YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Kairos.2020.EP14.mp4

514.37 MB N/A video/mp4 740 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Serving Sara
5.3

IMDb - 5.4 ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကို ဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူ တစ်ယောက်ပါ။ စာရွက်စာတမ်းတွေကိုပို့ ပေးရတာက လွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေက သူ့ကို‌ ရှောင်နိုင်နေကြတာ‌ေကြာင့် အလုပ်တစ်ခုကို တစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ‌ နေရပါတယ်။ တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကို ကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးက သူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက် သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်း ဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင် ဒေါ်လာတစ်သန်း‌ ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရော ဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့ စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  1.9GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Thriller
5.3 2002 100 mins
Serving Sara
The Man with One Red Shoe
5.7

မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 GB)/(1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Drama • Thriller
5.7 1985 90 mins
The Man with One Red Shoe
Duyen Ma

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Boyfriend Is A Ghost လို့အမည်ရတဲ့ Vietnam ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်န်ဆိုတဲ့ တစ်ကိုယ်တော် ရိုးသားကြိုးစားတဲ့ ကောင်လေးက ကံအကြောင်းမလှဘဲ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားပါတော့တယ်။ သေဆုံးခါစ ဝိဉာဉ်အဖြစ်နဲ့ သွားစရာမရှိဖြစ်နေတဲ့ မင်န့်ကို နော့ ဆိုတဲ့ ဝိဉာဉ်တွေ သရဲတွေကိုမြင်ရပြီး ခင်မင်ရတဲ့ဝိဉာဉ်တစ်ချို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်မလေးက သူ့အိမ်က ဝိဉာဉ်တွေနဲ့အတူတူ‌ လာနေထိုင်ဖို့ခေါ်လာခဲ့ရာက စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သေဆုံးသွားတဲ့အဖြစ်ကိုလက်မခံနိုင်ဖြစ်နေတဲ့ မင့်န်ကို ဝိဉာဉ်ဘဝနဲ့နေသားကျသွားအောင် ကူညီပေးနေရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ၊ အချစ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ကမ္ဘာနှစ်ခုခြားနေတဲ့ သူတို့အချစ်ရဲ့ခက်ခဲမှုတွေနဲ့အတူ ဘယ်လိုမျိုး အနှောင့်အယှက်တွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali နဲ့ Shin ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Horror, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 306MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August

Action • Drama
0 2022 96 mins
Duyen Ma
Emily
7.1

~ IMDb - 6.9/10, Rotten Tomatoes - 86% ~ "လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ဂန္ထ၀င်ဖြစ်လာတာတောင် နှစ်ပေါင်းရာချီနေတဲ့ ၀တ္တုပါပဲ။ အမ်မလီဘရွန်တီကို မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီ၀တ္တုနဲ့တင် မဟုတ်ဘဲ Rememberance ဆိုတဲ့ အမ်မလီဘရွန်တီရဲ့ ကဗျာကို တက္ကသိုလ်ဘုန်းနိုင်ကလည်း တမ်းတမိခြင်းဆိုပြီး ပြန်ဖူးတာကို သိကောင်း‌သိကြပါလိမ့်မယ်။ အခုဇာတ်ကားကတော့ အမ်မလီရဲ့ ငယ်ဘ၀ကနေ သူ့ဇာတ်ကြောင်းကို ရိုက်ပြထားတာပါ။ အားလုံးသိပြီးသလိုပဲ၊ သူတို့ညီအစ်မသုံးယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်သလို သူတို့အောက်က မောင်ကလည်း Wuthering Heights မှာ သူ့ကို ကိုယ်စားပြုထားတယ်ပြောလို့ရတဲ့ ဇာတ်ကောင်ပါဖူးတဲ့သူပါ။ ဒီတော့ ကလပ်စစ်စာပေ ပရိသတ်တွေအတွက် သူ့ငယ်ဘ၀ကနေ ရိုက်ပြမှာက သူ့အကြောင်းဆိုတာကို ကျော်လွန်ပြီး စိတ်၀င်စားစရာကောင်းမှာပါပဲ။ အမ်မလီရဲ့ဘ၀အစစ်အမှန်အတိုင်း အတိအကျကြီး မရိုက်ကူး‌ထားပေမဲ့ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အမ်မလီရဲ့ငယ်ဘ၀အကြောင်းတွေ သာမန်စိတ်ကူးယဉ်ဆန်ပြီး ဇာတ်လမ်းတွေထိုင်ရေးတတ်တဲ့ကောင်မလေးအဖြစ်ကနေ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်အဖြစ်ကို ရရှိသွားတဲ့ပုံတွေအပြင် သူရဲ့ရင်နင့်စရာအချစ်ဇာတ်လမ်းလေးကိုပါ စိတ်၀င်စားဖွယ့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.42GB, 990MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Crime • Drama • Mystery • Thriller
7.1 2022 130 mins
Emily
Maggie Moore(s)
5.8

Maggie Moores (2023) ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။ 2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။ အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Action
5.8 2023 99 mins
Maggie Moore(s)
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
The Guilty Ones
5.8

လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်…. အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ် တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ… ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်…..

