YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Khemjira (2025) E05 720p WEB-DL [RMC].mp4

421.18 MB 720p video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Radhe Shyam
5.2

အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့ အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင် Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်... Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်က တီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့ Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်း အရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်း မတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။ "အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု".... လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော..... လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana.... "ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း" အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ ..... ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာ‌ကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။ IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကို မင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါ‌ရစေ။ File size…1.2GB / 2.65GB / 5.8GB Quality…720p WEB DL / 1080p WEB Dl AAC 5.1CH  Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet & Poe & Go-O & Jerrica

Crime • Drama • Thriller
5.2 2022 138 mins
Radhe Shyam
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
The BFG
6.3

2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ ------------------------------------------------------- File Size     :   845 MB Duration    :   1: 58 : 00 Quality       :   Bluray rip Translator/Encoder  :  Littleneo Format       :   MP4

Action • Comedy • Crime • Thriller
6.3 2016 117 mins
The BFG
Marvin’s Room
7

Marvin’s Room(1996) ******************* အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ…. တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin’s Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

7 1996
Marvin’s Room
Golda
6.1

Golda (2023) ~ IMDb – 6.1/10, Rotten Tomatoes – 53% ~ အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် နိုင်ငံအပေါ် ဂိုလ်ဒါရဲ့ကြိုးပမ်းမှုကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 670MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 40Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.1 2023
Golda
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
Flawless
6.7

ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.7 2007
Flawless
Uyir Thamizhukku
7

Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လို အခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်

7 2024 128 mins
Uyir Thamizhukku
100 Yards
6

တရုတ်ကွန်ဖူးအက်ရှင်ရုပ်ရှင်မှ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်အက်ရှင်ကားကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1920 ခုနှစ်မှာ ထျန်းကျင်းသိုင်းခန်းမရဲ့ ခန်းမသခင်ကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။ သခင်ကြီးဟာ အသက်ရှင်စဉ်က သားဖြစ်သူရှန်အန့်ကို ရှုပ်ထွေးလှတဲ့ သိုင်းလောကထဲက ထွက်ခွာစေချင်တဲ့အတွက် သူ့အတွက် ဘဏ်မှာ အလုပ်တစ်ခု ရှာပေးခဲ့ပြီး တပည့်ကြီး ချီချွမ်ကို ဆက်ခံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှန်အန့်ကတော့ ဒီဆုံးဖြတ်ချက်ကို မကျေနပ်နိုင်ဖြစ်ခဲ့ပါတယ်။ သူ့အဖေနီးပါး သိုင်းပညာမှာ ပါရမီပါပေမဲ့ အဖေ့ကို မျက်နှာလိုက်တယ်လို့ ထင်ခဲ့ပြီး ဂိုဏ်းတူအစ်ကို ချီချွမ်းကို သိုင်းပညာအရ စိန်ခေါ်ဖို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချီချွမ်းဟာ သိုင်းလောကရဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ်ဖောက်ဖျက်နေတဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ရပါတယ်။ သိုင်းလောက အကြီးအကဲတွေက ရှန်အန့်ကို ပြန်လာစေချင်ပြီး သိုင်းယှဉ်ပြိုင်တဲ့ နည်းလမ်းနဲ့ ချီချွမ်းကို သိုင်းလောကထဲက နှင်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ သိုင်းလောက ရှုပ်ထွေးမှုတွေ၊ အက်ရှင်သိုင်းကွက် လှလှလေးတွေ ၊ 1920 ပတ်ဝန်းကျင်က ရုပ်ရှင်ရိုက်ကွက် လှလှလေးတွေ အားလုံးကို ခံစားရမှာ ဖြစ်တဲ့အတွက် အက်ရှင်ရုပ်ရှင်ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်ဆိုရင်လည်း မမှားဘူးနော်။

