YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Kumari.Srimathi.S01E01.720p(CM).mp4

392.98 MB N/A video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
Julie & Julia
6.7

တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Mystery • Thriller
6.7 2009 123 mins
Julie & Julia
Catch Me If You Can
8

IMDb Rating (8.1) / Rotten Tomatoes (96%) ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့ မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… (2.4 GB) / (1.3 GB) Quality…BluRay 1080p HEVC /720p Format…mp4 Duration….02:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Horror • Thriller
8 2002 141 mins
Catch Me If You Can
8 Mile
7.1

ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊ Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊ မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက် စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် သူ့မှာရှိနေတဲ့ ပြဿနာတွေက သူ့ကို သံသယပွားစေခဲ့ပါတယ်။ သူက လူလွတ်တစ်ယောက်ဖြစ်နေခဲ့ပြီး သူ့မှာအသိဆိုလို့ သူငယ်ချင်း နည်းနည်းနဲ့အရက်စွဲနေတဲ့ အမေရယ်ပဲ ရှိတာပါ။စုတ်ချာလှတဲ့ သူ့ဘဝကနေ လွတ်လမ်းဆိုလို့ သူ့ရဲ့ ပင်ကိုယ်ပါရမီဖြစ်တဲ့ rap ရွတ်တာပဲရှိပါတယ်။တ်ထရိုက်မြို့ခံတွေကတော့ 8 Mile ဆိုတာ မြို့ရဲ့ နယ်နိမိတ်၊ နယ်ခြားမျဉ်း၊ စည်းလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် Jimmy Smith Jr.(Eminem) အတွက်ကတော့ သူ့ရဲ့ ဖြစ်ချင်မှုဆန္ဒတွေဆီကနေ စည်းခြားထားတဲ့ လိုင်းတစ်လိုင်းလည်းဖြစ်နေပါတယ်။ သူ့ရဲ့အခွင့်အလမ်းကို အမိအရယူမလား၊လက်လွတ်အဆုံးရှုံးခံမလားဆိုတာကတော့.... (ဇတ်လမ်းအညွှန်းကိုတော့ ကို Wai Yan M မှ တင်ဆက်ပေးထားတာပါ)ရုပ်ရှင်ကားကို အတက်နိုင်ဆုံး အမှားကင်းအောင် ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အမှားများ ပါရှိပါက ခွင့်လွှတ်နားလည်ပေးကြပါလို့ :D File size…2.21GB/ 949MB Quality…1080p BluRay AAC5.1Ch/ 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Hein Thet Naing

Action • Crime
7.1 2002 111 mins
8 Mile
A Man Called Hero 2

ဒီနေ့တော့ CM ချစ်ပရိသတ်တွေအတွက် ဟွားယင်းရှုံရဲ့သား ဟွားကျန့်ရှုံအကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်တယ်... ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားရောက်အခက်တွေ့နေတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးတဲ့ ဟွားယင်းရှုံအကြောင်းကို အရင်တစ်ခေါက်ကဘာသာပြန်တင်ဆက်ခဲ့ပါတယ်... အခုတစ်ခေါက်မှာတော့ဟွားကျန့်ရှုံအကြောင်းပေါ့... ဟွားကျန့်ရှုံဟာ အဖေတူသားပီပီ တရုတ်သွေးအပြည့်နဲ့ တရုတ်အနွယ်ဝင်တွေ ဒုက္ခခံစားရတာကို ကာကွယ်ဖို့ အချိန်ပြည့် ကြိုးစားအားထုတ်နေကြသူပေါ့... ဟွားယင်းရှုံနဲ့ ဝူတီတို့ တိုက်ပွဲအပြီးမှာ ဟွားယင်းရှုံ ပျောက်ချင်းမလှပျောက်ခဲ့တဲ့အတွက် ကျုံးဟွားအိမ်တော်နဲ့တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ လော့ရှုံဂိုဏ်းခေါ် ဂျပန်တွေရဲ့ ပူးပေါင်းဒုက္ခပေးမှုကို ခံစားနေရတာပေါ့... ဘယ်လောက်တောင်လဲဆို...လော့ရှုံဂိုဏ်းဟာ ဝူတီပြီးနောက် ကျင်းပေါင်တိုင် ဆက်ခံခဲ့ပြီးချိန်မှာတော့ ကျင့်စဉ်တွေကျင့်နိုင်ဖို့ ကလေးတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် လော့ရှုံဂိုဏ်းဟာ တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မနည်းနဲ့ လိုက်ဖမ်းခဲ့ပါတယ်... ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံတစ်ယောက် ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလား... ဟွားယင်းရှုံကရော ဘယ်ရောက်နေတာလဲ... သူရဲကောင်းဖြစ်ဖို့ ဘာတွေပေးဆပ်ရဦးမှာလဲ... ဒီလိုပေးဆပ်ရတာ တန်ရဲ့လားဆိုတာ ဆက်လက်စောင့်ကြည့်ပါဦး Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
0 2022 80 mins
A Man Called Hero 2
Bloody Summer Camp
4

