YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Killing.Eve.S02E01.1080p.final.mp4

704.31 MB N/A video/mp4 1000 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Captive
5.8

Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူက ရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါ ဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။ သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်‌ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန် သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင် မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကို ပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Horror • Mystery • Thriller
5.8 2014 112 mins
The Captive
(18+) Biyak
4.5

တချိန်တခါက မြန်မာကားတွေကို ကျွန်တော်တို့တွေ အားရပါးရ ဖောင်းထုခဲ့တဲ့ အချိန်တွေကို မှတ်မိကြမှာပါ မအေးအေးဝင်းစီစဉ်သည်တို့ ဇာတ်သိမ်းပိုင်းကြ လူစုံတက်စုံးပြေးကြသည်တို့ meme တွေတပြုံတခေါင်းကြီးနဲ့ကို ဖောင်းထုခဲ့ကြတဲ့ ပျော်စရာအချိန်လေးတွေပေါ့ ဒါပေမဲ့လဲ မြန်မာကားတွေကတော့ ပြောင်းလဲသွားရိုးထုံးစံမရှိခဲ့ပါဘူး ဒါပေမဲ့လဲ တအားကြီးတော့ စိတ်ပျက်မသွားကြပါနဲ့ ကိုယ်တွေလိုပဲ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ တအားကို မြန်မာဆန်တဲ့ ဇာတ်ကားတွေရှိသေးတယ်ဆိုတာ သတိရလိုက်ပါ။ ခု ဇာတ်ကားလေးကလဲ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ မြန်မာကားကို upgrade မြင့်ထားတဲ့ ဒေသတွင်း ဖိလစ်ပိုင်ကားလေးဖြစ်ပါတယ် နဲနဲပိုသွားတာဆိုလို့ ဇာတ်ကားနဲ့ ဘာမှမဆိုင်တဲ့ sex scene လေးနဲနဲပိုပါလာတာလေးပဲရှိပါတယ်။ ဇာတ်လမ်းကလဲ နိုင်ငံခြားက ဂိ ဇာတ်ကားကြီးတွေလို ခေါင်းရှုပ်ခံပြီး စဉ်းစားစရာမလိုပဲ ဘာပြီးဘာဖြစ်မယ်ဆိုတာ ပျော်ပျော်ကြီး ခန့်မှန့်လို့ရပါတယ်။ God of War ကို easy mode နဲ့ ဆော့ပြီး Boss တွေကို အားရပါးရ ရှယ်ခုတ်နေရသလိုပါပဲ။ အဲ့လောက်ပျော်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို လက်လွတ်မခံပဲ ခုဘဲဒေါင်းကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ P.S ဇာတ်လမ်းအကျဉ်းကတော့ မရေးတော့ဘူး ဇာတ်လမ်းအကုန်သိသွားမှာစိုးလို့ File Size - 1.26GB / 554MB Quality - 1080p WEBDL / 720p Subtitle - Myanmar Subtile (Hard Sub) Translator - Andrew Mason Encoder - X Cross

Horror • Thriller
4.5 2022 79 mins
(18+) Biyak
(18+)Parasite Choon
5

(18+)Parasite Choon (2021) ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကား ကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ် မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါ အကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး File size…1.4GB / 652MB Quality…1080p  /720p Format…mp4 Duration….1h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX

Drama
5 2021 60 mins
(18+)Parasite Choon
Enemy Mine

Enemy Mine (1985) ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့.. ဇာတ်လမ်းအကျဉ်း နှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ… ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့… ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်.. ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis Quaid (The Day After Tomorrow/Jaws 3-D) Louis Gossett Jr. (Jaws 3-D)တို့ပဲဖြစ်ပါတယ်.. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.24GB) / (980GB) / (631MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 1985 108 mins
Enemy Mine
All Souls

Billboard ရဲ့ Top 10 စာရင်းထဲထိပါအောင် အကြိမ်ကြိမ်နာမည်ကြီးခဲ့တဲ့ The Fate Of The Furious ဇာတ်ကားရဲ့ Sound Track ဖြစ်တဲ့ “Good Life” ဆိုတဲ့သီချင်းကို သီဆိုခဲ့တဲ့ The Bay Boyz အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ American Rapper တစ်ယောက်ဖြစ်တဲ့ တေးရေး၊ တေးဆို၊ သရုပ်ဆောင် G-Eazy က မူးယစ်ရာဇာနေရာကနေ သရုပ်ဆောင်ထားပြီး မင်းသားကြီး Leonardo DiCaprio ရဲ့ Once Upon a Time in Hollywood ဇာတ်ကားထဲမှာ ဆေဒီ နေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးငယ်လေး Mikey Madison တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်ကားလေး တစ်ကားပါ သမီးလေးတစ်ယောက်နဲ့ ဘဝကို မူးယစ်ဆေးဝါးရောင်းပြီး ခက်ခက်ခဲခဲရုန်ကန်နေတဲ့ ရေးဗား ဆိုတဲ့ကောင်မလေးတစ်ယောက် တနေ့မှာ ရဲတွေလက်ထဲရောက်သွားတယ် ရဲတွေက သူ့ကိုလိုချင်တာမဟုတ်ဘဲနဲ့ သူ့အရင်ရည်းစားဟောင်း မူးယစ်ရာဇာဖြစ်တဲ့ ဆိုင်လက်စ် ကိုဖမ်းချင်တော့ သူ့ကို အသွင်ယူပြီးလှုပ်ရှားခိုင်းတော့တာပေါ့ ရဲတွေရဲ့ အကြပ်ကိုင်စေခိုင်းမှုတွေနဲ့ ဆိုင်လက်စ် ရဲ့အဖွဲ့အကြားမှာ သူ့သမီးလေးကို ဆက်ပြီးတော့ စောင့်လျှောက်ခွင့်ရရေးအတွက် မိခင်တစ်ယောက်ရဲ့ ကိုယ့်သမီးကိုချစ်တဲ့ဇောနဲ့ ရှယ်ပလန်နဲ့ ဘယ်လိုတွေပွဲကြမ်းဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Comedy • Drama
0 2023
All Souls
DeAr
6.6

