YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

King.the.Land.(2023)EP9.WEB-DL720P(CM).mp4

338.85 MB N/A video/mp4 3407 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Plot to Kill My Mother
5.4

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို 'ဘယ်က ဘယ်လို စဖြစ်ကြတာလဲ' လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။ File size… (775MB) / (974MB) Quality….  720p / 480p Format…mp4 Duration….01:14:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Action • Thriller
5.4 2023 88 mins
The Plot to Kill My Mother
Honest Candidate 2
6.9

"မုသားမပါ လင်္ကာမချော" တဲ့ လောကကြီးမှာ သင်က လုံးဝလိမ်လို့မရတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်ပါသလဲ အူတက်အောင်ရယ်ရမယ့် Honest Candidate 2 မှာဆိုရင်တော့ အလိမ်အညာစကားတွေပြောရတာကို ကျင့်သားရနေတဲ့ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း ဂျူဆန်းဆုဟာ ရုတ်တရက်ကြီးဖြစ်သွားတဲ့ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့အလိမ်စွမ်းရည်တွေ ပျောက်ဆုံးကုန်တာကို တွေ့ရမှာပါ လိမ်ရင် ကြို့ထိုးတာလောက်တင် မကဘဲ အလိမ်အညာစကားဆို လုံးဝပြောမရတော့တဲ့အပြင် တည့်တိုးစကားလုံးတွေချည်းပဲ ပါးစပ်က ထွက်လာတော့တာမို့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခက်တွေ့နေတာဖြစ်ပါတယ် ဒီလိုနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ၃ ကြိမ်တိုင် အနိုင်ရရှိခဲ့ပြီးဖြစ်တဲ့ ဂျူဆန်းဆုဟာ ၄ ကြိမ်မြောက်မတိုင်ခင် အခုလိုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံရေးလောကမှာ သူဘယ်လိုဆက်ပြီး ရပ်တည်သွားမလဲ၊ ၄ ကြိမ်မြောက် ရွေးကောက်ပွဲမှာရော အနိုင်ရရှိသွားဦးမှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အလောင်တွေပျော်စေမယ့် ဇာတ်ကားလေးတစ်ကားပါပဲ သရုပ်ဆောင်တွေအနေနဲ့လည်း Reply 1988 ထဲက Ra Miran, The Grid ထဲက Kim Mu Yeol တို့အပြင် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ Park JinJoo နဲ့ Yoon Kyung Ho တို့ကလည်း ပါဝင်ထားတာမို့ မရယ်ရမှာတော့ စိတ်ပူစရာမလိုပါဘူးဗျာ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်တွေကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 802MB | 357MB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Science Fiction
6.9 2022
Honest Candidate 2
Ultimate Avengers: The Movie
6.7

၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။ Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / (410 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......JimX Encoder..........SWM

Comedy • Horror • Thriller
6.7 2006 72 mins
Ultimate Avengers: The Movie
Ready or Not
7.1

ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်... မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ကစားဖို့ ပျော်ရွှင်နေတဲ့ သတို့သမီးလေး တစ်ယောက် ဒီညမှာ ဘယ်သူမှ မတွေ့အောင် ပုန်းနိုင်မလား ဒါမှ မဟုတ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြရအောင်လား ဒီရုပ်ရှင်ကားဟာ ရုံတင်ထားတာ မကြာသေးပါဘူး ထိတ်လန့်သည်းဖို ရုပ်ရှင်ကား အမျိုးအစားဖြစ်ပြီး အသဲငယ်သူများ ၊ အသက်မပြည့်သေးသူများ နှလုံးရောဂါရှင် နှင့် ကိုယ်ဝန်ဆောင်သည် များ ကြည့်ရှုရန် မသင့်တော်ပါ ရုပ်ရှင်ကားကို Htet Way Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်

