YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Lady Revenger Returns from the Fire E04 1080p WEB-DL CM.mp4

429.08 MB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hachiko
7.1

ဒီနှစ်ထွက်ရှိထားတဲ့ တရုတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Hachiko ပါ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီးတော့ ပရိသတ်ကြီးတို့ထဲမှာ ခွေးချစ်တတ်တဲ့သူလေးတွေရှိရင် ဒီကားလေးက ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ။ အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင်တော့ ပါမောက္ခချန်ဟာ သုတေသနခရီးသွားရာကနေ လမ်းမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ရပါတယ်။ ခွေးလေးက ချစ်ဖို့ကောင်းတဲ့အပြင် သနားစရာလည်း ကောင်းတာမလို့ ပါမောက္ခချန်က အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိန်းမဖြစ်သူက ငယ်ငယ်က ခွေးကိုက်ခံရဖူးတာကြောင့် အခုလိုမျိုး ခွေးခေါ်လာတာကို မကြည်ဖြူခဲ့ပါဘူး။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ခွေးလေးကို မိသားစုဝင်အဖြစ် လက်ခံခဲ့တယ်။ ခွေးလေးရဲ့ နာမည်ကိုလည်း မာကျောက်ကစားဝိုင်းကို အစွဲပြုပြီး ပါးထုန်လို့ ပေးထားလိုက်တော့တာပေါ့။ ပါးထုန်လေးက သူ့သခင်အလုပ်သွားတိုင်း ကေဘယ်ဘူတာအထိ လိုက်ပို့တတ်ပြီးတော့ ဘူတာကနေ သတင်းစာယူပြီးမှ အိမ်ပြန်လာတတ်ပါတယ်။ ညနေပိုင်း သခင် အလုပ်ပြန်လာမယ့်အချိန်ရောက်ရင် ဘူတာမှာ သွားစောင့်နေတတ်သေးတာပါ။ သခင်ဖြစ်သူ ချန်ကျင်းရှိုက ပါးထုန်လေးကို သားလေးတစ်ယောက်လို သဘောထားတာမလို့ ပါးထုန်လေးကလည်း သခင့်ကို အရမ်းတွယ်တာခဲ့ပါတယ်။ တစ်နေ့မှာတော့ သခင်ဖြစ်သူဟာ မမျှော်လင့်ဘဲ လောကကြီးထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမဲ့ ပါးထုန်လေးကတော့ သေခြင်းတရားဆိုတာကို နားမလည်ဘဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်ပြီးရင် စောင့်နေခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုကလည်း ဘဝပေးအခြေအနေတွေကြောင့် တစ်ယောက်တစ်နေရာစီ ကွဲကုန်ကြတာပေါ့။ ပါးထုန်လေးကရော အရင်နေရာလေးမှာပဲ သခင်ဖြစ်သူ ပြန်အလာကို စောင့်နေမှာလား၊ ဒါမှမဟုတ် ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ပဲ တခြားနေရာကို လိုက်သွားရမလား၊ သခင်တွေနဲ့ ပြန်တွေ့ရမလားဆိုတာကိုတော့ Hachiko ဆိုတဲ့ ဇာတ်ကားမှာ ကြည့်ကြည့်လိုက်ကြပါနော်။ ပါးထုန်နဲ့ သခင်ဖြစ်သူ ပါမောက္ခချန်ကြားက ကြည်နူးဖွယ်ရာ အခိုက်အတံ့လေးတွေကိုလည်း တွေ့မြင်ရမှာမလို့ ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်ရဲ့ အကြည်သင့်ဆုံး ဇာတ်ကားတစ်ကားပါပဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Family Runtime : 2h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed by Htet Nyein Khant Encoded by LK

Horror • Thriller
7.1 2023 124 mins
Hachiko
Jalsa
6.4

IMDb 6.3 ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါ ညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကို ဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲ မာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ် ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှ ာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းကို Yunniမှရေးသား‌ပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey

