YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

La.Graine.2023.720p(CM).WEBRip.x264.AAC5.1.mp4

777.08 MB N/A video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Memory of a Killer
6.8

အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။ မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။ တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့ အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊ နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ် တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော) ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။ တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမား တစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့ လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊ သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့် ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့ စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့ တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့် သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆို လက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့ အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊ အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိ ပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊ အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊ သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာ ဖောက်ဖျက်လိုက်မလား၊၊ အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လို နှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dutch စကားပြော အက်ရှင်ကားဖြစ်ပါတယ်၊၊ IMDB မှာလည်း 7.2/10 ရရှိထားပြီး Leon : The Professional နဲ့တောင် ယှဉ်လို့ရတယ်ဆိုတဲ့ အထိညွှန်းကြတာကြောင့် ကြည့်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်၊၊ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…2.44GB / 904MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 3m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Action • Crime • Thriller
6.8 2003 114 mins
The Memory of a Killer
The Rocket Angels

အဆင်သင့်မဖြစ်ခင် ကြိုးစားရတာက မကြိုးစားဘဲအရှုံးပေးလိုက်ထက် ပိုကောင်းတယ်မဟုတ်လား ယဆိုထောင်းပြည်နယ်မှာ ရိုးရာမီးဒုံးလွှတ်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ဒီတစ်ခါမှာ နတ်သမီးအဖွဲ့ဖြစ်တဲ့ မို၊ သဲသဲ၊ ပွမ့်၊ မြောင်နဲ့ နွိုင်းတို့ ၅ယောက်က ခရိုင်ကိုယ်စားပြုအကပြိုင်ကြမှာဖြစ်ပါတယ် ဒါပေမယ့် ရွာလူကြီးထစ်က သူ့သမီးကိုပေးပြိုင်မှာ​ကြောင့် နတ်သမီးအဖွဲ့က မတရားသဖြင့် နောက်ဆုတ်ပေးလိုက်ရပါတယ် ဒါကြောင့် သူတို့က မဟာထစ်ရဲ့အချစ်တော်မီးဒုံးကို ပြိုင်ပွဲမှာအနိုင်ပိုင်းဖို့ မီးဒုံးပြုလုပ်ပြီးဝင်ပြိုင်ကြဖို့ဆုံးဖြတ်ကြရာမှာ တစ်ခါမှမီးဒုံးမလုပ်ဖူးကြတဲ့ သူတို့ငါးယောက်ရဲ့အခက်အခဲမျိုးစုံကို ဟာသပေါင်းစုံနဲ့ရောယှက်ပြီး အူတက်​နေအောင် ရယ်ရမှာဖြစ်သလို ဒီဇွဲရှိလှတဲ့နတ်သမီးအဖွဲ့လေးက ပြိုင်ပွဲမှာရော မဟာထစ်ဆိုတဲ့လူဆိုးရဲ့မီးဒုံးကိုအနိုင်ရသွားမလားဆိုတာ အဆုံးသတ်ကိုလည်း စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.86GB | 1GB | 453MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August

Thriller
0 2022 85 mins
The Rocket Angels
I Don’t Want to Sleep Alone
6.9

I Don’t Want to Sleep Alone (2006) ~ IMDb – 6.9/10, Rotten Tomatoes – 88% ~ ” Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် “ ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော…။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား…။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား…။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး “Big Six” ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB Quality – 480p IMDb Rating – 6.9/10 Format – mp4 Duration – 1H 55Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2006
I Don’t Want to Sleep Alone
The Up Rank