Drama
6 2024
100 Yards
: A Space Odyssey (1968)
8.3

2001: A Space Odyssey (1968) **************************** IMDb….8.3, Rotten….92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကို ပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်… ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး ၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာ ရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။ အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာ မမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီကားဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင် 2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ 2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ အနာဂတ်ဟောစာတမ်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ လူသားတွေဆီရောက်ရှိလာတဲ့ ကျောက်တိုင်ကြီး ၄ တိုင်ကို ရှာဖွေပုံအကြောင်းနဲ့ ဒီကျောက်တိုင် ၄ တိုင်ရဲ့ ဆက်စပ်မှုအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီး အထင်ရှားဆုံးထူးခြားချက်ကတော့ လကမ္ဘာကို လူတွေမရောက်သေးခင်မှာတင် လကမ္ဘာကို စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးတွေ လပေါ်တကယ်ရောက်ရှိခဲ့ပြီး ပြန်လာတဲ့အခါမှာလည်း လကမ္ဘာဆိုတာ 2001: A Space Odyssey ထဲကအတိုင်းပါပဲလို့ ပြောသွားရလောက်တဲ့အထိ မှန်ကန်တိကျခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ 2001 ဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလိုပဲ အချိန်ကြာလေလေ ရုပ်ရှင်ထဲကအချက်အလက်တွေ၊ သီအိုရီတွေက လူတွေနဲ့ ပိုမိုနီးစပ်လာလေ၊ ရင်းနှီးလာလေဖြစ်ပြီး Stanley Kubrick တစ်ယောက် ဒါကြီးကို ဘယ်လိုများစဉ်းစားမိပါလိမ့် လို့တွေးသွားရလောက်အောင် အံ့သြစေပါလိမ့်မယ်။ ၁၉၆၀ က မရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင် အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့ A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားပြီး တကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့်ရှူသူတစ်ယောက်ကို အမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီး ဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။ Stanley Kubrick ရဲ့ နှစ်ခါပြန်မရနိုင်တော့တဲ့ 2001 ဇာတ်ကားကြီးကို အခုပဲ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ အာကာဖြိုးမှရေးသားပေးပြီး ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်…) File Size : (2.01GB) and (789 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…02:29:00 Genre : Adventure,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by AHtet

8.3 2001 149 mins
: A Space Odyssey (1968)
Dahmer
5.6

Dahmer (2002) IMDb Rating (5.6) / Rotten Tomatoes (73%) အမေရိကန်နိုင်ငံတစ်ခုလုံးကိုသာမက ကမ္ဘာကိုပါတုန်လှုပ်သွားစေခဲ့တဲ့ကွင်းဆက်လူသတ်သမား ဂျက်ဖရီဒါးမားအကြောင်း ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်နာမည်ကြီးဇတ်ကားဖြစ်ပါတယ်။ ဂျက်ဖရီဒါးမားကို ၁၉၆၀ခုနှစ်မှာမီဝေါကီး ဝစ္စကွန်ဆင်ပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူက အသက်၁၈ နှစ်အရွယ်မှာပထမဆုံးလူသတ်မှုကိုကျူးလွန်ခဲ့ပါတယ်။ ဂျက်ဖရီဒါးမားဟာ ၁၉၇၈ ကနေ ၁၉၉၁ အတွင်း အရွယ်ရောက်ပြီးယောကျာ်းနဲ့ ယောကျာ်းလေးငယ်ပေါင်း (၁၇) ယောက်ကိုသတ်ခဲ့ပါတယ်။ ဒါးမားကသူ့ရဲ့သားကောင်တွေကို ဂေးဘားတွေစျေးဝယ်စင်တာတွေဘတ်စကားမှတ်တိုင်တွေမှာရှာပြီးလိင်ကိစ္စဒါမှမဟုတ် ပိုက်ဆံနဲ့ဖျားယောင်းပြီးသူ့အခန်းကိုခေါပြီး သတ်ဖြတ်ပါတယ်။ အလောင်းကောင်နဲ့မဖွယ်မရာလုပ်ပြီးတဲ့အခါလောင်းကိုတစ်စစီဖျက်ပြီး စွန့်ပစ်ပါတယ်။ ဦးခေါင်းတွေလိင်အဂ်ါတွေနဲ့ကိုယ်ခန္ဓာအစိပ်အပိုင်းတစ်ချို့ကို အမှတ်တရပစ္စည်းအဖြစ်နဲ့သိမ်းထားတတ်ပါတယ်။ လူသားကိုလည်းစားကြည့်သလို တစ်ချို့သူတွေကိုတော့ခေါင်းကိုDrillနဲ့ဖောက်ပြီးဇွန်ဘီးလိင်ကျွန်လုပ်ပြီးမှသတ်ဖြတ်ပါတယ်။ သူရဲ့သားကောင်တွေကိုသတ်တာနဲ့အလောင်းဖျက်တဲ့ဖြစ်စဥ်အဆင့်ဆင့်မှာ ဓါတ်ပုံမှတ်တမ်းတင်တတ်ပါသေးတယ်။သူဟာ ၁၉၈၁ – ၁၉၈၂ နဲ့ ၁၉၈၆ မှာလည်း အများပြည်သူရှေ့မဖွယ်မရာပြမှုတွေနဲ့ဖမ်းခံရပါတယ်။ ၁၉၉၂မှာဖမ်းခံရပြီး လူသတ်မှု(၁၅)မှုအတွက် စွဲချက်တင်ခံရပြီးထောင်ဒဏ် ၉၅၇နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အရက်စွဲနေတဲ့အပြင် လိင်စိတ်မူမမှန်တာရှိနေပြီး လိင်တူချင်းတပ်မက်ရာမှလိုအင်မပြည့်တဲ့အတွက် ဒေါသအလျောက်လူစသတ်မိပြီး လူသတ်တာကိုစွဲလမ်းသွားရာက တစ်ဆင့်ထက်တစ်ဆင့် လူမဆန်တဲ့ဖြစ်ရပ်တွေနဲ့ဆန်းပြားတဲ့အမူအကျင့်တွေကိုလုပ်လာတာဖြစ်တယ် ။ သူရဲ့တိုက်ခန်းကိုရှာဖွေတဲ့အခါသူ့ရဲ့အအေးခန်းသေတ္တာထဲကလူခေါင်းပြတ်တွေနှလုံးတွေကတော့လုပ်သက်(၁၇)နှစ်ရှိတဲ့ရဲတွေကိုတောင်ကြောက်ရွံ့တုန်လှုပ်ပြီး တစ်သက်တာမေ့မရတဲ့မြင်ကွင်းဖြစ်သွားစေခဲ့ပါတယ်လို့ ရဲတွေကပြောပြခဲ့ပါတယ်။ သူ့ကိုလွှတ်ပေးရင်တောင် သူကဒီလိုပဲဆက်သတ်နေမှာပဲလို့သူကရဲတွေကိုဖြေခဲ့ပါတယ်။ထောင်ကျပြီး (၂)နှစ်ကြာတဲ့အခါမှာ ထောင်သားတစ်ယောက်ကရိုက်သတ်တဲ့အတွက် ၁၉၉၄ မှာ ဂျက်ဖရီဒါးမားသေဆုံးခဲ့ပါတယ်။ ဂျက်ဖရီဒါးမားနဲ့ပါတ်သက်လို့စာအုပ်တွေလည်းထွက်ထားသလိုရုပ်ရှင်နဲ့တီဗွီစီးရီးစ်မတွေလည်းထွက်ရှိထားပါတယ်။ Dahmer( 2002) ရုပ်ရှင်ကတော့အစောဆုံးထွက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇတ်ကားက ဂျက်ဖရီဒါးမားအဖြစ်သရုပ်ဆောင်တဲ့ Jeremy Renner( ဂျယ်ရမ်မီရမ်းနား) ကိုအောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ “ယောကျာ်းလေးတွေပဲ ဘာစိတ်ပူစရာရှိလဲ ထောင်အပြင်တန်းမရှိဘူး“ပြောတတ်ကြပေမယ့် လိင်စိတ်မူမမှန်သူတွေရှိနေတတ်တာကို ဒီဇတ်ကားကမီးမောင်းထိုးပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Horror, Thriller Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Comedy • Adventure
5.6 2002 101 mins
Dahmer
Anomalisa
7.1

