YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

La.Casa.De.Papel.S01.EP11.mp4

458.94 MB 1080p video/mp4 2336 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Karungaapiyam
7

Karungaapiyam(2023) IMDb 7.7/10 တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်း မပါမဖြစ်‌ပေါ့။ ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့ မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့ သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များ’ဆိုတဲ့ စာကြည်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ … အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ ..သူနဲ့ရော ဘာတွေပတ်သတ်နေမလဲ ..စတာတွေကို အသည်းတအေးအေး ကျောတချမ်းချမ်းနဲ့ကြည့်ရမယ့်အပြင် ကိုဗစ်ကာလအိပ်မက်ဆိုးကြီးကိုလည်း ဟာသလေးတွေနှောပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးထားပါတယ်။ (အညွှန်းကို Aditi မှရေးထားပြီး Aditi,BpL,Voldemort&Cherryတို့မှ ဘာသာပြန်ထားပါတယ်) File size…2.13GB / 863MB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h8mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ Voldemort~ Cherry

Comedy • Drama • Romance
7 2023 134 mins
Karungaapiyam
Ran
8.1

~ IMDb - 8.2/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ "Rashomon" ကနေ ၁၉၆၅ ရဲ့ "Red Beard" အထိအတွင်းပါပဲ။ ဒီကာလတွေအတွင်းမှာ "The Seven Samurai", "The Throne of Blood", "Ikiru", "The Hidden Fortress", "High and Low" တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ‌ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။ ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.3GB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 42Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Western
8.1 1985 160 mins
Ran
Magic Mike
6.2

Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေ‌လေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆု‌တွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။ File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Action • Comedy • Crime
6.2 2012 110 mins
Magic Mike
The Fallout
7.7

IMDb Rating - 7.2/10, Rotten Tomatoes 93% Southwest Film Festival မှာ Narrative Feature Competition Grand Jury Award, Brightcove Illumination Award နဲ့ Audience Award တွေကို ရရှိထားပြီး Megan Park ကိုယ်တိုင် ရေးသားရိုက်ကူးထားပါတယ်။ The Fallout ဆိုတဲ့အတိုင်း လူငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မြူးထူးတက်ကြွနေရမယ့်အချိန်မှာ ကျောင်းတွင်း ဆူပူမှုတစ်ခုကြောင့် စိတ်ဒဏ်ရာရသွားတဲ့ ဗေဒါဆိုသူ ဆယ်ကျော်သက်မလေး တစ်ယောက်ရဲ့ ဘ၀ခံယူပုံတွေ ၊ လူမှုဆက်ဆံရေးတွေကို အသားပေးရိုက်ကူးထားတာပါ၊ နောက်ပြီး မိဘတွေရဲ့ စိတ်ပူမှုအောက်က မွန်းကျပ်နေတဲ့ သူ့ဘ၀ကနေ ရုန်းထွက်ဖို့ ကြိုးစားရင်း၊ ကိုယ်ပိုင် အတွေးအခေါ်အယူအဆတွေနဲ့ လမ်းသစ်ဖောက်ဖို့ ကြိုးစားရင်း မီယာဆိုတဲ့ သူငယ်ချင်းမလေးနဲ့အတူ အချိန်တွေကိုလည်း ကုန်ဆုံးဖြစ်ခဲ့တာပေါ့၊ ဒီလိုနဲ့ နေ့စဥ်ကြုံတွေနေရတဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် အနေအေးသူ ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ ဘ၀ခံယူချက်တွေလည်း ပြောင်းလဲသွားခဲ့တာကိုတွေ့မြင်ရမှာပါ .  အေးဆေးငြိမ်သက်တဲ့ ဇာတ်အိမ်အသွားအလာနဲ့ ပရိသတ်ကို ဖမ်းစားရင်း ဇာတ်လမ်းကောင်းတို့ရဲ့ သွင်ပြင်လက္ခဏာရပ်ကို ဖော်ဆောင်ထားပြန်တဲ့ ဇာတ်လမ်းကောင်း နောက်တစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Yoon Sandi Aung ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team မှဖြစ်ပါတယ်။) File Size -(1.78 GB) / (922 MB) / (500 MB) Quality – WebDL -(1080p) /  (720p) / (480p) Duration - 1hr 32min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – F&R Team Encoder – San Win Maung

