YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kimetsu no Yaiba - Mugen Ressha-hen - 03 (1080p)(CM).mp4

387.73 MB N/A video/mp4 11020 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Giant Fish 3: Fish Monster of Han River

"အယူသည်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ" မြို့နဲ့ ဝေးလံခေါင်သီလှတဲ့ ကျေးရွာနယ်မြေလေးတွေမှာ နတ်ဆရာမ ၊ စုန်း အစရှိတဲ့ အတတ်ပညာတွေ အယူသီးလေ့ရှိကြပါတယ် ။ ဟန့်ကျန်းဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ ကလေးမီးမဖွားနိုင်တဲ့ မိခင်တစ်ယောက်ကို မီးဖွားနိုင်စေဖို့အတွက် နတ်ဆရာမတစ်ဦးဟာ အောက်လမ်းနည်းပညာ အတတ်တစ်ခုနဲ့ ပြုစားလုပ်ပေးခဲ့ပါတယ် ။ အဲ့ဒီကိစ္စဖြစ်ပျက်ပြီး ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရွာငယ်လေးဆီဝယ် ထူးဆန်းလှတဲ့ သေဆုံးမှုတွေ ထူးဆန်းလှတဲ့ အဖြစ်အပျက်တွေ အဆက်မပြတ်ဆိုသလို ပေါ်လာခဲ့ပါတော့တယ် ။ အဲဒီအထဲကမှ သော်ပေါင် ဆိုသူကလဲ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီး သမီးငယ်လေးဖြစ်သူနဲ့ မြို့မှာသွားရောက်နေထိုင်ခဲ့ပါတယ် ။ တစ်နေ့မှာတော့ သော်ပေါင် တစ်ယောက် မြိူ့ကနေ ရွာငယ်လေးဆီကို တစ်ဖန်ပြန်လာခဲ့တဲ့အခါ...? ထူးဆန်းလှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း သိရှိလိုက်ရပြီးတဲ့နောက် ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အမည်မဖော်နိုင်တဲ့ ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေထဲကမှ အမှန်တရားကိုရှာဖွေပြီး ကဒ်ဆိုးဆိုက်နေတဲ့ ရွာငယ်လေးကို ကယ်တင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Romance
0 2023 80 mins
Giant Fish 3: Fish Monster of Han River
The Courier
7

စစ်အေးတိုက်ပွဲကာလ စပိုင်ဖြစ်ရပ်မှန် ရုပ်ရှင်ကို ဘာသာပြန်ပေးထားပါတယ်။ မင်းသားကတော့ ကျွန်တော်တို့ အချစ်တော် ဘီတာဒင်း ကူကမ်းဘားပါ။ သူလျိုသမိုင်းတလျှောက် တန်ဖိုးအကြီးဆုံး သူလျိုနဲ့ သူ့ရဲ့ သတင်းသယ်ပို့သမားတစ်ယောက်အကြောင်းကို ပြထားတာပါပဲ။ စစ်အေးတိုက်ပွဲအတွင်းက စပိုင်ဇာတ်လမ်းတွေဟာ ရသမျိုးစုံပြီး ရိုက်လို့မကုန် ကြည့်လို့မကုန် ဖြစ်တာမို့ ဒီရုပ်ရှင်ကိုလည်း ပရိသတ်တွေ သဘောကျကြဦးမှာပါ ရုပ်ရှင်ကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ CM Admin Little Neo ဖြစ်ပါတယ် File Size : (2 GB) and (1.2 GB) Quality : 1080P, 720p Format…mp4 Duration… 1h 52min Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Thit San Khant

Crime • Sci-Fi & Fantasy
7 2020 112 mins
The Courier
Fantastic Beasts: The Crimes of Grindelwald
6.9

Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36% 2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။ သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။ အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ခရီးဒန့်စ်ကတော့ သူ့ရဲ့ မိဘနဲ့ဘဝအမှန်ကိုလိုက်ရှာနေပါပြီ။ ဂရင်ဒယ်ဝေါ့ဒ်ကတော့ ခရီးဒန့်စ်ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ ကြိုးစားလာပါတယ်။ ဒမ်ဘယ်လ်ဒိုးကတော့ နျုကိုစေလွှတ်ပြီး ဂရင်ဒယ်ဝေါ့ဒ်ရဲ့ အစီအစဉ်ကို ပျက်အောင် တားဆီးခိုင်းပါတော့တယ်။ ဒီလောက်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်လို့ရမှာပါ။ မထင်မှတ်ထားတဲ့ မြှပ်ကွက်တွေနဲ့ အံ့သြအောင်လုပ်သွားပြီး နောက်ရုပ်ရှင်အတွက် တွေးစရာတွေ ချန်ခဲ့ပါလိမ့်မယ်။ ------------------------------------------------------------ File Size : (2.07 GB) and (0.99 GB) Quality : Blu-Ray (1080p 5.1 and 720p) Running Time : 2hr 14min Format : Mp4 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.DD5.1.x264-iFT Translated by EL'MoH and Littleneo Encoded by Thanhtike Zaw

Crime • Drama • Mystery
6.9 2018 134 mins
Fantastic Beasts: The Crimes of Grindelwald
The Wandering Moon
7

The Wandering Moon ( 2022 ) ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • TV Movie
7 2022
The Wandering Moon
House Cleaning Master

