YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Law and The City (2025) E01 720p WEB-DL [RMC].mp4

571.14 MB 720p video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Resolution
6.3

(၂၀၁၂) လောက်ကထွက်ထားတဲ့ Resolution လို့ခေါ်တဲ့ Horror/ Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ဟာဝေးလံခေါင်သီတဲ့အရပ်က တဲအိမ်လေးတစ်လုံးမှာနေထိုင်တဲ့ အားတိုင်းဆေးကွဲပြီးရမ်းကားနေတဲ့ ဆေးသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့အထက်တန်းတုန်းကသူငယ်ချင်း မိုက်ခ်ဟာ သူငယ်ချင်းကိုဒီဘဝကကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ခရစ်ဆီရောက်လာပါတော့တယ်။ ခရစ်ကို ပြည်လည်ထူထောင်ရေးစင်တာကိုပို့ဖို့ အနုနည်းနဲ့ပြောမရတာကြောင့် အကြမ်းနည်းသုံးပြီး ခရစ်သဘောတူလာမဲ့အချိန်ထိ လက်ထိပ်ခတ်ဖမ်းဆီးထားပါတော့တယ်။ ဒါပေမဲ့ သူတို့ဉာဏ်မမီတဲ့ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ဘဝတွေလည်း ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်ကားမှာ Setting ကိုလည်း အဟောင်းအနွမ်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေသခံတွေကလည်းဖော်ရွေမှုမရှိတဲ့ ထူးဆန်းတယ်ဆိုတဲ့ခံစားချက်ကို အပြည့်အဝရစေတဲ့ တောခေါင်ခေါင်နေရာတစ်ခုမှာ ရွေးချယ်ရိုက်ကူးထားတာမို့ Horror ကား vibe အပြည့်အဝရစေမှာပါ။ Horror ဆိုပေမဲ့လည်း Jump scare တွေနဲ့ပြည့်နေတဲ့ သရဲကားလိုပုံစံမျိုးမဟုတ်ဘဲ တထိတ်ထိတ်နဲ့ဇာတ်လမ်းကို ဖြည်းဖြည်းချင်းပဲဆွဲခေါ်သွားတာမို့ Mystery/Thriller လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကားဟောင်းတစ်ကားဖြစ်ပေမဲ့ IMDB rating 6.3 ထိရရှိထားတာမို့ Horror ကားတစ်ကားအတွက်တော့ တော်တော်လေးမြင့်တဲ့ rating ကို ရရှိထားတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဇာတ်‌ဆောင်မင်းသမီးမပါဘဲ မင်းသားနှစ်ယောက်နဲ့တင် ဇာတ်ကားကိုဆွဲခေါ်သွားပြီး rating ကောင်းကောင်းရယူထားတာမို့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုတွေကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မလဲဆိုတာ ကြည့်ရှုဝေဖန်ပေးကြပါဦးနော်။ File size…(1.2 GB)/(620 MB)/(330 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

6.3 2012
Resolution
L’uomo sulla strada
6.2

L’uomo sulla strada (2022) ~ IMDb rating – 6.2/10 ~ ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။ အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။ တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ… တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ… ဆိုတာ​တွေကို ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 875MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 50Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.2 2022
L’uomo sulla strada
A Brush with Christmas
5.5

ခရစ်စမတ်ဆိုရင် အရောင်စုံလင်တဲ့ပွဲတော်တွေ၊ခေါင်းလောင်းသံမြိုင်မြိုင်နဲ့ပုံရိပ်ကို မြင်မိတဲ့အတိုင်း ဒီကားလေးမှာ ဘေဆိုက်မြို့က နှစ်တိုင်းလုပ်နေကျ ခရစ်စမတ် အားလပ်ရက် ပွဲတော်အရသာလေးတွေ ရမယ့်ကားပါ ဇာတ်လမ်းက ပန်းချီဆွဲဝါသနာပါတဲ့ ရှာလိုအက်၊ တစ်ဦးတည်းသောသမီးမို့ မိသားစုရဲ့ စားသောက်ဆိုင်လုပ်ငန်းကို လက်လွှဲယူပြီး ဦးစီးနေရချိန် တဖက်မှာ နှစ်သက်ရတဲ့ ပန်းချီကို အချိန်မပေးနိုင်တော့လို့ လက်လွှတ်ခါနီးမှာ ဘဝထဲကို နယ်လှည့် ဗိသုကာရေးဆွဲတဲ့ ဝိုင်ယက်ရောက်လာချိန် ဘာတွေဆက်ဖြစ်မလဲ၊ ရှာလိုအက် အလုပ်နှစ်ခုကို သူဘယ်လို ကိုင်တွယ်မလဲ ဝိုင်ယက်နဲ့ရော ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အားလပ်ရက်မှာ မိသားစုနဲ့ ပါအတူကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.5 2022
A Brush with Christmas
The Monster Is Coming
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ…… သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
The Monster Is Coming
Hitman

နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2008
Hitman
Buddha Mountain
6.8

Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo International Film Festival မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…… နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့ အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာ ခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။ မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့ လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီး အတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။

6.8 2010
Buddha Mountain
Danger on Party Island

ဒီနှစ်မှာမှ ထွက်ရှိထားပြီး IMDB 5.1/10 ရရှိထားတဲ့ Thriller ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ဒေးက ရှေ့နေတစ်ယောက်ဖြစ်ပြီး စိတ်ခံစားချက်ကို တော်ရုံဖွင့်မထုတ်ပြတတ်သူပါ။ သူနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်စွာနဲ့ ညီမဖြစ်သူ ဂျော်ဂျီယာကတော့ ပွင့်လင်း ဖော်ရွေသူတစ်ဦးဖြစ်ပြီး ငယ်ငယ်ကတည်းက သူတို့ညီအစ်မနှစ်ယောက်က မတူကွဲပြားတဲ့ပုံစံနဲ့ပဲ ဘဝကို ရပ်တည်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မယ်ဒေးတစ်ယောက် ညီမဖြစ်သူ ဂျော်ဂျီယာက ကျွန်းတစ်ကျွန်းပေါ် ခရီးထွက်ရင်းနဲ့ သေဆုံးသွားပြီဆိုတဲ့ သတင်းဆိုးကြီးကို ရင်ဆိုင်လိုက်ရပါတော့တယ်။ ရုတ်တရက် ကြားသိလိုက်ရတဲ့သတင်းဆိုးကို ရင်ဝယ်ပိုက်ပြီး ညီမဖြစ်သူအလောင်ကို သယ်ဖို့ ကျွန်းပေါ်ကို ရောက်လာချိန်မှစလို့ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့ပြီး သူ့ရဲ့အသက်အန္တရာယ်ကိုပါ စိုးရိမ်လာခဲ့ရချိန်မှာတော့.. ဂျော်ဂျီယာက ဘာလို့ သေဆုံးသွားခဲ့တာလဲ.. မယ့်နောက်ကိုရော ဘယ်သူတွေက လိုက်နေခဲ့တာလဲ.. မယ်တစ်ယောက် ညီမဖြစ်သူရဲ့အမှုမှန်ကို ဖော်ထုတ်ပြီး အသက်အန္တရာယ်ကနေ လွတ်အောင် ပြေးနိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
Danger on Party Island
One Fast Move

ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Action, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

Comedy • Drama • Romance
0 2024
One Fast Move
Apocalypse Z: The Beginning of the End
6.5

Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ ဇွန်ဘီးတွေကြားမှာ အသက်ရှင်ဖို့ ကြိုးစားရင် အစ်မရှိတဲ့ ဌာနချုပ်ကို သွားဖို့ ကြိုးစားတဲ့ စွန့်စားခန်းတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.44GB / 891MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Adventure • Action • Comedy • Thriller
6.5 2024 119 mins
Apocalypse Z: The Beginning of the End
Everybody Loves Touda
6.5

