YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kota.Factory.S03E04.1080p.WEBDL.YK(CM).mp4

597.84 MB 1080p video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rich in Love 2
7

Rich in Love 2 (2023) ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံတွေအကြောင်းပေါ့။ အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Music, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action & Adventure • Comedy • Drama
7 2023 89 mins
Rich in Love 2
The Procurator
8

Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့ လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်...... ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။ အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်း အမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊ အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါ ပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်...... လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာ တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်...... ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ...... သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ...... ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေက သူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Moon Encoded by LK

Crime • Drama • Mystery
8 2023 100 mins
The Procurator
Citadel
5.4

တွမ်မီကူလီဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ဇနီးဖြစ်သူ ထူးဆန်းတဲ့ကလေးတစ်သိုက်တိုက်ခိုက်ခံရပြီးချိန်ကစပြီးတော့ နာတာရှည်လူအုပ်ကြောက်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ပျက်စီးနေတဲ့နေရာတစ်ခုဖြစ်တဲ့ အီဒင်တောင်းမှာပိတ်မိနေရင်းနဲ့ ဇနီးဖြစ်သူကိုတိုက်ခိုက်ခဲ့သည့်သူများ သမီးဖြစ်သူနောက်ကိုလိုက်နေတယ်ဟု ခံစားရကာထိတ်လန့်ခြောက်ခြားနေရာမှ မိမိထိတ်လန့်နေသော အရာကိုနားလည်ပေးတဲ့ တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇနီးဖြစ်သူကို စောင့်ရှောက်ပေးခဲ့တဲ့သူနာပြုမလေးကတော့ တွမ်မီတစ်ယောက်အကြောက်လွန်ပြီးထင်ယောင်ထင်မှားဖြစ်တယ်ထင်ကာ ကူညီပေးဖို့ကြိုးစားပါတော့တယ်။ တရားဟောဆရာမှ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပပြလိုက်သောအခါ တွမ်မီကူလီတစ်ယောက် အကြောက်လွန်နေခြင်းလား ဇနီးဖြစ်သူကိုတိုက်ခိုက်သွားတဲ့ကလေးတွေကရော ဘယ်ကလာတာလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.3 GB)/(620 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Animation • TV Movie
5.4 2012 85 mins
Citadel
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Michael

ဒီရက်ပိုင်းမှ လောလောလတ်လတ်ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ rating 5.8/10 အထိရထားတဲ့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား တေလဂူးနာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဓားမြှောင်တစ်ချောင်းဆောင်ပြီး လောကဓံကိုအရွယ်နဲ့မလိုက်အောင် ထမ်းပိုးသယ်နေရတဲ့ 13 နှစ်အရွယ်ကောင်လေး မိုက်ကယ်၊ နားကြပ်လေးတပ်ပြီး ဘာကိုမှဂရုမစိုက်တတ်သလို လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ လူငယ်လေးတစ်ဦးပေါ့။ တစ်နေ့မှာမထင်မှတ်ပဲမိုက်ကယ်ဟာ မြို့ရဲ့ဒုစရိုက်ခေါင်းဆောင်ဖြစ်တဲ့ ဂူရူနာသ်ကိုအသက်ဘေးကနေ ကယ်တင်ပေးလိုက်ရာကနေ မွေးစားခံလိုက်ရပါတယ်။ အရွယ်ရောက်လာလို့ ဂူရူနာသ်ရဲ့ယုံကြည်ရတဲ့သူတစ်ဦးဖြစ်လာပြီး သူ့ရဲ့ ရန်သူဖြစ်သူကိုသတ်ဖို့ မိုက်ကယ်ကိုစေခိုင်းလိုက်တဲ့အချိန်မှာ မိုက်ကယ်ဟာ ရန်သူရဲ့ရန်သူကိုချစ်မိသွားတဲ့အခါ ... မိုက်ကယ်တစ်ယောက် ကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြန်သစ္စာဖောက်မှာလား၊ ကိုယ်ချစ်ရတဲ့သူကိုပဲ သတ်ပစ်မှာလား ဆိုတာကတော့ ဒုစရိုက်တွေကြား ဂိုဏ်းပေါင်းစုံနဲ့အရှုပ်အရှင်းတွေကြား ဇာတ်ရှိန်အစကနေ အဆုံးထိ ဆွဲခေါ်သွားပေးသွားမှာပါ။ File size…2.16GB / 999MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye

Action • Comedy • Drama • Thriller
null 2023 152 mins
Michael
Dreams
7.7

~ IMDb - 7.7/10, Rotten Tomatoes - 66% ~ ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ၁ ) မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ မိုးစက်တွေကြား နေရောင်စီးဆင်းနေတဲ့တစ်နေ့မှာ အမေက ငါ့ကို လျှောက်မသွားဖို့ ပြောတယ်။ အခုနေ ပြန်တွေးကြည့်ရင် ဘယ်လိုနေ့မျိုးတွေဖြစ်မလဲတော့ ငါလည်းမသိပါဘူး။ ဒီဘဝထဲ ဒီလိုနေ့တွေ ငါဘယ်နှခါကြုံခဲ့ရဖူးလဲ ငါမရေရာ။ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်မှာ။ သေချာတာတစ်ခုက ငါ အခုထက်ထိ အမေ့စကားကို နားမထောင်ဖြစ်ခဲ့ဘူး။ အမှားတွေ အမှားတွေနဲ့ငါ အဲဒီသက်တန့်ကြီးဆီ ရောက်လာခဲ့တယ်။ အဲဒီသက်တန့်ကြီးရဲ့အဆုံးမှာ ဘာတွေရှိနေမလဲ။ ဘယ်ဆီကိုရောက်မလဲ ငါမသိနိုင်ခဲ့၊ ဘယ်ဆီကိုရောက်မလဲ ငါမသိသေးဆဲ။ ငါတို့အတူကူးခတ်ခဲ့ကြတဲ့မြစ်ကြီးထဲလည်း အမှားတွေဟာစီးဆင်းဆဲ... (၂) မက်မွန်ခြံ သစ်ခုတ်သမားတွေဟာ သူတို့ရဲ့ကိန်းဂဏန်းတွေသက်သက်နဲ့ မက်မွန်ပင်ကြီးကို လှဲသတ်ပစ်ကြတယ်။ ငါတို့ရဲ့မသိတတ်သေးတဲ့စိတ်မှာ မျက်ရည်တွေနဲ့။ မအောင်မြင်ခဲ့တဲ့အသီးတွေကြောင့်လား၊ အောင်မြင်ခဲ့တဲ့အပွင့်တွေကြောင့်လား။ မရှိတော့တဲ့ မက်မွန်ပွင့်တွေဟာ ငါတို့ရဲ့သညာမှာ လင်းနေဆဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ မက်မွန်ပင်အသစ်ကလေးဟာ နေရာဟောင်းမှာ ပြန်ပွင့်လာခဲ့တယ်။ ပြန်လှပခဲ့တယ်။ သစ်ခုတ်သမားရဲ့ ပုဆိန်တွေကိုတော့ ငါတို့မတွေ့ရတော့ဘူး။ ( ၃ ) နှင်းမုန်တိုင်း နှင်းလွှာတွေ သည်းကြီးမည်းကြီးပေါ့။ တစ်ခါတလေကျ လူဟာပန်းတိုင်ကို သိပေမဲ့ လမ်းကိုမမြင်ရဘူး။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ တာထွက်ဟာနောက်ကျခဲ့တယ်။ အအိပ်လည်း မက်ခဲ့ကြတယ်။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ နာရီလက်တံတွေ ရွေ့နေဆဲပဲ။ နှင်းပွင့်တစ္ဆေ၊ မခံနိုင်အောင်ပေါ့ပါးသော ဘဝနေ့ညများ၊ ကမ်းမမြင်လမ်းမမြင်သူတစ်ယောက်ရဲ့ ပြန်မရောက်တော့တဲ့ ဟိုးတုန်းက ညနေခင်းများ။ ချစ်စိတ်ရဲ့ကျောချင်းကပ်မှာ အခါနှောင်းနှင့်တဲ့ခရီးဟာ ရောက်နှင့်ပြီးသားဆိုတာ ငါတို့မမြင်နိုင်ခဲ့ကြဘူး။ ( ၄ ) လှိုဏ်ခေါင်း ဂျပန်တွေဟာ စိတ်တော့တော်တော်ကြီးတယ် ပြောရမလား ဘယ်လိုစကားလုံးနဲ့ သုံးရမလဲတော့မသိဘူး။ နှောင်းအတော်ကြာအောင်ထိ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ခံစားနေရတုန်းဆိုတာကို ဂျပန်အနုပညာပစ္စည်းတွေမှာ သိသိသာသာကို ထည့်သွင်းဖော်ပြတတ်တယ်။ ဒီဇာတ်လမ်းတွေဟာ ဆိုခဲ့သလို ကူရိုဆာဝါဟာ သူ့အိပ်မက်တွေကို ကျောရိုးပြုပြီး အသက်သွင်းထားတာပါ။ ဒီအိပ်မက်ကတော့ ဒုတိယကမ္ဘာစစ်အစမှာ အသက်၂၉ရှိနေခဲ့ပြီဖြစ်တဲ့ ကူရိုဆာဝါရဲ့ လိပ်ပြာမလုံခြင်းတွေအကြောင်း မြင်မက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရှင်ကျန်ရခြင်းဟာလည်း တစ်ခါတလေ ရှင်လျက်နဲ့ သေခြင်းတစ်မျိုးပဲပေါ့။ ( ၅ ) ကျီးကန်းများ အချစ်တွေကို တို့အတွက်လို့ပဲ သိမ်းဆည်းထားလိုက်ဖို့ကျ သိပ်လေးလံလွန်းခဲ့တယ်။ ရှိသမျှအင်အားနဲ့ရွေ့ရတဲ့ စက်ခေါင်းလို တို့ရွေ့ခဲ့တာပေါ့။ စတာရီနိုက် ဂျုံခင်းထဲက ကျီးကန်းများ ကိုယ်တိုင်ရေးပုံတူ အာလူးစားသူများ တားရေ့ကဖေးည ဆိုက်ပရပ်စ်သစ်ပင် ဗန်ဂိုးရဲ့ကုလားထိုင် ဂေါ်ဂင့်ကုလားထိုင် နေကြာပန်းများ အဝါရောင်အိမ်ကလေးထဲ အဆုံးမဲ့ အချစ်တို့ စီးဆင်းဆဲ... ကူရိုဆာဝါဟာ ဂျပန်ရဲ့အထင်ကရ ဒါရိုက်တာ၊ ရုပ်ရှင်ရဲ့ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ပေမဲ့ ငယ်ငယ်ကတော့ ကူရိုဆာဝါဟာ ပန်းချီဆရာဖြစ်ချင်ခဲ့ဖူးတယ်။ ကူရိုဆာဝါဟာ ဒါရိုက်တာဖြစ်လာပေမဲ့လည်း သူ့အိပ်မက်တွေကို လုံးဝကျောခိုင်းပစ်ခဲ့တာတော့မဟုတ်ဘူး။ သူ့စတိုရီဘုတ်တွေကို ကြည့်ရင် သူ့ရဲ့ပန်းချီစွမ်းရည်ကို မြင်နိုင်သေးသလို သူရိုက်ခဲ့တဲ့ကာလာဖလင်တွေမှာလည်း ပန်းချီကားတော်တော်ဆန်တဲ့ အရောင်အသွေး စီနီမာတိုဂရပ်ဖီတွေကို သုံးထားခဲ့တယ်။ ရုပ်ရှင်အဖြစ်အသက်မသွင်းနိုင်ခင်မှာ သူပြောချင်ပြချင်တာတွေကို ပန်းချီအဖြစ် ဒီအရင်အသက်သွင်းတာတွေလည်းရှိခဲ့တယ်။ နောက်ဆုံး သူဆွဲထားတဲ့ သူ့ရုပ်ရှင်ရဲ့ ပုံကြမ်းတွေက ပိုစတာဖြစ်လာတာတွေလည်း ရှိတတ်တယ်။ ဒီအိပ်မက်ကတော့ ကူရိုဆာဝါရဲ့ ပန်းချီချစ်စိတ်အကြောင်း၊ ဗန်ဂိုးသို့တမ်းတခြင်းနဲ့ ပန်းချီအပေါ် သူ့အမြင်တွေအကြောင်းပေါ့။ မလွယ်တာကိုမှ ရွေးချစ်မိတယ် အသက်ရယ် - သုခမိန်လှိုင် (မိုးတိမ် - ၅) ( ၆ ) ( ၇ ) ( ၈ ) အနီရဲရဲဖူဂျီ၊ နတ်ဆိုးငိုချင်းနဲ့ ရေရဟတ်ရွာကလေး ဒီ၃ပုဒ်က ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်၃ပုဒ်ပါပဲ။ ဒီ၃ပုဒ်ရဲ့ အကြောင်းအရာဟာ ချွတ်စွပ်မဟုတ်ပေမဲ့ သူပြောချင်တာတော့ တူနေတယ်လို့ ပြောရမယ်။ သူမြင်ခဲ့တဲ့ကမ္ဘာကြီး သူမြင်ခဲ့တဲ့လူတွေ သူမြင်ခဲ့တဲ့အမှားတွေကနေ သူယုံကြည်တဲ့ကမ္ဘာကြီးဆီ ဦးတည်သွားတယ်။ Short Films စုဆိုတော့ ဒီ၈ပုဒ်လုံးကို ခွဲကြည့်လို့ရကောင်းရပေမဲ့ Dreams ဟာ ဆိုခဲ့သလို ကူရိုဆာဝါရဲ့ အိပ်မက်တွေကို ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေကလည်း ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေပါပဲ။ ဒါကိုလည်း ကူရိုဆာဝါက သူ့အမှတ်သညာဖြစ်တဲ့ ဦးထုပ်ဝိုင်းဝိုင်းကြီးနဲ့အတူ သိသိသာသာကို တွဲဖက်တင်ပြထားတယ်။ Dreams ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ ကားပေါင်းများစွာထဲမှာမှ သူ့ Personal အဖြစ်ဆုံး ရုပ်ရှင်လို့ တစ်ထစ်ချဆိုလို့ရပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်စကားအရတော့ အိပ်မက်ဆိုတာ လူတွေရဲ့ ချုပ်တည်းထားရတဲ့ ဆန္ဒတွေကို မြင်မက်ခြင်းပဲတဲ့။ လူ့စိတ်နဲ့ အိပ်မက် ဆက်စပ်နေတယ်လို့ ယုံကြည်လို့ ဖရွိုက်ကိုယ်တိုင်တောင် အိပ်မက်တွေကို လေ့လာခဲ့ဖူးတယ်။ ကူရိုဆာဝါရဲ့ အိပ်မက်တွေကို သူ့အတွေးအမြင်တွေနဲ့ တန်ဆာဆန်ပြီး ဖြစ်လာတဲ့ ဒီရုပ်ရှင်ရဲ့ အရှေ့ငါးပုဒ်မှာ ကျွန်တော်တို့ ကူရိုဆာဝါရဲ့အတိတ်က အမှားတွေ၊ ချစ်စိတ်‌တွေ၊ လျှောက်လာခဲ့ခြင်းတွေ၊ ဆန္ဒတွေကို စီးကူးမြင်နေရတယ်။ ဒီနောက်ဆုံးသုံးပုဒ်က ပထမနှစ်ပုဒ်မှာတော့ ကူရိုဆာဝါဟာ ပစ္စုပ္ပန် သူမြင်ခဲ့တဲ့ကမ္ဘာကြီးပေါ်က