YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kinn Porche(2022)ep.6.mp4

702.06 MB N/A video/mp4 1787 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Merry Christmas Wish
6.8

IMDb Rating -  6.2/10 ၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။ နယူးယောခ့်မြို့ Brand​တွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။ နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်) File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn Khant Kyi Win Encoder...........SWM

Drama • Romance
6.8 2022 85 mins
A Merry Christmas Wish
8 Mile
7.1

ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊ Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊ မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက် စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် သူ့မှာရှိနေတဲ့ ပြဿနာတွေက သူ့ကို သံသယပွားစေခဲ့ပါတယ်။ သူက လူလွတ်တစ်ယောက်ဖြစ်နေခဲ့ပြီး သူ့မှာအသိဆိုလို့ သူငယ်ချင်း နည်းနည်းနဲ့အရက်စွဲနေတဲ့ အမေရယ်ပဲ ရှိတာပါ။စုတ်ချာလှတဲ့ သူ့ဘဝကနေ လွတ်လမ်းဆိုလို့ သူ့ရဲ့ ပင်ကိုယ်ပါရမီဖြစ်တဲ့ rap ရွတ်တာပဲရှိပါတယ်။တ်ထရိုက်မြို့ခံတွေကတော့ 8 Mile ဆိုတာ မြို့ရဲ့ နယ်နိမိတ်၊ နယ်ခြားမျဉ်း၊ စည်းလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် Jimmy Smith Jr.(Eminem) အတွက်ကတော့ သူ့ရဲ့ ဖြစ်ချင်မှုဆန္ဒတွေဆီကနေ စည်းခြားထားတဲ့ လိုင်းတစ်လိုင်းလည်းဖြစ်နေပါတယ်။ သူ့ရဲ့အခွင့်အလမ်းကို အမိအရယူမလား၊လက်လွတ်အဆုံးရှုံးခံမလားဆိုတာကတော့.... (ဇတ်လမ်းအညွှန်းကိုတော့ ကို Wai Yan M မှ တင်ဆက်ပေးထားတာပါ)ရုပ်ရှင်ကားကို အတက်နိုင်ဆုံး အမှားကင်းအောင် ဘာသာပြန်ပေးထားသူကတော့ Hein Thet Naing ဖြစ်ပြီး အမှားများ ပါရှိပါက ခွင့်လွှတ်နားလည်ပေးကြပါလို့ :D File size…2.21GB/ 949MB Quality…1080p BluRay AAC5.1Ch/ 720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Hein Thet Naing

Action • Crime
7.1 2002 111 mins
8 Mile
Seriously Red
5.6

"if you don't like the road you're walking, start paving other" by Dolly Parton" သင်အခု လျှောက်လှမ်းနေရတဲ့ လမ်းကို မကြိုက်ဘူးဆိုရင် အခြားလမ်းဖောက်လိုက်ပါတဲ့" နာမည်ကြီး မင်းသမီး ဒေါ်လီပါတွန်ရဲ့ ပြောခဲ့တဲ့စကားပါ။ ရေးလင်း ရက်ဒ် ဟာ အိမ်ခြံမြေတန်ဖိုးဖြတ်သူအဖြစ် လုပ်ကိုင်တဲ့သူပါ။ ကုမ္ပဏီရဲ့ ပါတီတစ်ခုမှာ ဒေါ်လီပါ တွန်လိုဝတ်ဆင်ပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ အဲနေ့ညမှာပဲ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖြစ်ပြီး နာမည်ကြီးတွေလို ဝတ်စားပြီး ဖျော်ဖြေကြတဲ့လုပ်ငန်းကို စိတ်ဝင်စားသွားပါ တယ်။ နောက်နေ့မှာပဲ သူ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ ထို့နောက် ဒေါ်လီပါတွန်လို ဝတ်စားပြီး အတုအနေနဲ့ဖျော် ဖြေဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ငယ်စဉ်ကတည်းက ဒေါ်လီ့ပရိသတ်ဖြစ်တာမို့ ဒေါ်လီ့စကား အတိုင်းပဲ အခြားလမ်းကို ဖောက်ပါတော့တယ်။ ဒီလိုနဲ့ ဒေါ်လီ လို ဝတ်စား၊ နေထိုင်စားသောက်၊ ပြောဆိုနေရင်း ကိုယ့်ကိုယ် ကိုယ် ရှာဖွေဖို့ ကြိုးစားနေတဲ့ ရက်ဒ် တစ်ယောက် အဆင်ပြေ ပါ့မလား။ ဘာတွေကြုံတွေ့ရမယ်ဆိုတာကိုတော့ ဟာသလေး တွေရယ် ဒေါ်လီပါတွန့်ရဲ့ နာမည်ကြီး သီချင်းတွေရယ်နဲ့ တဝကြီး ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(2.52 GB) / (860 MB) / (518 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......Leonard Lin Encoder..........SWM

