YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Khakee The Bengal Chapter 2025 Hindi E03 720p HEVC WEB-DL [RMC].mp4

439.75 MB 720p video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
AINBO: Spirit of the Amazon
7

AINBO: Spirit of the Amazon (2021) ချစ်စရာ ကာတွန်းလေးတစ်ခုတင်ပေးလိုက်ပါပြီ။ အမေဇု့တောအုပ်ထဲက ရွာလေးတစ်ရွရဲ့ သူရဲကောင်းမလေး တစ်ယောက်အကြောင်းပေါ့။ သူ့နာမည်က အင်ဘိုလို့ခေါ်ပါတယ်။ အသက် ၁၃ ပဲ ရှိသေးပြီး တစ်နေ့မှာ အတော်ဆုံးမုဆိုးဖြစ်လာချင်တဲ့ကလေးမလေးပေါ့။ သူ့မိဘတွေ မရှိတော့သလို ဘယ်သူမှန်းလည်း မသိခဲ့ပါဘူး။ ရွာသူကြီးလင်မယားက မွေးစားထားပြီး သူတို့ရဲ့ သမီးအရင်း ဇူမီနဲ့ ညီအစ်မလို ခင်မင်နေခဲ့ကြတာပါ။ တစ်နေ့မှာတော့ သူတို့ရွာကလေးကို ကျိန်စာတစ်ခုကျရောက်လာပြီး ရွာသားတွေအားလုံး ဒုက္ခရောက်လာတဲ့အခါ အင်ဘိုဟာ သူချစ်တဲ့သူတွေနဲ့ ရွာလေးကို ကယ်ဖို့ ကျိန်စာဖြေမယ့်နည်းရယ် ကျိန်စာတိုက်တဲ့သူရယ်ကို ရှာဖို့ စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်... ချစ်စရာအကောင်လေးတွေနဲ့ပါ ကာလာစုံ၊ရောင်စုံတင်ဆက်ထားတာမို့ ကာတွန်းချစ်သူများလက်လွတ်ခံလို့မဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်။ File size…(1.6 GB) and (1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson

7 2021 84 mins
AINBO: Spirit of the Amazon
8MM
6.4

အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်... မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့် ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ မီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။ သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့ အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကို ရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ် စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာ သိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီး ဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့ အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ… သူ့စုံစမ်းမှုကြောင့် ရုပ်ရှင်ရဲ့ဇာစ်မြစ်ကိုပဲ ဖော်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပဲ ဒုက္ခရောက်မလား… ဒီအရှုပ်ထုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတွေကတော့ ပရိသတ်များစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မြေအောက်လောကရဲ့ ညစ်ညမ်းရုပ်ရှင်လောကအကြောင်း ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များမကြည့်သင့်ပါဘူး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Ninja ပဲဖြစ်ပါတယ်.. File Size :(2.3GB) (823 MB) and (281MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…02:03:00 Genre : Crime,Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Action • Comedy
6.4 1999 123 mins
8MM
Disenchanted
6.9

2007 ခုနှစ်ရဲ့ Enchanted ရုပ်ရှင်အဆက်အနေနဲ့ Disenchanted ထွက်ပါပြီ။ ဒစ္စနေးရဲ့ ရုပ်ရှင်အသစ်လေးပါပဲ။ မှော်စိတ်ကူးယဉ်ဇာတ်လမ်းကို သီချင်းလှလှလေးတွေနဲ့ တန်ဆာဆင်ထားလို့ မိသားစုလိုက်ပျော်ပျော်ကြီးကြည့်လို့ရမှာပါ။ ဇာတ်လမ်းအကျည်း ... ဂျစ်ဆဲလ်ဟာ အန်ဒလေးရှားတိုင်းပြည်ကနေ နယူးယောက်ကိုရောက်လာခဲ့ပြီး ရောဘတ်နဲ့မော်ဂန်တို့ သားအဖနဲ့တွေ့ဆုံခဲ့တာပါ။ ဒီဇာတ်ကားမှာတော့ ရောဘတ်နဲ့ ဂျစ်ဆဲလ်တို့က ဆိုဖီယာဆိုတဲ့ သမီးလေးမွေးလာပြီး နယူးယောက်ကနေ မွန်ရိုဗီးဆိုတဲ့ ကျေးလက်မြို့လေးကို ပြောင်းရွှေ့လာခဲပါတယ်။ ကျေးလက်မှာ အခက်အခဲတွေတွေ့ရပြီး မော်ဂန်နဲ့လည်း အဆင်မပြေဖြစ်လာတဲ့အခါ ပုံပြင်ကမ္ဘာထဲမှာ ကြီးပြင်းခဲ့တဲ့ ဂျစ်ဆဲလ်ဟာ အမြဲပျော်နေချင်တဲ့သူဖြစ်တာကြောင့် သူလက်ဆောင်ရတဲ့ ဆုတောင်းနှင်တံလေးကိုသုံးပြီး ပုံပြင်ဘဝမျိုးရပါစေလို့ဆုတောင်းလိုက်မိပါတယ်။ ဒါပေမဲ့ ဆုတောင်းရင်သတိထားပါဆိုတဲ့ ဆိုရိုးအတိုင်း ပုံပြင်ကမ္ဘာဆိုတာ ပျော်စရာအပြင် ဗီလိန်တွေလည်း ပါလာတဲ့အတွက် အန္တရာယ်ကြီးတွေရင်ဆိုင်ရတဲ့အခါ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2.9GB, 1.1GB, 588MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 58mins Genre              : Animation, Adventure, Comedy Translated by Mr.Anderson Encoded by Kinnov