ငို့ဘတွေ လောဘတွေ ရေလိုက်ငါးလိုက်လွဲမှုတွေ စေတနာအမှားတွေကနေ မျှော်ရင်းမြင်တဲ့ ဂျပန်ရဲ့ခေတ်သစ်နဲ့ပတ်သက်တဲ့ သူ့အကြောက်တရားကို စီးကူးမြင်နေရသလို နောက်ဆုံးအပုဒ်ဖြစ်တဲ့ ရေရဟတ်ရွာကလေးမှာတော့ ကူရိုဆာဝါဟာ သူယုံကြည်မျှော်လင့်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ ၁၉၉၀ကနေ အခုဆို နှစ်၃၀ကျော်ကြာခဲ့ပြီ။ ကမ္ဘာကြီးမှာ ကူရိုဆာဝါရဲ့ အနီရဲရဲဖူဂျီနဲ့ နတ်ဆိုးငိုချင်းထဲကလိုအဖြစ်မျိုး‌တွေ သွယ်ဝိုက်သောနည်းတွေနဲ့ ဖြစ်လာခဲ့ပြီးပါပြီ။ ဘဝတွေဟာ သူရဲ့နောက်ဆုံးအိပ်မက်ဖြစ်တဲ့ ရေရဟတ်ရွာကလေးထဲကလို မငြိမ်းချမ်းနိုင်တော့တာလည်း သေချာနေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်ရဲ့ နောက်ဆုံးအပိတ်မှာ အသက်၁၀၃နှစ်အထိ ဖြတ်သန်းပြီးတဲ့ အဘိုးအိုပြောသွားခဲ့သလိုပေါ့... " ရှင်သန်နေရတာကိုက အရသာရှိပါတယ် " P.S - ဆရာသုခမိန်လှိုင်ဆီရောက်တော့ ဆရာ့ဆီက ဆရာဖြတ်သန်းခဲ့တဲ့ခေတ်တွေ လူတွေ အရာတွေအကြောင်း၊ ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေ ပန်းချီတွေအကြောင်း အများကြီးနားထောင်ခဲ့ရတယ်။ ဆရာ့မှတ်ဉာဏ်က အဖြစ်တွေကို ခုနှစ်အတိအကျနဲ့ လုံးစေ့ပတ်စေ့ပြောပြနိုင်သလို လေးနာရီလောက်ဆက်တိုက် စပ်စုသမျှပြောပြနေရပေမဲ့ ဆရာ့ပါးစပ်ကထွက်သမျှ စကားလုံးတွေက ကဗျာဆန်ပြီး လှပလွန်းတယ်။ Y ပြောတဲ့စကားပြန်ယူသုံးရရင် ဆရာသုခမိန်လှိုင်ဟာ အနုပညာအားကြီးပြီး ဦးနှောက်ကပါ နှလုံးသားဖြစ်သွားတဲ့လူမျိုးပေါ့။ ဒီရုပ်ရှင်ဟာ ဆရာနဲ့အန်တီယံယံတို့ပြောခဲ့တဲ့ သူတို့ချစ်တဲ့ရုပ်ရှင်များစွာထဲက တစ်ကားပါပဲ။ ကျွန်တော်တို့အတူ ပြန်တမ်းတထားတဲ့ ဒီရုပ်ရှင်ဟာ Dedicated to U Hlaing & Aunty Yan Yan... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung နဲ့ Phoo Lin တို့က ပြန်ဆို ရေးသားထားပါတယ်) Size - 2.45GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 59Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung & Phoo Lin Encoded by Y

