YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

La.Traversee.2022.FRENCH.1080p.Bluray.CM.mp4

1.77 GB N/A video/mp4 145 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragonflies
7.2

ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလို ဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကို ပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။ သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲ ညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကို ကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ် အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီး ကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့ လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်း ရပါတယ်။ တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ် ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦး မလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်) File Size..........(1.4 GB) / (512 MB) / (324 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder...........SWM

Comedy • Drama • Romance
7.2 2022 103 mins
Dragonflies
Spoiler Alert
7.3

"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။ စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း ကွဲပြားနိုင်ကြတယ်မဟုတ်လား။ မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့ "အချစ်" တစ်ခုတည်း‌ကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။ မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင် Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။ စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရော ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦး‌နော်။ ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့ တချို့‌ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။ File size…(1.23GB)  / (`981MB) / (479MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

7.3 2022 110 mins
Spoiler Alert
Rangamarthanda
6.3

Rangamarthanda (2023) IMDb-8.2/10 ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့ကြတဲ့မင်းသားကြီး Prakash Raj ကို ပြဇာတ်ကိုမြတ်နိုးတန်ဖိုးထားရူးသွပ်လွန်းတဲ့ ပြဇာတ်မင်းသားကြီးအဖြစ် မြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ် မင်းသမီးလေးကတော့ ငယ်ငယ်ချောချောShivathmika Rajashekar လေးပါ သက်တံ့ကိုနှစ်ရောင်ပဲခြယ်နိုင်ရင်တောင် ခံစားချက်ကိုးမျိုးထိပေးစွမ်းနိုင်တဲ့ အနုပညာရှင် လက်ခုပ်အားပေးသံတွေကိုစားသုံးပြီး လေချွန်သံတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အနုပညာရှင် ဆစ်ဒူးဆိုတာ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ချင်တဲ့ တက်သစ်စ လူငယ်လေးတစ်ယောက် တစ်နေ့ပြဇာတ်အဖွဲ့တစ်ခုကို စိတ်ဝင်စားလို့လိုက်ကြည့်ရင်း ပန်းကန်ဆေးနေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့သွားတယ် အဲဒီအဘိုးကြီးက သူ့ရဲ့ဆရာ တ စ်ချိန်ကပြဇာတ်သဘင်လောကမှာ သူတထူးပြောရလောက်သည်ထိ နာမည်ကျော်ကြားခဲ့သူရန်ဂါ အဲဒီချိန်မှာပဲ ပြဇာတ်ရုံကြီးမီးလောင်ပြာကျတဲ့သတင်းကလည်းကြားလိုက်ရချိန်ရင်ကွဲနာကျခဲ့ရသူက ရန်ဂါ မီးလောင်ပြင်ပြဇာတ်ရုံကြီးမှာ အတိတ် နဲ့ ပစ္စုပ္ပန်ကို ယှဉ်ပြီး တသသတမ်းတပြောဆိုနေတဲ့ ပြဇာတ်မင်းသားကြီးရဲ့အတိတ်ဘဝဇာတ်ကြောင်းကို ကြည့်ရှုခံစားကြည့်ပါဦး (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V တို့ပဲဖြစ်ပါတယ်) File size…2.69GB  / 1.09GB Quality…1080p True WEB DL / 720p  Format…mp4 Duration….2h 31mins Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by  BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V

Drama • Romance
6.3 2023
Rangamarthanda
Raven Song
10

IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Comedy • Family • Romance
10 2022 109 mins
Raven Song
Haddi
8.5

Haddi (2023) IMDb – 8.5/10 ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။ အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။ ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေ အနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်း ဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။ ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့ အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာ ဘာကြောင့်များလဲ…ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ….။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်)

