YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kramer.Vs..Kramer.1979.720p(CM).BluRay.x264.AAC5.1.mp4

1.1 GB N/A video/mp4 124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Till
7.4

၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။) အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲလိုအဖြစ်အပျက်တွေ ကြီးစိုးနေတဲ့ ၁၉၅၅ ခုနှစ်မှာ အန်မက် ‌တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ချီကာဂိုမြို့ကနေ သူ့ဆွေမျိုးတွေရှိရာ မန်းနီးမြို့၊ မစ္စစ္စပီပြည်နယ်ကို အလည်အပတ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်မက် တစ်ယောက် ကြမ္မာဆိုးငင်ချင်တော့ စတိုးဆိုင်တစ်ခုက လူဖြူမတစ်ယောက်ကို စကားပြောရင်း စနောက်မိပါတော့တယ်။ ထိုနေ့ညမှာပဲ အန်းမက်ကို လူတစ်စုကို အိမ်အတွင်း ဝင်ပြီး ဖမ်းခေါ်သွားပါတော့တယ်။ မကြာခင်မှာပဲ အန်မက်ရဲ့အလောင်းကို မြစ်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး အလောင်းမှာ ရစရာမရှိအောင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတာပဲဖြစ်ပါတယ်။ အန်မက်ရဲ့ အမေဖြစ်သူ မေမီ တေးလ် မော်လီလည်း သားဖြစ်သူဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ကာ သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ မေမီ့ကို ဆွေမျိုးတွေ၊ NAACP လို အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုမှာ မေမီတစ်ယောက် သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, History Quality…. 1080p | 720p | 480p File size… 1.4GB | 802MB | 427MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Fantasy
7.4 2022 131 mins
Till
Revenge
6.4

IMDb Rating (6.4) / Rotten Tomatoes (93%) Thriller ဇာတ်ကားတွေကိုမှ ကြိုက်နှစ်တတ်သူတွေအတွက် I spit on your grave ဇာတ်ကားတွေလို ခပ်ကြမ်းကြမ်းဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ ပြင်သစ်စကားပြောဒီဇာတ်ကားက အီတလီမော်ဒယ်မင်းသမီးနဲ့  ဘယ်လ်ဂျီယမ်မင်းသားတို့လို ပေါင်းစပ်မှုတွေနဲ့ တမူတော့ထူးခြားပါတယ်။ မိန်းကလေးတစ်ယောက်ထဲနဲ့ ဘဲကြီး ၃ ကောင်တို့ ပြေးတမ်းလိုက်တမ်းကစားကြမယ့်ပွဲမှာ ထုံးစံအတိုင်း အားနည်းတဲ့ဖက်ကတော့ အနိုင်ကျင့်ခံရစမြဲပါပဲ... ဒါပေမယ့် လွယ်လွယ်လက်လျော့မပေးတတ်ဘဲ အရေးကြုံလာရင် မိမိအသက်အတွက် ဉာဏ်ကိုအခြေပြုလို့ ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာတော့.... Revenge ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း ဘယ်လိုတွေလက်စားပြန်ချေမလဲဆိုတာ......။ File size…(1.8 GB) /(900 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thuya Zarni Aung

Crime • Drama • Mystery
6.4 2017 109 mins
Revenge
Conquest of the Planet of the Apes
6.1

