YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Kim.Bu.Aile.2022.TURKISH.1080p.(CM).mp4

2.2 GB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Soldier
6.4

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ အက်ရှင်ဇာတ်ကားလေးဟာ သာမန် စစ်ကားတစ်ကားထက်ပိုတဲ့ ခေတ်ဟောင်း ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးကို ကြည့်ရင်း ကျွန်တော်တို့ ငယ်စဥ်က တစ်အုပ် ၁၀၀ ၁၅၀ နဲ့ ငှားဖတ်ခဲ့ရတဲ့ ဒီရဲဂျာတို့ ရာမာဖုံတို့လို ကာတွန်းစာအုပ်တွေကိုတောင် ပြေးသတိရမိပါသေးတယ် " စစ်သား ဆိုတာ မိတ်ဆွေ နဲ့ မိသားစု မရှိရဘူး စစ်ပွဲက မိတ်ဆွေဖြစ်ပြီး တပ်စုကြီးက မိသားစုပဲ " ဒါ ဇာတ်ကားထဲက စာသားလေး လက်မရွံ့တပ်သားတွေဖြစ်အောင် ကလေးဘ၀ထဲကနေ ပြုစုပျိုးထောင်ရင်း အင်အားကြီးလာတဲ့ တပ်စုကြီးတစ်စု...အချိန်ကြာလာတဲ့အခါမှာ လက်မရွံ့တပ်သားတွေလည်း အသက်ကြီးကြရတာပဲ ဒါကိုမှ ကာနယ်မက်ကမ် ဆိုတဲ့သူဟာ မျိုးရိုးဗီဇပြုပြင်ပြီး မွေးထုတ်ထားတဲ့ စက်ရုပ်ဆန်ဆန် စစ်သားတွေနဲ့ အစားထိုးဖို့ လုပ်လာတယ် တော့ဒ်ကတော့ တပ်စုကြီးရဲ့ စစ်သားဟောင်းတွေထဲက အထူးချွန်ဆုံး စစ်သားတစ်ယောက်ဖြစ်ပြီး တပ်သားသစ်တွေနဲ့ အစားထိုးဖို့လုပ်ရင်း စွန့်ပစ်ခံလိုက်ရတော့တယ် အဲဒါကပဲ သူ့အတွက် ကောင်းဖို့ဖြစ်လာတယ်လို့ပြောရမလား ဘ၀မှာ အမိန့်တွေနာခံရတာထက် ပိုသာတဲ့အရာတွေ ရှိသေးတယ် ဆိုတာ စွ့န်ပစ်ခံရတဲ့နေရာက ဖုန်းဆိုးမြေမှာ နေထိုင်သူတွေက သူ့ကို စောင့်‌ရှောက်ပေးလို့ သိခဲ့ရတယ် တိုက်ဆိုင်ချင်တော့ တပ်စုကြီးဟာ သူတို့ရဲ့ မျိုးဗီဇပြုပြင်ထားတဲ့ တပ်သားသစ်တွေကို စမ်းသပ်ဖို့ အဲဒီစွန့်ပစ်မြေကြီးကို ရွေးချယ်လိုက်တဲ့အခါမှာတော့ တော့ဒ် တစ်ယောက် မြေပြင်ပေါ်က လူတွေကို စောင့်ရှောက်ဖို့ တစ်တပ်လုံးနဲ့ တစ်ယောက် ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ် အဟောင်းထဲက အကောင်းဖြစ်တဲ့ အက်ရှင်ကားလေးမို့ ဒေါင်းရတာ တန်စေမယ်လို့ အာမခံပါတယ် File size…(1.96GB)/(1.16GB)/(695MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Action / Drama / Sci -fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck

Drama • Music • Romance
6.4 1998 99 mins
Soldier

IMDb Rating - 6.5/10 စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့... ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM

Drama
null 2020
No Escapes
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Licorice Pizza
7

ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ အကြောင်းပေါ့။ ဒီအော်စကာဆန်ကာတင်ကားကြီးရဲ့ အဓိကသရုပ်ဆောင်နှစ်ယောက်ကတော့ ပထမဆုံးစပြီးရုပ်ရှင်ရိုက်ဖူးတဲ့လူသစ်တွေဖြစ်နေတာ ထူးဆန်းတဲ့အချက်ပါပဲ။ ဒီရုပ်ရှင်လေးကို ဒါရိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်လောက်ကတည်းက စိတ်ကူးရခဲ့တာပါ။ ဆိုင်လေးတစ်ခုမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က အသက်ကြီးတဲ့ ဝန်ထမ်းကောင်မလေးကို ကြူနေတာကိုတွေ့ပြီး တကယ်လို့သာ ဆယ်ကျော်သက်လေးက ချိန်းတွေ့ဖို့ ခေါ်ကြည့်တာကို မမကြီးက လက်ခံပြီးရောက်လာခဲ့ရင် ဘာဆက်ဖြစ်မလဲဆိုပြီး စိတ်ကူးမိခဲ့တာပါတဲ့။ ပြီးတော့ ဒီဇာတ်ကားမှာ ဘရက်ဒလေကူးပါး ပါတာကိုလည်း လူငယ်လေးတွေကို ကြိုပြောမထားဘဲ ရိုက်ကွင်းမှာ အံ့ဩအောင်လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လီယိုနာဒိုရဲ့ ဖခင်ကြီးကိုလည်း ရေမွေ့ရာရောင်းတဲ့ ဘိုးတော်ကြီးအဖြစ် ထည့်သွင်းထားခဲ့ပါသေးတယ်။ ဘရက်ဒလေကူးပါး အင်တာဗြူးတစ်ခုမှာဖြေခဲ့တာက ဒီရုပ်ရှင်မရိုက်ဖြစ်ခင်မှာ သူ သရုပ်ဆောင်ဘဝက အနားယူဖို့တောင်စဉ်းစားနေပြီတဲ့။ သူက ဒါရိုက်တာ ပေါလ်အန်ဒါဆန်ရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် ‘Licorice Pizza’ မှာပါခွင့်ရမယ်ဆိုမှ ဘယ်အခန်းကပဲ ပါရပါရဆိုပြီး ပြန်ရိုက်ကူးဖြစ်ခဲ့တာပါတဲ့။ ဇာတ်လမ်းအမျိုးအစားကတော့ ဟာသ ဒရာမာ ရိုးမန့်စ် ပါပဲ။ ၁၉၇၃ ဝန်းကျင် လူငယ်ဘဝနဲ့ ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံအစုံကို အခြေခံထားပါတယ်။ သူတို့နှစ်ယောက် သရုပ်ဆောင်လောကမှာ ကြိုးစားကြတာတွေ၊ စီးပွားရေးအသစ်အဆန်းတွေ ကြိုးစားကြတာတွေ၊ နိုင်ငံရေးမှာ ဝင်ပါကြတာတွေ တဖြည်းဖြည်းအရွယ်ရောက်လာကြတာတွေကို ပြသထားပါတယ်။ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအတွက်တော့ ၂၀၂၁ ရဲ့ အကောင်းဆုံးရုပ်ရှင်ထဲက တစ်ကားကို လက်လွတ်မခံသင့်ပါဘူး။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:13:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
7 2021 133 mins
Licorice Pizza
All the Bright Places
7.7

နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်း တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် … ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ … ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ … အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်… သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာ ယဉ်သကို ဆိုသလို ဗိုင်အိုလက်က ဖင့်ချ်ကို မောင်းထုတ်လိုက်ပါတယ် … တစ်ခါတစ်ရံမှာ အဖြုရောင်က တကယ်ပဲဖြူသလား အမည်းရောင်က တကယ်ပဲမည်းသလား … ပျော်ပျော်နေတတ်တဲ့ သူရဲ့ နောက်ကွယ်မှာ ဘယ်လိုအမှောင်ဖက်ခြမ်းတွေရှိသလဲ … အမှောင်ထဲကလူတစ်ယောက်ဟာ အလင်းတစ်ခုဖြစ်လာနိုင်သလား ဒါတွေဟာ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့အရာတွေပါပဲ … ရိုးရှင်းသော်လည်း မြင်ရခက််တဲ့ အလင်းရောင်တွေကို ဟောဒီ all the bright places ဆိုတဲ့ ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်လားရွှေပွဲလာ ပရိသတ်ကြီးရေ…. File Size : (1.80 GB) and (850 MB) Quality : NF WEB-DL (1080p 5.1 and 720p) Running Time : 1hr 47min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.Atmos.x264-NTG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.7 2020 108 mins
All the Bright Places
Runaway God of Wealth 2
6