8.5 2023 134 mins
Haddi
Tales from the Darkside: The Movie

Tales from the Crypt တို့ Creepshow တို့လို နာမည်ကျော် Horror anthology series တွေကိုအခြေခံတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ ဇာတ်ကားကိုလည်း ဇာတ်လမ်းတိုသုံးခုနဲ့ဖွဲ့စည်းထားပါတယ်။ စုန်းမတစ်ယောက်ကဖမ်းပြီး ပါတီပွဲအတွက်သတ်စားဖို့ ကြံစည်ခံထားရတဲ့ ကောင်လေးတစ်ယောက်က အချိန်ဆွဲတဲ့အနေနဲ့ Tales from the Darkside ဆိုတဲ့စာအုပ်ထဲကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်လမ်းသုံးခုကို ပြန်ပြောပြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို စတင်ထားတာဖြစ်ပါတယ်။ Lot 249 ဘယ်လင်တန်ဆိုတဲ့စာကြမ်းပိုး၊ ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းထောက်ပံ့ကြေးလျှောက်တဲ့အချိန်မှာ သူဌေးသားကျောင်းသူကျောင်းသားတစ်စုရဲ့ လှည့်ဖျားမှုကိုခံလိုက်ရပြီး နောက်ကောက်ကျခဲ့ပါတယ်။ အဲ့ဒါကိုပြန်ကလဲ့စားချေတဲ့အနေနဲ့ ရှေးဟောင်းမံမီတစ်ကောင်ကိုအသက်သွင်းပြီး သူ့ကိုညစ်ခဲ့တဲ့သူတွေကို လိုက်သတ်ခိုင်းတဲ့အခါ..။ The Cat from Hell ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ ဟော်စတန်ဟာ ရှေးဟောင်းစံအိမ်ကြီးတစ်ခုကိုဖိတ်ခေါ်မှုကြောင့်ရောက်လာခဲ့ပါတယ်။ စံအိမ်ကြီးရဲ့ပိုင်ရှင်ကတော့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ကိုကြေးကြီးကြီးနဲ့ငှားလိုက်ရတဲ့အကြောင်းရင်းက သူ့အိမ်မှာရှိနေတဲ့ ကြောင်နက်တစ်ကောင်ကိုသတ်ဖို့ဆိုတာ သိလိုက်ရပါတယ်။ တကယ်ပဲ အဲ့ဒီကြောင်နက်က အဘိုးကြီးထင်နေသလို ဒုက္ခပေးနိုင်တဲ့ ငရဲကလာတဲ့ကြောင်တစ်ကောင်ဖြစ်နေမလား။ Lover’s Vow ပရက်စတန်က ကြိုးစားနေဆဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့လက်ရာတွေကို လူတွေအားမပေးတဲ့အတွက် ငွေပြတ်ပြီး စိတ်ဓာတ်ကျနေပါတယ်။ ဘားတစ်ခုကအပြန် နောက်ဖေးလမ်းကြားမှာ အမည်မသိသတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အဲ့ဒီသတ္တဝါကြီးက သူနဲ့တွေ့ခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှပြန်မပြောဖို့ကတိတောင်းပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီညမှာပဲ သူ့ဘ၀ကို ကံကောင်းခြင်းတွေယူဆောင်လာမယ့် မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ဘ၀အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားခဲ့ပေမယ့် နောက်ဆယ်နှစ်အကြာမှာတော့..။ ဂန္ဓဝင် Horror ရုပ်ရှင်တွေထွက်ခဲ့တဲ့ ခေတ်ကာလကဆိုတော့ မကောင်းမှာမပူရတဲ့ genre ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(1.8 GB)/(952 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Comedy, Fantasy , Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 1990
Tales from the Darkside: The Movie
An American in Austen
6.6