Drama • Mystery • Sci-Fi & Fantasy
7.7 2021 96 mins
The Fallout
Anastasia
7.1

Anastasia (1997) ============= IMDb Rating – 7.1/10 20th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်‌ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ” စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ ” ၊ ” လက်ဖက်ရည်ကို ဘယ်လိုလေးမှကြိုက်တတ်လဲ ” …. ဒီမေးခွန်းတွေကို မှန်‌အောင်ဖြေနိုင်ဖို့ ကြိုးစားကြတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပေါ့။ နန်းတော်ကြီးတစ်ခုလုံး အမဲဖျက်ခံခဲ့ရတဲ့ညမှာ ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးပဲရှိပါတယ်။ ဘွားတော်ဘုရင်မကြီးဟာ အတူထွက်ပြေးလာပြီး ခရီးဆုံးအထိ အတူမလိုက်နိုင်ခဲ့သူ မြေးမလေးကို ရှာနေတယ်ဆိုတဲ့ သတင်းက ဆုကြေးငွေဆယ် သန်းကြောင့် ဟိုးလေးတကျော်ကျော်ပါပဲ။ စားဖိုဆောင်မင်းစေဘဝနဲ့ ကြီးပြင်းလာပြီး တော်လှန်ရေးကြောင့် လမ်းဘေးရောက်ခဲ့ရတဲ့ Dimitri ရဲ့အကြံအတိုင်း ပဲရစ်က ဘွားတော်ဘုရင်မကြီးကို အယုံသွင်းဖို့ Anastasia နေရာမှာ သရုပ်ဆောင်ပေးနိုင်မယ့် မိန်းကလေးတစ်ယောက်ကို ရှာဖွေနေကြရင်း … အတိတ်မေ့နေတဲ့ Anya ဆိုသူ မိဘမဲ့ ကောင်မလေးနဲ့ ဆုံဖြစ်တဲ့အခါ …. ချောင်းကိုရှာရင်း မြစ်ကိုတွေ့ပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.5 GB) / (668 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Drama Translator…….Hnin Wut Yi Encoder……….SWM

7.1 1997 94 mins
Anastasia
So My Grandma’s a Lesbian!

So My Grandma’s A Lesbian [2019] အီဗာ့အဖွားနာမည်က ဆိုဖီယာ… ဖွားအေလုပ်သူ ဆိုဖီယာက တစ်သက်လုံးကမှ သူဟာ လိင်စိတ်တိမ်းညွတ်နေတဲ့ Lesbianတစ်ယောက်ဆိုတာကို ဘယ်တုန်းကမှ လူသိသူသိ မခံခဲ့ပါဘူး… ဒါပေမယ့် အသက်အရွယ်လည်း ၇၀ဝန်းကျင်ရောက်လာပြီဖြစ်တဲ့ အခါမှာတော့ ငယ်စဉ်ဆက်ကျော်သက်အရွယ်ကတည်းက သူချစ်ခဲ့ရတဲ့ ဆယ်လီယာနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်သလို သူတို့ချစ်ခြင်းကိုလည်း ဖွင့်လှစ်ပြသဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်… ဒီသတင်းကို အီဗာ ကြားသိရချိန်မှာ ရှော့ရသွားပေမယ့် သူတကယ် သွေးတက်ရတာကတော့ သူ့ရဲ့ လောလောလတ်လတ် စေ့စပ်ထားတဲ့ ရှေးရိုးစွဲ စကော့တလန်သားလေး စတူးဝပ်နဲ့ မင်္ဂလာပွဲ ပျက်သုဉ်းသွားမယ့်အရေးကိုပါပဲ…. ဒီတော့ ချက်ချင်းပဲ အီဗာက ဖွားအေရှိရာ နယ်မြို့လေးကို လိုက်လာပြီးတော့ မင်္ဂလာပွဲမကျင်းပဖို့ ဘာသာရေးအရတားမြစ်ထားတဲ့ လိင်တူလက်ထပ်ပွဲကို လုပ်ပြီး မြို့ထဲမှာ ပွဲမရှာဖို့ အကြောင်းမျိုးစုံနဲ့ ဖျောင်းဖျပါတယ်… ဒီအချိန်မှာပဲ တစ်ဖက်က ဆယ်လီယာရဲ့ သားဖြစ်သူ ဂျော့ရှ်လည်း ရောက်လာပါတော့တယ်… ဂျော့ရှ်နဲ့ အီဗာက တစ်ချိန်တုန်းက ငြိခဲ့ဖူးတဲ့အတွက်ကြောင့် ဂျော့ရှ်ကလည်း ဇာတ်လမ်းပြန်စလိုသူပါ… ဂျော့ရှ်ဟာလည်း အီဗာနည်းတူပဲ မင်္ဂလာပွဲကို မကျင်းပစေချင်ပါဘူး… ဒီတော့ မင်္ဂလာပွဲကိုပဲ အီဗာနဲ့ ဂျော့ရှ်တားဆီးသွားနိုင်မလား… ဂျော့ရှ်ကရော သူမျှော်လင့်ထားသလို အီဗာနဲ့ တဖန်ပြန်စည်းမြောပေါင်းစပ်သွားလေမလား… ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.7GB | 1GB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2019
So My Grandma’s a Lesbian!
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
I Want You
6.8

စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊ မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာ အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာ နှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာ ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်း ဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာ အာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကို ခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရော လွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.8 2012 130 mins
I Want You
Pechi
8.4

Pechi (2024) “တောကြီးမျက်မည်း” IMDb 8.4 အသစ်ထွက်ရှိထားတဲ့ တမီးလ် သဘာဝလွန် horror ရုပ်ရှင်​လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအစမှာ စုံတွဲနှစ်ဦးက တောထဲကို ခရီးထွက်လာတာနဲ့ စတင်ထားပါတယ် အုံ့မှိုင်းမှိုင်းရှိတဲ့ တောထဲမှာ ခေတ္တစခန်းချဖို့ ယောကျ်ားလုပ်သူက ထင်းသွားရှာပါတယ် အဲဒီမှာပဲ ထူးထူးဆန်းဆန်း ခက်ရင်းခွတစ်ချောင်းကိုတွေ့ပြီး သစ်ကိုင်းတစ်ကိုင်းကို ခုတ်လိုက်တဲ့တစ်ခါမှာ ထူးဆန်းစွာနဲ့ စုန်းအရုပ်တစ်ရုပ်ထွက်လာပါတယ် ကြောက်အားလန့်အားလှမ်းအော်ပေမယ့် အသံထွက်လို့မရတော့ဘဲ နှစ်ယောက်လုံး နိဂုံးချုပ်သွားတဲ့ နောက်မှာ တစ်ခါထပ်ပြီး … လူငယ်တစ်စုက သစ်တောစောင့် မာရီကို ဂိုက်ငှားကာ အဲဒီတောထဲကို သွားကြတဲ့အခါ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေ ကြုံရဦးမှာလဲ သစ်တောထဲမှာ ဘယ်လိုစွမ်းအားတွေ ရှိနေမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Zwe ~ KKKZ ~ Alex တို့ပဲ ဖြစ်ပါတယ်

8.4 2024
Pechi
The Wild Robot
8.5

DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လို အကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊ မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ ငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။ အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီး အဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကို ပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။ အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။ စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်… စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက် ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီး ကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။ File size… 5.2 GB / 2.4 GB / 1.2 GB Quality… Web-Rip 4K / 1080p / 720p Format… mp4, mkv Audio… AAC , E-AC3 Duration…. 1h 42m Genre ….. Family/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr.Anderson

8.5 2024 102 mins
The Wild Robot
72 Hours
5.5

72 Hours ရုပ်ရှင်ကားဟာ ၂၀၂၄ ခုနှစ်ထွက် ရာဇဝတ်လောကကို အခြေခံရိုက်ကူးထားတဲ့ နောက်ဆုံးထွက် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အစ်ကိုဖြစ်သူက FBI အရာရှိ ညီဖြစ်သူက ရာဇဝတ်လောကသား သူတို့ ၂ ယောက် ထိပ်တိုက်ရင်ဆိုင်လာချိန်မှာ ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲ။ အဲဒီပြဿနာတွေကြောင့်ပဲ မိသားစုကို ထိခိုက်လာခဲ့အခါမှာ သူတို့ ၂ ယောက် မတူညီချက်တွေကို ဘေးထားပြီး ပြဿနာတွေကို ဖြေရှင်နိုင်မှာလား စတာတွေကို Action တွေ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားပါ။ File size…(1.12GB) / ( 637MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2024 86 mins
72 Hours
Shaft
6

