Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
TV Movie • Romance • Comedy
6.8
1982
96 mins