Comedy
6.4 2022 127 mins
Jalsa
Where Is Anne Frank
6.7

Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ရဲ့ ယနေ့ခေတ်စွန့်စားခန်းတွေကိုရော တလှည့်စီပြထားပါတယ်။ 2021 ကထွက်တဲ့ Animated Film လေးပါ။Animation style ကကြည့်လို့ကောင်းပြီး ကြေကွဲစရာဖြစ်ရပ်တွေကိုလည်း ရှုစားရမှာပါ။ Rotten tomatoes -76% File size…(1.6gb)/(837mB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Drama/Animation/Fantasy/History/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Adventure • Family
6.7 2021 99 mins
Where Is Anne Frank
Jack Reacher: Never Go Back
5.9

ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။

Action • Comedy • Romance
5.9 2016 118 mins
Jack Reacher: Never Go Back
The Railway Children Return
5.4

ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါ သူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ… File size…(1.53GB)/(817MB)/(414MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Adventure / Drama / family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Thriller
5.4 2022
The Railway Children Return
God’s Country
5.6

God’s Country (2022) ================ ပါမောက္ခဆန်ဒရာဟာ နယူးအော်လန်ကနေ ပြောင်းလာပြီး ဆီးနှင်းပြင်ထဲမှာ တစ်ယောက်တည်း နေထိုင်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ လူမှုဆက်ဆံရေးပညာကို သင်ကြားရပြီး ကိုယ်မှန်တယ်ထင်ရင် အဆုံးထိတိုးတတ်တဲ့လူတစ်မျိုးပါ။ တစ်ရက်မှာ လူစိမ်းနှစ်ယောက်က သူပိုင်ဆိုင်တဲ့မြေနေရာပေါ် ကားရပ်ပြီး တောင်ကြားထဲမှာ အမဲလိုက်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ အဲဒီလူနှစ်ယောက်ကို ဆန်ဒရာက သူ(သူမ)ပိုင်နက်ပေါ် မကျူးလွန်ဖို့ ပြောကြရင်းနဲ့ ပြဿနာတွေ စတင်လာခဲ့ပါတယ်။ လက်ရှိအခြေအနေတချို့နဲ့ တိုက်ဆိုင်နေတဲ့ စကားလုံးတွေ၊ အဖြစ်အပျက်တွေ ပါဝင်ပြီး ရှုပ်ထွေးမှုတွေနဲ့ ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်ကားအစပိုင်းမှာတော့ သာမန် flow လေးနဲ့ပဲ သွားနေပြီး ဇာတ်သိမ်းခါနီးလေ မြှုပ်ထားသမျှအရာပေါ်လေ ဆိုတာမျိုး ဖြစ်တာကြောင့် ဒီနေရာမှာတော့ အဆုံးထိကြည့်ပေးကြဖို့ပဲ ဆိုပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.2 GB) / (450 MB) / (260 MB) Quality…………Web-DL 1080p / 720p / 480p Duration………1Hr 42mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….May Thet Khine Soe Encoder……….SWM

Horror • Science Fiction • Thriller
5.6 2022 102 mins
God’s Country
Middle Class Love
6.4

Middle Class Love (2023) IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Comedy • Drama
6.4 2022
Middle Class Love
Linoleum
6.7