အတွဲ ၁ ရှိပါသေးတယ် အခုဇာတ်ကားကလဲ အတွဲ ၁ ရဲ့ အဆက်မဟုတ်ပါဘူး နာမည်သာတူပြီး ဇာတ်လမ်းကတခြား Plot နဲ့လာတာမို့ မကြည့်ရသေးလဲ အတွဲ ၂ ကိုတန်းကြည့်လို့ရပါတယ် ကြည့်ချင်သူများအတွက် လင့်ပေးထားပါတယ် အတွဲ ၁ ကြည့်ရန် ဒီကိုနိပ့်ပါ ❏ ဆင်းရဲမွဲတေနေတဲ့ သူ့ရဲ့ဘဝကို အမြဲ အပြစ်တင်လေ့ရှိသူ ၊ ချစ်ရသူ အမျိုးသမီးကိုလဲ သူဒီလို နိမ့်ကျရတဲ့ ဘဝရောက်တာဟာ သူကြောင့်ဟု အမြဲတမ်း အပြစ်တင်လေ့ရှိသူ ၊ လက်ရှိလုပ်ကိုင်ရာ အလုပ်ထဲမှာလဲ အဆင်မပြေဖြစ်နေသူ – ဝမ်ကျားချန် တစ်နေ့မှာတော့ ဝမ်ကျားချန်တစ်ယောက် နတ်ပြည်မှ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားတစ်ပါးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဝမ်ကျားချန်ဟာ နတ်ဘုရားရဲ့ ကံ​ကောင်းခြင်း သံလိုက်အိမ်မြှောင်ကို ဖျက်ဆီးမိလိုက်ပြီး ၎င်းကို ၁၀ ရက်အတွင်းမှာ ပြန်ပြင်ပေးရမှာပဲဖြစ်ပါတယ် ။ ၁၀ ပြီးလို့ မပြင်နိုင်ပါက သူ့ရဲ့အသက်ကို ပေးဆပ်ရမှာဖြစ်တာမို့ ကြိုးစားပြီး ပြင်ဆင်ဖို့ လုပ်ကိုင်ခဲ့ပါတယ် ။ ၁၀ ရက်ပြီးတဲ့နောက် ဝမ်ကျားချန်ဟာ ချစ်သူမိန်းကလေးဖြစ်သူ ဝမ်ရှောင်ဟွားနဲ့ အတူတူပူးပေါင်းကာ တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ခဲ့ပြီးတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားက သူ့ကို ဆုလာဘ်အနေနဲ့ ချမ်းသာတဲ့ဘဝတစ်ခုကို အပ်နှင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒီချမ်းသာတဲ့ဘဝတစ်ခုရဲ့ ပေးဆပ်မှူဟာဆိုရင် သူ့ရဲ့ချစ်ရသူ မိန်းကလေး သူ့ကို မေ့ပျောက်သွားတဲ့ ပေးဆပ်မှုဖြစ်တဲ့အကြောင်းသိရှိသွားတဲ့အခါ …? ❏ ဝမ်ကျားချန်တစ်ယောက် သူ့ရဲ့ ကံကြမ္မာတွေကိုပြောင်းလဲနိုင်ပါ့မလား ? ❏ အဖြစ်မှန်အားလုံးသိပြီးတဲ့နောက်မှာ အရာတွေအားလုံးဟာ ပြန်ပြင်ဖို့ အခွင့်အရေးရှိပါဦးမလား ? ❏ အမြဲတမ်း ချမ်းသာချင်နေတဲ့ ဝမ်ကျားချန်တစ်ယောက် ချမ်းသာပေမဲ့လဲ အထီးကျန်နေတဲ့ဘဝကြီးကို ဆက်လက်အံတုနိုင်ပါ့မလား? ❏ ဘာတွေဆက်ပြီးဖြစ်ကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါ ။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ ငွေ နဲ့ မေတ္တာတရားမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာ ခွဲခြားသိမြင်လာစေမှာ အမှန်ပါပဲရှင် ။