The Up Rank (2023) ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ ဂိမ်းကိုအရူးအမူးစွဲလမ်းကြတဲ့လူငယ်တွေလည်း အများကြီးရှိလာပါတယ်။ Rank မှ Rank ဖြစ်နေပြီး Rank ချင်းပြိုင်ရင် နိုင်ချင်ကြသူတွေလည်း အများကြီးပါပဲ။ ဒီထဲကမှ ယူဆိုတဲ့ကောင်လေးဟာ ဂိမ်းကို ထမင်းမေ့ဟင်းမေ့ အဖေနဲ့ရည်းစားကိုပါမေ့ပြီး အရူးအမူးဆော့တဲ့ Ace rank ID ပိုင်ရှင်‌ပါ။ တစ်နေ့မှာတော့ သူနဲ့ပွဲတစ်ပွဲမှာဆုံတဲ့အကောင့်တစ်ခုက ဂိမ်းဆော့ရင်းပိုက်ဆံရမယ်ဆိုတဲ့ စာပို့လာတဲ့အခါ ယူတစ်ယောက် သံသယလေးတစ်ဖက်နဲ့ စိတ်ဝင်စားလာပါတော့တယ်။ ဂိမ်းဆော့ရင်းပိုက်ဆံရပေမဲ့ ဂိမ်းစည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ rank တင်တဲ့အလုပ်… ဒီအလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲ။ လောဘပေါ်လောဘဆင့်လာတဲ့ လူတွေရဲ့အငြိုးအာဃာတတွေ၊ ဆက်ဆံရေးတွေ ပျက်စီးလာရလောက်တဲ့အထိ ရူးသွပ်ကြပုံတွေ… စတာတွေကို IMDb 6.6 ရထားတဲ့ ဒီထိုင်းကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p | 480p File size… Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

0 2023 108 mins
The Up Rank
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
The Plus One

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။ “Male of honor” အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ… လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
The Plus One
Skanda
5.5

Skanda (2023) =============================== တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။ အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Adventure • Action
5.5 2023 167 mins
Skanda
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
Rumah Masa Depan
7.2

အင်ဒိုနီးရှား မိသားစုDrama ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် ဆူကရီတို့မိသားစုဟာ ဂျာကာတာမှာ စားသောက်ဆိုင်လေးတွေဖွင့်ထားပြီး ဆူကရီရဲ့အမျိုးသမီးဖြစ်သူ ဆွာတီကလည်း ဆုရထားတဲ့ ရှက်ဖ်တစ်ယောက်ဖြစ်တဲ့အပြင် YouTube​r တစ်ယောက်လည်းဖြစ်ပါတယ် ဆွာတီရဲ့ YouTube​ channel ကလည်းထင်သလောက် viewers မတက်လာတဲ့အပြင် ဆူကရီဖွင့်ထားတဲ့ဆိုင်တွေမှာလည်း အခက်အခဲလေးတွေကြုံနေရပါတယ် အဲဒီအပြင်ကိုမှ​ ဆူကရီရဲ့အဖေဖြစ်သူကလည်းရုတ်တရက်ကြီး ဆုံးပါးသွားလို့ ဆူကရီတို့တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီး ရွာကိုချက်ချင်းပြန်ရပါတော့တယ် ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုသလို အမေဖြစ်သူနဲ့မိန်းမဖြစ်သူတို့ကလည်း ပြဿနာတွေတက်ကြတော့ အဖေဖြစ်သူကိုမြေချပြီးတာနဲ့ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် နောက်ရက်ပြန်ဖို့အတွက်လမ်းတစ်ဝက်မရောက်ခင်မှာဘဲ​ ဖုန်းတစ်ကောလ်ဝင်လာရာကနေ သူတို့လည်းမပြန်ဖြစ်တော့ဘဲ ရွာမှာဆက်နေဖို့အကြောင်းဖန်လာကာ ဆူကရီတစ်ယောက် ဘာတွေရင်ဆိုင်ရမလဲ အမေနဲ့မိန်းမကကောဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကတော့​ဆက်ကြည့်လိုက်ရအောင်ပါ File size…1.47GB / 703MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

7.2 2023
Rumah Masa Depan
Apocalypse Z: The Beginning of the End
6.5

Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ ဇွန်ဘီးတွေကြားမှာ အသက်ရှင်ဖို့ ကြိုးစားရင် အစ်မရှိတဲ့ ဌာနချုပ်ကို သွားဖို့ ကြိုးစားတဲ့ စွန့်စားခန်းတွေကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.44GB / 891MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Adventure • Action • Comedy • Thriller
6.5 2024 119 mins
Apocalypse Z: The Beginning of the End
Family Seima
5.5