5.6 2022 98 mins
Seriously Red
Ajagajantharam
7

ကြမ်းကြမ်းရမ်းရမ်း အိန္ဒိယရုပ်ရှင်တွေ ကြည့်ချင်တယ်။ ဒါပေမယ့် အိုဗာတင်းမဖျော်ပဲ လက်တွေ့ဆန်တဲ့ရိုက်ချက်တွေလည်း လိုချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့ လွမ်းခန်း၊ ဆွေးခန်း၊ ချစ်ခန်း၊ ကြိုက်ခန်းတွေမပါပဲ ရင်တထိထိတ်နဲ့ကြည့်ရမယ့် အက်ရှင်ကားကောင်းကို Channel Myanmar ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ည ။ ညဟာ ပုံမှန်ထက် မှောင်မိုက်လာခဲ့။ သာမန်ညတွေမှာ အိပ်စက်အနားယူကြ၊ အလုပ်သွားကြနဲ့ လည်ပတ်နေခဲ့တဲ့ တစ်နှစ်တာ ရာသီစက်ဝန်းမှာ ဒီညဟာတော့ ပိုပျော်စရာကောင်းခဲ့။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ Aranjali ရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ပေါ့ဗျာ။ လူတွေဟာ ဝတ်ကောင်း၊ စားလှတွေဝတ် မီးရောင်စုံတွေ၊ စျေးဆိုင်တန်းလေးတွေ၊ ဂီတသံတွေညံစီနေတဲ့ ပွဲစျေးထဲ လည်ပတ်ရင်း ပျော်ရွှင်နေခဲ့ကြတာပေါ့။ ဒါပေမယ့် ဒီနှစ် Aranjali ဘုရားပွဲရဲ့အခြေအနေကတော့ ရီမောသံတွေအစား ဆဲဆိုသံတွေ ညံပြီး သွေးသံတရဲရဲပေါ့။ ဆင်တစ်ကောင်ရယ်၊ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်သားလူမိုက်တွေရယ်၊ လက်ရဲဇက်ရဲလို့ဆိုရမယ့် လူငယ်တချို့ရယ်၊ ပြီးတော့ ပြဇာတ်အကတစ်ဖွဲ့ရယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ ရဲကားသံတွေလည်း တဝီဝီ၊ ပြေးတဲ့လူကပြေးနဲ့ ဖရိုဖရဲအခြေအနေကို စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမှာပါ။ ဒီကဘုရားပွဲတို့၊ ပျော်ပွဲရွှင်ပွဲတို့မှာဖြစ်လေ့ရှိတဲ့ ရန်ပွဲတွေလိုမျိုးပါပဲ။ ဒါပေမယ့် ထူးခြားတာက ဆင်တစ်ကောင်ကို ထည့်ရိုက်ထားတဲ့နေရာမှာ အိန္ဒိယတို့ရဲ့ အစဥ်အလာအတိုင်း ပါးစပ်အဟောင်းသား ရင်မောရမယ့်ရိုက်ချက်တွေပေါ့။ ဘုရားပွဲညတစ်ညရဲ့ ရန်ပွဲနောက်က မြုပ်ထားတဲ့ဇာတ်ကွက်တွေ၊ အက်ရှင်ကြမ်းကြမ်းတွေကို IMDb ရဲ့ rating 7.9 နဲ့အတူတူ ကြည့်ရှူရင်း အခုပဲတဝကြီးခံစားလိုက်ပါဗျာ။ File size… 2.4GB Quality…1080p True WEB DL Format…mp4 Duration….2h 2min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Shwe Pwint & Yunni & Haruko & HM