အခုတစ်ခေါက် CM ပရိသတ်ကြီးကို ဖျော်ဖြေပေးမယ့် ရွှေရင်အေး Romance ကားလေးကတော့ “အချစ်ကို နားလည်သွားသော မိန်းကလေးတစ်ယောက်” အကြောင်းပဲ ဖြစ်ပါတယ် Harriot က စာကြည့်တိုက်မှူးမလေးတစ်ယောက်ဖြစ်ပြီး သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ချစ်သူကောင်လေး Ethan ကို ပိုင်ဆိုင်ထားပေမဲ့ စာကြမ်းပိုးလေး သူမ အကြိုက်ဆုံးဝတ္ထုဖြစ်တဲ့ “Pride and Prejudice” ထဲက မစ္စတာဒါစီလို ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကိုပဲ စိတ်ကူးယဉ်ပြီး ချစ်သူကောင်လေး Ethan လက်ထပ်ခွင့်တောင်းတာကို “MayBe” လို့ ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ပါတယ် ဒါကို ဒဏ်ခတ်မဲ့ ကံကြမ္မာက သူမကို “Pride and Prejudice” စာအုပ်ထဲက ၁၈၀၀ များကာလ အင်္ဂလန်ကို ပို့ပေးလိုက်ပြီး ဘန်းနက် ညီအစ်မတွေဆီ အလည်လာတဲ့ အမေရိကန်က ဝမ်းကွဲအစ်မ Harriet ဘဝကို အဆန်းတကြယ် ပြောင်းလဲသွားပါတော့တယ် သူရဲ့အိပ်မက်သတို့သား မစ္စတာဒါစီနဲ့ တွေ့ခွင့်ရတဲ့အချိန် တကယ်တမ်းလက်တွေ့က သူ့ရဲ့ စိတ်ကူးအိပ်မက်ထဲကလို ထပ်တူကျပါ့မလား ၁၈၀၀ ခု အင်္ဂလန်က ဘန်းနက် ညီအစ်မတွေရဲ့ အချစ်ရေးက သူဝင်လာမှ ကပြောင်းကပြန်တွေဖြစ်ကုန်ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဝတ္ထုစာအုပ် ကမ္ဘာထဲ ပိတ်မိနေရာကနေ Harriet တစ်ယောက် ချစ်သူ Ethan ရှိရာ လက်တွေ့ကမ္ဘာကို ပြန်လာနိုင်ပါ့မလားဆိုတဲ့ ဟာသ အချစ် အလွမ်း စိတ်ခံစားချက် တိုးတက်ပြောင်းလဲခြင်းဆိုတဲ့ ရသမျိုးစုံကို ပရိသတ်ကြီး ခံစားရမှာပါ File size…(1.6 GB)/(894 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6.6 2024 84 mins
An American in Austen
Elizabeth: The Golden Age
6.8

အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည် ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကို The Golden Age လို့ ခေါ်ကြပါတယ်။ အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာ ထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်း တင်စားကြပါသေးတယ်။ Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသော ဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့ မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်း အပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာ သူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေ စွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့ တင်စားရလောက်အောင် သူဘာတွေ စွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yoon Sandi Aung

6.8 2007 114 mins
Elizabeth: The Golden Age
Rabid
6.3

အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။ လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။ အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy • Drama
6.3 1977 91 mins
Rabid
The Perks of Being a Wallflower
8

The Perks of Being a Wallflower (2012) IMDb Rating (7.9) / Rotten Tomatoes (85%) – ” ရှင်ဘာဖြစ်ချင်တာလဲ ” – ” ကိုယ်မင်းကိုပျော်စေချင်တာပါ…” Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါဘူး။ ဇာတ်လမ်းတော့… အထက်တန်း ပထမနှစ်ကျောင်းသား Charlie ကတော့ သူငယ်ချင်းမရှိပါဘူး၊ သူ့ကို အခြားသူတွေ မမြင်ရဘူးတောင်ထင်နေတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ စိတ်ရောဂါတစ်ခု ရှိပြီးတော့ အဲ့ဒါကြောင့်လည်း သူကိုယ်သူလည်းယုံကြည်မှုမရှိဘဲ ရုန်းကန်နေရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။‌ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်းတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ထပ်ခင်သွားကြပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ ‌တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျနေပြီး သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း Sam နှင့် Patrick တို့ကိုစတွေ့ပြီး သူငယ်ချင်းဖြစ်တဲ့နေ့ကတည်းက Charlie တစ်ယောက် စပျော်လာပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie တစ်ယောက် Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Sam အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲလိုက်ပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ Charlie တစ်ယောက် Sam ကို ဖွင့်ပြောရဲပေါ့မလား၊ Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလားဆိုတာ……။ (ရုပ်ရှင်အညွှန်းကို Movie Shorts Pic FB Page မှ ကူးယူဖော်ပြပါသည်။)