6 2021
Runaway God of Wealth 2
All You Need Is Death
5.2

“အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ” အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။ သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ……? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ……..? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ဇာတ်ကားအမျိုးအစားကတော့ Horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.45 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

5.2 2023 97 mins
All You Need Is Death
Lock-On Love

Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။ မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ရှိစုမဲ့စု မာနလေးပါ ကုန်သွားပါတော့တယ်။ သူ့လိုလူကိုမှ ငြင်းရလားဆိုတဲ့ စိတ်နဲ့ ထပ်ဖန်ကြိုးစားရင်းက အဲ့ဒီမိန်းကလေးကို အတည်ချစ်မိသွားတဲ့နောက်မှာတော့… ကျောင်းသားအချစ်ကား ပေါ့ပေါ့ပါးပါးလေးလို့အလွယ်လေးပြောရင် ရပေမဲ့ အဲ့ဒီ့ထက်လည်းပိုပါတယ်၊ တစ်ဖက်က တံတိုင်းကြီးကာချိန် တစ်ဖက်က တံတားထိုးနေခဲ့သလိုပေါ့.. ။ လူသား ၂ယောက်ကြား တူညီတဲ့ မေတ္တာပေါက်ဖွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှလည်း မဟုတ်တာ။ လူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို အလုံးစုံနားလည်နိုင်ဖို့မဖြစ်နိုင်ဦးတောင် အကောင်းဆုံးလုပ်ပေးနိုင်တာတွေဟာတော့ လက်လှမ်းမီတဲ့နေရာတွေမှာ အမြဲရှိပါတယ်။ သူ့အတွက်ဆိုပြီး တွေးပေးနေသ၍ အားထုတ်မှုတိုင်းဟာ သေးငယ်တယ်ရယ်လို့ မရှိပါဘူး။ ချစ်ခြင်းမေတ္တာဟာ ကြာကြာနှပ်ထားတဲ့ ဟင်းတစ်ခွက်လိုပါပဲ.. အချိန်နဲ့ အားစိုက်မှုပေးလေလေ အရသာရှိတဲ့ အမယ်တစ်ခွက် ရလေလေပေါ့။ အညွှန်းရေးသူကတော့ Zပါ။ File size… 1.4 GB / 677 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Z

0 2018
Lock-On Love
Small Things Like These
7.2

Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန် သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ် Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီ မက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားက အမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့ အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေက ခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက် ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန် ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကို စောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်း ဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့ စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့် နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။ နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါ ပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့ သူဖြစ်သလို သမီးငါးယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ မက်ဒလင်း ဂေဟာတွေကို ထင်းမီးသွေးသွားပို့ရင်းနဲ့ ကလေးမလေးတွေ မတရား ခံနေရတာကို မကြာခဏတွေ့ရတတ်တဲ့သူပါ။ ဒါပေမဲ့ အဲဒီခေတ်က မက်ဒလင်း သီလရှင်တွေနဲ့ ပြဿနာတက်မိရင် တစ်မြို့လုံးက အကျဉ် ခံရနိုင်သလို သူ့သမီးတွေလည်း ကျောင်းတက်ခွင့်တောင် မရမှာ စိတ်ပူ ရလို့ အစွမ်းကုန် ရေငုံနှုတ်ပိတ်နေရတဲ့သူလည်းဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူရဲကောင်းကြီးလို ဖိုက်တာကြီးလို ဇာတ်ရုပ် မဟုတ်ဘဲ ရိုးသားတဲ့ အိမ်ထောင်ရှင်တစ်ယောက်က သူ့သမီးတွေအကျိုးနဲ့ သနားစရာ မိန်းကလေးတွေကိုကယ်ချင်တဲ့စိတ်တွေကြားမှာ လွန်ဆွဲ နေပြီး နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတဲ့ အခြေအနေကို ရိုက်ပြထားတာပါဖြစ်ပါတယ်။ မင်းသားရဲ့ဖန်ပဲဖြစ်ဖြစ် သမိုင်းနောက်ခံကားတွေကြိုက်တဲ့သူတွေပဲ ဖြစ်ဖြစ် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းပါပဲ။ File size… (4.90GB) / (1.96GB) / (593MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 38m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.2 2024 99 mins
Small Things Like These
Circle of Atonement
6.7