Shaft (2000) IMDb Rating (6.0) / Rotten Tomatoes (67%) ရှက်ဖ် ကို အတော်များများ ကြိုက်ကြမယ် ထင်ပါတယ်။ ဆမ်မြူရယ် ဂျက်ဆန် ကြီးက အထာကျတာကိုး။ ဒီကားကတော့ ဂျွန်ရှက်ဖ် တစ်ယောက် စုံထောက်အလုပ်ကနေ ဘယ်လိုထွက်လာပြီး အလွတ်စုံထောက်ဖြစ်လာလဲဆိုတာ တွေ့ရမှာပါ။ သူနဲ့အပြိုင်ဗီလိန်မင်းသားက ခရစ်ရှန်ဘေး ဆိုတော့ အတော်ကောင်းနေတာပါပဲ။ ဒီဇာတ်လမ်းအစမှာ သန်းကြွယ်သူဌေးကြီးရဲ့ သားတစ်ယောက်က ကလပ်မှာ လူသတ်လိုက်တယ်။ တရားခံကို ဖမ်းပေးလိုက်နိုင်ပေမယ့် သက်သေက ထွက်ပြေးနေလို့ အာမခံရသွားတယ်။ ဒီအမှုကို တရားမျှတမှုရဖို့ ရှက်ဖ်ကြီး သဲကြီးမဲကြီးလိုက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Littleneo ဖြစ်ပါတယ်။) File size…(1.6 GB) / (870 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:41:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Littleneo

6 2000
Shaft
Blended
6.5

Blended (2014) ************** IMDB….. 6.5 ဒီကားထဲက မင်းသား Adam Slander ကို အတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲ… အူတူတူ အတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ… သို့ပေမဲ့ ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းတွေကို ပြုံးပျော်နိုင်စေသလို နှလုံးအိမ်ကိုလည်း ဝမ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်…. ဒီကားလေးမှာလည်း အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ… ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကို ပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါနော်….. စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်….. File Size : 2.51GB/ 1.20GB Quality : Blu-Ray 1080 5.1Ch/ 720p Format…mp4 Duration…01:57:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Tiff

6.5 2014 117 mins
Blended
Monkeybone

Monkeybone (2001) ———————————– ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ ဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှမချင်းပေးထားတဲ့ ကတိစကားကြောင့် ကိုမာဝင်နေတာကို အသက်မဆက်ပေးတော့ပဲ ၃ လနေရင် ပလပ်ဆွဲဖြုတ်ပြီး ပေးသေလိုက်တော့မယ်ဆိုတာကို စတူးတစ်ကောင် အောက်ကနေ သိလိုက်ရတော့ အိပ်မက်ဆိုး နတ်ဘုရားအကူအညီယူပြီး သူ့ဘော်ဒါ မျောက်ရိုင်းလေးနဲ့ လူ့ပြည် ဘယ်လိုပြန်တက်ကြမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားက ရယ်စရာလည်းကောင်းသလို အဲဒီခေတ်တုန်းက ကြည့်ခဲ့ရတာ Creepy လည်း ဖြစ်ပါတယ်။ အကောင်တွေ ဖန်တီးထားတာ စိတ်ကူးယဉ်တာ ပုံရိပ်တွေက ကျောချမ်းစရာလည်းကောင်းခဲ့တယ်။ အခုမှ သေချာပြန်ကြည့်မိတော့ ဒီကား ဒါရိုက်တာ Henry Selick ဆိုတာက အဲဒီလို Creepy ဆန်ဆန် Animation ရုပ်ရှင်တွေဖြစ်တဲ့ Coraline တို့ The Nightmare Before Christmas တို့ James and the Giant Peach တို့ကို ဖန်တီးထားတဲ့ ဆရာကြီးဖြစ်နေရောဗျာ။ တစ်ခုတော့ပြောချင်ပါတယ် ဒီကားကို ကြည့်မယ်ဆို Rating ကို တစ်ချက်လောက် ခေါက်ပစ်ထားလိုက်ပါ။ 2000 ကာလတုန်းက လက်ရာတစ်ခုကို ပြန်စီးမျောတဲ့အနေနဲ့ပဲ အေးဆေးသာယာစွာ ခံစားကြည့်ရှုလိုက်ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.8 GB / 880 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

0 2001 93 mins
Monkeybone