Action • Science Fiction
8 2012
The Perks of Being a Wallflower
Tai Chi Master
7.2

ကဲဒီနေ့တော့ IMDb rating 7.3/10 ရရှိထားတဲ့1993တုန်းကနာမည်ကြီးကားလေးတင်ပေးပါမယ်။ ကျန်းဆန်ဖုန်းအကြောင်းကိုရိုက်ကူးထားပြီး မင်းသားကြီးဂျက်လီက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး သိုင်းကားချစ်သူတွေအတွက်သဘောတွေ့စေမှာပါ ဇာတ်ကားအကြောင်းလေးအနည်းငယ်ကိုပြောရရင်တော့ ငယ်စဉ်ကတည်းကရှောင်လင်ကျောင်းမှာပညာသင်ကြားတဲ့သူငယ်ချင်း၂ယောက အကြောင်းတခုကြောင့်အပြင်လောကကိုရောက်သွားတဲ့အခါ ဘာဆက် ဖြစ်မလဲ။ တစ်ဦးကကြင်နာတတ်သူ တစ်ဦးကခက်ထန်ရက်စက်ပြီးရာထူးအာဏာမက်သူ . . . ရာထူးအာဏာမက်သူအတွက်ရာထူးစည်းစိမ်ကိုမက်ပြီးသွေးသောက်သူငယ်ချင်းကို ဘယ်အချိန် သစ္စာဖောက်မလဲ။ သူငယ်ချင်းရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဒဏ်ရာရသွားခဲ့သောကျန်သူတစ်ဦးကကော ပြန်ကောင်းလာမှာလား။ ထိုက်ကျိရဲ့သဘောတရားကိုနားလည်ပြီး သူငယ်ချင်းကိုဘယ်လိုပြန်လက်စား ချေမလဲ စသဖြင့်ဇာတ်ကားတစ်ကားလုံးပရိတ်သတ်တွေကိုအကြိုက်တွေ့စေမှာပါ။ မင်းသားမင်းသမီးတွေကကတော့ ပရိတ်သက်အကြိုက် နာမည်ကြီးမင်းသားဂျက်လီနဲ့အတူ နာမည်ကြီးမင်းသမီးမီရှဲယိုလည်းအတူတူပါဝင်သရုပ်ဆောင်ထားလို့မကောင်းမှာပူစရာမလိုတော့ပါဘူး

7.2 1993
Tai Chi Master
Unknown Soldier

Unknown Soldier (2017) ************************ IMDb….7.7 Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ.. သို့ပေမဲ့ ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊ အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့တဲ့အပြင် အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့ နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်.. ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရတယ်.. ၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ခဲ့ကြပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်… စစ်ပွဲကာလ အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ… ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်… ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်….. စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..) File Size : 3.50GB/ 1.64GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…03:00:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