Adventure • Comedy • Family
6.9 2022 120 mins
Disenchanted
The Survivor
7.2

စစ်ပြန်ရဲ​ဘော်​တွေ စစ်မှုထမ်း​ဟောင်းတွေ ​နေရပ်ပြန်​ရောက်ရင် စစ်အနိဌာရုံ​တွေ​ကို ပြန်မြင်​ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ် ဆိုတာမျိုး ကြားဖူးကြမှာ​​​​ပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ် နာဇီစစ်သုံ့ပုန်းစခန်းက​နေ ဂျူးလူမျိုးတစ်​ယောက် အသက်​ရှင်လျက် လွတ်​မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာ ဒဏ်ရာအနာတရ​တွေ အတိတ်ရဲ့အရိပ်တ​စ္ဆေ​တွေ ဘယ်​လောက် များ​နေမယ်ထင်ပါသလဲ။ The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်က​တော့ အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုး​တို့အတွက် ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းက​​နေ လွတ်​မြောက်လာခဲ့ပြီး စစ်​ကြီးပြီးတဲ့​နောက် အ​မေရိကန်နိုင်ငံမှာ လက်​ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ​ခေါ် ဟက်ဇ်ကိုဟာ့ဖ်အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5 Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထား တာပဲဖြစ်ပါတယ်။ အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊ ထိုစခန်းမှ ဘယ်လိုလွတ်​မြောက်လာကာ USမှာ လက်​ဝှေ့သမားအဖြစ် ဘယ်လိုအသက်​မွေးရပ်တည်မလဲ၊ သူ့ရဲ့စိတ်ဒဏ်ရာ​တွေက အတိတ်မှာ​ရော ပစ္စုပ္ပန်မှာပါ ဘယ်​​လောက် ဒုက္ခ​ပေးမလဲ၊ အဲဒီ​ ခြောက်လှန့်မှု​တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်း ဇာတ်အိမ်​ လေး​လေးပင်ပင်၊Setting​ ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင် အ​ထွေအထူးကွန့်​​ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊ ကြည့်ရှုပြီးသွားချိန်မှာ​ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ ​သေချာတဲ့ Heavy Drama movieပဲဖြစ်ပါတယ်။ File size…2GB / 810MB Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

Action • Animation • Comedy • Horror • Mystery • Thriller
7.2 2022 129 mins
The Survivor
Bank Robbers: The Last Great Heist
6.5