DEAR (2024) ( ချစ်သော) 2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်း နိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါ နာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင်‌လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့ သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။ စမိတ်ဆက်‌တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီး အိပ်‌ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ‌။ တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့ အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီး နှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှ သတို့သမီးရဲ့‌အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါ ငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့် ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့ မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။ အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲ လက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAM ကပဲဖြစ်ပါတယ်။

War • Action • History
6.6 2024 134 mins
DeAr
Geylang

မကာအိုလိုပြောလိုက်ရင် အပျော်အပါးမျိုးစုံ ဒုစရိုက်မျိုးစုံနဲ့ပြည့်နှက်နေတဲ့နေရာဆိုတာ အားလုံးသတိထားမိကြမှာပါ။ ဒီတစ်ခါမှာလည်း မကာအိုလိုအပျော်အပါးမြိုကြီးကို အခြေခံပြီး​တော့ ဂေးလန်းဆိုတဲ့ လောင်းကစား၊ အပျော်အပါးရမ္မက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးအကြောင်းကို တစိုးတစွင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဂေးလန်းက လိင်လုပ်သားအမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အမတ်ရွေးကောက်ပွဲကလည်နောက်တစ်နေ့ဆိုစတော့မှာဖြစ်ပါတယ်။ အမတ်အဖြစ်ဝင်ပြိုင်ချင်တဲ့လူရဲ့ အမျိုးသမီးစီလင်းက ဒီကိစ္စသူနဲ့ဆက်စပ်နေတာကိုသိလိုက်ရတဲ့အခါမှာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားရင်း ကိစ္စတွေက ထင်ထားတာထက် ပိုပြီးရှုပ်ထွေနေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(1.4GB)/(680MB) Quality_Web DL 1080p HEVC / 720p Format_mp4 Duration_01:27:00 Genre_Action, Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

0 2023 87 mins
Geylang
Jezabel Sünden der Vergangenheit
5.8

Jezabel (2022) IMDb Rating (5.8) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ စပိန်လူငယ် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Thriller, Crime အမျိုးအစားပါ။ ဇာတ်လမ်းအစမှာ‌တော့ လိင်ကိစ္စတွေ ဆေးတွေနဲ့ ထင်တိုင်းကြဲနေကြတဲ့ ရေပေါ်ဆီ အထက်တန်းကျောင်းသူ၊‌ ကျောင်းသားအဖွဲ့ကို ရိုက်ပြထားပါတယ်။ အဲ့ဒီအဖွဲ့သာ ယောကျာ်း‌လေး အုပ်စုလိုက် ပျော်ပါးနေကြရင်း တစ်ရက်မှာ သူတို့အဖွဲ့ထဲက Eli ဆိုတဲ့ ကောင်မလေးတစ်ယောက်က အသတ်ခံလိုက်ရပါတယ်။ အဲ့လိုနဲ့ နှစ်တွေကြာပြီးနောက် အဖွဲ့ထဲကတစ်ယောက်က သူ့‌ကောင်လေးကို ငယ်ငယ်ကအကြောင်း‌တွေပြောရင်း အဲ့ဒီ သေဆုံးမှုကို အစဖော်မိသွားပါတယ်။ သူ့ကောင်လေးက Journalist ဆိုတော့ ထုံစံအတိုင်း အမှုကို အစကနေ သူ့ဘာသာသူ ပြန်စုံစမ်းရင်း ဘာတွေကိုသိသွားမှာလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အိပ်ယာပေါ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတာမို့ 18 ယောက်စုပြီးမှ ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။) File size…(1 GB) / (560 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Mystery,Romance,Thriller Duration….01:47:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ivy Noe

Horror • Thriller
5.8 2022 108 mins
Jezabel Sünden der Vergangenheit
Dan Hawk Psychic Detective
4.7

Dan Hawk Psychic Detective (2024) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Crime/Thriller မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Ben Shockley ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစကားပြော ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ Dan Hawk ဟာ ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး စာရေးဆရာတစ်ဦးအဖြစ် အသက်မွေးနေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့စာအုပ်စီးရီးဖြစ်တဲ့ Pumpkin Head ဝတ္ထုတွေထဲက ဇာတ်ကောင်အတိုင်း ဖရုံသီးကြီးခေါင်းစွပ်ထားတဲ့ serial killer တစ်ဦး ပေါ်ပေါက်လာချိန်မှာတော့ Dan Hawk တစ်ယောက် တရားခံဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဗြိတိသျှစကားပြောဇာတ်လမ်းဖြစ်ပြီး ဘတ်ဂျက်ဇာတ်ကား တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းလေးက ကြာချိန်တိုပြီး ဇာတ်အိမ်ရိုးရှင်းတဲ့အတွက် အပျင်းပြေ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wilfenheim ဖြစ်ပါတယ်။) File size…(630 MB) / (350 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:09:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wilfenheim

Action • Crime
4.7 2024 68 mins
Dan Hawk Psychic Detective