YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

La.Brea.S01E09.720p(CM).mp4

405.18 MB N/A video/mp4 1136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Ferdinand
7.2

IMDb - 6.7/10_____Rotten - 71% ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။ နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ မှာ နာမည်ကြီး အယ်လ်ပရိုင်မီယိုက သူပြိုင်ပွဲက အနားမယူခင်မှာ ဖာဒီနန်နဲ့ အလှပြကစားချင်တာမို့ ပန်းခင်းထဲပျော်မွေ့သူလေးဟာ နွားရိုင်းသတ်ပွဲကွင်းထဲ အတင်းပို့ဆောင်ခံရပါတော့တယ်။ ကြမ်းတမ်းရက်စက်မှုတွေကို မလုပ်ချင်တဲ့ ဖာဒီနန်ကြီးဟာ တိုက်ခိုက်ရေးကျွဲအဖြစ်ကနေ သူ့စိတ်တိုင်းကျ လွတ်လပ်တဲ့ ယာတောကဘဝကို ပြန်ရဖို့အတွက် ယာတောက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကြိုးပမ်းပုံကို အလွဲလေးတွေ၊ရယ်စရာလေးတွေနဲ့ ကြည့်ရမှာမို့ ပရိသတ်တွေအကြိုက်တွေ့ကြမှာပါ။ ဒီဇာတ်ကားမှာ အသံသရုပ်ဆောင်ထားသူတွေက ဂျွန်ဆီနာ၊ ကိတ်မက်ကင်နွန်၊ ဒေးဗစ်တန်းနန်၊ ဘော်ဘီကန်နာဗေးလ်၊ အန်သိုနီအန်ဒါဆန် စသူတွေပဲ ဖြစ်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်) File Size : (902 MB) Quality : Blu-Ray 720p Running Time : 1hr 48min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Khin Pyae Sone and Myo Thant Encoded by Thanhtike Zaw

Action • Comedy • Mystery
7.2 2017 108 mins
Ferdinand
The Dancer
7.3

The Dancer (2011) aka Sang Penari 1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 465MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Horror • Science Fiction
7.3 2011 112 mins
The Dancer
Rest in Peace
5.9