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီကားလေးကတော့ Escape Of The Planet Of Apes ရဲ့နောက်ဆက်တွဲကားလေးပါပဲ အရင်ကားမှာတော့ ကော်နီးလီယပ်စ် ရော ဇီရာ ရော သူတို့ရဲ့ကလေးရော အသတ်ခံလိုက်ရပေမဲ့ ဆက်ကပ်မှာကျန်နေတဲ့မျောက်လေးဟာ စကားပြောတတ်ခဲ့တာနဲ့ အဆုံးသတ်ခဲ့တာပါ ဒီကားကတော့ အဲဒီအဖြစ်အပျက်ပြီး နောက်အနှစ်၂၀အကြာမှာ ဖြစ်ပေါ်လာတာကိုရိုက်ပြထားတဲ့ကားလေးပါပဲ ဇာတ်လမ်းအကျဉ်း ဒီကားထဲမှာတော့ အရှေ့ကားကပြောထားတဲ့အတိုင်း ခွေးတွေနဲ့ကြောင်တွေအားလုံးသေဆုံးသွားတဲ့အတွက် မျောက်တွေဟာ အိမ်မွေးတိရိစ္ဆာန်ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ သူတို့ရဲ့ ဥာဏ်ရည်နဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံက ခွေးတွေ ကြောင်တွေနဲ့မတူတော့ သူတို့ကို အစေခံအဖြစ်ပါခိုင်းခဲ့ကြတာပါ အရင်ကတည်းကလူဆိုတာဟာ အစေခံဆို အချင်းချင်းတောင် နိုင့်ထက်စီးနင်းလုပ်တတ်တဲ့အမျိုးဆိုတော့ ကိုယ်နဲ့မျိုးနွယ်မတူတဲ့ မျောက်တွေကအစေခံဖြစ်တဲ့အချိန်မှာတော့ ပြောစရာတောင်မလိုတော့ပါဘူး အဲဒီအချိန်မှာ ဆက်ကပ်ဆရာကြီး အာမန်ဒိုနဲ့ ဆက်ကပ်ကစကားပြောတဲ့မျောက်လေး ဆီဆာ ဟာ မြို့ပေါ်ရောက်လာတဲ့အချိန် ရဲတွေက မျောက်တစ်ကောင်ကိုရိုက်နှက်နေတာမြင်ပြီး ဆီဆာ မနေနိုင်လို့ လူယုတ်မာလူသားမျိုးမမစ်ကောင်တွေလို့ ထအော်လိုက်ရာကနေ ဇာတ်လမ်းကစခဲ့တာပါပဲ နဂိုကတည်းက စကားပြောတတ်တဲ့မျောက်ဟာ လူသားတွေရဲ့အနာဂတ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာကို ကြောက်နေကြတဲ့လူတွေက စကားပြောတတ်တဲ့မျောက်ကျန်နေသေးတာကိုသိသွားကြတဲ့အချိန်မှာ ဘာတွေဖြစ်လာမလဲ မျောက်တွေကရော ဘယ်လိုတုံ့ပြန်ကြမလဲ အရင်ကားကပြောခဲ့တဲ့အကြောင်းတွေဟာတကယ်ပဲဖြစ်လားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ကားကောင်းလေးပါပဲ File size…(1.47GB)/(882MB)/(444MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre…Action / sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Action • Adventure • Science Fiction
6.1 1972
Conquest of the Planet of the Apes
Herd

Herd (2023) ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ… တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ… ​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ… သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p Format – mp4 Duration – 1H 37Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Romance • Comedy
0 2023
Herd
Hu Ane Tu
8.4

Hu ane Tu (2023) “တစ်လိမ် နှစ်လိမ်” IMDb-8.4/10 အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား…. အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူ တေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီး ချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ် နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူ အဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာ မထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့…. လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှ ပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေ အလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Crime • Drama • Thriller
8.4 2023
Hu Ane Tu
A Royal Christmas Holiday
6

A Royal Christmas Holiday (2023) ========================= IMDb Rating – 6.0/10 CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။ တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.58 GB) / (573 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Ngwe Zin Encoder……….SWM