Everybody Loves Touda (2024) IMDb Rating (6.5) / Rotten Tomatoes (100%) မော်ရိုကိုမြေပြန့်ဒေသက ”ရှီးခတ်”လို့ကျော်ကြားကြတဲ့ ရိုးရာတေးဆိုကြတဲ့ အဆိုတော်လူမျိုးတွေကနေဆင်းသက်လာတဲ့”တူဒါ” ဆိုတဲ့ အမျိုးသမီး။ အသက်မွေးကြောင်းအရ ဘားတွေမှာ တင်လှုပ်ရင်လှုပ် ထိကပါးရိကပါးခံပြီး သီချင်းဆိုဖျော်ဖြေရပေမဲ့ သူ့ရဲ့အိပ်မက်က သူတို့ရိုးရာ ”အိုက်တာ”သီချင်းနဲ့ကျော်ကြားတဲ့စတားတစ်ယောက်ဖြစ်လာဖို့ ။ သူ့ဘဝကို ဘားအဆိုမယ်အဖြစ်နဲ့မ​​ပျော်ပိုက်တဲ့ မာနခဲပေါ့။ ရိုးရာတေးတွေကိုနေရာမပေးကြတော့တဲ့ခေတ်မှာ အရည်အချင်းရှိပေမဲ့ အသိအမှတ်မပြုခံရတော့ သူဟာမြို့ကြီးကိုတက်ပြီး နေရာရဖို့ ကြိုးစားပါတော့တယ်။ သူကိုယ်တိုင်စာမတတ်တော့ သူ့ရဲ့ဆွံ့အနားမကြားသားလေးကို စာတတ်​အောင်သင်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းမာပြီးရည်မှန်းချက်ကြီးတဲ့အမျိုးသမီးပေါ့.. ဒီဇာတ်ကားက သူမရဲ့ဘဝကြမ်းတမ်းပုံတွေ ရုန်းကန်ရပုံတွေကို ရိုးရိုးလေးနဲ့ရိုက်ပြထားပြီး သရုပ်ဆောင်မင်းသမီးရဲ့ ကာရိုက်တာကိုပုံဖော်တဲ့နေရာမှာ အမူအရာကအစ အတော့်ကိုသဘာဝကျကျ သရုပ်ဆောင်ထားတာကိုမြင်ရမှာပါ။ ခံစားတတ်တဲ့သူတွေအတွက် ကြည့်ရတာတန်မဲ့ကားကောင်းလေးတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shwe Eain Si ဖြစ်ပါတယ်။) File size… (2 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:42:32 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Shwe Eain Si

Comedy • Romance
6.5 2024 102 mins
Everybody Loves Touda
Kal Ho Naa Ho
8

Kal Ho Naa Ho (2003) “ကယ်တင်ရှင်” ရှာရွတ်ခမ်း၊ ဆေ့ဖ်အလီခန်းနဲ့ မင်းသမီး Preity Zinta တို့ပါဝင်ထားတဲ့ နာမည်ကြီး အချစ်ရုပ်ရှင်ကားလေးကို ကွာလတီအသစ်နဲ့ တဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံမှာ မသိသူမရှိလောက်အောင် ဝင်ငွေအကောင်းဆုံး ဟင်ဒီရုပ်ရှင်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပြီး မင်းသား ရှာရွတ်ခမ်းကို ကျော်ကြားလာစေခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး ခေတ်ဟောင်း အမေရိကန်သီချင်း Pretty Woman ကို ဟင်ဒီလို စတိုင်လ်ပြောင်းသီဆိုထားတဲ့ သီချင်းနဲ့ အကခန်းဟာလည်း နာမည်ကြီးပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်မှာနေတဲ့ မျက်မှန်လေးနဲ့ ဖတဆိုးလေး နိုင်နာရဲ့ မိသားစုလေးဟာ စီးပွားရေးမကောင်းသလို အိမ်တွင်းရေးကလည်း အဆင်မပြေလှပါဘူး မနက်ခင်းတိုင်း ရန်ဖြစ်သံတွေနဲ့ ဖြတ်သန်းရတဲ့ဘဝမှာ နိုင်နာရဲ့ ယောကျ်ားလေးသူငယ်ချင်းဖြစ်သူ ရိုဟစ်ကြောင့်ပဲ ပူပန်မှုတွေ ခဏတာမေ့ပျောက်ရတယ် တစ်ရက်မှာတော့ သူတို့အိမ်နားကို အာမန်ဆိုတဲ့ တက်တက်ကြွကြွကောင်လေးတစ်ယောက် ပြောင်းလာချိန်မှာ ရိုဟစ်၊ အာမန်၊ နိုင်နာဆိုတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ သိပြီးသားဆိုရင်လည်း နောက်တစ်ခေါက်ပြန်လည်ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Cym ~ STAR ~ ToMo ~ Yunni မှ ဖြစ်ပါတယ် File size… 5.2 GB / 2.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 6min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Cym ~ STAR ~ ToMo ~ Yunni

Comedy • Action
8 2003 187 mins
Kal Ho Naa Ho