YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

KĂźbra.S02E07.1080p.NF.WEB-DL.(CM).mp4

778.27 MB 1080p video/mp4 18 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Notes on a Scandal
7.1

ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။ မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက... ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။ အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 3.2GB, 920MB, 456MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 32mins Genre              : Drama, Romance, Crime Translated by Themes Encoded by Kinnov

Drama
7.1 2006 92 mins
Notes on a Scandal
Serendipity
6.9

IMDb Rating - 6.8/10 ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို Bloomingdale ဆိုတဲ့ department store တစ်ခုမှာ စတွေ့ခဲ့မိပါတယ်။ သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံ တည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာ သက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက် ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါ တော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာ တကယ်လဲရှိပါတယ်။ ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခု ရှိတယ် Serenity လေ။ (Serenity ကို 'သက်ငြိမ်' လို့နာမည်ပေးခဲ့ ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ် ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင် လေးထာ၀ရပိတ်သွားခဲ့ပါပြီ) ( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲ ရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာက သူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက် ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်း နောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေ ရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာ နမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။ ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက် က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်က မနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။ သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခု ခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆိုတဲ့ မျှော်လင့်ချက်က လေးတွေကိုယ်စီနဲ့ပေါ့လေ . . . ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့် ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(2.61 GB) / (865 MB) / (500 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Sai Thurein Lynn Encoder..........SWM

Crime
6.9 2001 90 mins
Serendipity
Shadow Master
6.8

ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့ အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့ နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန် ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့ အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ်။ မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာ ညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကို ဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူက ဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့ အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီး နတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ အဲတော့ ချကြတယ်ပေါ့။ ကြည့်ကြည့်လိုက်ပါ။ File size…1.35GB /600MB Quality… 1080p WEBRIP /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Action • Fantasy • Science Fiction
6.8 2022 90 mins
Shadow Master
Zombie Chikadees
2

ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့ မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့ ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ် ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲ မြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့ သခင်ကြီးဟာ သေဆုံးရာကနေပြီး ဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ် ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်က ဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူး မြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့် စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာ အုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့ သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့ မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ - ❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား ❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရော ဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေး ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller , Horror Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery • Thriller
2 2022 85 mins
Zombie Chikadees
Wolves of War
4.9

လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့ ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့...။အဆိုးအကောင်း ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့ စစ်ကားမျိုးပါ။ ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦး‌ဆောင်တဲ့လက်ရွေးစင်အဖွဲဟာ ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။ သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော် ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။ စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ် ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန် မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.98 GB) / (970 MB) / (610 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller, War Translator.......C'mon Encoder..........SWM

Drama • Fantasy • Mystery • Science Fiction • Thriller
4.9 2022 87 mins
Wolves of War
Aquamarine
6.4

ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။ မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ကဲ ငယ်ဘဝက ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း အမှတ် တရတွေ ပြန်လည်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......EL Encoder..........SWM

Drama • Mystery
6.4 2006 104 mins
Aquamarine
Revolver
6.3

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီး Action၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့် ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ…။ တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ ဆိုကြပါသတဲ့…။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ…။ မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသား ဂျေဆင် စတက်သန်ပါ…။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင် အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ ၇ နှစ်လောက်အောင်းလိုက်ရပါတယ်…။ ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်…။ တစ်ယောက်က စစ်တုရင်ဆရာကြီး…နောက်တစ်ယောက်က အယုံသွင်း လှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး…။ ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့် သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာ ကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်…။ စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော…။ ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစား လုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင် မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်….။ ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာ ပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ….။ တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ…။ ဒါရိုက်တာ Guy Ritchieနဲ့ မင်းသား ဂျေဆင် စတက်သန်တို့ လက်တွဲထားတဲ့ကားမို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါပဲ။ File size…1.86GB / 598MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Crime ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2005
Revolver
The Dirty 3rd: Next Generation
6.6

The Dirty 3rd: Next Generation (2023) ============================ ဒီကားကတော့လူမဲတွေရဲ့ ရပ်ကွက်ထဲကအထာတွေ စရိုက်တွေအကြောင်းရိုက်ထားတာပဲဖြစ်ပါတယ်။ Zaire တစ်ယောက်သူ့ပထွေးသူ့အမေကိုရိုက်နေတာမြင်တော့ စိတ်မထိန်းနိုင်ပဲသူ့ပထွေးကိုပစ်သတ်မိသွားပါတယ်။ သူ့ အမေကသူ့ကိုထောင်မကျစေချင်တာကြောင့်သူအဖိုးရှိတဲ့ Houston ကိုပြေးခိုင်ပါတယ်။ မြင်လဲမမြင်ဖူး အဆက်အ သွယ်လဲမရှိတဲ့အဖိုးကို Zaire တစ်ယောက်ရှာတွေ့မှာလား သူ့အဖိုးကဘယ်လိုလူမျိူးလဲ ဘာအလုပ်လုပ်တဲ့သူလဲ သူ့ကို ရောကြိုဆိုမှာလားဆိုတာတွေကို ကြည့်ရှုရမယ့် ကားလေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်) File Size……….(1.38 GB) / (635 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Khant Zar Ni Oo Encoder……….SWM