6 2023
A Royal Christmas Holiday
Broken Trail
7.7

အမေရိကန် ကောင်းဘွိုင်ကားတွေကို သဘောကျတဲ့လူတွေအဖို့ ဒီကားလေးကလည်း အဆင်ပြေစေမှာသေချာပါတယ်။ ဒီဟာကတော့ တစ်ပိုင်းကို ၁ နာရီခွဲစာလောက်ရှိပြီး ၂ ပိုင်းပါဝင်တဲ့ မီနီစီးရီး ဒါမှမဟုတ်လည်း ဇာတ်လမ်းရှည်တစ်ပုဒ်ပေါ့လေ။ အဓိကဇာတ်ဆောင်အနေနဲ့ Spiderman ထဲက သဲလူသားဗီလိန်လုပ်တဲ့ မင်းသားကြီး Thomas Haden Church ရယ် နာမည်ကြီးကားတော်တော်များများမှာ ပါလေ့ရှိတဲ့ မင်းသားကြီး Robert Duvall တို့ပဲ ဖြစ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ Rubert Duvall ကြီး ဒီကားထဲ သရုပ်ဆောင်ပြသွားတာ တကယ်မိုက်လွန်းပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၈၉၈ အမေရိကန် ကောင်းဘွိုင်ခေတ်ကို ဇာတ်တည်ထားပြီး ဦးလေးဖြစ်သူ ကောင်းဘွိုင်ဟောင်းကြီး ပရန်တစ်စ်ရစ်တာဆိုတဲ့ ဘဲကြီးက သူ့ရဲ့တူဖြစ်သူ တွန်ဟတ်ခ်ကို လာရှာပြီး သူ့တူရဲ့အမေ သူ့အစ်မရဲ့ သေတမ်းစာအရ မြင်းတွေအုပ်လိုက်ကြီး ဝယ်ပြီး မိုင်တစ်ထောင်ကျော်တဲ့ခရီးကို ပြန်မောင်းနှင်သွားကြဖို့ လာခေါ်တာပါ။ ဒီလိုနဲ့ လမ်းမှာသွားနေတုန်း တယောသမားဖြစ်တဲ့ ဂစ်ပင်ကိုလည်း အဖော်အဖြစ် ခေါ်ခဲ့ပါသေးတယ်။ အဲဒီအချိန်မှာပဲ တရုတ်ပြည်ကနေ အမေရိကန်ကို ပြည်တန်ဆာအဖြစ် အရောင်းခံလိုက်ရတဲ့ တရုတ်မလေး ၅ ယောက်ကို လမ်းကြုံကယ်တင်မိရာကနေ ဒီအားနည်းတဲ့ တရုတ်မလေး ၅ ယောက်နဲ့ ကောင်းဘွိုင် ၃ ယောက်သား မိုင်တစ်ထောင်ခရီးကြမ်းကြီးကို စွန့်စွန့်စားစား ဘယ်လိုခေါ်ပြီး ခရီးဆုံးကို အရောက်လှမ်းကြမလဲဆိုတာ ဝေဝေဆာဆာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ကောင်းဘွိုင်ကားဆိုတော့ မြင်းတွေ ရှုခင်းလှလှတွေ အင်ဒီယန်းလူမျိုးတွေ သေနတ်ကိုင်လူရမ်းကားတွေ စသဖြင့် ပေါင်းစုံပါဝင်ပြီး Rating ကလည်း 7.7 ရရှိထားတာမို့ မကောင်းမှာတော့ မပူစေရပါဘူးလို့ နိဂုံးချုပ်ရင်း ပြောလိုက်ပါရစေဗျာ။ File size…(4.2 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:04:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