1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Action • Adventure • Comedy • Family • Fantasy
4 2021 125 mins
Bloody Summer Camp
BLACKPINK Summer Diary in Seoul
8.6

BLACKPINK Summer Diary in Seoul (2022) Blink​တွေအတွက် BLACKPINKရဲ့ variety showအ​ဟောင်း​တွေထဲက တစ်ခုဖြစ်ပြီး Iconic clips​တွေ အများကြီးထွက်ခဲ့တဲ့ BLACKPINK’s Summer Diary in Seoul(2020)ကို တင်ဆက်​ပေးလိုက်ပါတယ်။ ဒီထဲမှာ​တော့ BLACKPINKအဖွဲ့ဝင်​ ၄​ယောက်ဖြစ်တဲ့ ဂျန်းနီ ဂျီဆူး လီဆာနဲ့ ရိုဂျယ်တို့ဟာ ဆိုးလ်မြို့လယ်​ခေါင်က ဆိတ်ငြိမ်​အေးချမ်းတဲ့ ရိုးရာ​အိမ်​လေးတစ်အိမ်မှာ ဂိမ်းမစ်ရှင်​တွေကို ကစားပြီး ​ရွှေ​​သော့ကို ရယူပိုင်ဆိုင်ဖို့ ကြိုးစားရမှာပါ။ ​ ရွှေ​​သော့ကိုရဖို့ BLACKPINK vs ရိုက်ကူး​ရေးဝန်ထမ်း​တွေ အဓိကအားပြိုင်ရမှာဆို​ပေမယ့် BLACKPINK အဖွဲ့ထဲမှာ X-Manလို့​​​ခေါ်တဲ့ စပိုင်တစ်​ယောက်က ဂိမ်း​တွေကို မနိုင်​အောင် လိုက်လံ​နှောင့်ယှက်ရမှာပါ။ အဲဒီX-Manက ဘယ်သူဖြစ်​နေမလဲ၊ ရွှေ​​သော့ကို ရ​အောင်လုသွားနိုင်မှာလား၊ မန်ဘာ​တွေကပဲ X-Manကို ​ဖော်ထုတ်ပြီး ​ရွှေ​သော့ကို အရယူသွားနိုင်မလား ​စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။ Genre….. Reality Quality…. 1080p | 720p | 480p File size… 1.6GB | 718MB | 315MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Variety Team Encoder ….. August

Comedy • Fantasy • Romance
8.6 2020
BLACKPINK Summer Diary in Seoul
The Equalizer 3
7.1

