YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kin.S01E04.1080p.(CM).mp4

671.23 MB N/A video/mp4 145 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Warcraft
6.4

ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။ သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။ လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ...... Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ.... Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။ File Size : (6.3GB )(3.65 GB) and (1.43GB) Quality : 4K-Blu-Ray.HEVC, 1080P5.1Ch,720p Running Time :2hr  3min Format : Mp4e Genre    : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Myint Maung Encoded by Phyo Pyae

6.4 2016 123 mins
Warcraft
Soul
8.2

ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ Animation တွေရဲ့ ရုပ်လုံးကြွပုံ အသေးစိတ်ကျပုံ လှပခမ်းနားပုံတွေကထည့်ပြောစရာမလိုလောက်အောင်ပါ။ တကယ့်ကို သဘာဝကျကျနဲ့ရယ်လဲရယ်ရပါတယ်။ ဒီလိုကားတွေ ဇာတ်ရှိန်တက်လာရင် ငိုရတာတွေလဲရှိပေမယ့် ဒီကားမှာတော့ ငိုရလောက်အောင် ဇာတ်နာပြထားတာတွေမပါပါဘူး။ ကြည်ကြည်နူးနူးပြုံးနေရင်းနဲ့ မျက်ရည်ဝိုင်းရနိုင်သလို လက်ရှိရနေတဲ့ဘဝကိုလဲ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ :) ဒီနှစ်အတွက် ခရစ်စမတ်လက်ဆောင်တစ်ခုပါပဲ။ Imdb 8.3 နဲ့ Rotten Tomatoes 97% ကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ထိပ်တန်းကားကောင်းတစ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality…WEB-DL 1080p & 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

BL • Drama
8.2 2020 101 mins
Soul
The Dirty 3rd: Next Generation
6.6

The Dirty 3rd: Next Generation (2023) ============================ ဒီကားကတော့လူမဲတွေရဲ့ ရပ်ကွက်ထဲကအထာတွေ စရိုက်တွေအကြောင်းရိုက်ထားတာပဲဖြစ်ပါတယ်။ Zaire တစ်ယောက်သူ့ပထွေးသူ့အမေကိုရိုက်နေတာမြင်တော့ စိတ်မထိန်းနိုင်ပဲသူ့ပထွေးကိုပစ်သတ်မိသွားပါတယ်။ သူ့ အမေကသူ့ကိုထောင်မကျစေချင်တာကြောင့်သူအဖိုးရှိတဲ့ Houston ကိုပြေးခိုင်ပါတယ်။ မြင်လဲမမြင်ဖူး အဆက်အ သွယ်လဲမရှိတဲ့အဖိုးကို Zaire တစ်ယောက်ရှာတွေ့မှာလား သူ့အဖိုးကဘယ်လိုလူမျိူးလဲ ဘာအလုပ်လုပ်တဲ့သူလဲ သူ့ကို ရောကြိုဆိုမှာလားဆိုတာတွေကို ကြည့်ရှုရမယ့် ကားလေးပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Zar Ni Oo ဖြစ်ပါတယ်) File Size……….(1.38 GB) / (635 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Khant Zar Ni Oo Encoder……….SWM

6.6 2023
The Dirty 3rd: Next Generation
Craving

မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။ သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Crime, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Craving
A Royal Christmas Holiday
6