7.7 2006
Broken Trail
Charulata
8.1

Charulata ( 1964 ) ဆတ္တရာဂျစ်ရေးရဲ့ Charulata ဟာ တဂိုးလို့သိကြတဲ့ ဘင်္ဂါလီကဗျာဆရာ ရာဘင်္ဒြာနတ်တဂိုး ၁၉၀၁ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဝတ္တုဖြစ်တဲ့ Nastanirhခေါ် The Broken Nestဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ Charulataကို ရေးရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ကားလို့ဆိုကြသလို the greatest films ever made စာရင်းထဲ မကြာမကြာ ပါတတ်တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ တဂိုးရဲ့ ဝတ္တုမှာတော့ Charulataကို ၁၉ရာစုမှာ ဇာတ်အိမ်တည်ထားပေမဲ့ ရေးကတော့ ၁၈၉၇မှာ ဇာတ်အိမ်ပြောင်းတည်ခဲ့တယ်။ ဒီလိုတည်ဖို့လည်း ရေးအနေနဲ့ သမိုင်းနောက်ခံတွေကို လပေါင်းများစွာ လေ့လာခဲ့ရတယ်။ တကယ်ရိုက်တဲ့အခါမှာလည်း ၁၈၈၀ခုနှစ်ရဲ့ အိန္ဒိယကို ပုံဖော်နိုင်တဲ့ ဆက်တင်တွေဖြစ်အောင် အကုန်လုံး ပြင်ဆင်ရိုက်ကူးခဲ့တယ်။ ရေးအတွက် Charulataဟာ သူ့ရုပ်ရှင်ရိုက်သက်တမ်းတစ်လျှောက်မှာ deadline မသက်မှတ်ထားခဲ့တဲ့ ပထမဆုံးကားဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း သူ့ကားတွေထဲက သူ့အကြိုက်ဆုံးကားလို့ ပြောခဲ့ဖူးတယ်။ ဆတ္တရာဂျစ်ရေးဟာ တဂိုးတည်ထောင်ခဲ့တဲ့ Visva-Bharati University မှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်သလို တဂိုးဟာလည်း ကျွန်တော်တို့သိတဲ့ ဘင်္ဂါလီကဗျာဆရာတွေထဲ အကြီးကျယ်ဆုံးဖြစ်သလို ရေးကိုယ်တိုင်ကလည်း ဘင်္ဂါလီဒါရိုက်တာတွေထဲ အကြီးကျယ်ဆုံးသူဖြစ်နေတော့ တဂိုးရဲ့ဝတ္တုကို ရေးကရိုက်တဲ့ ဒီကားရဲ့အတွဲအဖက်က မဆန်းပြားရင်တောင် ထူးခြားနေတယ်ပြောရမယ်။ ဒီကားအရှေ့မှာလည်း ရေးဟာ နီရူးရဲ့ ထောက်ပံ့မှုနဲ့ Rabindranath Tagoreဆိုတဲ့ တဂိုးဒိုကူမန်ထရီကိုလည်း ရိုက်ခဲ့သေးတယ်။ Charulataဟာ ရေးရဲ့ ရုပ်ရှင်ရိုက်ကူးရေးဘဝမှာ တစ်ဆစ်ချိုးလို့ပြောလို့လည်းရတယ်။ Charulataမတိုင်ခင်မှာ ရေးဟာ မျက်မှောက်ခေတ်အိန္ဒိယလူနေမှုဘဝကို ပုံဖော်ခဲ့တာမျိုးမရှိခဲ့ပေမဲ့ Charulataနှောင်းပိုင်းမှာတော့ ရေးဟာ သိပ္ပံစိတ်ကူးယဉ်တွေ စုံထောက်ဇာတ်လမ်းတွေရိုက်လာတယ်။ ဒီကားတွေထဲမှာ ရေးဟာ သူ့မျက်မှောက်ခေတ်က အိန္ဒိယကိုလည်း ပုံဖော်ခဲ့တယ်။ ရေးရဲ့ရုပ်ရှင်တွေဟာ ရွှေရောင်ခရုတစ်ကောင်လို တရွေ့ရွေ့ချင်းသွားနေတယ်လို့ တစ်ချို့ကပြောကြသလို ဝေဖန်ရေးသမားတစ်ချို့ကလည်း ဒီလိုရိုးရှင်းတဲ့ ဇာတ်အိမ်မှာ ဒီလိုတရွေ့ရွေ့ချင်းသွားတာမျိုးကို ဝေဖန်ခဲ့ကြတယ်။ အကီရာ ကူရိုဆာဝါကတော့ ရေးဘက်ကနေ ကာပြောပေးခဲ့တဲ့စကားကတော့ ရေးရဲ့ရုပ်ရှင်တွေက အထနှေးတာမဟုတ်ဘူး။ ရေးဟာ သူ့ရုပ်ရှင်တွေကို မြစ်ကြီးတစ်စင်းစီးဆင်းနေသလို ရိုက်ထားတာလို့ ကာကွယ်ပေးခဲ့တယ်။ Charulataဟာ ဘင်္ဂါလီတွေရဲ့ ခေတ်သစ်ဖြစ်လာတော့မယ်အချိန်အစမှာ ဇာတ်အိမ်တည်ထားတယ်။ ဒီကာလကို Bengal Renaissanceလို့ခေါ်ပြီး ဒီကာလမှာ ဘင်္ဂါလီတွေရဲ့ နိုင်ငံရေး လူမှုရေး ပညာရေး ယဉ်ကျေးမှု အနုပညာတို့မှာ အပြောင်းအလဲတွေ စဖြစ်လာနေပြီ။ ရေးကတော့ အဓိကကျတဲ့ ဒီအပြောင်းအလဲတွေအကုန်လုံးကို Charulataမှာ သိသိသာသာရော မသိမသာပါ ထည့်သွင်းပြသွားခဲ့တယ်။ ဒါပေမဲ့ သူထည့်သွင်းပြပုံကလည်း ဒီထဲက အဓိကဇာတ်ကောင်၃ကောင်ကို တစ်ကောင်ကို တစ်ခုနှုန်းကို သူတို့ဇာတ်ကောင်တွေရဲ့ ယုံကြည်ချက် ခံယူချက် ခံစားချက်တွေထဲ ထည့်သွင်းပြီး ပြသွားတယ်လို့ပြောရမယ်။ တစ်ခုထက်ပိုသွားတဲ့ ဇာတ်ကောင်တွေလည်းရှိခဲ့တယ်။ ဇာတ်ရဲ့ အဓိကကတော့ ချာရူလတ္တာလို့ခေါ်တဲ့ သူ့ဇာတ်ကောင်တွေအားလုံးရဲ့ ဗဟိုတည့်တည့်မှာ ရပ်နေတဲ့ဇာတ်ကောင်ပါပဲ။ နိုင်ငံရေးသတင်းစာတိုက်ထောင်ပြီး နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးချင်နေတဲ့ ချာရူလတ္တာရဲ့ ယောက်ျားဘူပါတီနဲ့ ကျောင်းပြီးစ အနုပညာကို ရူးသွပ်ပြီး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တဲ့ သူ့ယောက်ျားရဲ့ ညီဝမ်းကွဲ အာမယ်တို့ကြားမှာ ချာရူလတ္တာရဲ့ အထီးကျန်ဆန်တဲ့ဇာတ်ကောင်ဟာ ရပ်တည်နေခဲ့တယ်။ ဒီဇာတ်ကောင်၂ခုလုံးကိုလည်း ချာရူလတ္တာဇာတ်ကောင်ဟာ ဆန့်ကျင်နေခဲ့တယ်။ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ရဲ့ ရှုပ်ထွေးမှုနဲ့ ဇာတ်ရဲ့ရိုးရှင်းမှုကြားမှာ ရေးဟာ သူ့ဝသီအတိုင်းပဲ အရေးပါတဲ့တစ်ချို့အရာတွေကို ချန်လှပ်ခဲ့တဲ့ဟန်ကိုလည်း သုံးထားဆဲပဲ။ ဒီကားမှာ သတင်းစာတိုက်လုပ်ငန်းဟာလည်း အဓိကကျတဲ့ သက်မဲ့အရာတစ်ခုအဖြစ် ရပ်တည်နေတော့ မဂ္ဂဇင်းအယ်ဒီတာ လုပ်ဖူးတဲ့ရေးက ဒီသက်မဲ့အရာကိုသုံးပြီး သူပြချင်တဲ့ Bengal Renaissanceကိုပါ ပေါ်အောင်ပြနိုင်ခဲ့တယ်။ သေချာတာတော့ ချာရူလတ္တာရဲ့ ဇာတ်ကောင်ပုံစံဟာ အဲဒီဘက်ခေတ်က ဘင်္ဂါလီမှာဖြစ်ဖြစ် အိန္ဒိယမှာဖြစ်ဖြစ် တော်ရုံရိုက်ပြကြမယ့် ဇာတ်ကောင်ပုံစံမျိုးမဟုတ်ခဲ့ဘူး။ ဒီဘက်ခေတ်အထိလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ချာရူလတ္တာဟာ စိတ်နဲ့နှလုံးသားအတွက် လိုအပ်တဲ့ကားမျိုးလို့ ပြောကြတယ်။ သေချာတာကတော့ ချာရူလတ္တာဟာ တဂိုးဝတ္တုကို ရေးက အသက်အဝင်ဆုံးဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2.8GB| 1.3GB Format… mp4 Duration….1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aa ron