Horror
7 2021 122 mins
Ajagajantharam
The Harder They Fall
6.7

ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။ အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။ ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။ ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina King တို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးသတ်ခဲ့တဲ့ လူတွေထဲက လင်မယားနှစ်ယောက်ရဲ့ သားလေး နသန်နီရယ် လက်ဗ် က သူ့ကိုလက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါပဲ။ နသန်နီရယ် မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိပြီး ရူးဖက်စ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိတယ်။ နှစ်ဖွဲ့လုံးမှာ ဖိုက်တာကြီးတွေပါတယ်။ အားပြိုင်ကြ အပြန်အလှန်သတ်ကြတယ်ပေါ့။ ကောင်းဘွိုင်ကားတွေနဲ့ အက်ရှင်ကားတွေ ကြိုက်သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 2hrs 10min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Western Source : 1080p.WebRip Translator – Mr.Anderson Encoder – SWM

Crime • Thriller
6.7 2021 139 mins
The Harder They Fall
Alison’s Choice
4.9

Alison’s Choice (2015) ================ 18 နှစ်ကောင်မလေး အယ်လီဆင်က သူ့ချစ်သူနဲ့ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဖျက်ချဖို့ ဆေးခန်းကိုရောက်လာခဲ့တယ်။ ပထမဆုံး အကြိမ်မို့ စိုးရိမ်နေချိန် ယောက်ျားကြီးတစ်ယောက် သူ့ရှေ့ရုတ် တရက် ပေါ်လာတယ်။ ဝတ်စုံနဲ့ ကြမ်းသုတ်ဝတ်ကြောင့် သန့်ရှင်း ရေးသမားလို့ထင်ထားတဲ့ အယ်လီဆင်က အဲဒီလူကြီးကို သူများ တွေမမြင်ရမှန်းသိမှ လန့်သွားရတယ်။ နောက်တော့ အယ်လီဆင်နဲ့ အဲဒီလူကြီး စကားတွေပြောကြရင်း အဲဒီလူက တံခါးစောင့်မဟုတ်ဘဲ ဘုရားသခင်ဆိုတာ သိလိုက်ရ ပါ​​တော့တယ်။ ဒီလိုနဲ့ အယ်လီဆင် စိတ်တွေဇဝေဇဝါဖြစ်ပြီး ဘာ ကိုရွေးချယ်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင် စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.26 GB) / (455 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Family Translator…….Thwal Htoo Zin Encoder……….SWM

4.9 2015 92 mins
Alison’s Choice
The Darjeeling Limited
7.2

The Darjeeling Limited (2007) ~ IMDb – 7.2/10, RT – 69%, Meta – 67% ~ The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ “အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး”တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကိုက ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသားတစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီးထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကားစစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။ ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက်အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ်ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကိုထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံးယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန်ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ်နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီးဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲက ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ်တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။ ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန်ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထားတယ်။ ဒီဘက်ရာစုရဲ့ အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့ သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolism နိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာ Symbolism နိမိတ်ပုံတွေ မနည်းဘူး။ ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။ နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း “အိန္ဒိယတွင်ပြုလုပ်သည်” တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေး လွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။ ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲ အရောင်အသွေးမှာလည်း The Darjeeling Limited ဟာ အိန္ဒိယလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ််နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာ အိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 935MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2007
The Darjeeling Limited
Moscow Square (Moszkva Ter)
7.8