Horror
7.7 1990 119 mins
Dreams
Kumanthong
5.1

သစ်ပင်တစ်ပင်အောက်မှာ ကောင်လေးရယ် သူ့အမေရယ် ရပ်နေကြတယ်။ မြွေတစ်ကောင်က အဲဒီနားရောက်လာပြီး ကောင်လေးအမေကိုပေါက်ဖို့လုပ်တဲ့အချိန်မှာ ကောင်လေးက အစားအပေါက်ခံလိုက်တယ်။ ကောင်လေးသေသွားပေမဲ့ နတ်ဆရာအဖြစ်ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမဲ့ သူ့အမေကတော့ သူ့သားအတွက် ဖြေမဆည်နိုင်ဖြစ်ပြီး သတ်သေသွားခဲ့တယ်။ သူ့အမေကို ပြန်ရဖို့ ကောင်လေးဟာ နတ်နဲ့အပေးအယူလုပ်ပြီး ... ရှားရှားပါးပါးကြည့်ရခဲတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ။ Genreကလည်း Horror / Thrillerပါ။ ဗီယက်နမ်ရဲ့ ပထမဆုံးကွင်းဆက်လူသတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ဒါရိုက်တာ ဉာဏ်ကွန့်မြူးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ရှေးနတ်အယူအဆတွေ ယာဇ်ပူဇော်တာတွေနဲ့ ကွင်းဆက်လူသတ်တာကို ချိတ်ဆက်ပြီး ပုံဖော်သွားပြီး ဇာတ်အိမ်ကိုလည်း စိတ်ဝင်စားစရာကောင်းအောင် ပြထားပါတယ်။ နတ်ဆရာတွေ ဆေးကုပုံဘာညာကလည်း တွတ်ပီစာအုပ်တွေ ထဲက အတိုင်းပါပဲ။ ဗီယက်နမ်ဟန်ကို မြင်ရမှာပါ။ စုန်းလည်းဆန်သလိုလိုဖြစ်ပေမဲ့ နတ်ကားပါပဲ။ စပွိုင်လာဖြစ်မှာစိုးလို့ ဇာတ်လမ်းတော့ အများကြီးမပြောတော့ပါဘူး။ ဇာတ်လမ်းသက်သက်ချည်းလည်း ကြည့်ကောင်းသလို Thriller အငွေ့ လွှမ်းထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း မိုက်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:43:00 Type__Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Mystery • Thriller
5.1 2019 100 mins
Kumanthong
Mutual Relations
5.4