အိမ်ယာမြေအကျိုးဆောင်က “ကျန်းရှို့”ဆိုသူဟာ “လီလိရာ”ဆိုသူကို ‘ရှောင်ယန်လုံ’လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ် “လီလိရာ”ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်… သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။ -ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို… “အလင်းကမ္ဘာရဲ့အမှောင်ထု”ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

0 2023
House Cleaning Master
A Very Vermont Christmas

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။ အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။ ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။ File size…(1.4 GB)/(814 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Horror • Comedy
0 2024
A Very Vermont Christmas
BINI Chapter 1: Born to Win

BINI Chapter 1 Born To Win (2024) ” တစ်မိုးအောက်က မိန်းမပျိုလေးများ” =============================================== ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက် ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုး ဖိလစ်ပိုင်နိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။ အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင် ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ တော်တော်လေးမိုက်တဲ့အပြင် သီချင်းတွေ၊ Performance တွေကလည်း နားဝင်ပီယံ မျက်စိပဒါသရှိတာမလို့ ဒီမှတ်တမ်းရုပ်ရှင်ကို CM Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Action • Adventure • Drama
0 2024
BINI Chapter 1: Born to Win
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
Bogotá: City of the Lost
7.4

Bogotá: City of the Lost (2024) ****************************** IMDb….7.4 ဒီတစ်ခေါက်မှာတော့ ကြည့်ရူသူပရိတ်သတ်ကြီးတို့အတွက် အလန်းစား Crime, Thriller, Action ကားလေးနဲ့ မိတ်ဆက်ပေးပါရ‌စေ။ မင်းသားချော Song Joong-Ki၊ Lee Hee-Joon၊ မင်းသားကြီး Kwon Hae-Hyo နှင့် အခြားသော သရုပ်ဆောင်ပေါင်းများစွာရဲ့ အရှိန်အဟုန်ပြင်းတဲ့သရုပ်ဆောင်မှုများကို ရူစားကြရမှာဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMF အကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှ ဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့ စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာ ဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကို အန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကို ခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကို အောင်မြင်ပါ့မလား..။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ..။ အောင်မြင်မလား ကျရှုံးမလား စတာတွေကို ရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Ni ပဲဖြစ်ပါတယ်…) File Size : 2.10GB/ 980MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Tiff

Drama
7.4 2024 109 mins
Bogotá: City of the Lost
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
The Queen Of Kung Fu 3
6.2

သိုင်းကားတွေကွန်ဖူးချတာတွေမှ ကြည့်ချင်တဲ့ပရိတ်သတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားလာပါပြီ တရုတ်တော်လှန်ရေးခေတ်မှာ သိုင်းလောကနံပါတ်တစ်ရဖိုအတွက် သိုင်းသမားအချင်းချင်းပြန်တိုက်ခိုက်နေကြပါတယ် ဘာလိုနံပါတ်တစ်ရဖိုလိုချင်ကြလဲဆိုရင် နိုင်ငံခြားသားကုန်သည်တွေဟာ သိုင်းလောကနံပါတ်တစ်သမားနဲ့ပဲပူးပေါင်းပြီး လောင်းကစားတွေ လူကုန်ကူးတာတွေ မူးယစ်ဆေးဝါးတွေလုပ်လိုပါပဲ အဲ့အချိန်သိုင်းလောကနံပါတ်တစ်ရရှိထားသူကတော့ မင်ဂိုဏ်းကခေါင်းဆောင်အားရှီပါ ဒါပေမဲ့သူကနိုင်ငံခြားသားတွေနဲ့မပူးပေါင်းပါဘူး အဆင့်တစ်နဲ့မှပူးပေါင်းချင်တဲ့နိုင်ငံခြားသားတွေနဲ့ အဆင့်တစ်ကိုလိုချင်တဲ့လုံဂိုဏ်းဟာအားရှိကိုလုပ်ကြံကြပါတော့တယ် သူတိုပဲလုပ်ကြံနိုင်မလားအားရှီကဘာတွေပြန်လုပ်ပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုပေးပါနော် သိုင်းချခန်းတွေကတော့ ရှယ်ပါပါတယ်

6.2 2022
The Queen Of Kung Fu 3
The Deceased (aka) Almarhum
5.6

The Deceased (aka) Almarhum (2025) “မရဏကျိန်စာ” CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို့ တကယ်ကြည့်လို့ကောင်းပါတယ်။ ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တို့ဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေ‌သူပါ။ မိဘနဲ့သားသမီးကြား မပြောပလောက်တဲ့ အသေးအဖွဲကိစ္စလေးတွေကလွဲရင် ဘာကြီးကြီးမားမားပြဿနာမှမရှိဘဲ သာယာတဲ့ သာမန်မိသားစုလေးတစ်ခုပါပဲ။ တစ်နေ့တော့ အဲဒီမိသားစုလေးထဲ မုန်တိုင်းထန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူသေဆုံးသွားတာကြောင့်ပါပဲ။ သေဆုံးတာကလည်း ကံဆိုးတဲ့ရက်လို့ ယူဆကြတဲ့နေ့မှာပါ။ သူတို့ဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။ မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို တကယ်ပဲထိခိုက်စေမှာလား၊ ဘယ်လိုချောက်ချားစရာအဖြစ်တွေကြုံရမလဲ၊ မိသားစုက အဲဒီအဖြစ်ကိုတားဆီးနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Team ဖြစ်ပါတယ်။)

Romance • Comedy • Drama
5.6 2025 102 mins
The Deceased (aka) Almarhum