~ IMDb - 7.1/10, Rotten Tomatoes - 100% ~ Netflix ရဲ့ Documentary Show တခုဖြစ်ပြီး ၂၀၀၆ ခုနှစ် အာဂျင်တီးနားနိုင်ငံရဲ့အမိမိုက်ဆုံး ဘဏ်ဓားပြမှုအ​ကြောင်း ဖြစ်ရပ်မှန်ရိုက်ကူးထားတာ​လေးပါ - ဘဏ်ဓားပြတိုက်မှုမှာ ပါဝင်တဲ့လူ​တွေ ဘယ်လို စုမိသွားတာလဲ - ဘဏ်ဓားပြတိုက်တဲ့ ရည်ရွယ်ချက် - ဓားပြတိုက်တုန်းက သုံးခဲ့တဲ့ကိရိယာ​တွေကို ဘယ်လိုစဥ်းစားတီထွင်ခဲ့လဲ - ဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရလဲ - ဘယ်လိုထွက်​ပြေးလွတ်​မြောက်ခဲ့လဲ - ဘာ့​ကြောင့်အဖမ်းခံရခဲ့ရတာလဲ - လွတ်​မြောက်ပြီး​​နောက်ပိုင်း ဘာ​တွေဖြစ်ခဲ့လဲ... ဆိုတာ​တွေကို အ​သေးစိတ်​ပြောပြရင်း အဆုံးထိဆွဲ​ခေါ်သွားမှာဖြစ်ပါတယ်။ အမှုမှာကျူးလွန်တဲ့သူ​တွေအ​ကြောင်းတင် မဟုတ်ဘဲ မျက်မြင်ကို​​ယ်တွေ့ကြုံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း ​ရှေ့​နေ ရဲ​​တွေရဲ့ အ​တွေ့အကြုံ​တွေပါ ထည့်သွင်းထားလို့ ​တော်​တော်​လေးကိုပြည့်စုံပြီး ကြည့်လို့​ကောင်းတဲ့ Documentary တစ်ခုပါပဲ။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 49Min Genre - Documentary, Crime Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action • Adventure • Comedy • Western
6.5 2022 109 mins
Bank Robbers: The Last Great Heist
The Way of the Gun
6.4

အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ''I Know What You Did Last Summer'' နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး..... ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို စဥ်းစားနေခဲ့တာဆိုရင်ရော...... ငွေမဲခဝါချတဲ့အလုပ်နဲ့ကြီးပွားနေတဲ့ ကလေးပိုင်ရှင် အဘိုးကြီးနဲ့ သူ့ဇနီးငယ်ငယ် ၊ အငှားကိုယ်ဝန်ဆောင်မိန်းကလေး ၊ ဆရာဝန် ၊ သက်တော်စောင့် သူတို့အားလုံးကြားမှာ ဖုံးကွယ်ထားတဲ့ဆက်ဆံရေးတွေ သစ္စာဖောက်မှုတွေရှိနေပြီး ဘယ်သူကမှ ဘယ်သူ့ကိုမှမယုံဘဲ အားလုံးဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ play နေကြတာပါပဲ ဒီဇာတ်ကားကနေ တွေးမိတဲ့အချက်ကတော့ လူတွေဟာ အပေါ်ယံမြင်ရတာထက်ပိုတယ်ဆိုတာပါပဲ ဒေါ်လာတစ်သန်းအတွက်တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားမလဲ။ kidnapperနှစ်ဦးကနောက်ပြန်လှည့်ဖြစ်မှာလား။ အငှားကိုယ်ဝန်နဲ့မိန်းကလေးအတွက်ဇာတ်သိမ်းကရောဘယ်လိုဖြစ်မှာလဲ.... ဒါရိုက်တာ Christopher McQuarrieရိုက်ကူးထားပြီး IMDb 6.6 ရထားပါတယ် File size…(2.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai

Action • Drama • History
6.4 2000 119 mins
The Way of the Gun
Scooby-Doo! And Krypto, Too!

Scooby-Doo! and Krypto, too! (2023) Leaked Version (Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်) မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တို့လိုမျိုး "Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။ လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို့ ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို့ ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တို့ဟာ ကျွန်တော်တို့ ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြို့မြို့အနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။ ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်... Hall of Justice ကနေ စူပါမန်းတို့အဖွဲ့ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတို့မရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲ့ကြီးကို ဒီအမှုကိုဖြေရှင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြို့ပေါ် စကူဘီတို့ အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတို့ကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖို့ကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။ (အညွှန်းရေး‌ပေးထားသူက‌တော့ Linn Ko Maung ဖြစ်ပြီး ဇာတ်ကားကိုတော့ Scooby Dooby မှ ပြန်ဆိုပေးထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 18Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Scooby Dooby Encoded by Doo

Crime • Mystery • Thriller
0 2023 78 mins
Scooby-Doo! And Krypto, Too!
Gym Class
5.9

Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 660MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Science Fiction • Comedy • Drama • Romance
5.9 2022 89 mins
Gym Class
The Recall
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့ မင်းသမီး Laura Bilgeri ,Hannah Rose May တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာ ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့ သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကို ပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ် အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာ ကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်က အဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက် ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန် လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်း ဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်း ဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်း တစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက် သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီ ဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်း မုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိ သွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေမှာ လမ်းမှာ ဘရန်ဒန်နဲ့ ပြဿနာတက်ခဲ့တဲ့သူက အာကာသယာဉ်မှူးတစ်ဦးဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ် သူကရောဘာလို့မုဆိုးတစ်ယောက်ယောင်ဆောင်ထားတာလဲ… အာကာသယာဉ်မှူးအလုပ်ကနေ ဘာလို့နှုတ်ထွက်ခဲ့တာလဲ.. အများကအငြင်းပွားနေကြတဲ့ ထူးဆန်းတဲ့တိမ်တိုက်တွေကရော တကယ်ပဲမုန်တိုင်းလား ဒါမှမဟုတ် လူတချို့ပြောတဲ့ ဂြိုလ်သား တွေဖြစ်မလား ချာလီတို့သူငယ်ချင်းတစ်တွေကော ဘယ်လိုမျိုး ထူးဆန်းမှုတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror, Mystery, Sci-Fic & Thriller ဇာတ်ကားအမျိုးအစားကိုမှကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်….. File size…1.43GB / 710MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre …..Action , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.5 2017 91 mins
The Recall
Beautiful Rebel
6.4

ဒီရုပ်ရှင်လေးကတော့ အီတလီရဲ့ အအောင်မြင်ဆုံး Rock Starတစ်ယောက်ဖြစ်တဲ့ Gianna Nanniniရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပတ္တိဇာတ်ကားလေးပဲဖြစ်ပါတယ်….။ ငယ်စဥ်ကတည်းက ဂီတကိုရူးသွပ်ပေမယ့် မိသားစုရဲ့ အားပေးပံ့ပိုးမှုမရခဲ့တော့ အခက်အခဲမျိုးစုံကြားကနေ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တဲ့ အမျိုးသမီးရော့ခ်အဆိုရှင် တစ်ယောက်ယောက်အကြောင်းကိုမြင်တွေ့ရမှာပါ…။ ထိုခေတ်အခါက အီတလီဂီတလောကမှာက အမျိုးသမီးဆိုရင် ပေါ့ပ်အမျိုးအစားဆိုမှ..၊ကြွကြွရွရွလေးဝတ်စားနေထိုင်ပြမှဆိုတဲ့ ပုံစံခွက်ထဲကနေ သူ့ကိုယ်ပိုင် ရော့ခ်ဂီတ ရော့ခ်ဟန်ပန်တွေနဲ့ ထိုးဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကြောင့်လည်း အီတလီရောခ့်ဂီတမှာ ထိပ်တန်းကိုရောက်စေခဲ့တာလို့လည်း ပြောနိုင်ပါတယ်…။ အီတလီရော့ခ်စတားတစ်ဦးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ခံစားရင်း သူ့ဘဝဇာတ်ကြောင်းကိုပါ ရှုစားရမယ့် ဇာတ်ကားလေး ဖြစ်တာမို့တင်ဆက်ပေးလိုက်ရပါတယ်ဗျာ….။ File size…1.84GB / 874MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Biography , Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2024 114 mins
Beautiful Rebel
unDEFILED
6.1

Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေ စွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။ သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်း သိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေး တစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲ အေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါး လက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကို ကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။ လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့ လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလို လုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri

Romance • Comedy
6.1 2024
unDEFILED
From Italy with Amore
5.8

Romanceကားကြည့်ချင်သူတွေအတွက်လာပါပြီ။ IMDb 5.8/10ရထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် romance, comedyဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ အေရီရယ်ဟာ သူမရဲ့ဘဝကို သူစိတ်ကူးထားသလိုပြည့်စုံတဲ့သူ‌တစ်ယောက်နဲ့ အတူတူကုန်ဆုံးချင်နေတာပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားနေတုန်း သူမစိတ်ကူးထားတဲ့အတိုင်းအားလုံးတူပြီး ပြည့်စုံနေတဲ့သူတစ်ယောက်ကို မတော်တဆတွေ့လိုက်ရပါတယ်။ အဲဒီမှာ သူမလဲတစ်ခါတည်းကြွေသွားပြီး ဇာတ်လမ်းစဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စကားပြောနေတုန်းဟိုဖက်ကအလုပ်ကိစ္စကြောင့်ပြန်သွားပါတယ်။ အဲဒီနေ့ကစပြီး ဒီဆိုင်မှာပဲပြန်တွေ့မလားဆိုပြီး အေရီရယ်ကနေ့တိုင်းကိုသွားစောင့်နေပါတော့တယ်။ အဲဒီလိုနဲ့ နေ့တိုင်းသွားစောင့်ရာကနေ စားသောက်ဆိုင်ပိုင်ရှင်ဒန်နီရယ်နဲ့ တဖြည်းဖြည်းသံယောဇဉ်တွယ်သွားကာ ဘာတွေဖြစ်သွားမလဲ? သူမစောင့်နေတဲ့သူနဲ့ရောဘယ်တော့မှပြန်တွေ့မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro

Science Fiction • Action • Adventure • Animation
5.8 2022 85 mins
From Italy with Amore
Till the End of the Night
5.4

‘လီနီ’ကတော့ trans woman တစ်ဦးဖြစ်ပြီး သူမက မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင်ကျနေတာ ဖြစ်ကာ တစ်ရက်မှာတော့ သူမကို ရဲတွေက ထောင်ကနေ စောလွှတ်ပေးမှာဖြစ်ကြောင်းနဲ့ အွန်လိုင်းကနေတဆင့် မူးယစ်ဆေး ကုန်သွယ်နေတဲ့ ဝက်ဘ်ဆိုဒ် တည်ထောင်သူတစ်ဦးကို ဖမ်းဆီးပေးဖို့အတွက် အသွင်ယူရဲတစ်ဦးနှင့်အတူ ပူးပေါင်း၍ စစ်ဆင်ရေးတစ်ခု လုပ်ပေးစေလိုကြောင်း ဆက်သွယ်လာပါတော့တယ်။ ဝက်ဘ်ဆိုဒ် တည်ထောင်သူက သူမရဲ့ အရင်ဘော့စ် ဖြစ်ပြီး စစ်ဆင်ရေးမှာ သူမ လက်တွဲပြီးလုပ်ကိုင်ရမယ့် အသွင်ယူရဲကတော့ သူမအနေနဲ့ လိင်ပြောင်းဖို့ မစဉ်းစားခင်က ချစ်ခဲ့ရသူ စုံထောက် ‘ရောဘတ်’ပါ။ ‘ရောဘတ်’ဘက်ကကြည့်ပြန်တော့လည်း သူက ဂေးတစ်ယောက်ဖြစ်နေပြီး လိင်ပြောင်းဖို့ ဆုံးဖြတ်ထားသူ ‘လီနီ’ ကို ဘာလုပ်လုပ် အကောင်းကို မမြင်နိုင်ပါဘူး။ ဒီတော့ ဒီစစ်ဆင်ရေးက ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Thriller
5.4 2023 123 mins
Till the End of the Night
The Secret of Women
7

The Secret of Women (2025) “မိန်းမနှစ်ဦး” တစ်မျိုးဆန်းတဲ့ မလေယာလမ် သည်းထိပ်ရင်ဖို ဇာတ်လမ်းအသစ်လေးပဲ ဖြစ်ပါတယ် အသက်ငယ်ငယ် ကောင်မလေးတစ်ယောက် တိုက်ခန်းမှာတစ်ယောက်တည်းရှိနေချိန်မှာ အမည်မသိယောကျ်ားတစ်ဦး ခိုးဝင်လာတယ် သို့ပေမဲ့ ကိုယ်ခံပညာတတ်ထားတဲ့ ကောင်မလေးနဲ့အတွေ့မှာတော့ အဲဒီလူမှောက်သွားတဲ့အထိ ခံလိုက်ရပါတယ် သူနဲ့မသိတဲ့လူက ဘာဖြစ်လို့များ သူ့ကိုရန်ပြုဖို့လာတာလဲ တစ်ဖက်မှာလည်း လှေပေါ်က ခုန်ချတဲ့ ကောင်လေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က ရေထဲဆင်းကယ်ပြီး သူ့အိမ်ကိုခေါ်လာပါတယ် ဒီလို ပဟေဠိဆန်တဲ့ မိန်းမနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ သူတို့နှစ်ယောက် ပတ်သက်ဆက်နွယ်မှုကရော ဘာဖြစ်မှာလဲဆိုတာ ပရိသတ်တို့ကြည့်ရှုကာ အဖြေရှာလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Science Fiction • Thriller • Horror
7 2025 98 mins
The Secret of Women