YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kimetsu no Yaiba - Mugen Ressha-hen - 07CM).mp4

226.36 MB N/A video/mp4 9281 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Grimcutty
5.3

နည်းပညာတွေတိုးတက်လာတဲ့အမျှ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိစမြဲပါပဲ။ တိုးတက်လာတာနဲ့အမျှ ကလေးတွေရဲ့ screen time အရမ်းတိုးလာ သလို၊ အွန်လိုင်းပေါ်က challenge တွေကိုလည်း မိုက်ရူးရဲဆန်စွာ လုပ်တတ်လာ ကြပါတယ်။ အာရှာတို့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ကိုယ့်ကိုကိုယ်ထိခိုက်အောင်လည်းလုပ် တယ်။ အခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်တဲ့အပြင် ကိုယ့်အမေအရင်းကိုပါ ဓားနဲ့ထိုးမှုတွေထိပါဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်ရတဲ့နောက်ကွယ်က အကြောင်း အရင်းက ဂရင်းကတ်တီကြောင့်ပါပဲ။ အာဏာပိုင်တွေကတော့ ကလေးတွေက ဂရင်း ကတ်တီ challengeကိုလုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်မိကြတာလို့ သုံးသပ်ကြပါတယ်။ မြို့မှာ ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် မိုက်ရူးရဲတဲ့ကိစ္စတွေမလုပ်ဖို့ အာရှာကို သူ့မိဘတွေက သတိပေးတဲ့ချိန်မှာပဲ အာရှာတစ်ယောက် ဂရင်းကတ်တီနဲ့ကြုံလိုက်ရပါ တော့တယ်။ သူ့ရဲ့မိဘတွေကို အမှန်တိုင်းပြောပေမယ့် အားကစားကနေလည်း သူစိတ် တိုင်းကျထွက်လိုက်ပြီး၊ စိတ်ဓာတ်ကျတဲ့သူလိုမျိုးဖြစ်နေတဲ့ အာရှာကို သူ့မိဘတွေက မယုံကြည်ကြပါဘူး။ တဖြည်းဖြည်း မြို့က မိဘတိုင်းက သူတို့ကလေးတွေ ဖုန်းသုံးတာ ကန့်သတ်ပြီး ကျောင်းပါ ပေးမသွားကြတော့တဲ့ချိန်မှာ အာရှာတစ်ယောက် ဒီကိစ္စနဲ့ပတ် သတ်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပါတော့တယ်။ တကယ်ပဲ ဂရင်းကတ်တီနဲ့ပတ်သတ်တဲ့ကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်တာလား၊ ဒါမှမဟုတ် ဂရင်းကတ်တီကပဲ အပြင်မှာအမှန်တကယ်ရှိနေတာလား အာရှာတစ်ယောက် ရော ဘယ်လိုအဖြစ်အပျက်တွေကြုံရဦးမှာလဲ၊ horror ကားကြိုက်တဲ့ ပရိသတ်တွေအတွက် mystery အပြည့်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်လို့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများ ကတော့ Shwe Pyae, JimX  တို့ဖြစ်ပါတယ်) File Size..........(1.14 GB) / (450 MB) / (251 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Shwe Pyae, JimX Encoder..........SWM

Drama • Romance
5.3 2022 101 mins
Grimcutty
Barbarian
6.9

IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း တက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Action • Fantasy • Horror
6.9 2022 103 mins
Barbarian
White Dragon Horse