ဒီဇာတ်ကားဟာ ခေတ်သစ် ကိုရီးယား Romance-Sexy ဇာတ်လမ်းတွေထဲမှာတော့ အကြိုက်ဆုံးနဲ့ အရယ်ရဆုံးလောက် ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ မင်းသမီး သုံးယောက်ရဲ့ အကြောင်းကိုအရင်စပြောရမှာပေ့ါ ပတ်ဆိုးမီကတော့ စမန်ထတဲ့ ကောင်မလေး ဟန်ရီချွန်းကတော့ ရိုးတဲ့အတဲ့ ကောင်မလေး အဓိက မင်းသမီးဖြစ်တဲ့ ဂျီအန်ကတော့ ပန်းချီဝါသနာကိုသာစိတ်ရှိတဲ့ တည်တည်ငြိမ်ငြိမ် ကောင်မလေးပေ့ါ ပတ်ဆိုးမီ ..ဂျီအန် နဲ့ဟန်ရီချွန်းတို့ ပန်းချီသင်ကြားနေတဲ့ မင်းသမီးချောလေးသုံးယောက်ဖြစ်တယ် ပန်းချီသင်တန်းမှာပဲ အပိုဝင်ငွေအတွက် ကိုယ်တုံးလုံးချွတ်မော်ဒယ်လာလုပ်တဲ့ မင်းသား ဂျန်ဘေဟွန်နဲ့ တွေ့ဆုံကြတော့တာပဲ... ထို သုံးယောက်ထဲမှာမှ ဂျန်ဘေဟွန်ဟာ ဂျီအန်ကို တွေ့တွေ့ချင်း ကြွေသွားပါလေတော့တယ် သစ္စာဖောက်သွားတဲ့ရည်စားနဲ့ မင်းသမီး ဂျီအန်တို့ စကားများနေတဲ့အချိန်မှာပဲ ဂျန်ဘေယွန်က ဟီးရိုးကြီးဝင်လုပ်ရာမှ အထိုးခံလိုက်ရတာနဲ့ သနားသွားပြီ ဂျီအန်တို့အဖွဲနဲ့ ဂျန်ဘေယွန်တို့အဖွဲ့ ခင်မင်ရင်းနှီးသွားကြပါတော့တယ်.... ခင်မင်ရင်းနှီးပြီး နောက်ပိုင်း လူငယ်ဘာဝ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါအုံးလို့။ 18+ ဇာတ်ဝင်ခန်းများ ဖောဖောသီသီ တင်ဆက်ထားတာကြောင့် ၁၈ နှစ်မပြည့်သေးသူများမကြည့်ရှုရန်လည်း ကြိုတင်သတိပေးအပ်ပါသည် (သတိပေးပေးမပေးပေး ကြည့်မယ်မှန်းသိနေလည်း အဲ့လိုတော့ ပြောရမှာပဲ) (ဒီဇာတ်ကားကို Pennywise မှ ဘာသာပြန်ဆိုထားပြီး AP Newschool မှ ညွှန်းဆိုထားတာပါ။) File size…(1 GB) Quality…HD-Rip 720p Format…mp4 Duration….01:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Pennywise

Adventure • Horror
5.4 2015 90 mins
Mutual Relations
Alive
6.1

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ... သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲ ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin

Horror • Thriller
6.1 2020 91 mins
Alive
Isle of Dogs
7.9

Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ် အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ် လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw

Drama
7.9 2018 101 mins
Isle of Dogs
Womb
7

Womb(2011) အညွှန်း ***************** ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။ တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။ အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့် တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။ အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy • Drama
7 2011 111 mins
Womb
Manam
8

Manam(2014) ************* ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင် တောင်းတဲ့ဆုက ” အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ ” တဲ့.. လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့ မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာ လိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့ မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့် ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံး သွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့.. ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်က ဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်.. အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့ လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင် မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီး လူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်.. ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေ ကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး… File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Thwin Encoded by Phyo Pyae

Horror • Thriller
8 2014
Manam
Emma

MDb 7 / 10 Channel Myanmar ပရိသတ်ကြီးကို ခုတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Pride and Prejudice စာရေးဆရာမ Jane Austen ရဲ့ Emma ဆိုတဲ့ဝတ္တုကို ဇာတ်ကားအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ တချို့သော ရုပ်ရှင်ပရိတ်သတ်တွေကတော့ ၂၀၂၀ တုန်းကထွက်ခဲ့တဲ့ Anya Taylor-Joy နဲ့ရိုက်ထားတဲ့ ဗားရှင်းကို ကြည့်ပြီးကြတဲ့သူတွေလည်း ရှိမှာပါ။ ခုဇာတ်ကားကတော့ ၁၉၉၆ တုန်းက ထွက်ရှိခဲ့တဲ့ဗားရှင်းဖြစ်ပါတယ်။ ဒီဗားရှင်းကတော့ မူရင်းဝတ္ထုရဲ့ ဇာတ်ဝင်ခန်းအကုန်နီးပါး ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Emma ဆိုတဲ့ သူဌေးသမီးလေးဟာ သူရဲ့ ဆရာမနဲ့ သူ့အိမ်နီးချင်းကို သူအောင်သွယ်ပေးလိုက်တာ ညားသွားတာကို အကြောင်းပြုပြီး တခြားတစ်ကိုယ်တည်းသမားတွေအတွက် အောင်သွယ်တော်လုပ်ချင်စိတ်တွေ တစ်ပွားပွားဖြစ်လာပါတယ်။ အဲဒါနဲ့ Emma ဟာ Harriet Smith ဆိုတဲ့ သူ့သူငယ်ချင်းရဲ့ အချစ်ရေးကို ဝင်စွက်ဖက်ပါလေသတဲ့။ အဲလိုစွက်ဖက်တော့ Emma နဲ့ မွေးကတည်းကသိကျွမ်းလာသူ Mr. Knightley နဲ့ ရန်ဖြစ်လိုက် ပြန်တည့်သွားလိုက် ဆက်ဆံရေးဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ငွေတွေ၊ဂုဏ်တွေကြောင်းမဟုတ်ဘဲ အချစ်အတွက်ပဲ လက်ထပ်မယ်ဆိုတဲ့ Emma တစ်ယောက် တစ်ခါမှမတွေ့ဖူးသေးတဲ့ Frank Churchill ဆိုသူအကြောင်း စိတ်ဝင်စားမိတဲ့အခါ… Emma ရဲ့ သူ့သူငယ်ချင်းအချစ်ရေးအပေါ် ဝင်စွက်ဖက်မှုက သူနဲ့ အဲသူငယ်ချင်းတို့နှစ်ယောက်လုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာမလဲ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1.2 GB)/(670MB Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 1996
Emma
27 Days Underground
5.8