Rest in Peace ( 2024 ) အာဂျင်တီးနားရုပ်ရှင်လောကဟာ လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံးရုပ်ရှင်လောက ၃ခုထဲက တစ်ခုပါပဲ။ နောက်နှစ်ခုကတော့ မက္ကဆီကိုနဲ့ဘရာဇီး။ မက္ကဆီကိုမှာတော့ Alfonso Cuarónတို့ , Alejandro González Iñárrituတို့ , Guillermo del Toroတို့လို နာမည်ကျော် ဒါရိုက်တာတွေပေါ်ထွန်းပြီးသား ဘရာဇီးမှာတော့ City of God ဒါရိုက်တာ Fernando Meirellesတို့, The Motorcycle Diariesဒါရိုက်တာ Walter Sallesတို့လိုလူတွေ ပေါ်တာကြာပြီပေမဲ့ အာဂျင်တီးနားမှာတော့ သိသလောက် အဲဒီလောက်နာမည်ကျော်တွေတော့ မရှိသလောက်ပဲ။ အာဂျင်တီးနားအာဂျင်တီးနားရုပ်ရှင်တွေနဲ့ ကျွန်တော်တော့ တော်တော်စိမ်းသေးတယ်ဆိုတာထက် ကြည့်ဖူးတာတောင် ၅ကားပြည့်မယ်မထင်ဘူး။ ဒါလည်း အင်တာမှာ ပေါ်ပြူလာဖြစ်လာတဲ့ ကားတွေလောက်ပါပဲ။ တနှစ်ကနဲ့ မနှစ်ကတော့ အင်တာမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အာဂျင်တီးနားကားတစ်ကားစီထွက်ခဲ့သေးတယ်။ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Argentina, 1985ရယ် မနှစ်က ဒီမှာလည်း လူတော်တော်ကြည့်ခဲ့ကြတဲ့ When Evil Lurksရယ်ပေါ့။ ကျွန်တော်ကြည့်ဖူးသလောက်နဲ့တော့ အာဂျင်တီးနားကားတွေရဲ့ ကိုယ်ပိုင်ဟန်ကို Cultureကို မမြင်ရသေးဘူး။ ဒါပေမဲ့လည်း When Evil Lurksတုန်းက သူ့ဟော်ရာက တော်တော်ဟော်ရာပီသခဲ့သလို Rest in Peace ( 2024 )မှာတော့ သူတို့လူနေမှုဘဝကို ရေးတေးတေးတော့ မြင်လာသလိုရှိလာတယ်။ ရှေ့ကကားတွေလည်း မြည်းကြည့်ပြီးပြီ သိပ်မမြည်းဖူးသေးတဲ့ အာဂျင်တီးနာစီနီမာကို ဆက်မြည်းကြည့်ချင်တယ်ဆို Rest in Peaceဟာ တော်တော်ကြည့်ကောင်းမယ့်ရုပ်ရှင်ပါပဲ။ လောလောဆယ်တော့ တခြားထင်ထင်ရှားရှား အာဂျင်တီးနားကားလည်းမရှိသေးတော့ ရွေးစရာလည်းမရှိပါဘူး။ သူ့အရသာကတော့ အီရန်လိုလို ဘာလိုလိုပါပဲ။ အီရန်ကားကြိုက်ရင်လည်း ကြည့်လို့မမှားဘူး။ လောလောဆယ်တော့ ရှေ့က အာဂျင်တီးနားနှစ်ကားထက်ပိုတဲ့ rotten tomatoes rating 100% အပြည့်ရထားတယ်။ နောက်တော့ နည်းနည်းကျဦးမှာပေမဲ့ ဇာတ်ကတော့ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကောင်းတဲ့ကားပါပဲ။ ဇာတ်ကတော့ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အာဂျင်တီးနားက လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဇာတ်။ သူ့မှာ ငွေတိုးတွေလည်း‌ချေး ရှိသမျှမိတ်ဆွေတွေဆီကလည်း ချေးထားပေမဲ့ သူ့လုပ်ငန်းကို လည်ပတ်ဖို့ ငွေမလောက်နေသလို သူ့အလုပ်သမားတွေကိုလည်း လခမပေးနိုင်နေဘူး။ သူ့သမီးအတွက် ၁၃နှစ်ပြည့် အရွယ်ရောက်ခြင်းအထိမ်းအမှတ်ပါတီ Bat Mitzvah ကောက်လုပ်ပေးပြီး ကလေးတွေအတွက် ကျောင်းလခလည်း မပေးနိုင်, အမျိုးတွေဆီက ယူထားတဲ့ငွေတွေလည်းမပေးနိုင်တဲ့ အခြေအနေဆိုက်နေတာ။ ငွေတိုးသမားကလည်း သူ့မိသားစုနဲ့ ခြိမ်းခြောက်နေပြီ။ သူ့မှာ ငွေဝင်စရာလမ်းဆိုလို့ အသက်အာမခံပဲရှိတယ်။ ဒီလိုနဲ့ သူက‌ ငွေကိုရအောင်ကြံဖန်ရှာပြီး ငွေတိုးသမားကို ပေးဖို့သွားတဲ့လမ်းမှာ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ ဒုံးနဲ့တိုက်တာကနေ သူသွားတဲ့လမ်းက အဆောက်အဦးတစ်ခုပြိုပြီး လူတွေသေကြကြေကြတယ်။ သူကတော့ သေသလား ရှင်သလားမသိရတော့ဘူး။ သူ့မိသားစုက သတင်းမှာတွေ့ပြီး အခင်းနေရာကိုလာရှာပေမဲ့ သူ့လက်ဆွဲအိတ်ပဲတွေ့ရပြီး သူ့အလောင်းလည်း မတွေ့ခဲ့ရဘူး။ အဲဒီကနေ ဘယ်လို ထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာမလဲ ဆက်ပြတယ်။ အလှည့်အပြောင်းတွေက ဇာတ်ကို ဆန်းသွားစေပေမဲ့ ထင်မှတ်ထားတဲ့ အလှည့်အပြောင်းဆိုတာက ဟို ချက်ကော့ရဲ့ သေနတ်လိုပဲ။ ဇာတ်လမ်းတစ်နေရာမှာ နံရံမှာ သေနတ်ချိတ်ထားတယ်လို့ပါရင် အဲဒီသေနတ်ကို ဇာတ်လမ်းတစ်နေရာမှာ ပစ်ကိုပစ်ရမယ်ဆိုတာမျိုးပဲ။ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျွန်တော်တို့ဖြစ်လာတော့မယ်ထင်မိတဲ့အရာဟာ သိပ်မကြာခင်ဖြစ်သွားတတ်တယ်။ ရိုးရှင်းတဲ့ တင်ဆက်ပုံပဲသုံးထားပေမဲ့ သူ့ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့တော့ ကောင်းနေတာပါပဲ။ မြည်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.5GB | 728MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

