YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kiss Kiss Bang Bang (2005) BluRay 1080p [CM].mp4

2.13 GB 1080p video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Addams Family
7

~ IMDb - 6.9/10, Rotten Tomatoes - 67% ~ Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- သာမန်အချိန်တွေမှာ သူတို့နည်းသူတို့ဟန်နဲ့ စိတ်ချမ်းသာမှုအပြည့် ရှိနေတတ်ကြတဲ့ အက်ဒမ်စ်တို့အတွက် တစ်နှစ်တာမှာ တစ်ခုသောအချိန်ကတော့ စိတ်မချမ်းမြေ့စရာ ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ အိမ်ကထွက်သွားပြီးတဲ့နောက် အသက်ဆုံးသွားပြီလို့ အားလုံးယူဆထားကြတဲ့ မိသားစုဦးစီးဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာအက်ဒမ်စ်ကို ဝိညာဉ်ပြန်ခေါ်ဖို့ ကြိုးစားကြတဲ့ညပဲ။ ဒါပေမဲ့ ဖက်စတာပျောက်သွားပြီးတဲ့နောက် ၂၄ နှစ်တိုင်အောင် ကြိုးစားလာခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့တဲ့ ဒီဝိညာဉ်ခေါ်ပွဲတွေဟာ ၂၅ နှစ်မြောက်တဲ့ညမှာတော့ တစ္ဆေအနေနဲ့မဟုတ်ဘဲ အကောင်အထည်လိုက် ပြန်ပေါက်ချလာတဲ့ ဖက်စတာကြောင့်မို့ အံ့သြဝမ်းသာစရာ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာတွေ ဆက်တိုက်ဖြစ်လာတဲ့နောက်မှာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးနောက် ပြန်ပေါ်လာတဲ့ သူ့အစ်ကိုဆိုသူဟာ တကယ်ပဲ ဖက်စတာဟုတ်ရဲ့လားလို့ ဂိုမက်ဇ်တစ်ယောက် သံသယဝင်လာချိန်မှာ ဖက်စတာအဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ကြံနေတဲ့ ဂေါ်ဒွန်ဟာလည်း သူ့ရဲ့တကယ့်မိသားစုက ဘယ်သူဆိုတာ တဖြည်းဖြည်းနဲ့ ဝေခွဲမရဖြစ်လာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 560MB Quality - Extended 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 39Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Constanza Encoded by Y

Thriller
7 1991 102 mins
The Addams Family
No Limit
6.2

(ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ) ဒီဇာတ်ကားကတော့ Audrey Mestre ရဲ့တစ်ကယ့်အဖြစ်အပျက်ပေါ်မူတည်ပြီး Netflix ကရိုက်ကူးထားတဲ့ပြင်သစ်ဇာတ်ကားတစ်ကားပါ။ The Deep House မှာပါဝင်သရုပ်ဆောင်ထားတဲ့ Camille Rowe က Roxana Aubry အနေနဲ့သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ပြွတ်သိပ်ထည့် အိုဗာတင်းမလုပ်ထားပဲ ကွဲထွက်ပြီးလှပနေတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Tissue မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 920MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Tissue Encoded by Y