Animation • Family
7.1 2019 95 mins
Ready or Not
Kingslayer
4.1

Kingslayer (2022) ============== အင်္ဂလန်ပြည်ကြီးရဲ့ မင်းသားတစ်ပါး ဖြစ်တဲ့ ရစ်ချတ်ဟာ ရှေးအစဉ်အလာတွေနဲ့ ဆန့်ကျင်ပြီး မြင်းဇောင်းက အစေခံမလေး လီယာနဲ့ ချစ်ကျွမ်းဝင်နေသူပါ။ ဖခင်ဖြစ်သူ ဒုတိယမြောက် ဟင်နရီ ဘုရင်ကြီး နတ်ရွာစံပြီးတဲ့နောက် ရစ်ချတ်ဟာ အင်္ဂလန်ပြည်ရဲ့ ထီးနန်း ကို ဆက်ခံဖို့ ဖြစ်လာပါတယ်။ လီယာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ရစ်ချတ်ဟာ နန်းတက်ပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ Kingswood လို့ခေါ်တဲ့ တော်ဝင်မျိုးနွယ်တွေပဲ အမဲ လိုက်ခွင့်ရှိတဲ့ တောအုပ်ထဲမှာ ချစ်သူ လီယာနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူး ကြပါတော့တယ်။ ထီးနန်းကိုချောင်းနေတဲ့ ရစ်ချတ်ရဲ့ ညီဖြစ်သူ ဂျွန်က အဲဒီအခွင့်အရေးကို အမိအရ အသုံးချပြီး Kingswood တောအုပ်ထဲ ကြေးစားတွေလွှတ်ပြီး ရစ်ချတ်ကို အပြတ်ရှင်းဖို့ ကြံစည်တဲ့အခါမှာတော့။ 1189 ခုနှစ်ကနေ 1199 ခုနှစ်အထိ အင်္ဂလန်ပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ Lionheart လို့ အမည်တွင်ခဲ့တဲ့ ပထမမြောက် ရစ်ချတ်ဘုရင်ရဲ့ Kingswood တောအုပ်ထဲက စွန့်စားခန်းတွေကို ရှုစားကြရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman NoX ဖြစ်ပါတယ်) File Size……….(1.7 GB) / (704 MB) / (417 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Roman NoX Encoder……….SWM

Action • Crime • Drama • Thriller
4.1 2022
Kingslayer
Attack of the Hollywood Clichés!
6.1

Attack of the Hollywood Clichés! (2022) ============================= IMDb Rating – 6.1/10 လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက “ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား” တို့၊ “မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း” တို့ “အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ” တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ “Attack of the Hollywood Clichés!” လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.3 GB) / (470 MB) / (271 MB) Quality…………WEB-DL 1080p / 720p / 480P Duration………58Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Comedy Translator…….Fiona Gillen Encoder……….SWM