IMDb 7.8 အထိရရှိထားတဲ့ ဟန်ဂေရီ ရိုမန့်စ် ကော်မဒီ ကျောင်းသား ဒရာမာ ရုပ်ရှင်ကောင်းလေးတစ်ခုပါ။ ၁၉၈၉ နွေရာသီရဲ့ တက္ကသိုလ်၀င်တန်းစာမေးပွဲ နေ့ရက်များဆီသို့… ၁၉၈၉ ဟာ ဟန်ဂေရီနိုင်ငံရဲ့ နိုင်ငံရေး‌အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တဲ့နှစ်ဖြစ်တယ်။ ပတ်ယာတို့ သူငယ်ချင်းတစ်အုပ်အတွက်တော့ ဒီကိစ္စတွေဟာ တက္ကသိုလ်၀င်တန်းစာမေးပွဲလောက် ခေါင်းထဲမှာမရှိကြ။ သူတို့ဟာအထက်တန်းပြီး‌ကြတော့မယ်။ မကြာခင် တက္ကသိုလ်ဆက်တက်သူကတက်၊ အလုပ်ခွင်၀င်မယ့်သူက၀င်နဲ့ ဘ၀အတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ချကြရတော့မယ်။ ပတ်ယာတို့ခေတ်မှာက အခုခေတ်လို ကွန်ပြူတာတွေ ဖုန်းတွေသုံးနိုင်ဖို့နေနေသာသာ အပြာဗီဒီယိုကြည့်ရင်တောင် သူငယ်ချင်းတစ်ယောက်အိမ်မှာဝိုင်းစုရင်း ကြည့်ကြရတာ။ ပတ်ယာတို့ လူငယ်လေးတွေအတွက်တော့ လူငယ်ဘ၀မှာ ကျောင်းလစ်၊ ဘီယာဆိုင်ထိုင်၊ ညဖက် ကပွဲပါတီတွေခိုးသွားတာတွေကလွဲရင် တခြားလုပ်စရာ များများစာစားမရှိဘူး။ သူငယ်ချင်းအုပ်စုတွေရဲ့ ထုံးစံအတိုင်း သူတို့အုပ်စုထဲမှာလည်း စော်ကြည်ဘဲပါတယ်၊ ပြိုင်ကား စီးနိုင်တဲ့ သူဌေးသားပါတယ်၊ လေးလုံးနဲ့ စာဂျပိုးပါတယ်၊ အားလုံးထက်ပိုထွားပြီး လူရည်ပိုလည်တဲ့ကောင်ပါတယ်၊ ဇာတ်လိုက်ကျော် ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံ ပါကြတယ်ပေါ့။ စာသင်နှစ်တစ်နှစ်လုံး ပျော်ချင်တိုင်းပျော် ဆိုးချင်တိုင်းဆိုးခဲ့ကြပေမဲ့ အချိန်တန်တော့လည်း အများနည်းတူ စာမေးပွဲကိုအောင်သွားချင်ကြသူချည်းပဲမဟုတ်ပါလား။ ဒီလိုအောင်ချင်တဲ့သူတွေထဲမှာ အချိုအချောင်နဲ့အောင်ဖို့နည်းလမ်းကို ဖင်ကုန်းဆုတောင်းနေကြတဲ့ ပတ်ယာတို့အုပ်စုလည်း အပါအ၀င်ပဲ။ ကံကောင်းချင်တော့ ၁၉၈၉ ဟန်ဂေရီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် ပတ်ယာတို့အုပ်စုဟာ နေရင်းထိုင်ရင်း ထီထပေါက်ပါတော့တယ်။ ၂၀၀၁ မှာရိုက်ခဲ့တယ်ဆိုပေမဲ့ ၁၉၈၉ ကာလနဲ့ တကယ်တူအောင် ရိုက်ကူးနိုင်ခဲ့တယ်။ သရုပ်ဆောင်တွေ၊ ဒိုင်ယာလော့‌တွေဟာ ကိုယ်တစ်ခါမှမကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၈၉ က စာမေးပွဲကြီးဖြေခါနီး နွေရာသီနေ့ရက်တွေကို ပြန်လည်ပတ်လို့ရအောင် ခေါ်ဆောင်ပေးသွားလိမ့်မယ်။ ဟန်ဂေရီရုပ်ရှင်ဖြစ်တာကြောင့်လည်း ဇာတ်ကောင်နာမည်တွေ၊ ဘာသာစကားတွေဟာ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထက် ပိုမိုကွဲထွက်နေဦးမှာပါ။ ဟန်‌ဂေရီရုပ်ရှင်သမိုင်းထဲမှာ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ညွှန်းဆိုကြတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီရုပ်ရှင်လေးနဲ့အတူ အထက်တန်းကျောင်းသားဘ၀ကို ပြန်လည်လွမ်းဆွတ်တမ်းတလိုက်ကြပါဦးလို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01281:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama • Romance
7.8 2001 88 mins
Moscow Square (Moszkva Ter)
Fitzcarraldo
8