8.1 1964
Charulata
Mazhai Pidikatha Manithan
4.7

Mazhai Pidikkatha Manithan (2024) “ဇာတ်မြှုပ်သူ” ဒီနေ့မှာတော့ 2024 ခုနှစ်ထွက် အသစ်စက်စက် ဘောလိဝုဒ်အက်ရှင်ခပ်ကြမ်းကြမ်းကားလေး တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကိစ္စတစ်ခုကြောင့် ဇာတ်မြှုပ်နေထိုင်ရဖို့ဖြစ်လာတဲ့ လျို့ဝှက်အထူးအေးဂျင့်တစ်ယောက်ဟာ နယ်မြို့လေးမှာ လာပြီးအခြေချပါတယ်။ အဲ့ဒီမြို့လေးမှာနေတဲ့ အခြေခံလူတန်းစား အတော်များများက ကျပန်း အလုပ်လုပ်ဖို့လာခေါ်တဲ့နေ့စားအလုပ်တွေကို လိုက်လုပ်ကြ လေ့ရှိပါတယ်။ ဆိုတော့ တစ်နေ့မှာ ဒါလီလို့ခေါ်တဲ့ ငွေတိုးချေးစားလုပ်ငန်းက လူမိုက်လုပ်ဖို့ လူလာငှားတဲ့အခါ ကျွန်တော်တို့ဇာတ်လိုက် အထူးစစ်သားဟောင်းကြီးကိုလည်း ခေါ်သွားပါတယ်။ အဲ့ဒီမှာ သူတို့ဘယ်လောက် အနိုင်ကျင့်ပြီးငွေကိုညှစ်ယူနေကြလဲဆိုတာ သူအတိုင်းသား သိခဲ့မြင်ခဲ့ရတာပေါ့။ အဲ့ဒီနောက်မှာပဲ အမျိုးသမီးတစ်ယောက်ဟာလည်း ဒီလို အကြွေးကိစ္စတွေနဲ့ လုံးပါးပါးမှာကိုမြင်ပြီး သူဝင်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်မြို့လုံးက ငွေတိုးချေးစားသမား လက်အောက်လူမိုက်တွေနဲ့ ဇာတ်မြှုပ်နေတဲ့ အထူးစစ်သားတစ်ယောက် ထိပ်တိုက်တွေ့ကြမယ့် ကားလေးပါ။ စိတ်ဝင်စားစရာကောင်းပြီး အက်ရှင်ဇာတ်ကြမ်းတွေကို ကြိုက်တတ်တဲ့ ပရိသတ်တွေကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်ခင်ဗျ။)