The Equalizer 3 (2023) IMDb Rating (7.1) / Rotten Tomatoes (75%) “မင်းက အငြိမ်းစားပါ” “ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ” “မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ” မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။ ဒီရုပ်ရှင်အစမှာတော့ မက်ကောဟာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုကို လာရှင်းရင်းနဲ့ သေလာက်တဲ့ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာကို အီတလီရဲ့ Altamonte မြို့လေးက ဆရာဝန်တစ်ယောက်က ကုပေးပြီး ကယ်ဆယ်ထားခဲ့ပါတယ်။ အဲဒီမြို့ကလေးဟာ အေးချမ်းပြီးလူတွေကလည်း သဘောကောင်းကျတာမို့ မက်ကော ပျော်စပြုလာပါတယ်။ ဒါပေမဲ့ ဒီတစ်မြို့လုံးကို အရမ်းရက်စက်တဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်က ထိန်းချုပ်ထားတာမို့ သူခင်တဲ့ မိတ်ဆွေအသစ်တွေကို ကာကွယ်ဖို့ တစ်ဂိုဏ်းလုံးနဲ့ ရင်ဆိုင်ရတဲ့အခါ… ဒီကားရဲ့ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ကူးခဲ့တဲ့ Antoine Fuqua ပါပဲ။ သူ့လက်ရာတွေထဲမှာ The Magnificent Seven, Training Day, Southpaw, Bullet Train တို့ဟာလည်း နာမည်ကျော်တွေပါပဲ။ အကုန်ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ စီးရီးကြိုက်တဲ့သူတွေအတွက်လည်း သူ ထုတ်လုပ်ခဲ့တဲ့ Shooter, Mayour of Kingstown စီးရီးတွေဟာလည်း ထိပ်တန်းပါပဲ။ ဒါလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပြန်တာပါပဲ။ စပွိုင်လာအနည်းငယ်ပါမည်… ကြည့်ပြီးမှဖတ်ရင် မက်ကော စီအိုင်အေမှာလုပ်တုန်းက ကူညီခဲ့တဲ့ Brian နဲ့ Susan Plummer တို့ရဲ့သမီးအမ်မာကော်လင်နဲ့ တိုက်တိုက်ဆိုင်ဆိုက်ပြန်တွေ့ကြတာပါ။ ဇာတ်လမ်းအဆုံးမှာ မက်ကောက မှတ်စုစာအုပ်အနက်လေးကို အမ်မာကော်လင့်ကို ပေးလိုက်တဲ့သဘောဟာ သူအပြီးတိုင်အငြိမ်းစားထပ်ယူပြီး သူ့နေရာကို အမ်မာ ဆက်ယူစေချင်တဲ့သဘောလို့ ယူဆရပါတယ်။ ဒါကြောင့် ငွေကို ကိုယ်တိုင်သွားပေးခိုင်းပြီး လူစိမ်းတစ်ယောက်ကို ကူညီလိုက်ရတဲ့ ခံစားချက်ကို ပြတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

Science Fiction • Horror
7.1 2023 109 mins
The Equalizer 3
The Taste of Money
5.7

(18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့် အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစား ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်း ဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။ သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာ ဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။ တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စ အရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲ ခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲ ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Housemaid ရဲ့ အဆက်အနေနဲ့ ရိုက်ကူးထားတာပါ။ The Housemaid ထဲမှာတော့ ယွန်းမိသားစုရဲ့ ငယ်ဘဝ နဲ့ အိမ်တွင်းရေးအရှုပ်တော်ပုံတွေကို အဓိကထားပြီးဖော်ပြခဲ့ပါတယ်။ ဇာတ်ကား နှစ်ခုလုံးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာက တစ်ဦးတည်းဖြစ်ပြီး ဒီရုပ်ရှင်တွေဟာ တခြားသူတွေမသိတဲ့ ကိုရီးယားနိုင်ငံရဲ့ တကယ့်လက်တွေ့ဘဝကို ထင်ဟပ်ပြထားပါတယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့်လည်းဝေဖန်မှုတွေခံခဲ့ရပြီး Cannes ရုပ်ရှင်ပွဲတော် မှာပြသ‌ခဲ့ပေမယ့်လည်း ချီးကျူးမခံခဲ့ရပါဘူး။ IMDb 5.7 ရရှိထားပြီး ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း သရုပ်ဆောင်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ တစ်ချို့အခန်းလေးတွေကတော့ အမြင်မတင့်တယ် တဲ့အတွက် မိသားစု နဲ့အတူကြည့်ရှုရန်မသင့်တော်ပါ။ File size… 1.3 GB / 706 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

5.7 2012
The Taste of Money
Wild Seas

ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…….. အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့…. သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(875 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
0 2022
Wild Seas
4th Republic
6.5