6.1 2022
Attack of the Hollywood Clichés!
In the Name of the Father
8.1

ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

8.1 1993
In the Name of the Father
Polytechnique

လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ စာသင်ကျောင်း၊ ပွဲတော်ပစ်ခတ်မှုတွေ၊ တစ်ကိုယ်တော်(lone wolf) တိုက်ခိုက်မှုတွေရဲ့နောက်ခံအကြောင်းတရားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကနေဒါနိုင်ငံ၊ ကွီးဘက်ခ်ပြည်နယ်၊ မွန်ထရီရယ်မြို့မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Ecole Poly technique မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ယောက်သေဆုံးကာ နောက်ထပ်အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်သူ Marc Lepine ဆိုတာ ဣတ္ထိယပဓာနဝါဒဆန့်ကျင်ရေးသမားတစ်ယောက်ဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်ပြီးတဲ့အခါမှာ သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ပဲ ကနေဒါနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး စည်းမျဥ်း၊ စည်းကမ်းတွေ ပိုတင်းကျပ်သွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဥ်ဟာ ကနေဒါနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် Nova Scotia တိုက်ခိုက်မှုမတိုင်ခင်အထိ လူအသေအပျောက်အများဆုံး ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဆိုပါ ၁၉၈၉ ခုနှစ် ပစ်ခတ်မှုဖြစ်စဥ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို သေနတ်သမားနဲ့ ကျောင်းသားနှစ်ဦးဖြစ်တဲ့ ဂျေအက်ဖ်နဲ့ ဗယ်လာရီတို့ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Maxim Gaudette၊ Sebastien Huberdeau၊ Karine Vanasse၊ Evelyne Brochu၊ Johanne Marie Tremblay၊ Pierre- Yves Cardinal တို့ဖြစ်ပါတယ်။ ဒါရိုက်တာ Denis Villeneuve ကရိုက်ကူးပေးထားပြီး ဇာတ်ညွှန်းကိုတော့ Jacques Davidts နဲ့ ဒါရိုက်တာ Denis Villeneuve တို့ကိုယ်တိုင်က ရေးသားထားပါတယ်။ အင်္ဂလိပ်၊ ပြင်သစ် ဘာသာစကားနှစ်မျိုးနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ပြသခဲ့ပြီး မကြာခင်မှာပဲ ၂၀၀၉ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာပဲ Toronto Film Critics Association ရဲ့ Best Canadian Film ဆုကိုဆွတ်ခူးခဲ့သလို ၂၀၁၀ ခုနှစ်မှာလည်း Genie Awards နဲ့ Juntra Awards ကချီးမြှင့်တဲ့ ဆုအများအပြားကို ရရှိထားပါတယ်။ Genie Awards ဆုကိုးဆုထိရခဲ့ပြီး ထင်ရှားတဲ့ဆုကတော့ Best Motion Picture ဆုဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၆ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb rating 7.2၊ Rotten Tomatoes 88% နဲ့ Metacritic rating 63% ရာခိုင်နှုန်းရထားပါတယ်။ ဒီဇာတ်ကားကို ဖြစ်စဥ်နဲ့အနီးစပ်ဆုံးတူညီအောင်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး ဖြစ်စဥ်အကြောင်းအရာဘက်ကို အသားပေးတင်ပြထားတာဖြစ်လို့ တခြား drama ပိုင်းတွေကို အနည်းငယ်လျှော့ထားသလို cinematography ပိုင်းမှာလည်း အဖြစ်မှန်ကို ပရိသတ်တစိမ့်စိမ့်ခံစားမိစေဖို့၊ ဒါရိုက်တာပေးချင်တဲ့ message ကို တွေ့ထိခံစားမိစေဖို့ black and white mode နဲ့ scene တစ်ခုချင်းစီအလိုက် သေချာလေးရိုက်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားကြည့်ပြီး ခေတ်မီတိုးတက်လှပါတယ်၊ ဒီမိုကရေစီလူ့အခွင့်အရေးထွန်းကားလှပါတယ်ဆိုတဲ့ ချမ်းသာတဲ့အနောက်နိုင်ငံကြီးတွေမှာ ဘယ်လိုမညီမျှမှုတွေ၊ ဘယ်လို အကျင့်သီလနဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ချွတ်ချော်ဖောက်ပြားမှုတွေ များနေကြပြီလဲဆိုတာ ဆဝါးရင်း အတွေးနယ်ချဲ့ကြည့်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ File size…(1.2 GB)/(624 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Comedy
0 2009
Polytechnique
Roohi
4.3

Roohi ( 2021 ) ပြန်ပေးဆွဲလက်ထပ်ပွဲ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရ ဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကို ကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွ ားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီး လုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက် မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲ လက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ် )

4.3 2021
Roohi
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
Little Loves aka Los pequeños amoresc
Colors of Evil: Red
6.4