Comedy • Horror
6.2 2022 119 mins
No Limit
Capone
5

Scarface ရုပ်ရှင်တို့ ကမ္ဘာကျော် လူဆိုးကြီး အယ်ဖွန့်စ် က ပုန်း တို့ကို သိကြတဲ့သူတွေ ရှိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကလည်း ကပုန်းရဲ့ ဘဝကို သရုပ်ဖော်ထားတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ ကြမ်းခဲ့ရမ်းခဲ့တဲ့ ကာလတွေ မဟုတ်တော့ပါဘူး။ အယ်ဖွန့်စ် တစ်ယောက် အခွန်ရှောင်လွှဲမှုနဲ့ ထောင် ၁၀ နှစ် ကျခဲ့ပြီး ပြန်ထွက်လာတဲ့ သူ့ဘဝ နောက်ဆုံးအချိန်တွေ အကြောင်းကို ရိုက်ကူးထားတာပါ။ မင်းသားကတော့ စွယ်စုံရတယ်လို့ ပြောလို့ရတဲ့ နာမည်ကျော်တွေ စာရင်းထဲက တစ်ယောက်ပါပဲ။ တွမ် ဟာဒီ ဖြစ်ပါတယ်။ Bane, Venom, Mad Max တို့ အပါအဝင်ကမ္ဘာကျော်ကားတွေမှ အများကြီးပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း ကာလသားရောဂါကြောင့် ဦးဏှောက်ထိခိုက်တဲ့အပြင် လေပါဖြတ်သွားတဲ့ ဂန်းစတားကြီးတစ်ယောက်ရဲ့ပုံကို ပီပီပြင်ပြင် ပုံဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက အချက်ကတော့ အယ်လ် ကပုန်း ထောင်မကျခင်မှာ ဝှက်ထားခဲ့တဲ့ဆိုတဲ့ ဒေါ်လာ ၁၀ သန်း ပြဿနာကို အခြေခံထားပါတယ်။ ကပုန်းကို တကယ်ရူးနေတယ်လို့ မယုံသေးဘဲ စောင့်ကြည့်နေတဲ့ အက်ဖ်ဘီအိုင်တွေ၊ သူ့ဘေးက မိတ်ဆွေစစ်တွေ၊ မိတ်ဆွေတုတွေ နဲ့ မိသားစုတွေရဲ့ ဘဝကို ခံစားရမှာဖြစ်ပါတယ်။ အတိတ်အကြောင်းတွေ ဆက်စပ်ပြီး ပါနေတာမို့ Scarface ရုပ်ရှင်လေးကို ကြည့်ထားပြီးမှ ဒါကိုကြည့်ရင် ပိုပြီး နားလည်ခံစားလို့ရမှာပါ။ File Size : ( 969 MB , 355 MB) Quality : WEBRip 720p Running Time : 1 hr 43 min Format : Mp4 Genre :Biography , Crime , Drama  Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Action
5 2020 103 mins
Capone
Luther: The Fallen Sun
6.6

Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10 ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကို လိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာ ရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက် ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက် လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံ ကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(790 MB) / (450 MB) Quality…………WEB-RIP 720p / 480P Duration………2Hrs 09Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….CM Team Encoder……….SWM

6.6 2023 129 mins
Luther: The Fallen Sun
We’re the Millers
7

2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ် File size… 1.9 GB / 884 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Chanyein Soe

7 2013
We’re the Millers
Hasee Toh Phasee
6.8

Hasee Toh Phasee (2014) *********************** ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့ Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။ နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။ လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။ နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။ ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား…. တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား… ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ….။ “ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား” တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.8 2014
Hasee Toh Phasee
The Uninvited
5.8

ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ် အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့ နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရော အဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ် သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့…။ မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော် ( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain

Crime • Drama
5.8 2003 125 mins
The Uninvited
All the Names of God

အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2023 105 mins
All the Names of God
Falling in Love in Niagara
6.7

အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အစ်မဖြစ်သူရဲ့စည်းရုံးမှုကြောင့် ဟန်းနီးမွန်းမဟုတ်ဘဲ စစ်စတားမွန်းကိုထွက်ခဲ့ရတဲ့ မက်ဒလင်းတစ်‌ယောက် နိုင်အာဂရာကိုရောက်သွားတဲ့အချိန်မှာတော့ သူမဘ၀ရဲ့ ဖူးစာရှင်အစစ်ကိုမထင်မှတ်ဘဲရှာတွေ့သွားပြီး သူမ တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးတဲ့ စွန့်စားမှုတွေကို အရဲစွန့်လုပ်ကြည့်ပြီး အတွေ့အကြုံသစ်တွေကိုခံစားရင်း ဘ၀ကြီးကိုစိတ်သစ်လူသစ်နဲ့ပြန်လည်စတင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးကြည့်ဖို့တကယ်သင့်တဲ့ရုပ်ရှင်လေးပါ။ အိမ်ထဲကနေ ထိုင်နေရင်း မက်ဒလင်းတို့ညီအစ်မနဲ့အတူ ခရီးအတူသွားပြီး နိုင်အာဂရာရဲ့အလှတွေကိုလည်း ခံစားရမှာပါ။ ပြီးတော့ ဘ၀မှာ ကိုယ်အမြဲကြောက်ရွံ့ခဲ့ရတဲ့ အကြောက်တရားတွေကို ရင်ဆိုင်ကျော်လွှားပြီး မလုပ်ဖူးသေးတဲ့အတွေ့အကြုံအသစ်တွေကို စမ်းလုပ်ကြည့်ဖို့သင့်တဲ့အကြောင်းကိုလည်း ဒီရုပ်ရှင်လေးက မီးမောင်းထိုးရိုက်ကူးပြထားတာကြောင့် စိတ်အပန်းဖြေချင်နေတဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် နိုင်အာဂရာက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်‌ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Adventure • Family
6.7 2024 84 mins
Falling in Love in Niagara
The Weight of Water
5.8