Fitzcarraldo ဆိုတဲ့ဇာတ်ကားက 1982 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Adventure/Documentary အမျိုးအစားဖြစ်ပါတယ်။ အမေဇုန်မြစ်ဒေသကမြို့ငယ်လေးမှာနေထိုင်တဲ့ Fitzcarraldo ဆိုတဲ့လုပ်ငန်း‌တွေအရှုံးပေါ်ခဲ့ပေမဲ့ အရှုံးမပေးတတ်တဲ့လုပ်ငန်းရှင်ပေါက်စလေးဟာ အော်ပရာတေးဂီတပြဇာတ်တွေအပေါ်မှာရူးသွပ်တဲ့သူပါ။ သူနေတဲ့မြို့ငယ်လေးဆီမှာအော်ပရာ ပြဇာတ်ရုံတည်ဆောက်ဖို့ကြိုးစားပေမယ့် ရန်ပုံငွေမလောက်တဲ့အခါ သူကရော်ဘာစီးပွားရေးလုပ်ငန်းကိုပြောင်းလုပ်ဖို့ကြိုးစားပါတယ်။ရော်ဘာပင်တွေကိုရှာဖို့ ရည်းစားဆီကပိုက်ဆံချေး သင်္ဘောတစ်စီးကိုဝယ်ပြီး အမေဇုန်မြစ်အပေါ်ပိုင်းဆီ ရေဆန်အတိုင်းဆန်တက်သွားပါတော့တယ်။ အဲဒီမှာ ဘာတွေနဲ့ကြုံရမလဲ……သူလိုအပ်နေတဲ့ ရန်ပုံငွေရောရသွားနိုင်မလား ဆိုတာတွေကိုတော့ ဇာတ်ကားလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး…… File size…(4.8 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:38:00 Genre… Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

8 1982
Fitzcarraldo
Fortunes of War

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Adventure • Drama • Action • History
0 2024
Fortunes of War
Visaranai
8.4

Visaranai (2016) “ထောင်ချောက်” CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ် တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ် အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ် ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ … တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.4 2015
Visaranai
Fury 12 Hours
6