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Nigeria နိုင်ငံရေး thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Mabel King လို့ခေါ်တဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ဟာ အကြမ်းဖက်ခံ အခြိမ်းခြောက်ခံ အကျင့်ပျက်ချစားခံရပြီးတော့ ရွေးကောက်ပွဲကို ရှုံးသွားခဲ့ပါတယ်။ ဒီလို မတော်မတရား ရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့ Mabel King ဟာ တရားခွင်ဝင်ပြီးတော့ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ လာဘ်ပေး‌ လာဘ်ယူမှုတွေ သစ္စာဖောက်မှုတွေ ကို ကြံ့ကြံ့ခံပြီး တရားခွင်မှာ ကြာလာတာနဲ့ အမျှ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ Mabel King ရဲ့တိုက်ပွဲဟာ အာဏာအတွက်တင်မကပဲ နိုင်ငံရဲ့ စစ်မှန်တဲ့ Democracy ရေးအတွက်ပါ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးအမြင်အသစ်တွေ ပေးပြီးတော့ Nigeria ရဲ့ နိုင်ငံရေးတွေ၊ တရားမျှတမှု၊ ကျားမ ခွဲခြားမှုနှင့် ယိုယွင်းနေတဲ့ စနစ်ကြီးအကြောင်းကို တင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Nigeria နိုင်ငံရဲ့ ခက်ခဲခဲ့တဲ့ Democracy လမ်းကြောင်းကို မီးမောင်းထိုးရိုက်ပြထားတာဖြစ်လို့ ကြည့်ရတန်စေမှာပါ ခင်ဗျာ။ File Size : 1.5 GB / 770 MB Quality : WEB_DL 1080p / 720p Running Time : 1hr 59min Format :Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Moe Zac Encode by : Thit San Khant

6.5 2019
4th Republic
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
The Wrong Track
6

The Wrong Track (2025) IMDb Rating (6.0) ငွေကြေးအခက်အခဲဖြစ်နေတဲ့ အလုပ်လက်မဲ့ single mother တစ်ယောက်ဖြစ်တဲ့ Emilie က သူ့ရဲ့သမီးလေး Lilith ကို သူ့ရဲ့အရင်ယောက်ျားဟောင်းနဲ့ တစ်ပတ်စီမျှပြီး ခေါ်နေတတ်တယ်။ အရင်ခင်ပွန်းဟောင်းကတော့ နောက်မိန်းမယူထားပြီးတော့ Emilie ကို ဝင်ငွေလည်းမရှိ ဘာကိုမှမလုပ်တဲ့ မိန်းမပျော့လို ဝေဖန်ပြီး Lilith ကို သူနဲ့ပဲအတူလာနေတာ အကောင်းဆုံးလိုမြင်ခဲ့တယ်။ Emilie လည်း အလုပ်အကိုင်အခြေတကျနဲ့ အဆင်ပြေနေတဲ့ သူ့အစ်ကိုဆီမှာ ထုံးစံအတိုင်းလာနေပေမယ့် သူ့အစ်ကိုရဲ့ဇနီးက ငြိုငြင်လာပြီမို့ Emilie ကို 54 ကီလိုမီတာရှည်တဲ့ နှင်းလျှောစီးမာရသွန်ပြိုင်ပွဲ Birkebeinerrennet မှာ ဝင်ပြိုင်ဖို ရာဇသံပေးလိုက်တယ်။ အရာရာကို နည်းနည်းလေးခက်ခဲလာတာနဲ့ လက်လျှော့တတ်တဲ့ Emilie တစ်ယောက် ပင်ပန်းကြမ်းတမ်းတဲ့ အပြေးလမ်းရှည်မာရသွန်ကြီးကို ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်မလားဆိုတာကိုတော့ ဒီနော်ဝေးဟာသဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:34:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

Drama • Comedy
6 2025 94 mins
The Wrong Track
The Unofficial Science of Indiana Jones
4.6

The Unofficial Science of Indiana Jones (2024) အခုမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ် ။ ဂရက် နဲ့မေစီ ဟာ အင်ဒီယားနားဂျုန်းစ် ဇာတ်လမ်းကို လေ့လာပြီး ဇာတ်လမ်းထဲက ထောင်ချောက်တွေ အဆိပ်မြှားတွေကို လက်တွေ့ ဘယ်လို ရှောင်ထွက်ပြီး ဖြတ်ကျော်နိုင်မလဲဆိုတာတာကို အတူတူဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ မေစီနဲ့ ဂရက်တို့ အဆုံးမှာ အောင်မြင်သွားပါ့မလားဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရီစရာ ပုံစံမျိုးဖြစ်လို့ မိုးအေးတုန်း မိသားစုနဲ့အတူ အပန်းဖြေရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.4 GB) / (690 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary Duration…. 01:08:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

Drama • Mystery
4.6 2024 68 mins
The Unofficial Science of Indiana Jones