Linoleum (2022) ~ IMDb – 6.7/10, RT – 80%, Meta – 80% ~ အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။ တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က သူထိုက်တန်တာကို သက်သေပြဖို့ အခွင့်အရေးရလာပါတယ်။ ဒုံးကျည်ပြုတ်ကျတဲ့အတွက် ကမ်မရွန်တို့အိမ်က အစိုးရလုပ်ပိုင်ခွင့်အောက်ရောက်ပြီး ‌လုပ်စရာတွေမပြီးပြတ်ခင်အထိ အိမ်မှာနေလို့မရပါဘူး။ အဲ့အတွက်သူတို့မိသားစုဟာ ကမ်မရွန်ရဲ့ဇနီး အီရင်နဲ့ ညီမဖြစ်သူအိမ်မှာ ခဏသွားနေရပါတယ်။ အဲဒီရပ်ကွက်မှာပဲ သမီးဖြစ်သူက သူတို့လိုပဲ အိမ်ပြောင်းလာတဲ့ ကျောင်းက အသစ်ကောင်လေးနဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ကောင်လေးရဲ့အဖေကတော့ တခြားသူမဟုတ်ဘဲ ကမ်မရွန်နေရာကိုလုသွားတဲ့ ကန့်ရဲ့သားဖြစ်နေပါတယ်။ ကမ်မရွန်ကတော့ ပျက်ကျလာတဲ့ ဒုံးကျည်အစိတ်အပိုင်းကနေ သူ့ကိုယ်ပိုင် ဒုံးကျည်ဆောက်ဖို့ လုံးပန်းနေခဲ့ပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက သဘောမတူတဲ့အတွက် စကားများခဲ့ပေမယ့် နောက်တော့ ဇနီးဖြစ်သူကလည်း အတူပါ၀င်ပြီး တည်ဆောက်ခဲ့ကြပါတယ်။ အားလုံးပြီးသွားလို့ လွှတ်တင်မယ့်နေ့မှာတော့ ကမ်မရွန်ဟာ သူ့ဘ၀ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာ အမှတ်ရလာပါတော့တယ်။ သူတစ်လျှောက်လုံးထင်နေတဲ့ အရာတွေက တကယ့်ဘ၀မှာ တကယ်ကော ဟုတ်ပါ့မလားဆိုတာကို ရသအစုံနဲ့ ကြည့်ပြီး Plot Twist အကြီးစားကြီးနဲ့အတူ စဉ်းစားခန်း၀င်လို့ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 805MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 41Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Adventure • Drama • History
6.7 2022 101 mins
Linoleum
Girl in Room 13
5.4

(၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Crime
5.4 2022
Girl in Room 13
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Interstate 60
7.6

လူတွေ ဘာလို့ဆုတောင်းကြသလဲ… ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ သိချင်ပါသေးတယ်။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre…Adventure, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thomas

7.6 2002 116 mins
Interstate 60
Baghead
5.5

ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့ သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့ အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ… တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်… နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း အဆောက်အဦကြီး ဖြစ်နေပါတော့တယ်… အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့ အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။ သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့ လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ… အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင် မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ… ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်… အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့ ဇာတ်သိမ်းမလှခဲ့ကြပါဘူး.. ဒါတွေကို တစ်ခုမှ မသိသေးတဲ့ အိုင်းရစ်စ်က ညဘက်ကြီး ဆိုင်ကို အသံမပေးဘာမပေး ဝင်လာပြီး ဒေါ်လာ ၄၀၀၀ အထိ ကမ်းလှမ်းကာ မြေအောက်ခန်းကမိန်းမနဲ့ တွေ့ချင်လို့ပါလို့ ပြောလာတဲ့ နေးလ် ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ တွေ့အပြီးမှာတော့ သူ့ဘဝကြီးက သိသိသာသာ စတင်ပြောင်းလဲဖို့ဖြစ်ပါတယ်… ချစ်ရတဲ့ ဆုံးပါးသွားသူတွေနဲ့ ပြန်တွေ့ဆုံပြီး စကားလက်ဆုံပြောဖို့ဆိုတာ လူတိုင်းအတွက် အင်မတန်ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခုပေမဲ့ အဲဒီနောက်ကွယ်မှာ ဘာတွေကို ပေးဆပ်လိုက်ရမလဲဆိုတာတော့… File size…963MB / 442MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Adventure • Fantasy • Drama • Comedy • Music
5.5 2024 95 mins
Baghead
All Lives
6.5