The weight of water ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်မှာထွက်ရှိထားတဲ့ Thriller/Mystery အမျိုးအစားလေးဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီး သည်းထိတ်ရင်ဖိုနှစ်သက်တဲ့ ပရိသတ်ကြီးတို့အကြိုက်ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဓာတ်ပုံဆရာမ တစ်ယောက်ဖြစ်တဲ့ ဂျင်းဟာ သူ့ရဲ့ခင်ပွန်း သောမတ်စ်နဲ့အတူ ပိတ်ရက်မှာ ခရီးအတူတူသွားကြပါတယ်။ သောမတ်စ်ရဲ့ညီနဲ့ သူ့ကောင်မလေးတို့လည်း လိုက်ပါလာကြပြီး ၁၈၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို စုံစမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ လူတွေမှာရှိတဲ့ အမှောင်ဘက်အခြမ်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ။ အလိုရမ္မက် ဒေါသတွေဟာ လူတစ်ယောက်ကို ဘယ်လိုပြောင်းလဲနိုင်ကြောင်း၊ တဏှာမီးဟာ ဘယ်လိုပူလောင်နိုင်ကြောင်းကို ပြသပေးသွားတာဖြစ်လို့ Channelmyanmar ပရိသတ်ကြီးတို့ ရှုစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.8 2000
The Weight of Water
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
Crime reel
6.1

Crime Reel 2024 တရားခံ မှုခင်းဇာတ်ကားကောင်းရှာနေတဲ့ကြည့်ရှုသူတွေအတွက် အကြိုက်တွေ့စေမဲ့ လူသတ်သမားရှာပုံတော်‌ဇာတ်ကားကြီးကို တင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတင် ရွာပြင်မှာမိန်းကလေးတစ်ယောက် အသတ်ခံထားရပါတယ် ဘယ်လောက်ထိရက်ရက်စက်စက်လဲဆိုရင် ဘယ်သူဘယ်ဝါမပေါ်အောင် မျက်နှာကို ကျောက်တုံးနဲ့ထု ရုပ်တွေထိပါဖျက်ထားပြီး တစ်ကိုယ်လုံးသွေးသံရဲရဲနဲ့ ကြည့်ရက်စရာမရှိတဲ့ သူမရဲ့အဖြစ် မိသားစုကလာအတည်ပြုတာတောင် ခြေထောက်ကခြေချင်းလေးကြောင့်သာ ပျောက်ဆုံးနေတဲ့သူတို့သမီးဖြစ်ကြောင်းလက်ခံလိုက်ရတဲ့အထိပါပဲ သူတို့ရွာကိုတာဝန်ကျတဲ့ SI ရဲအရာရှိက မိန်းမပါ မိန်းမဆိုပြီးအထင်သေးလို့တော့မရပါဘူး အကြောင်းကတော့ ဒီအမျိုးသမီးကလိုအပ်လာရင် ဖြတ်ဖောက်ချုပ်ဆရာဝန်လိုတစ်မျိုး ရှေ့နေကတစ်ဖုံနဲ့ စရိုက်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ လက်ရဲဇက်ရဲအမျိုးသမီးပါ လက်အောက်ကရဲတွေတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူမက ဒီအမှုကိုတာဝန်ယူဖို့ဖြစ်လာခဲ့တယ် လိုက်လံစုံစမ်းချက်တွေအရ တရားခံကလူတစ်ဦးတည်ကိုပဲဦးတည်နေပေမဲ့ ဇာတ်လမ်းက အဆုံးသတ်ကိုတန်းတွေ့ဖို့ထိကတော့ အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း မလွယ်ကူလှတာကြောင့် လူသတ်သမားဘယ်သူဆိုတာကို အဖြေရှာကြည့်လိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

6.1 2024
Crime reel
The Great Battle
7

The Great Battle (2018) ************************ မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့ The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။ အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလို တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့.. တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရော ဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။ ၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File size…4.82GB / 1.49GB Quality…WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration….2h 17m Genre ….. Action, Historical, Drama, War Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri

Drama
7 2018
The Great Battle
Canadian, Sniper
3.4

Canadian, Sniper (2023) ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။ အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။ စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက် ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။ စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။ နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။ တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(770 MB) / (500 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, War Duration….01:14:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama • Comedy
3.4 2023 73 mins
Canadian, Sniper
Fast Five Fast and Furious 5
7.3