Seima (2023) IMDb Rating (5.5) နှစ်ပေါင်းအတော်ကြာတဲ့သက်တမ်းရင့်စံအိမ်ကြီးမှာ နေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အကျင့်စရိုက်တွေတစ်ယောက်တစ်မျိုးစီရှိကြသလို ဂယက်ကလည်းမထရရင်မနေနိုင်တဲ့ မိသားစုတစ်စုအကြောင်းကို comedy ဆန်စွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ Cliché ဖြစ်တဲ့ plot twist များစွာပါသော်ငြားလည်း ခမ်းနားတဲ့ cinematography တွေနဲ့ အိမ်ကြီးတစ်ခုထဲကိုပဲ foucs ထားပြီး ရိုက်ကူးထားတဲ့အတွက် အချိန်ပေးကြည့် ရှုဖို့ရာအတွက် ကိုယ့်ရဲ့ ရုပ်ရှင် taste အပေါ်မူတည်ပြီး ကောင်း၏ မကောင်း၏ကွဲပြားသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1.6 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:28:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

5.5 2023 92 mins
Family Seima
Fear Below
6

ငါးမန်းကား နှစ်သက်သူတွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ငါးမန်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားက မြင်နေကျ ငါးမန်းကားတွေလိုမျိုးမဟုတ်ဘဲ 1940s ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပါ။ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ ဘဏ်ကနေ ရွှေချောင်းတွေကို ခိုးယူလာရာကနေဇာတ်လမ်းကို စတင်ထားတာပါ။ ဖြစ်ချင်တော့ အဲဒီရွှေချောင်းတွေတင်လာတဲ့ကားကြီးဟာ မတော်တဆမှုတစ်ခုကြောင့် မြစ်ထဲကို ထိုးဆင်းသွားပါတော့တယ်။ ခိုးယူလာတဲ့ဂိုဏ်းခေါင်းဆောင်က ရွှေချောင်းတွေကို လူမသိသူမသိ ပြန်လည်ဆယ်ယူဖို့အတွက် Sea Dogs ဆိုတဲ့ ရေငုပ်သမားအဖွဲ့ကို အလုပ်သွားအပ်ခဲ့ပါတယ်။ အလုပ်အပ်ရာမှာလည်း ဘာကိုဆယ်ယူရမယ်ရယ်လို့ တိတိကျကျမပြောဘဲ ကားထဲကပစ္စည်းတွေကိုပဲ ဆယ်ယူရမှာဖြစ်ကြောင်းပြောပြီး ယူနေကျလုပ်အားခထက် ငွေတွေပိုပေးလိုက်တာကြောင့် ရေငုပ်သမားအဖွဲ့ကလည်း အလုပ်ကို လက်ခံဖြစ်သွားပါတယ်။ သူတို့မသိကြတာတစ်ခုကတော့ အဲဒီကား နစ်မြုပ်သွားတဲ့ မြစ်နေရာဟာ မီးဖွားဖို့မြစ်ထဲကိုဆန်တက်လာတဲ့ နွားငါးမန်းကြီးရဲ့ နယ်နိမိတ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဂိုဏ်းအဖွဲ့ရဲ့ အလုပ်အပ်ခြင်းကိုခံလိုက်ရတဲ့ ရေငုပ်သမား 3ယောက် နွားငါးမန်းကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခါတိုင်း‌ကြည့်ဖူးနေကျကားတွေလို ပင်လယ်ထဲမှာမဟုတ်တာရော၊ 1940s ခုနှစ်ကိုဇာတ်အိမ်တည်ထားတွေရောကြောင့် ကြည့်ရတာတစ်မျိုးဆန်းပြီး နှစ်သက်ကြမှာ အသေအချာပါပဲ။ ရေငုပ်သမားအဖွဲ့က ရွှေချောင်းတွေကို ဆယ်ယူနိုင်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.60 GB) / ( 818 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Action , Adventure, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Science Fiction • Comedy • Adventure
6 2025 85 mins
Fear Below
Drive Back Home