A Royal Christmas Holiday (2023) ========================= IMDb Rating – 6.0/10 CM ပရိတ်သတ်ကြီးတို့အတွက် ခရစ္စမတ်အချစ်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူကောင်မလေးနဲ့ နိုင်ငံခြားက မင်းသားတစ်ပါးတို့ရဲ့ ခရစ္စမတ်ဖူးစာလေးပဲဖြစ်ပါတယ်။ ကိတ်တီဟာ ခေါင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ သူဟာ အဓိကတင်ဆက်သူနေရာကို မရနိုင်ဖြစ်နေတာကြာပါပြီ။ တစ်နေ့ကျ သူ့အထက်လူကြီးက သူတို့နိုင်ငံကို အလည်လာတဲ့ မင်းသား တစ်ပါးကို အင်တာဗျူးဖို့ ကိတ်တီ့ကို အခွင့်အရေးပေးလိုက်ပါတယ်။ မင်းသားဂျော်နသန်ကတော့ အမေဖြစ်သူဆီကနေ မိန်းမယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခံနေရသူပါ။ အခုချိန်ထိ နှစ်သက်မိတဲ့မိန်းကလေးမရှိသေးတာ ခက်နေတာပေါ့။ ပြတိုက်ဖဲကြိုးဖြတ်ပွဲအတွက် ခရီးထွက်လာရင်း သူ့ဖူးစာ ဖက်နဲ့ နိုင်ငံရပ်ခြားမှာဆုံရမယ်လို့ ဘယ်ကြိုသိခဲ့ပါ့မလဲလေ။ ဒီလိုနဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ်ပေါက်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.58 GB) / (573 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Ngwe Zin Encoder……….SWM

6 2023
A Royal Christmas Holiday
Staring at Strangers

Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။ မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin

0 2022
Staring at Strangers
[21+] Score
5.8

Score (1973) IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

5.8 1973 90 mins
[21+] Score
Marrowbone
6.7

Marrowbone (2017) IMDb Rating (6.7) ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ်

Drama
6.7 2017
Marrowbone
Dark Figure of Crime
6.7

Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.7 2018 111 mins
Dark Figure of Crime
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai
Psycho II
6.6

Psycho II (1983) Review Bates Motel နဲ့ နော်မန်ဘိတ်စ်တို့မိသားစုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ Series တွေ ရှိတဲ့အထဲမှာမှ 1960 ခုနှစ်က ဒါရိုက်တာ Alfred Hitchcock ရဲ့ Psycho ရုပ်ရှင်ကားကြီး ထွက်ရှိပြီး ၂၃ နှစ်အကြာမှာ နော်မန်ဘိတ်စ်ရဲ့ မပြီးဆုံးသေးတဲ့ဘဝဇာတ်လမ်းကို Psycho II အနေနဲ့ တင်ဆက်လာပါတယ်။ စိတ်ကျန်းမာရေးဆေးရုံက လူကောင်းပကတိအဖြစ်ကို ပြန်ရောက်ရှိပြီဆိုတဲ့ ထောက်ခံချက်နဲ့အတူ တရားရုံးကနေ နော်မန်ဘိတ်စ်ကို လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ရောက်ခွင့် ပေးခဲ့ပါတယ်။ ဒေသခံစားသောက်ဆိုင်လေးတစ်ခုမှာ အကူအဖြစ်နဲ့ ဘဝကို ပြန်လည်စတင်ခဲ့တဲ့ နော်မန်ဘိတ်စ်ဟာ လုပ်ဖော်ကိုင်ဖက် စားပွဲထိုးမလေး မေရီကို မျက်စိကျလာခဲ့ပါတယ်။ ရည်းစားပြဿနာကြောင့် တစ်ညတာအိပ်စက်ရမယ့်နေရာပါ အခက်အခဲတွေ့နေတဲ့ မေရီကို သူ့ရဲ့မိုတယ်မှာ တည်းခိုဖို့ နော်မန်က ကမ်းလှမ်းခဲ့ပါတယ်။ သူ့မိုတယ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ Bates Motel ဟာဆေးသမားတွေ၊ အပျော်အပါးလိုက်စားသူတွေ ကျက်စားရာ ညစ်ညမ်းဟိုတယ်အဖြစ်ကို ရောက်နေမှန်း မျက်မြင်သိခဲ့ရပါတယ်။ ဟိုတယ်မန်နေဂျာကို နေရာမှာတင် အလုပ်ထုတ်ပြီး မေရီကို သူ့ရဲ့အိမ်ထဲမှာပဲ တည်းခိုခွင့်ပေးခဲ့ပါတယ်။ ဘဝမှာ အခြေကျအနည်ထိုင်ဖို့ အစပြုလာစဉ်မှာပဲ ဟိုတယ်မန်နေဂျာ တွန်းမီရဲ့ စားသောက်ဆိုင်အထိ လာရောက်နှောက်ယှက်မှုတွေ၊ သူ့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အမေဆီက ရောက်လာတဲ့ စာတွေ၊ ဖုန်းကောလ်တွေကြောင့် နော်မန်ရဲ့ဘဝဟာ ခြောက်ခြားဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ စွန့်ပစ်အိမ်ကြီးလိုဖြစ်နေတဲ့ နော်မန်တို့အိမ်ဟာ နှစ်ပေါင်းများစွာ ဆေးသမားတို့ပျော်စံပုန်းခိုရာ ဖြစ်ခဲ့ပါတယ်။ နော်မန်ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့အိမ်မြေအောက်ခန်းကို ခိုးဝင်ပြီးပျော်ပါးတဲ့ စုံတွဲတစ်တွဲဟာ အဖြစ်ဆိုးတစ်ပတ်ပြန်လည်လာတဲ့အခိုက်မှာ ပဟေဠိလူသတ်သမားကောင်ရဲ့ သားကောင်အဖြစ် ကျရောက်ခဲ့ရပါတယ်။ သူ့ကို စာတိုတွေ၊ ဖုန်းကောလ်တွေနဲ့ နှောက်ယှက်နေတာကရော ဘယ်သူလဲ သူ့ဘဝထဲကို ဝင်လာပြီး ရဲတွေသူ့ကို သံသယဝင်မယ့်အဖြစ်ကနေကာကွယ်ပေးနေတဲ့ မေရီရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ သူ့အိမ်ထဲမှာ မကြာခဏတွေ့နေရတဲ့ အမျိုးသမီးသဏ္ဌာန်ကရော သူ့အမေအစစ်ပဲလားဆိုတဲ့ မေးခွန်းများစွာနဲ့အတူ အတိတ်က အိပ်မက်ဆိုးကတော့ နော်မန်ဘိတ်စ်ဆီကို တစ်ကျော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Thriller
6.6 1983 113 mins
Psycho II
Evil Bong-A-Thon!
4.4