5.9 2024
Rest in Peace
Batman Unlimited: Mechs vs. Mutants
5.8

Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fi Batman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီး Batman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။ သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီး ဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင် ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။ သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့ စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size… 1.2 GB / 628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

5.8 2016
Batman Unlimited: Mechs vs. Mutants
Scarborn
7.2

အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာ ပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေး စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2 အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့ Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက် အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကို တိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေ မျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ် ပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီး Kosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်း အထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက် ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့ နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန် တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
7.2 2023 119 mins
Scarborn
Last Night
6.5

ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရော writer အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီး လာတဲ့ Sam Worthington, မင်းသမီးချော Keira Knightley တို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့ Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေး ထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့ အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့ မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့ လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည် သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည် သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။ File size…1.25GB / 587MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy
6.5 2010
Last Night
Maruthi Nagar Subramanyam
7.7

Maruthi Nagar Subramanyam (2024)”ဗရုတ်သုတ်ခ မိသားစု” ============================================= တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။ အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Science Fiction • Thriller • Horror
7.7 2024 144 mins
Maruthi Nagar Subramanyam
Kobane

ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန် အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2022
Kobane
Bureau 749
5.9

တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင် နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက် ၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက် သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။ အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီး အဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီး အဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကို အမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိက ကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။ သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ် ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းက လိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။ မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ…… သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ…… ၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller • Science Fiction • Drama • Mystery
5.9 2024
Bureau 749
All We Imagine as Light
7.4

All We Imagine as Light (2024)”တံလျှပ်” ================================ မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။ အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။ အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။ အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

TV Movie • Comedy • Drama • Romance
7.4 2024 118 mins
All We Imagine as Light
Den of Thieves 2: Pantera
6.6