ငယ်ငယ်လေးတုန်းက စွန်းဝူခုန်းရဲ့ အနောက်ဘက်ဆီသို့ ခရီးသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလေးကို ကြားဖူးတယ်မလား? ဒါပေမဲ့ အဲ့ဒီ အနောက်ဘက် အနောက်ပင်လယ်ဆီက ဒဏ္ဍာရီလေးတစ်ပုဒ်ကိုတော့ သိကြမယ်မထင်ပါဘူး ။ အနောက်ပင်လယ်မှာ ရှိတဲ့ နဂါးမျိုးနွယ်စုတွေဟာဆိုရင် ကောင်းကင်ဘုံ တရားရုံးတော်ကို ခစားတဲ့အနေနဲ့ အနောက်ပင်လယ်ပြင်ကြီးကို စောင့်ကြပ်ကြရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေဟာဆိုရင် နဂါးတွေကို သူတို့လက်ခုတ်ထဲက ရေလိုသဘောထားပြီး စားသောက်ဖွယ်အနေနဲ့ မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသုံးကြပါတယ် ။ အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်သူ အောင်လျဲ့ဟာ ဒီအရာနဲ့ပတ်သတ်ပြီး စိတ်ထဲမှာ လုံးဝကို အခဲမကျေခဲ့ပါဘူး။ အဲဒါကြောင့် နဂါးမျိုးနွယ်စွမ်းအားတွေ ပြန်လည်ဖွဲ့စည်းပြီး နဂါးအသားစားသုံးတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ အောင်လျဲ့တစ်ယောက် သူနဲ့လက်ဆက်ရန် စီစဥ်ထားတဲ့ မင်းသမီးလေး ပိပေါ်ထန်နဲ့ တွေ့ဆုံကာ မြင်မြင်ချင်းချစ်မိသွားပြီး မောက်မာခဲ့တဲ့ နှလုံးသားလေးက အရည်ပျော်ကျသွားရပါတယ် ။ ဒါပေမဲ့လို့ သူချစ်ရတဲ့ ချစ်သူကို ခေါင်းကိုးလုံး မိစ္ဆာဘုရင်က လုယူသွားခဲ့တဲ့အခါမှာတော့...? ❏ ဘာတွေဆက်ဖြစ်ကြမှာလဲ ❏အချစ်အတွက်နဲ့ ဒီခေါင်းကိုးလုံး မိစ္ဆာကြီးကို ချေမှုန်းနိုင်ပါ့မလား ❏ သတ်ဖြတ်ချင်းခံနေရတဲ့ သူ့ရဲ့မျိုးနွယ်စုတွေကိုရောသူကယ်တင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုမဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာမို့ အခုပဲကြည့်ရှုရအောင်လားရှင် [ Reviewed By Chit Mya Mya Hmwe ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
0 2022 93 mins
White Dragon Horse
Moonrise Kingdom
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
The Space Between Us
7.1

ဒီဇာတ်ကားလေးကတော့ US$ သိန်း၃ဝဝလောက် အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့………………………………. ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့ အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ ကိုလိုနီနယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါပြီ။ မားစ်ဂြိုဟ်ပေါ်ကို  ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့ သွားရောက်နေထိုင်မယ့်သူတွေကတော့ “ဆာရာအီလီရော့” ခေါ်တဲ့ အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး ၆ဦးပါပဲ။ မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့ “ဆာရာအီလီရော့” မှာ ကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲသိလိုက်ရပါတယ်။ ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ကိုယ်ဝန်ကို အာကာသထဲမှာ ဆောင်ခဲ့ရတယ်။ မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့ မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီး ပြိုကွဲသွားမှာစိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး လျှို့ဝှက်ထားလိုက်ကြပါတယ်။ ကလေးငယ်လေးကတော့ ကမ္ဘာထက် ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ ကမ္ဘာကို ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မားစ်မှာပဲ သိပ္ပံပညာရှင်တွေက ပျိုးထောင်ခဲ့ရပါတယ်။ ဒီကလေးငယ်လေး ကြီးပြင်းလာတဲ့အခါမှာတော ့ကမ္ဘာဂြိုဟ်ကကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်ကနေ သူငယ်ချင်းဖြစ်လာတဲ့အခါမှာတော့……………………………….. ဘာတွေဆက်ဖြစ်ကြမှာလဲ….သူ ကမ္ဘာဂြိုဟ်ကိုလာဖို့ ဘာတွေများလိုအပ်မှာလဲ ကမ္ဘာဂြိုဟ်မှာရော သူ အသက်ရှင်နို်င်ဖို့ ဖြစ်နိုင်ပါ့မလား….. မားစ်ဂြိုဟ်မှာမွေးဖွားခဲ့တဲ့ ပထမဆုံးလူသားတစ်ဦးရဲ့ အမြင်မှာ ကမ္ဘာဂြိုဟ်က တန်ဖိုးထားစရာကောင်းလား ပျော်ရွင်စရာရှိရဲ့လား…… ကမ္ဘာကလူတွေက မားစ်ဂြိုဟ်ကို သွားချင်နေချိန်မှာ မားစ်ဂြိုဟ်ကကောင်လေးတစ်ယောက်ကရော အဲဒီဂြိုဟ်မှာ နေချင်ရဲ့လား…………… စတာတွေကို ဇာတ်လမ်းထဲမှာ  ရှုသပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းအလှအပများကို ခံစားရင်းဆက်လက်ရှုစားလိုက်ကြပါ။ Quality…..BluRay 1080p Duration......2:00:00 Format…Mp4 File Size…(865 MB , 551 MB ) Encoder…..Moe Myint lwin