0 2017 179 mins
Unknown Soldier
Alice in Wonderland
6.4

Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/Fantasy Alice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှ Tim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။ Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ကို အားကျခဲ့မိမှာပါ။ Alice in Wonderland ဟာ Rating အရကြည့်မယ်ဆိုရင်တော့ သိပ်ပြီးအားရစရာမဟုတ်ပေမယ့် Academy ၂ ဆုသိမ်းပိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ပရိသတ် လူငယ်/လူကြီး ကြိုက်ကြတဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။ Alice in Wonderland Theme Song က ကြက်သီးထစေသလို Avril Lavigne ရဲ့ Alice (Underground) သီချင်းကလည်း တခုခုကိုလွမ်းသွားစေမှာပါ။ ဘဝအမောတွေပြေအောင်လို့ ကြည့်လိုက်ကြပါ၊ ကြည့်ပြီးတဲ့လူတွေလည်း အမြင်တမျိုးနဲ့ပြန်မြင်ရမယ်ထင်ပါတယ်။ ဇာတ်ညွှန်း ချားလ်စ်ဆိုတဲ့ ကုန်သည်တစ်ယောက်မှာ အဲလစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အဲလစ်စ်လေးဟာ ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုတည်းကိုမက်ပါတယ်။ အဲဒီအိမ်မက်ထဲမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်ပါတယ်၊ ဒိုဒိုငှက်ကြီးတစ်ကောင်ပါတယ်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်ပါတယ်။ အိမ်မက်ဆိုတော့ အတည်မှတ်လို့မရဘူးပေါ့လေ။ “သမီးရူးသွားပြီလား” တဲ့။ ဒါက အဲလစ်စ်လေးရဲ့ သူ့အဖေ ချားလ်စ်ကိုမေးတဲ့အမေး။ ချားလ်စ်ကပြန်ဖြေတယ် “ဟုတ်တယ်၊ သွက်သွက်ခါအောင်ပဲတဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုအဖေပြောပြမယ်။ အတော်ဆုံးလူတွေအကုန်လုံးက ရူးနေကြတာပဲ” တဲ့။ ဒီလိုနဲ့ အဲလစ်စ်လေး ၁၉ နှစ်သမီးရောက်တော့ ရှေးခေတ်အင်္ဂလန်ပြည်ကြီးရဲ့ထုံးစံအတိုင်း ယောက်ျားပေးစားဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ကို လက်ခံသည်/မလက်ခံသည် မပြောရသေးခင်မှာ အဲလစ်စ်ဟာ ယုန်တွင်းထဲပြုတ်ကျပြီး အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ ဒီလိုနဲ့ အဲလစ်စ်ဟာ မြေအောက်အံ့ဖွယ်ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။ အရူးဦးထုပ်သမား အဖြစ် မင်းသားကြီး Johnny Depp အဲလစ်စ် အဖြစ် မင်းသမီး Mia Wasikowska ခန်းဆောင်နီဘုရင်မအဖြစ် Tim Burton ကားမှာ မပါမဖြစ် မင်းသမီး Helena Bonham Carter ခန်းဆောင်ဖြူဘုရင်မအဖြစ် အချစ်တော်မင်းသမီး မကြာနု Anne Hathaway ပညာရှိ ပေါက်ဖတ်အဖြစ်အသံသရုပ်ဆောင် မင်းသားကြီး Alan Rickman ခန်းဆောင်နီဘုရင်မ တပ်မှူးအဖြစ် မင်းသား Crispin Glover တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Action • Adventure • Fantasy
6.4 2010 108 mins
Alice in Wonderland
The Bachelor