6.6 2023
The Dirty 3rd: Next Generation
Squeaky Clean Mysteries: Hazardous Duty
6.4

အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း မိုက်ကယ် ကာနင်ဟန်က သူ့မိန်းမကို သတ်လိုက်တာလား အားလုံးပဲ အတူတူ တရားခံကိုဖော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(1.5 GB)/(792 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Tv Movie, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

6.4 2022
Squeaky Clean Mysteries: Hazardous Duty
Stir of Echoes
6.9

Stir of Echoes (1999) ================ IMDb Rating – 6.9/10 တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။ အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။ Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.72 GB) / (636 MB) Quality…………BLU-RAY L 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Drama • History
6.9 1999 99 mins
Stir of Echoes
Wild Things
6.6

Wild Things(1998) ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။ 18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူး ဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့… 1.ဆမ်လွမ်ဘာဒို ဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။ 2. ကယ်လီဗန်ရိုင်ယန် ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။ 3.ဆူဇန်မာရီတိုလာ ဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။ အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။ 4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာ သူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ ဒါကတော့ဇာတ်လမ်းရဲ့ အစကျောင်းဆရာလေးဆမ်ရဲ့ အမှုဖြစ်ပေါ်လာပုံဖြစ်ပါတယ်။ spoilerမဟုတ်ပါဘူး ဒါဟာဇာတ်လမ်းရဲ့ အစပိုင်းလေးပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းရဲ့ ထင်မထားတဲ့အချိုးအကွေ့ အချိတ်အဆက်တွေက ပရိတ်သတ်ကိုပါးစပ်အဟောင်းသား ဖြစ်စေပါလိမ့်မယ်။ အညှီအဟောက်အခန်းလေးတွေလဲပါမှ ဇာတ်အိမ်ကလဲခိုင်မှ မင်းသားမင်းသမီးကလဲချောမှ twistတွေကလဲ ကြမ်းမှ ကြည့်ချင်တယ်ဆိုသူတွေ အတွက်ကတော့ Wild Things ဟာလုံးဝကိုလက်လွတ်မခံသင့်တဲ့ ဘေကုန်ရကျိုးနပ်မယ့် ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း အာမခံလိုက်ပါတယ်။ Kaung Khant Win က ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် File size… 2.2 GB / 962 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Crime/Drama/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Khant Win

6.6 1998 108 mins
Wild Things
Fortunes of War

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Adventure • Drama • Action • History
0 2024
Fortunes of War
Catwalk: Tales from the Catshow Circuit
6.3

ဒီဒိုကူမန်ထရီကတော့ ကြောင်ချစ်သူတွေအတွက် ဦးတည်ပါတယ်။ ကနေဒါက ပြိုင်ဆိုင်မှုပြင်းထန်းတဲ့ ကြောင်အလှပြိုင်ပွဲတွေအကြောင်းကို ရိုက်ပြထားတာပါ။ ဒီပွဲတွေမှာ ဒိုင်ပေါင်းစုံ ကြောင်ပေါင်းစုံ ကြောင်အမျိုးအစားအလိုက် ပြိုင်ပွဲဝင်ရတဲ့ တန်းပေါင်းစုံနဲ့ ပြိုင်ကြတာဖြစ်ပြီး ဒီလိုပွဲတွေအများကြီး လိုက်ပတ်ပြိုင်ပြီး ပွဲပေါင်းစုံက ရတဲ့ ရမှတ်စုစုပေါင်းကိုပါ ပြိုင်ကြပါတယ်။ တစ်နှစ်တစ်နှစ်ကို ကြောင်ပွဲတွေလည်း မနည်းပါဘူး။ တစ်ပွဲမှာလည်း အခါခါပြိုင်ရတယ်။ ဒီလိုပြိုင်တဲ့နေရာမှာ တစ်ချို့ကြောင်တွေက အရမ်းကြီးဂရုစိုက်ပေးစရာမလိုပေမဲ့ တစ်ချို့ကြောင်တွေကတော့ ရေနည်းနည်းထိလို့တောင် မရတဲ့ကြောင်တွေရှိတော့ တော်တော်ဂရုစိုက်ပေးရတယ်။ ဒီတော့ ကြောင်ပိုင်ရှင်တွေရဲ့ သူတို့ကြောင်တွေကို ချစ်ကြပုံဂရုစိုက်ကြပုံတွေကိုလည်း မြင်ရမှာပါ။ ဒီဒိုကူမန်ထရီရဲ့ အဓိကဇာတ်လိုက်ကျော်တွေကတော့ အိုလာလာနဲ့ ဘော်ဘီဆိုတဲ့ကြောင်၂ကောင်ပါ။ ဒီဒိုကူမှာ အဓိကအားဖြင့်တော့ သူတို့သခင်နှစ်ယောက်နဲ့ သူတို့နှစ်ကောင်ရဲ့ ပြိုင်ဆိုင်မှုတွေကို အဓိကထားပြထားပါတယ်။ ကြောင်တွေအပေါ် ကြောင်ချစ်သူတွေရဲ့ အမြင်တွေကိုလည်းပြထားပါတယ်။ ကြောင်ချစ်သူတွေအနေနဲ့ ချစ်စရာကောင်းတဲ့ကြောင်ပေါင်းစုံကို ဒီဒိုကူမန်ထရီမှာ မြင်ကြရမှာပါ။ File Size : 1.5 GB, 810 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Drama
6.3 2018 77 mins
Catwalk: Tales from the Catshow Circuit
Ghost Trail Les fantĂ´mes
6.7