Drive Back Home” (2024) ဇာတ်ကားက ၁၉၇၀ ခုနှစ်က ကနေဒါရဲ့ ဆောင်းရာသီမှာ တည်ထားတဲ့ ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းက ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခံစားမှုအပြည့်နဲ့ ရိုက်ပြထားတယ်။ ဝဲလ်ဒန် (Weldon) ဆိုတဲ့ နယ်မြို့လေးက ရိုးသားတဲ့ ပိုက်ပြင်သမားတစ်ယောက်ဟာ သူ့အစ်ကိုဖြစ်သူ ပါလီ (Perley) ကို ထောင်ကနေ လွှတ်ပေးဖို့ မိခင်ရဲ့အမိန့်နဲ့ တိုရွန်တိုကို ခရီးထွက်ရပါတယ်။ ပါလီဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး အဲဒီခေတ်က လူထုအလယ်မှာ လိင်ဆက်ဆံတာကြောင့် ဖမ်းခံရတာပါ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ အဝေးမှာ နေခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မိခင်ရဲ့ ဆန္ဒအရ နယူးဘရန်းစဝစ်ကို အတူတူ ကားနဲ့ ပြန်လာရပါတယ်။ ဒီခရီးစဉ်က ရိုးရှင်းတဲ့ အိမ်ပြန်လမ်းတစ်ခုမဟုတ်ဘဲ သူတို့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေ မိသားစုရဲ့ ဖိနှိပ်မှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ဘက်လိုက်မှုတွေကို ရင်ဆိုင်ရတဲ့ စိတ်ခံစားမှု ခရီးတစ်ခုပါပဲ။ ဝဲလ်ဒန်ရဲ့ ရိုင်းစိုင်းတဲ့ သဘောထားနဲ့ ပါလီရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်က တစ်ခါတလေ ထိပ်တိုက်တွေ့ပေမယ့် ခရီးတစ်လျှောက် သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ ကြိုးစားရင်း အချင်းချင်း ရင်းနှီးလာကြပါတယ်။ ဒီဇာတ်ကားက ဟာသလေးတွေ ရင်ဖိုစရာ စကားပြောသံတွေနဲ့ အဲဒီခေတ်က လိင်တူချစ်သူတွေရဲ့ ဘဝကို ပြတ်ပြတ်သားသား ဖော်ပြထားတယ်။ အထူးသဖြင့် အလန်ကမ်းမင်း (Alan Cumming) နဲ့ ချာလီခရီးဒ်-မိုင်းလ် (Charlie Creed-Miles) တို့ရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကားကို ပိုပြီး အသက်ဝင်စေပါတယ်။ ဒါရိုက်တာ မိုက်ကယ်ကလိုဝေတာ (Michael Clowater) ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ မိသားစု ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုအကြောင်း နွေးထွေးတဲ့ သတင်းစကားတစ်ခုကို ပေးတယ်။ ရိုးရှင်းပြီး နှလုံးသားထဲ ရောက်တဲ့ ရုပ်ရှင်ကြည့်ချင်ရင် “Drive Back Home” က အားလုံးအတွက် ရွေးချယ်စရာတစ်ခုပါပဲ။ File size…(1.1 GB)/(756 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 2024
Drive Back Home
Mystery Train
7.5