ဒီဇာတ်လမ်းကတော့ ဝေဒနာတွေရဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ခင်ဗျားတို့ဘဝထဲမှာ ဘာမှမလုပ်နိုင်မကိုင်နိုင်တော့ဘဲ ဆေးသက်သက်နဲ့ အသက်ဆက်ပြီး လှဲနေရုံကလွဲ ဘာမှ မထူးတော့တဲ့ လူတွေရှိဖူးမလားမသိဘူး။ ကျွန်တော့်အဘွားကတော့ အဲဒီလိုနှစ်နည်းနည်းနေသွားခဲ့တယ်။ သူ့အကြောင်းတွေးမိရင် ဒီလောက်ထိ ဆွဲဆန့်ထားကြဖို့ မကောင်းဘူးလို့ အမြဲတွေးမိတယ်။ ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တစ်ခါပဲ သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲရှိခဲ့တယ်။ ဒီရုပ်ရှင်ကတော့ ဘဝရဲ့နောက်ဆုံးအချိန်မှာ ဝေဒနာတွေ အတိနဲ့ပဲ ရှင်သန်နေရတဲ့လူတွေနဲ့ သူတို့ကို ကုသေပေးနေတဲ့ ဆရာဝန်တွေကြားထဲက အကြောင်းအရာပါပဲ။ ဝေဒနာ ခံစားရုံသက်သက်အတွက် အသက်ဆက်နေရတဲ့ ဒီလူတွေကတော့ ဘယ်လိုမှ ဆက်မရှင်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဒီလိုရှင်သန်ရတာက တန်လားမတန်လား သေသင်လား မသေသင့်သလား။ ဘာအကြောင်းအတွက် အသက်ဆက်ရှင်သင့်လဲဆိုတာကို ဒီရုပ်ရှင်မှာ သူ့အမြင်နဲ့သူပြသွားတယ်။ ဒီကားရဲ့ပွိုင့်ကတော့ ကောင်းပေမဲ့ ကျွန်တော့်စိတ်ကတော့ မပြောင်းသွားခဲ့ပေမဲ့ ဒီကားဟာ ဒီကားထဲက ဇာတ်ကောင်တွေနဲ့ ထပ်တူညီတဲ့ ခံစားချက်ရှိချင်ရှိလောက်မယ့်လူတွေအတွက်ပေါ့။ File size…2.23GB / 806MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder… Naing Aung Latt Translated by W

6.5 2024
All Lives
Madame Claude

Madame Claude (1977) Madame Claude ဆိုတဲ့ ဇာတ်ကားကတော့ ၁၉၆၀-၁၉၇၀ ဝန်းကျင်မှာ ကျော်ကြားခဲ့တဲ့ Paris မြို့က ပြည့်တန်ဆာခေါင်းကြီး Fernende Grudet ခေါ် Madame Claude အကြောင်းကိုအခြေခံထားတာ ဖြစ်ပါတယ်။ Madame Claude ရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုက ကြီးလွန်းလို့ အာဏာအရှိဆုံးဆိုတဲ့ ယောက်ျားတွေ သူဌေးတွေ နိုင်ငံရေးသမားကြီးတွေ နာမည်ကြီးတွေပါ အသုံးပြုကျတဲ့အတိုင်း သူ့မှာလျှို့ဝှက်ချက်တွေ အများကြီးကို ကိုင်ဆောင်ထားတဲ့လူပါ။ ဒီဇာတ်လမ်းထဲမှာ Madame Claude ရဲ့ စီးပွားရေး အင်ပါယာ ကိုယ်ပိုင် ဘဝ နောက်ကျောကို ဓါးနဲ့ထိုးတာတွေ အာဏာတွေ အားနည်းချက် တွေကို ယောက်ျားတွေ ကြီးစိုးတဲ့ ကမ္ဘာမှာ ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ Sidonie ဆိုတဲ့ အမျိုးသမီးပါ Madam Claude ရဲ့တပည့် သူမရဲ့ ကိုယ်ပိုင်ဘဝရော အလုပ်မှာရော အရေးပါခဲ့တဲ့ လူပါ။ Madam Claude တယောက် အာဏာကြီးလာတာနဲ့အမျှ ရန်သူတွေလဲများလာပါတယ်။ နောက်ဆုံး သူတည်ဆောက်ထားတဲ့ အင်ပါယာကြီးကိုပါ ပျက်စီးဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းကျော်လွှားမလဲဆိုတာ…။ ၁၉၇၇ ဝန်းကျင်က ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ ယဥ်ကျေးမှုတွေ သေချာလေး တင်ဆက်ထားတာဖြစ်လို့ ခေတ်ဟောင်းပုံစံတွေ စိတ်ဝင်စားတယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။ – အဖော်အချွတ်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Moe Zac မှ တင်ဆက်ထားပါတယ်။)

Comedy • Drama
0 1977 105 mins
Madame Claude