Ghost Trail (2024) IMDb Rating (6.7) / Rotten Tomatoes (100%) ထုံးစံအတိုင်း ပြင်သစ်ကို ပြည်ပြေးလာခဲ့တဲ့ ကမ္ဘာအရပ်ရပ်က မငြိမ်မသက်နိုင်ငံတွေကလာခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ရိုက်တဲ့ သူတို့နိုင်ငံမငြိမ်သက်မှုတွေ ကြောင့် သူတို့ဖြတ်သန်းခဲ့ရတဲ့ ကမ္ဘာပျက်တွေအကြောင်းပါပဲ။ ဆီးရီးယားရဲ့ သားသတ်အိမ်လို့ခေါ်တဲ့ Sednaya ထောင်ကနေ လွတ်လာခဲ့တဲ့ ပြည်ပြေးတွေက တိုင်းတစ်ပါးမှာ ခိုလှုံရင်း မလွတ်လာခဲ့သူတွေ သေသွားတဲ့သူတို့မိသားစု တွေအတွက် မကျက်သေးတဲ့အနာတွေကို ကုစားနေရပုံကို တင်ပြထားတယ်။ အစိုးရဘက်ကနေ သူတို့ကို ဒီထောင်ထဲ နှိပ်စက်ခဲ့ သူတို့အသိတွေကိုသတ်ခဲ့တဲ့ ပြည်ပြေးစစ်သားဟောင်းတွေကိုလည်း ရောက်တဲ့အရပ် ရောက်တဲ့နိုင်ငံမှာ လူမသိသူ မသိ အဖွဲ့သေးသေးလေးတွေဖွဲ့ပြီး လိုက်ရှာပြီး တရားခွင်တင်ဖို့ ကလဲ့စားချေဖို့ကြိုးစားခဲ့ကြတယ်။ ဒီရုပ်ရှင်မှာ ဆီးရီးယားကနေ ပြေးလာခဲ့တဲ့ ပြည်ပြေးတွေရဲ့ ဝေဒနာပေါင်းစုံကို မြင်ရပါလိမ့်မယ်။ Rotten Tomatoesတော့ ၁၀၀ရာခိုင်နှုန်းရထားပါတယ်။ ဒါမျိုးကားတွေက အော်စကာရဲ့နိုင်ငံခြားရုပ်ရှင်ဆန်ခါတင်စာရင်းမှာ အမြဲပါနေကျဆိုတော့ ပါကောင်းပါလာနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.9 GB) / (0.9 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….01:47:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy
6.7 2024
Ghost Trail Les fantĂ´mes
Never a Thief
6.2

ဟောင်ကောင်အက်ရှင်ကားတွေကြည့်ပြီး နောက်ပိုင်းအက်ရှင်ကားတွေ မတိုးတော့ဘူးဆိုတဲ့ CM ရဲ့ ပရိသတ်ကြီးအတွက် ဒီရုပ်ရှင်လေးကို ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုက်ကွက်တွေနဲ့ ထိုးချက်တွေကို အားရပါးရ ကြည့်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- အာမခံကုမ္ပဏီက စုံစမ်းသူ ကျောက်ကျီဟာ ပျောက်ဆုံးသွားတဲ့ အနုပညာပစ္စည်းကို ပြန်ရှာဖို့အတွက် ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတစ်ခုကို ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ထူးချွန်လှတဲ့ သော့ဖွင့်နိုင်စွမ်းကြောင့် သခင်ရှန့်က ဦးဆောင်တဲ့ ရှေးဟောင်းပစ္စည်းခိုးယူအဖွဲ့ထဲ ပါဝင်ပူးပေါင်းခဲ့ပါတယ်။ ဖြောင့်မတ်တဲ့ ကျောက်ကျီတစ်ယောက် သူခိုးအလုပ်ကို အထင်သေးပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားတဲ့ အဖေ့ကို ရှာဖို့အတွက် သူခိုးအဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ အဖွဲ့ထဲက အရည်အချင်းကိုယ်စီရှိကြတဲ့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခိုးယူခြင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကျောက်ကျီရဲ့အဖေဟာ ဘာကြောင့် သတင်းလုံးဝမရဘဲ ပျောက်ဆုံးသွားရသလဲ…… ဖြောင့်မတ်သူဟာ သူခိုးအလုပ်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်ပါ့မလား…… သူတို့ရဲ့ ရန်သူက ဘယ်သူဖြစ်မလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

6.2 2025
Never a Thief