တခါတုန်းက Kusk ဆိုတဲ့မြို့လေးမှာ မြို့တွင်းမြို့ပြင်ကို မောင်းနှင်နေတဲ့ဘတ်စ်ကားကိုစီးနေကျ လေကျွင်းဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူကတော့ တရုတ်တန်းလိုနေရာမှာစတိုးဆိုင်ဖွင့်ထားတာဖြစ်ပြီး မိသားစု တစုလုံး ပျောက်ဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ ရှာဖွေရင်းနဲ့ မိန်းမနဲ့သမီးဖြစ်သူအလောင်းကိုတွေ့ရှိခဲ့ပေမဲ့ သားဖြစ်သူကို မတွေ့သေးတာကြောင့် (၁၀) နှစ်ကြာတဲ့အထိမလျှော့သောဇွဲနဲ့ သားဖြစ်သူအလောင်းကိုရှာဖွေနေခဲ့သူ တစ်ဦးပေါ့။ Kusk ဆိုတာကတော့ အလွန်ရိုင်းတဲ့မြို့လေးဖြစ်ပြီးအဲ့မှာ မိဘတွေကို သတ်ဖြတ်ပြီးကျန်နေခဲ့တဲ့သားသမီးတွေကို ခေါ်ယူပြီးလူသားမဆန်သတ်ဖြတ်တဲ့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြစ်မှုကျူးလွန်တဲ့အဖွဲ့ သူပုန်အဖွဲ့ရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်တည်းကအစိုးရနဲ့ ပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ သူပုန်အဖွဲ့ သတင်းပြန်ကြားရေးဌာနမှာလုပ်ခဲ့တဲ့လင်ဝမ်ဆိုတဲ့ မိန်းကလေးကသူတို့ရဲ့လျှို့ဝှက်ထိပ်တန်း သတင်း ကဒ်လေးကိုခိုးယူထွက်ပြေးခဲ့တာကြောင့် သူပုန်အဖွဲ့က သူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တာပေါ့။ မြို့ထဲမှာရှိတဲ့လူတွေအကုန်လုံးကို တစ်ယောက် မကျန်သတ်ဖြတ်ပြီးသူ့ကို လိုက်လံဖမ်းဆီးခဲ့တယ်။ဒီလိုနဲ့ လေကျွင်းဆီမှာ လင်ဝမ်ကရောက်သွားခဲ့ပြီး လေကျွင်းကအဆုံးထိ သူ့ကိုကာကွယ်ပေးရာကနေ ဘယ်လိုတွေဆက်ဖြတ်လာကြမလဲ။ ဒီသူပုန်အဖွဲ့ကကော ဘယ်လိုတွေ ဆိုးဆိုးရွားရွား သတ်ဖြတ်ကြလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဖော်ကျူးထားတာကြောင့် အက်ရှင်ကားကိုကြိုက်တဲ့ ပရိသတ်များအတွက် CM ကနေဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

6 2024
Fury 12 Hours
Meiyazhagan
7.5

Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန် ၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့ မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့ အာရူလ်တစ်ယောက် … တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့ နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို အာရူလ်တစ်ယောက်ပြန်ရောက်အပြီး တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ….. ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု ဒရမ်မာကားကောင်းလေးတစ်ကားမလို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်)

Adventure • Animation • Drama • Family
7.5 2024 177 mins
Meiyazhagan
Dario Argento: Panico
6.7

Dario Argento Panico (2023) ———————————- Genre – Documentary IMDb – 6.7/10 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ် Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး

6.7 2023
Dario Argento: Panico
Pulung Gantung: Pati Ngendat
4.7

Pulung Gantung: Pati Ngendat (2025) IMDb Rating (4.7) ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။ သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒါတွေအပြင် ရိုင်ယန့်ချစ်သူ အာလာနာပါ ပူလန်ဂန်တွန် ရဲ့သားကောင်ဖြစ်သွားတဲ့နောက်မှာတော့သူတို့တစ်သိုက်ဟာ ပူလန်ဂန်တွန် ကိုတားဖို့၊ ကျိန်စာကိုဖျက်ဆီးဖို့ ဒီဖြစ်ရပ်တွေရဲ့အရင်းခံရာ နောက်ကြောင်းနဲ့နည်းလမ်းတွေကို ရှာဖွေကြရပုံတွေကိုထိတ်လန့်သည်းဖိုရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:30:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance
4.7 2025 91 mins
Pulung Gantung: Pati Ngendat