အခုတစ်ခေါက်က The Bachelor (1999) ဆိုတဲ့ ရိုမန်တစ်ကားလေးကြည့်ဖြစ်တယ်။ ဒီဇာတ်ကားက ရိုတယ်ဆိုပေမယ့် ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရောထားတော့ ကြည့်ရတာ စိတ်အပန်းဖြေဖို့ ကောင်းတာပေါ့။ ဒါက Seven Chances (1925) ဆိုတဲ့ကားကို ပြန်လည်ရိုက်ကူးထားတာလို့လည်း သိရတယ်။ ဇာတ်လမ်းကတော့ ဂျင်မီရှန်နွန် (Chris O’Donnell) ဆိုတဲ့ လူပျိုကြီးတစ်ယောက်အကြောင်း။ သူက အိမ်ထောင်ရေးဆိုတာကို သိပ်မစဉ်းစားတဲ့သူ လွတ်လွတ်လပ်လပ် နေရတာကိုပဲ သဘောကျတယ်။ ဒါပေမယ့် သူ့ရည်းစား အန်နီ (Renée Zellweger) ကတော့ အိမ်ထောင်ပြုဖို့ မျှော်လင့်နေတာပေါ့။ တစ်နေ့ ဂျင်မီက အန်နီကို လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားပေမယ့် သူ့စကားတွေက တကယ့်ကို အဆင်မပြေလို့ အန်းက စိတ်ဆိုးပြီး ထွက်သွားတယ်။ ဒီမှာ ပြဿနာက စတာပဲ။ ဂျင်မီရဲ့ အဘိုးဖြစ်သူ ဆုံးသွားပြီး သူ့ကို ဒေါ်လာ ၁၀၀ သန်းတန် မိသားစုလုပ်ငန်းကို အမွေပေးထားတယ်လို့ သိရတယ်။ ဒါပေမယ့် အမွေရဖို့ သူ မနက်ဖြန်ည ၆:၀၅ မတိုင်ခင် အိမ်ထောင်ပြုရမယ်ဆိုတဲ့ စည်းကမ်းတစ်ခုပါလာတယ်။ ပြီးတော့ လက်ထပ်ပြီး ၁၀ နှစ်အတွင်း တစ်ပတ်ထက်ပိုပြီး မိန်းမနဲ့ ခွဲမနေရဘူး ၅ နှစ်အတွင်း ကလေးယူဖို့ ကြိုးစားရမယ် စသဖြင့် စည်းကမ်းတွေ ရှိသေးတယ်။ ဒီတော့ ဂျင်မီ အချိန်မီ သူ့ရည်းစားဟောင်းတွေကို ပြန်လိုက်ရှာရင်း လက်ထပ်ဖို့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ သူ့သူငယ်ချင်း မာကို (Artie Lange) နဲ့ ဖာသာတယောက် (James Cromwell) ပါ ပါလာပြီး ဆန်ဖရန်စစ္စကိုမြို့ထဲမှာ ဗရမ်းဗတာ လက်ထပ်ဖို့သတို့သမီးလိုက်ရှာ​​တာ။ တစ်ချိန်တည်းမှာပဲ ဂျင်မီရဲ့ သူငယ်ချင်းတစ်ယောက်က သူ့အတွက် သတို့သမီးရှာဖို့ သတင်းစာမှာ ကြော်ငြာထည့်လိုက်တော့ မြို့ထဲက မိန်းကလေးတွေ သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာ တကယ်ရယ်ရပါတယ်။ ဒီဇာတ်ကားက အဓိကအားဖြင့် ဂျင်မီတစ်ယောက် သူ့ရဲ့ အချစ်စစ်ကို ပြန်ရှာတွေ့ဖို့ ကြိုးစားရင်း ဘဝမှာ အိမ်ထောင်ရေးရဲ့ တန်ဖိုးကို နားလည်လာတဲ့ အကြောင်းပါ။ Chris O’Donnell နဲ့ Renée Zellweger က ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားပြီး ဟာသအပိုင်းမှာ Artie Lange တို့ James Cromwell တို့က အတော်လေး ထောက်ပံ့ပေးထားတယ်။ ဒါ့အပြင် Mariah Carey, Brooke Shields, Sarah Silverman တို့လို နာမည်ကြီးတွေ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတာလည်း စိတ်ဝင်စားစရာပဲ။ ဇာတ်လမ်းက နည်းနည်းတော့ တကယ်မဖြစ်နိုင်တဲ့ အနေအထားတွေ ပါတယ်။ ဥပမာ မိန်းကလေးတွေ ရုတ်တရက် သတို့သမီးဝတ်စုံတွေနဲ့ ဂျင်မီနောက်ကို လိုက်ပြေးကြတာမျိုး။ ဒါပေမယ့် ဒီလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေက ကြည့်ရတာ ပျော်ဖို့ကောင်းတယ်လေ။ ရိုမန်တစ်ဆန်ဆန်နဲ့ ရယ်လည်းရယ်ရတဲ့ ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့သူဆို ဒီကားလေးက အေးအေးလူလူနဲ့ ကြည့်လို့ကောင်းမှာပါ။ File size… (1.9 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
The Bachelor