Anomalisa (2015) **************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ… File Size : 791MB / 340MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Heather Oo

TV Movie • Drama
7.1 2015 91 mins
Anomalisa
Niram Marum Ulagil
5.9

Niram Marum Ulagil (2025) “ကာလာစုံလောကကြီး” IMDb – 5.9/10 လူသားတွေဟာ သူတို့ကိုယ်သူတို့ သက်ရှိတွေထဲမှာ အမွန်မြတ်ဆုံး အသိဉာဏ်အရှိဆုံးသတ္တဝါတွေအဖြစ်သတ်မှတ်လေ့ရှိကြတယ်။ ဘယ်လောက်မွန်မြတ်ပါတယ် အသိဉာဏ်ရှိတယ်ဆိုပါစေ အယုတ်ညံ့ဆုံးလို့သတ်မှတ်ကြတဲ့ တချို့တိရစ္ဆာန်တွေလောက်တောင်လောကကို ကောင်းကျိုးမပေးတဲ့လူသားတွေကလည်း ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ တမီးလ်ရုပ်ရှင်ကတော့ မိဘမေတ္တာကိုအဓိက ဖော်ကျူးထားတဲ့ရုပ်ရှင်။ မိန်းကလေးတစ်ယောက် သူ့မွေးနေ့ပွဲမှာ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လို့ အမေဖြစ်သူကို တစ်နှစ်ပတ်လုံး စကားမပြောတော့တဲ့အထိနေပြီး နောက်တစ်ကြိမ် မွေးနေ့ရောက်ချိန်မှာတော့ အမေဖြစ်သူရဲ့မျက်နှာကိုတောင် မမြင်ချင်ဘူးဆိုပြီး သူငယ်ချင်းဖြစ်သူဆီ ရထားစီးလိုက်ပါခဲ့ပါတယ်။ ဒီမှာပဲ မီးရထားတွဲစောင့်ကြီးအဖြစ် ပါဝင်ထားတဲ့ ယိုဂီဘာဘူကြီးက အဲဒီမိန်းကလေးဖုန်းပြောနေတာကို ကြားမိရာကစလို့ ရထားပေါ်မှာ သူကြုံတွေ့ကြားမြင်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြောပြတာပေါ့။ ယိုဂီဘာဘူပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေမှာ လိုက်ပါစီးမျောလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Science Fiction
5.9 2025 146 mins
Niram Marum Ulagil