4.7 2024
Mazhai Pidikatha Manithan
Transcendence
6.3

Transcendence(2014) 2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ… Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်…. PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး… နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်… နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့.. သူတို့ကတော့ “Revolutionary Independence From Technology” (R.I.F.T.)ပါ.. လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်.. အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….. ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့.. ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google က announce လုပ်လိုက်တဲ့ Google Assistant ရဲ့ version အသစ်ဟာဆိုရင် ဒီကားထဲကရိုက်ပြထားတာတွေနည်းနည်းလောက်ဖြစ်လာနေပါပြီ A.Iအကြောင်းစိတ်ဝင်စားတယ် Sci-Fi ဇာတ်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့သူတွေအဖို့ မိုးအေးအေးလေးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါလို့ညွှန်းဆိုပါရစေ. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့JtheKoala ပဲဖြစ်ပါတယ်… File Size : 1.78GB & 740MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration… 2h 00m Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Thit San Khant , Phyo Pyae

6.3 2014 119 mins
Transcendence
Navy Seals vs. Zombies

Zombie ပရိသတ်တွေအတွက် ၂၀၁၅ မှာ ထွက်ထားတဲ့ Zombie အက်ရှင်ဟော်ရာကားကိုတင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့… CIA က သုတေသနလုပ်နေတဲ့ ဇီဝလက်နက်တစ်မျိုးကြောင့် ဘတန်ရူးဂ် မြို့လေးက လူတွေ ရောဂါကူးစက်ခံရပြီး zombie တွေ ဖြစ်သွားကြပါတယ် အဆိုပါမြို့လေးမှာ ဟောပြောပွဲပြုလုပ်နေတဲ့ ဒုသမ္မတ ပြန်ခေါ်ထုတ်နိုင်ဖို့အတွက် SEAL တပ်ဖွဲ့ဝင်တွေကို ထိုမြို့လေးဆီကို စေလွှတ်လိုက်ပါတယ် နောက်ပိုင်းမှာတော့ လူလုပ် ဗိုင်းရပ်ကြောင့် ဖြစ်တယ်ဆိုတာကို SEAL အဖွဲ့ဝင်တွေ သိသွားတဲ့အချိန်မှာ အဲ့ဒီမြို့က CIA ရဲ့ သိပ္ပံပညာရှင်တွေရှိနေတဲ့ အစိုးရဓာတ်ခွဲခန်းလေးဆီကို သူတို့သွားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကြိုးစားကြပါတယ်။ Zombie ဗိုင်းရပ်ဟာ ဒီမြို့ထဲတင်မဟုတ်ဘဲ တခြားမြို့တွေကိုပါ ကူးစက်နိုင်ကြောင်း သိရှိသွားတဲ့အခါမှာတော့… တမြို့လုံးကိုရှင်းထုတ်ရမလား..သူတို့ကိုယ်တိုင်ရော အသက်ရှင်ရက်ပြန်ထွက်နိုင်ကြမလားဆိုတာ…….။

0 2015 97 mins
Navy Seals vs. Zombies
Aashiqui 2
7.1

Aashiqui 2 (2013) IMDb Rating (7.1) ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားတဲ့အတိုင်း Star is Born နှစ်ကားလုံးကိုအခြေခံထားတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကတော့ တက်သစ်စတွေ ခေါင်းဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မူရင်းဇာတ်ကားကိုမမှီမှာပူပန်မှုတွေရှိခဲ့ပေမယ့် ဇာတ်ကားထွက်လာချိန်မှာတော့ အဲ့ဒီစိုးရိမ်မှုတွေ သံသယတွေကိုချေဖျက်ခဲ့ပြီး ၂၀၁၃ ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့တဲ့အပြင် Aditya Roy Kapur နဲ့ Shraddha Kapoor တို့ကိုလည်း ကောင်းကောင်းအသိအမှတ်ပြုမှုရစေခဲ့တဲ့ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊ နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့် အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။ ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက် မကြာမှီလာမည်ဆိုတဲ့ Aashiqui 3 မလာခင်လေးမှာ အရင်ကားလေးကိုခဏလောက်ပြန်နွှေးထားကြရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