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Fast Five (2011) IMDb Rating (7.3) / Rotten Tomatoes (78%) ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O’Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ကားက သူနဲ့အတူ သွားတဲ့ သူ့သူငယ်ချင်း ကမောင်းတာဖြစ်ပြီး ဖြစ်တဲ့နေရာက Valencia ရပ်ကွက်ရဲ့ Street Race လုပ်တာများတဲ့ လမ်းပေါ်မှာဖြစ်ပါတယ်။ Fast Five အကြောင်းကိုပြောရရင် ဒီကားက Fast & Furious လို့ခေါ်တဲ့ စတုတ္ထမြောက်ကားရဲ့ အဆက် ဖြစ်ပြီး O’Conner နဲ့ Dominic တို့ ဘရာဇီးနိုင်ငံ Rio De Jeneiro မှာ အဲ့ဒီမြို့က လူဆိုး ခေါင်းဆောင် Hernan Reyes နဲ့ပြသ၁နာဖြစ်ကြ သလို၊ လူဆိုးအဖွဲ့နဲ့ အလုပ်တူတူ လုပ်နေတုန်း လူဆိုးတွေက DEA အေးဂျင့်တွေကို သတ်လိုက်တာကိုလည်း သူတို့နှစ်ယောက်အပေါ်ပုံချခံရပါတယ်။ ဒါနဲ့ပဲ DEA က The Rock နဲ့အဖွဲကို လွှတ်ပြီး ဖမ်းခိုင်းပါခဲ့တယ်။ အဲ့ဒီမှာ Dominic နဲ့ Brian က Reyes က ဘိန်းအရောင်းအဝယ်နဲ့ ချမ်းသာနေတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ရှိတယ်ဆိုတာ သိသွားတဲ့နောက် Reyes ကို ဓါးပြတိုက်ဖို့ ကြံစည်ကြပါတယ်။ ဒီလို အစီအစဉ်ဆွဲ ရာမှာ သူတို့ ရဲ့ မိတ်ဆွေတွေကို သူတို့နဲ့အတူ ပါဝင်စေခဲ့ပါတယ်။ Brian က 2 Fast 2Furious ထဲက Roman Pearce (Tyrese Gibson, Paul Walker ရဲ့ အမှတ်တရ ပွဲကို မျက်ရည်စက်လက်နဲ့ တက်ရောက်ခဲ့ပါတယ်) နဲ့ Tej တို့ကို ခေါ်ခဲ့ပြီး Dominic က Fast & Furious ကားထဲက Han (Sung Kang), Gisele, Tego နဲ့ Don Omar တို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီကားမှာ ရှေ့ ထွက်ပြီးသမျှ Fast & Furious ကားတွေထဲက သရုပ်ဆောင်တွေ အကုန် လုံးနီးပါပြန်ပါ ခဲ့ပါတယ်။ (Tokyo Drift က Fast & Furious 7 မတိုင်ခင်ထိ ဇာတ်လမ်းတွေရဲ့နောက်ဆုံးကားဖြစ်ပြီး အစဉ်လိုက် စီရရင် The Fast and the Furious, 2 Fast 2 Furious, Fast & Furious, Fast Five, Fast & Furious 6, Tokyo Drift and Fast & Furious 7 ဖြစ်ပါတယ်။) ဇာတ်လမ်းတစ်ဝက်လောက်က အစီအစဉ်ချတာနဲ့တင် အချိန်ကုန်နေပြီး ဇာတ်လမ်း တစ်ဝက်လောက်မှာစပြီး ဇာတ်ရှိန်တက်လာတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည် မှု အပြည့်အဝနဲ့ သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်သလို ထူးထူးခြားခြား ဓါးပြတိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြိုင်ကားနဲ့ ဇာတ်လမ်းကောင်း မျိုး မရှိနိုင်ဘူးလို့ ပြောနေတဲ့ သူတွေကို ပါးစပ်ပိတ် သွားစေတဲ့ကားဖြစ်ပါတယ်။ ပြိုင်ကား ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မိသားစု တူတူကြည့်သင့်တဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ No Nudity ပေမယ့် Street Race ဇာတ်လမ်းဖြစ်လို့ Half Naked, Bikini ဝတ် မော်ဒယ်တွေ အများပြား ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ #Sololay (အညွှန်းကိုရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။) File Size : (10 GB) /(2.4 GB) / (1.3 GB) Quality : BluRay Extended4K HEVC/ 1080p HEVC/ 720p Running Time : 2hr 10 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Zan Aung Encoded by Phyo Pyae/Ka Naung

Drama
7.3 2011 131 mins
Fast Five Fast and Furious 5