Den of Thieves 2: Pantera (2025) IMDb Rating (6.6) / Rotten Tomatoes (61%) 2018 တုန်းက နာမည်ကြီးခဲ့တဲ့ သူခိုးအက်ရှင်ရုပ်ရှင် Den of Thieves ရဲ့ အဆက်ထွက်လာပါပြီ။ ၂၀၁၈ ဆရာကြီးကားကိုလည်း CM web and app မှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကိုတော့ ပထမဒါရိုက်တာ Christian Gudegast ပဲ ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေကလည်း ဂျရက် ဘတ္တလာ နဲ့ Ice Cube ရဲ့သား O’Shea Jackson Jr. ပါပဲ။ ရုပ်ရှင်ထဲမှာတောင် နာမည်ကြီး ရပ်သီချင်းစာသားကို အမှတ်တရ ထည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းမှာတော့ နစ်ဟာ ဒွန့်ကို လိုက်ဖမ်းဖို့ ရှာရင်းနဲ့ ဥရောပ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ သူက ပန်သာအဖွဲ့နဲ့ပေါင်းပြီး ကမ္ဘာ့အကြီးဆုံး စိန်စင်တာကြီးရဲ့ အလုံခန်းကို ဖောက်ဖို့ ကြိုးစားနေတာ သိလိုက်ရပါတယ်။ နစ်တစ်ယောက် ဒွန်နီနဲ့တွေ့ချိန်မှာတော့ ဒွန်နီသိလိုက်ရတာက နစ်ဟာ ရဲအလုပ်ကို စိတ်ကုန်သွားပြီး သူနဲ့အတူ ပေါင်းပြီး စိန်တွေခိုးဖို့ လာတာဆိုတာပါပဲ။ ဒီတော့ လုံခြုံရေးအရ ဖောက်ထွင်းဖို့မဖြစ်နိုင်တဲ့ စိန်အလုံခန်းကြီးတစ်ခုကို နစ်နဲ့ဒွန်တို့ ဘယ်လိုဖောက်ကြမလဲ၊ အပြင်မှာလည်း ရဲတွေလက်ကအပြင်၊ သူတို့ စိန်ခိုးပြီး ပြဿနာရှာထားတဲ့ မာဖီးယားတွေကပါ စောင့်နေတာမို့ ဘယ်လို အလွတ်ပြန်ရုန်းကြမလဲဆိုတာကို အက်ရှင်နဲ့ သူခိုးကားစတိုင် ပေါင်းစပ်ပြီး ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(7.9 GB) / (2.3 GB) / (1.1 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Thriller Duration….02:24:36 Subtitle….Myanmar Subtitle (Hardsub) Encoder….YK,Double K Translated by Mr. Anderson

Comedy • Romance
6.6 2025 144 mins
Den of Thieves 2: Pantera
Flight Risk
6

Flight Risk (2025) IMDb Rating (5.5) မင်းသားကြီး မာ့ခ်ဝါးဘက်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်လာပါပြီ။ လူနည်းနည်းနဲ့ အသက်လုရတဲ့အမျိုးအစားမို့ သည်းထိပ်ရင်ဖိုကြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။ ဒါရိုက်တာက မဲလ်ဂစ်ဆင် ပါ။ မင်းသမီးကတော့ The Gentlemen ရုပ်ရှင်ထဲက Michelle Dockery မို့အလန်းပါပဲ။ Spider-Man 3 ထဲမှာ Venom လုပ်ခဲ့တဲ့ Topher Grace လည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *********** ယူအက်စ်မာရှယ် ရဲအရာရှိ မဒိုလင်ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီးမိုရက်တီ ရဲ့ စာရင်းကိုင် ဝင်စတန် ကို အလက်စကာပြည်နယ်ထဲကလူမရှိတဲ့နေရာတစ်ခုမှာ ပုန်းနေတာကို အမိဖမ်းနိုင်လိုက်ပါတယ်။ သူ့ကို သက်သေထွက်ဆိုခိုင်းနိုင်ရင် မိုရက်တီကိုလည်း ထောင်ထဲတစ်သက်လုံးထည့်နိုင်ပြီမို့ သူ့ကို လေယာဉ်တစ်စီးငှားပြီး သယ်လို့ဖို့ကြိုးစားပါတော့တယ်။ လမ်းခရီးမှာ စာရင်းကိုင် သက်သေခံကို လေယာဉ်ပေါ်က အသက်ရှင်လျင် မဆင်းနိုင်ဖို့ မျိုးစုံတားဖို့ ကြိုးစားမဲ့အထဲကမှ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်ရမလဲ တွေ့ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(7.3 GB) / (1.45 GB) / (715 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Action , Crime , Drama ,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Action • Science Fiction • Adventure
6 1900
Flight Risk
The Brutalist
7.9

The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (13.8 GB) / (4.3 GB) / (1.9 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….03:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

TV Movie • Comedy • Romance
7.9 2024
The Brutalist