7.1 2013 132 mins
Aashiqui 2
Scooby-Doo! Frankencreepy
6.6

စကူဘီဒူးဖန်တစ်ယောက်ဆိုရင် ကြည့်ထားသင့်တဲ့ဇာတ်ကားလေး တင်ဆက်ပေးပါမယ်။ Velma ရဲ့ မိသားစုသမိုင်းကြောင်းကို သိကြပါသလား။ ကဲ ဒီဇာတ်လမ်းမှာတော့ ဉာဏ်ထက်တဲ့ ဒီကောင်မလေးရဲ့မျိုးရိုးဇာတ်ကြောင်း နောက်ခံထည့်ပေးထားပါတယ်။ Velma တစ်ယောက် နယ်စားဖြစ်ခဲ့တဲ့ အဘိုးလေးဆီက အမွေတွေ ဆက်ခံရပါမယ်ဆိုပြီး မိသားစုရှေ့နေက ဆက်သွယ်လာပါတယ်။ ဒါပေမဲ့ အဘေးလေးက ကျိန်စာတိုက်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဒီတော့လည်း ဒီကိစ္စထဲ ဝင်စွက်ဖက်ကြဦးမယ့် စကူဘီဒူးတို့အဖွဲ့ ထရန်ဆယ်ဗေးနီးယားရွာလေးဆီ ရောက်လာကြတာပေါ့။ ဘယ်လိုပြဿနာတွေကြုံရဦးမလဲ ဆိုတာတော့ ကြည့်လိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့ editing စတိုင်က တစ်မူကွဲပြားနေတာမို့ တစ်မျိုးလေးစိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဟာသတွေလည်း ရောစပ်ထားလို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့စေမှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.5 GB, 743 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.6 2014 74 mins
Scooby-Doo! Frankencreepy
Nailed
6.5

Nailed (2019) ********************* ဂျယ်ဂူနဲ့ ဆွန်းယောင်းဟာ အမြန်လမ်းမငယ်လေး နံဘေးမှာ ကားဝပ်ရှော့တစ်ခု ဖွင့်စားနေတဲ့ လင်မယားတွေဖြစ်တယ်။ ဖောက်သည်များ တဖြည်းဖြည်း လျော့ပါးလာတာနဲ့အမျှ စားဝတ်နေရေးလည်း ခက်ခဲလာတဲ့ သူတို့ဟာ လူမှုရေးပိုင်းမှာပါ ပြဿနာတွေ ကြုံတွေ့လာရတော့တယ်။ ဒီလိုရုန်းကန်နေရတဲ့ ကာလမှာပဲ ကားဘီးပေါက်တဲ့ ဖောက်သည်များစွာ ရရှိလာတဲ့အခါ ဂျယ်ဂူတို့ လင်မယားဟာ ဘာကြောင့်လည်းဆိုတာကို အဖြေရှာပါတော့တယ်။ အမြန်လမ်းမကနေ ဆောက်လုပ်ရေးဆိုက်ကို သွားနေတဲ့ ထရပ်ကားပေါ်ကနေ သံတိုသံစတွေကြောင့် ကားဘီးပေါက်သူ များလာမှန်း သိရှိလာတဲ့အခါ ဂျယ်ဂူနဲ့ သူ့ဇနီးဟာ ဒီထက်ပိုပြီး ဖောက်သည်တွေများလာဖို့ မသမာနည်းနဲ့ အကြံထုတ်ပါတော့တယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေဟာ အနောက်ကနေ လိုက်လာတဲ့အခါမှတော့….. (ဇာတ်လမ်းအညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 965 MB/ 429 MB Quality – WEB-DL 1080p/ 720p Duration – 1h 37m Format – mp4 Genre – Comedy, Crime Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

6.5 2019 96 mins
Nailed