Evil Bong-a-Thon! (2025) (ဒီဇာတ်လမ်းကတော့ ၁၈အပေါင်း ဇာတ်ဝင်ခန်းတွေအများကြီးပါတာကြောင့် ကလေးသူငယ်တွေနဲ့ မိသားစုဝင်တွေနဲ့အတူတော့ မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။) ဇာတ်ကားထဲမှာတော့ ဆေးခြောက်သမားစတုန်နာလေး တစ်သိုက်က ကျိန်စာသင့်နေတဲ့ဆေးအိုးတစ်ခုကို ဝယ်ယူမိရာက စပါတယ်။ ဒီဆေးအိုးက သူ့ကမ္ဘာထဲကို ဆွဲခေါ်သွားပြီးအဲ့ထဲမှာ မိန်းမတွေနဲ့အတူ ပျော်ပါးရင်း သေဆုံးသွားတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူညီတဲ့ ဒိုင်မန်ရှင်းကိုးခုမှာဖြစ်တဲ့ ဒီကျန်စာသင့်နေတဲ့ဆေးအိုးကြီးနဲ့ဖြစ်ရပ်တွေကို ကြည့်ရမှာဖြစ်ပါတယ်။ ဒီယုတ်မာရက်စက်ပြီး လူတွေကို ထိန်းချုပ်နေတဲ့ ကျိန်စာသင့်ပစ္စည်းပေါင်းစုံရဲ့ကြံစည်မှုတွေကို ကြည့်ကြရမှာလည်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3 GB) / (1.2 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Fantasy, Horror Duration…. 01:29:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Drama
4.4 2025 88 mins
Evil Bong-A-Thon!
Thursday
7.1

Thursday (1998) IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။ နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ “ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။ အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။ လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။ သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။ တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။” ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။ Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ဒါးလတ်စ်) နဲ့ James LeGros ( ဘီလီဟေးလ်)တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ SkipWoods ကရိုက်ကူးပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.9 GB) / (870 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Crime, Drama, Mystery, Thriller Duration…. 01:25:16 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin

Drama
7.1 1998 87 mins
Thursday