မိသားစုအခက်ခဲတွေကိုယ်စီနဲ့ စားဝတ်နေရေးကာမိအောင် မိုင်းတွင်းမှာအလုပ်လုပ်နေကြတဲ့ သူတို့… တစ်နေ့မှာ မတော်တဆ မိုင်းတွင်းမှာမြေပြိုမှုဖြစ်ပြီး မီတာ၄၀၀နီးပါးရှိတဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ သူတို့ညီနောင်ငါးယောက်လုံး ပိတ်မိနေပါတော့တယ်၊ ကယ်ဆယ်ရေးသမားတွေ စဉ်ဆက်မပြတ် ကယ်တင်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ပိတ်မိနေတဲ့နေရာက သာမာန်လှိုဏ်ဂူလေးတောင် မဟုတ်ဘဲ တည်နေရာကိုတောင် ခန့်မှန်းမရတဲ့ မှောင်မိုက်၊လေထုချို့တဲ့ပြီး သီးခြားကမ္ဘာကြီးတစ်ခုလိုဖြစ်နေတဲ့ မြေအောက်ကဥမင်တွင်းတစ်ခု ဖြစ်လို့နေပါတယ် -“ထမင်းအသက်၇ရက် ရေ့အသက်တစ်မနက်”ဆိုတဲ့ဆိုရိုးစကားတွင်ခဲ့သလို သူတို့ရော အရာအားလုံး ပြတ်လတ်နေတဲ့တွင်းနက်ကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား -ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ခက်ခဲလှတဲ့နေ့ရက်တွေကို ကုန်ဆုံးရင်း ဘဝကိုရေစုန်မျှောလိုက်လေမလား~မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရုန်းကန်သွားမလား -ဘယ်အရာတွေကရော သူတို့ငါးယောက်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်စေခဲ့တာလဲ _မိသားစုလား၊သံယောဇဉ်လား၊ကိုယ်ချစ်တဲ့လူတွေအတွက်ပဲလား… “မိုင်းတွင်းထဲက ငိုရှိုက်သံ”ဆိုတဲ့ရုပ်ရှင်မှာ လူ့ဘဝရဲ့လောကဓံတွေ၊အခက်ခဲတွေအပြင် စည်းလုံးညီညွှတ်မှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာရပ်တွေ ၊ အလုပ်သမားတွေရဲ့ဘဝကိုပါ ရှုထောင့်တစ်ခုကနေ သဘာဝဆန်ဆန် ရိုက်ကူးပေးထားတာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။

Animation • Comedy • Family • Romance
5.8 2022
27 Days Underground