Colors of Evil: Red (2024) IMDb – 6.3/10 စိတ်ဝင်တစားကြည့်ရှုရမဲ့ ပိုလန်စုံထောက်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ်းခြေတစ်ခုမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရာကစပါတယ်။ ဘယ်သူဘယ်ဝါ စုံစမ်းကြည့်တဲ့အခါမှာတော့ တရားသူကြီးတစ်ဦးရဲ့ သမီးဖြစ်နေပါတယ်။ သတ်ခံရတဲ့ ကောင်မလေးနာမည်က မိုနီကာတဲ့။ သူ့ကိုသတ်သွားတဲ့ပုံစံက တစ်ချိန်တုန်းက အသတ်ခံခဲ့ရတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ လာတူနေပါတယ်။ အရင်အမျိုးသမီးကို သတ်သွားတဲ့တရားခံက ထောင်ကလွတ်နေပြီဖြစ်တဲ့အတွက် သွားဖမ်းလာခဲ့တဲ့အချိန် တရားခံဖြစ်သူက ရဲစခန်းကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဒီမှာပဲ တရားခံက သူပဲသေချာတယ်ဆိုပြီး ရဲတပ်ဖွဲ့က အမှုကို ပိတ်လိုက်ပါတယ်။ ဒါပေမဲ့ စုံထောက်ဘီလ်စကီကတော့ အဲဒါကိုလက်မခံဘဲ အထက်လူကြီးတွေတားနေတဲ့ကြားက တရားခံအစစ်ကိုဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Crime, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 746MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Comedy • Fantasy • Romance
6.4 2024
Colors of Evil: Red
The Love of Han River
5.6

ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့ စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။ သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့ တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့ စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင် အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့ သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်း အစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။ နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့် အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီး ရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားက အဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့် လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။ တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးက လက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာ မိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~

Animation • Family • Mystery • Comedy • Science Fiction
5.6 2025
The Love of Han River
Wonder Boys
7.2

Wonder Boys (2000) IMDb Rating (7.2) / Rotten Tomatoes (81%) ဒီဇာတ်ကားလေးကတော့ Cast ကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ အဓိကဇာတ်ဆောင်အနေနဲ့ Spider man မင်းသား Tobey Maguire နဲ့ Ant manသရုပ်ဆောင် Michael Douglas ကသရုပ်ဆောင်ထားပြီး Iron man မင်းသား Robert Downey Juniorကဇာတ်ပို့အနေနဲ့အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(2.2 GB) / (1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:51:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Horror
7.2 2000 111 mins
Wonder Boys
Detective Dee: The Celestial Mystery
5.9

စုံထောက်ကြီးဒီးရန်ကျယ်ရဲ့ အမှုသစ်ဇာတ်ကားသစ်လာပါပြီ။ ယန်ကျိုးမြို့မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက် စုံထောက်ကြီးဒီးကို စုံစမ်းပေးဖို့ခေါ်လိုက်ကြပါတယ်။ အလောင်း(၇)လောင်းဟာ ယဇ်ပူဇော်တဲ့ အခမ်းအနားဆန်ဆန်ရက်ရက်စက်စက် သတ်ဖြတ်ပြင်ဆင်ခံထားရတာဖြစ်ပြီးတော့ သဲလွန်စတွေဟာရှုပ်ထွေးနေတဲ့အတွက် ကန့်သတ်အချိန်အတွင်း အမှုကိုဖော်နိုင်ဖို့ ဒီးရန်ကျယ်ဟာအကြပ်ရိုက်နေပါတယ်။ သဲလွန်စတွေက အလောင်းတစ်ခုချင်းဆီရဲ့ဖော်ဆောင်တဲ့ အဓိပ္ပါယ်တွေကြားမှာရှိနေတဲ့အတွက် သဲလွန်စတွေနောက်ကိုလိုက်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမှုဟောင်းတစ်ခုဆီကိုဦးတည်နေပါတယ်။ လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစိတ်ဝင်စားစရာကောင်းအောင်ဖော်ထုတ်သွားပြီးတော့ လှည့်ကွက်တွေအပြည့်နဲ့ စုံထောက်ကြီးဒီးရဲ့အမှုလိုက်စွမ်းရည်တွေကိုရှုစားလိုက်ပါဦးနော်…… 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Action • Crime • Drama
5.9 2025
Detective Dee: The Celestial Mystery