Circle of atonement (2015) *************************** မင်းသမီးချောလေး Kim You-Jung ငယ်စဉ်တုန်းက ရိုက်ကူးထားပြီး မင်းသမီး Seo Yea-Ji, မင်းသား Son Ho-Jun, Sung Dong-Il တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystery ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရက်စက်တဲ့လူသတ်မှုတစ်ခုအပြီး ၁၀ နှစ်အကြာမှာ… Nam Chul-Woong(Son Ho-Jun)ဆိုတဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်ဟာ Lee Jung-Hyun (Kim You-Jung)တို့ရဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ Lee Jung-Hyunရဲ့ အဖေကတော့ ထူးချွန်ထက်မြက်တဲ့ စုံထောက် Lee Sang-won (Sung Dong-il) ဖြစ်ပါတယ်။ တစ်ဦးချင်းစီမှာ လျှို့ဝှက်ချက်တွေရှိနေကြတဲ့ သူတို့ ၃ ယောက်ဟာ တကယ်ပဲ ကံကြမ္မာအရ တွေ့ဆုံဖို့ ဖြစ်ခဲ့လေသလား… ဒါမှမဟုတ် တွေ့ဆုံရအောင် တမင်အကြောင်းဖန်ပြီး လက်စားချေဖို့အတွက်ပဲ လာခဲ့လေသလား… အတိတ်က လူသတ်မှုရဲ့နောက်ကွယ်မှာ သူတို့သုံးယောက်ဟာ ဘယ်လိုအကြောင်းတရားတွေနဲ့ ပက်သက်မှုရှိနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.2GB / 510MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama
6.7 2015 102 mins
Circle of Atonement
Beyond the Reach
5.9

Beyond the Reach (2014) ************************ IMDb… 5.9 မိုဂျာဗီ သဲကန္တာရရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ အမဲလိုက်ဖို့ ထွက်လာတဲ့ သူဌေးကြီး (Michael Douglas) နဲ့ လမ်းပြလူငယ် (Jeremy Irvine) တို့ မမျှော်လင့်တဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ… ဘယ်သူက တကယ့် သားကောင်ဖြစ်လာမလဲ.. ရက်စက်တဲ့ သဲကန္တာရထဲ အသက်ရှင်ဖို့ အခွင့်အရေးက ဘယ်လောက်ထိ နည်းပါးလဲ.. သည်းထိတ်ရင်ဖိုနဲ့ အချိန်နဲ့အမျှ ပြိုင်ဆိုင်ရမယ့် ဒီခပ်အေးအေးဇာတ်လမ်းက ဇာတ်ကားအဆုံးထိဆွဲခေါ်သွားမယ့် ‘Beyond the Reach’ ရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်လေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ ZWT ပဲ ဖြစ်ပါတယ်။) File Size : 1.54GB/750MB Quality : BluRay 1080p/ 720p Format…mp4 Duration…01:21:55 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ZWT Encoded by Tiff

Horror • Comedy
5.9 2014 95 mins
Beyond the Reach
The Pickup
6.7

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာ Eddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Russell (Eddie Murphy) က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကားမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) နဲ့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။ တစ်နေ့မှာ သူတို့ရဲ့ငွေသယ်ယာဉ်ကို Zoe (Keke Palmer) ဦးဆောင်တဲ့လုယက်သူတွေက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့ကို Atlantic City မှာရှိတဲ့ ကာစီနိုတစ်ခုက ဒေါ်လာသန်း ၆၀ ခိုးယူရာမှာပါဝင်ဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ Zoe ရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေကိုကာစီနိုက မတရားဆက်ဆံခဲ့တာကို လက်တုံ့ပြန်ဖို့ပဲဖြစ်ပါတယ်။ Russell တစ်ယောက် ဇနီးနဲ့နှစ်ပတ်လည်အတွက် အိမ်ပြန်နိုင်မှာလား၊ Travis ကရော သူ့အိပ်မက်ဖြစ်တဲ့ရဲဖြစ်လာနိုင်မလား၊ Zoe ကတော့ လက်စားချေနိုင်မှာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.66GB) / (982MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 34m Genre ….Comdey , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Mystery
6.7 2025 94 mins
The Pickup