်းမားရောဂါသည် ချီဒမ်ဘရမ်တစ်ယောက်ကရော အမှုကိစ္စတွေကို ဘယ်လိုဝင်ရောက်ကူညီမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Comedy • Action • Adventure
7.4 2024 121 mins
The Smile Man
Thirteen Days
7.3

Thirteen Days (2000) IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက် ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။ တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny

Drama
7.3 2000 145 mins
Thirteen Days