Jim Jarmusch ရိုက်ကူးထားတဲ့ ၁၉၈၉ ခုနှစ်ထုတ် “Mystery Train” ရုပ်ရှင်ဟာ မန်ဖစ်မြို့ (Memphis) မှာ တစ်ညတာအတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းသုံးပုဒ်ကို ဆက်စပ်တင်ဆက်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ IMDb အဆင့်သတ်မှတ်ချက်ကတော့ ၆.၇/၁၀ ဖြစ်ပြီး ဒီရုပ်ရှင်မှာ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ထူးခြားတဲ့ မျက်နှာသစ်တွေ ပေါင်းစပ်ပါဝင်ထားပါတယ်။ အထင်ကရ သရုပ်ဆောင်အချို့ကတော့- Masatoshi Nagase (ဂျပန်အမျိုးသား Jun အဖြစ်)၊ Yûki Kudô (ဂျပန်အမျိုးသမီး Mitsuko အဖြစ်) ၊Screamin’ Jay Hawkins (ဟိုတယ်ညစောင့်အဖြစ်) – သူဟာ ထူးခြားတဲ့ ဘလူးစ်ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Nicoletta Braschi (အီတလီအမျိုးသမီး Luisa အဖြစ်)၊ Joe Strummer (Johnny အဖြစ်) – နာမည်ကျော် The Clash တီးဝိုင်းရဲ့ အဆိုတော်ဖြစ်ပါတယ်။ Steve Buscemi (Charlie အဖြစ်) – အင်ဒီရုပ်ရှင်များစွာမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ Tom Waits (ရေဒီယို DJ အသံအဖြစ်) – သူလည်း နာမည်ကျော် ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဇာတ်ကားတစ်လျှောက်လုံးမှာ Elvis Presley ရဲ့ အရိပ်အယောင် နဲ့ သူ့ရဲ့ ဂီတတွေက လွှမ်းမိုးနေပြီး မမ်ဖစ်မြို့ရဲ့ Rock & Roll သမိုင်းကို မီးမောင်းထိုးပြထားသည့်အတွက် Rock & Roll ဂီတ၊ ဘလူးစ်ဂီတနဲ့ Elvis Presley ကို ချစ်မြတ်နိုးသူတွေအတွက် အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းအကျဉ်း ဂျပန်စုံတွဲလေး Jun နဲ့ Mitsuko ဟာ သူတို့ရဲ့ Idol ဖြစ်တဲ့ Elvis Presley နေတဲ့ မမ်ဖစ်မြို့ကို ရောက်လာခဲ့ကြတယ်။ ဟိုတယ်ဟောင်းလေးတစ်ခုမှာ အခန်းယူပြီး အိပ်စက်ဖို့ ပြင်ဆင်နေတုန်း သေနတ်သံတစ်ခုကို သူတို့ကြားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ အီတလီကနေ ရောက်လာတဲ့ မုဆိုးမ Luisa ဟာ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို ပြန်သယ်ဖို့ စောင့်ဆိုင်းရင်း အဲဒီဟိုတယ်မှာပဲ တည်းခိုခဲ့ရတယ်။ ထိုစဉ်မှာပဲ Johnny ဆိုတဲ့ ဗြိတိသျှလူမျိုးတစ်ဦးဟာ သူ့ချစ်သူနဲ့ ပြတ်စဲပြီး အလုပ်ပါပြုတ်သွားလို့ အရက်သောက်ရင်း မူးယစ်နေတယ်။ သူ့ကို ဆံပင်ညှပ်သမား Charlie နဲ့ သူငယ်ချင်း Will တို့က ကူညီဖို့ ကြိုးစားနေပြီး သူတို့သုံးယောက်လည်း အဲဒီညမှာပဲ မမျှော်လင့်ဘဲ ပြဿနာတစ်ခုတက်ကာ ထိုဟိုတယ်မှာပဲ ခိုလှုံဖို့ ဖြစ်လာခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် Johnny ရဲ့ချစ်သူဟာလည်း Luisa နဲ့ဟိုတယ်တစ်ခန်းထဲမှာ အကြောင်းကြောင်းကြောင့် အတူနေနေခဲ့ရပါတယ်။ မန်ဖစ်မြို့ရဲ့ ညဟာ တိတ်ဆိတ်ပေမယ့် ဒီလူစိမ်းသုံးဖွဲ့ရဲ့ ဘဝတွေကတော့ ဟိုတယ်ရဲ့ နံရံတွေကြားမှာ မသိမသာ ဆက်စပ်နေခဲ့ကြတယ်။ သူတို့အားလုံးဟာ မတူညီတဲ့ ဘဝ၊ မတူညီတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီမြို့ကို ရောက်လာခဲ့ကြတာပါ။ ဒါပေမယ့် မန်ဖစ်ရဲ့ ညဟာ သူတို့အတွက် ဘယ်လို အမှတ်တရတွေ ပေးစွမ်းမလဲဆိုတာကို ဇာတ်ကားလေးကြည့်ရင်း လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်သွားကြရအောင်။ File size… 3.31 GB / 875 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 50m Genre ….. Comedy/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by WiRa Aung

Comedy • Horror • Fantasy
7.5 1989 106 mins
Mystery Train