7.1 2017 121 mins
The Space Between Us
The Better Life
5.9

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Better lifeဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဝမ်ယိုချိုင်လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ, ဆင်းရဲချို့တဲ့ပေမဲ့လူတကာကူညီပေးတတ်ပြီး ဆေးရုံဘေးနားအိမ်ယာတန်းလျားမှာနေနေရတယ်။လီကျစ်ယွမ်ကတော့ ကုမ္ပဏီပိုင်ရှင်ရဲ့သား နှလုံးရောဂါဝေဒနာနောက်ဆုံးအဆင့်ခံစားနေရသူ, ချမ်းသာပေမဲ့အမြဲတမ်းအထီးကျန်ဆန်နေတဲ့လူပေါ့။ လီကျစ်ယွမ်ကသူ့နှလုံးအစားထိုးဖို့ သင့်တော်တဲ့လူကို ရှာနေရင်းဝမ်ယိုချိုင်ကို ရှာတွေ့သွားပြီးနှစ်ယောက်သား ညီအစ်ကိုမိတ်ဆွေဖြစ်သွားကြတယ်။ သူဌေးသားဆိုပေမဲ့လည်း အမြဲတမ်းပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့မိသားစုကိုပိုင်ဆိုင်ချင်နေတာကြောင့် ဝမ်ယိုချိုင်ရဲ့ဘဝကို အားကျနေမိခဲ့တယ် တစ်နေ့မှာတော့ နှစ်ဦးသားကကိုယ်အင်္ဂါအစားထိုး လဲလှယ်ဖို့ စာချုပ်ချုပ်ဆိုတဲ့အကြောင်းဖန်လာခဲ့တယ်။ ကဲဒီတော့ ဝမ်ယိုချိုင်နဲ့လီကျစ်ယွမ် နှစ်ဦးသား ဘယ်လိုတွေရင်းနှီးခင်မင်ကြသလဲ။နှစ်ဦးလုံးရဲ့ ကိုယ်အင်္ဂါအစားထိုးတာကတော့အစားထိုးနိုင်ပါ့မလားစတာတွေကို ဒီဇာတ်လမ်းလေးထဲမှာ ဝမ်းနည်းစရာ,ကြည်နူးစရာ စတဲ့ရသပေါင်းစုံကို ဖော်ပြသွားမှာဆိုတော့ ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

Drama • Romance
5.9 2023
The Better Life
From the Ashes
5.2

From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 745MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.2 2024
From the Ashes
Crazy Alien
6.2

တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ် ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ

6.2 2019 116 mins
Crazy Alien
Paint it Gold

Paint It Gold [2023] (IMDb 5.6/10) ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်… ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်… သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်… ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့… နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်… အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်… ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်… အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့… ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်… ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်… အာသာကတော့ မကူညီခဲ့ပါဘူး… အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 575MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Paint it Gold
Once Upon a Time in Asia
5.8

1990 ခုနှစ် အလယ်ပိုင်းလောက်မှာ တရုတ်အရှေ့မြောက်ပိုင်းက ရှဲ့ဝိန်တုန်းဟာ အရှေ့တောင်အာရှမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ပြီး အရှိန်အဟုန်မြင့်စွာ တိုးတက်လာပါတယ်။ အဲဒါကြောင့် မကျေနပ်သူတွေ ရှိလာခဲ့ပြီး ဇနီးလောင်းက အသတ်ခံခဲ့ရပြီး အမေဖြစ်သူက စိတ်ရောဂါ ရသွားခဲ့ပါတယ်။ ဇာတိကိုပဲ ပြန်နေချင်တဲ့ အမေ့ကို အဖော်ပြုပြီး ရှဲ့ဝိန်တုန်းတစ်ယောက် နာမည်ပြောင်းပြီး တရုတ်အရှေ့မြောက်ပိုင်းက သစ်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ရဲ့ ညီမလေးဖြစ်သူ ဝမ်ကျီဟန်က စကားနည်းတဲ့ ရှဲ့ဝိန်တုန်းအပေါ် မေတ္တာတွေ ပိုနေခဲ့ပါတယ်။ အဲဒီအကြောင်းကို ဝမ်ကျီဟန်ကို သဘောကျနေတဲ့ အစ်ကိုပါးက သိသွားတဲ့အခါ ရှဲ့ဝိန်တုန်းနဲ့ အမေဖြစ်သူကို ပြဿနာ လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှမှာ ရှိနေတဲ့ ချန်ပိုင်ချန်ကလည်း ရှဲ့ဝိန်တုန်းကို လိုက်ရှာနေပါသေးတယ်။ အရှေ့ရော အနောက်ရော ရန်သူတွေနဲ့ ပြည့်နေတဲ့ ရှဲ့ဝိန်တုန်းတစ်ယောက် သူနေချင်တဲ့ သာမန်ဘဝမျိုးမှာ နေခွင့်ရမလား…… ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ ဖြတ်ကျော်ရမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

5.8 2024
Once Upon a Time in Asia
Hard Miles
6.4

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာ စိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့ စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊ စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကို လမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီက Review ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေက လူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့ တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023
Hard Miles
Charade
7.8

IMDb 7.8 , ခရမ်းချဉ်သီး RT 94% – Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ – ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။ – ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက – အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ – အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ် – သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ? – ယောင်္ကျား‌ သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့‌ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ – သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Comedy, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

Action • Drama
7.8 1963 113 mins
Charade
The Stepfather
5.6

The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက 1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့ ‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် .. အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်… ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့ အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့ သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီး ဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့ အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကို ကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ နောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့ သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။ အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့ နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား.. ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ….။

5.6 2009
The Stepfather
Asthram
7

Asthram (2025) “အဆုံးစီရင်မှုများရဲ့နောက်ကွယ်…” ထူးခြားဆန်းကြယ်ကိစ္စတွေကို စိတ်၀င်စားတဲ့ ပရိသတ်ကြီးအတွက် လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်စပက်တာအာကီလန်ဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအကြောင်း စုံစမ်းရင်းနဲ့ ထူးခြားချက်တွေ တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအချက်ကတော့တော့ အဲဒီလို သမားရိုးကျမဟုတ်တဲ့ အဆုံးစီရင်မှုမျိုးတွေဟာ နေရာအနှံ့အပြားမှာ တစ်ပုံစံတည်းဖြစ်ခဲ့ကြတာပါ။ နေရာနဲ့အချိန်သာ ကွဲပြားပေမဲ့ လုပ်နည်းလုပ်ဟန်ချင်း အတူတူပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ ဖြစ်တာကြောင့် ဘယ်သူကမှ သေချာမစစ်ဆေးခဲ့ပေမဲ့ အာကီလန်ကတော့ အမှုရဲ့ထူးခြားဆန်းကြယ်မှုတွေကြောင့် ရေဆုံးမြေဆုံး စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဆက်တိုက်ဖြစ်နေတဲ့ အဆုံးစီရင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လို‌ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိနေမလဲ၊ အဲဒီအဆုံးစီရင်မှုတွေဟာ သမားရိုးကျဖြစ်ရပ်လား၊ ကျိန်စာလိုလို သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်နေမှာလား၊ အာကီလန်ကရော အမှုလိုက်ရင်း ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Mystery • Drama
7 2025
Asthram