Action • Science Fiction • Thriller
5.8 2019
The Guilty Ones
The Hand That Robs the Cradle

The Hand That Robs the Cradle (2023) IMDb – 5.2/10 ဒန်နီဆိုတဲ့ လသားကလေးလေး ပြန်ပေးဆွဲခံရပြီး မီးသတ်ဌာနမှာ မိဘဖြစ်သူတွေ ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ပြန်တွေ့ပြီး ၇နှစ်ကြာတဲ့ထိ မိဘဖြစ်သူတွေအတွက် စိတ်ဒဏ်ရာတစ်ခုလိုဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ ကလေးကို မျက်စိအောက်က အပျောက်မခံကြ။ တစ်ရက်မှာတော့ အဘွားဖြစ်သူထောက်ခံမှုနဲ့ ကလေးထိန်း ဒလွန်ဒရာကို ငှားခဲ့လိုက်ပါတယ်။ ဒလွန်ဒရာက အရာရာကိုတက်တက်ကြွကြွနဲ့ စိတ်ပါလက်ပါလုပ်တတ်တဲ့အတွက် ဒန်နီလေးရဲ့ မိဘဖြစ်သူတွေ ပျော်ရွှင်ကျေနပ်နေကြပါတယ်။ တစ်နေ့တော့ ဒန်နီနဲ့ ဒလွန်ဒရာပန်းခြံထဲမှာဆော့နေကြရင်း စိတ်မှန်ပုံမရတဲ့ အမျိုးသမီးတစ်ယောက်က ဒန်နီ့ကို ပြန်ပေးဆွဲခံလိုက်ရတဲ့သူ့သားဆိုပြီး အနားကပ်လာခဲ့ပါတယ်။ ဒါနဲ့ ဒလွန်ဒရာလည်း ဒန်နီလေးကိုခေါ်ပြီး အိမ်ပြန်ပြေးခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်က ပြန်ပေးဆွဲခံရပြီးခံရတဲ့ကလေးက တကယ်တမ်း ဘယ်သူ့ကလေးလည်းဆိုတာ ဒလွန်ဒရာရဲ့စိတ်ထဲမှာ သံသယဝင်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Drama • Crime
0 2023
The Hand That Robs the Cradle
Lethal Legacy
6.1

အန်နာ ဆိုတာကတော့ ရုန်းကန်နေရတယ့် ပန်းချီဆရာမ တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ရှေ့နေတစ်ယောက် ရောက်လာပြီး သူ့ရဲ့ ဆုံးပါးသွားတဲ့ဦးလေးက သူ့အတွက် အမွေတွေ ချန်ထားပေးခဲ့ကြောင်း အသိပေးလာပါတယ်။ ဦးလေးပေးခဲ့တဲ့ အမွေတွေထဲမှာ နာမည်ကြီး ကုမ္ပဏီ တစ်ခုရဲ့ စီအီးအိုရာထူးပါ ပါနေပါတယ် အနုပညာရှင်ပီပီ စီးပွားရေးကို စိတ်မပါလှပေ မယ့် မိသားစုအမွေအနှစ် လုပ်ငန်းကို ထိန်းသိမ်း ထားချင်တာကြောင့် စီအီးအို တာဝန်ကို ယူရင်း သူ့ရဲ့ဦးလေး သေဆုံးမှုဟာ သာမန် မဟုတ်မှန်း သိရှိလာတဲ့အခါမှာတော့… File size…(1.5 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvero

Drama
6.1 2023 88 mins
Lethal Legacy
Dog Park
4.7

ခွေးကလေးတွေကို ဆော့ခိုင်းတာ၊ ပိုင်ရှင်တွေကခွေးကလေးတွေနဲ့အတူ လမ်းလျှောက်တာ၊ အပန်းဖြေကြတာမျိုးလုပ်ကြတဲ့ ပါပီပန်းခြံကနေ အချစ်ဇာတ်လမ်းလေးတစ်ခုစတင်လာပါတယ် နစ်ခ်တစ်ယောက် ရည်းစားနဲ့ပြတ်လို့ ဘူနေတဲ့အချိန် အဲဒီရည်းစားက‌ သူခရီးသွားတဲ့အချိန်အတွင်း သူ့ရဲ့ခွေးကိုထိန်းထားဖို့ နစ်ခ်ကိုအပ်ခဲ့ပါတယ် အဲဒီတော့နစ်ခ်လည်း အသဲကွဲရင်း ခွေးကျောင်းရင်းနဲ့ပဲ နောက်ဇာတ်လမ်းသစ်‌တွေရှာပါတော့တယ် ပန်းခြံကိုလာတဲ့ ခွေးမေမေတွေကို ဇာတ်လမ်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး ဖုန်းနံပါတ်တောင်းတယ် ဒိတ်ဖို့ချိန်းတယ် အကြိမ်ကြိမ်ကြိုးစားပြီးတဲ့နောက် ဂျက်စမင်လို့ခေါ်တဲ့ အပြုံးလှလှနဲ့ ကောင်မလေးကိုတွေ့ခဲ့ရပါတယ် ကိုလူရိုးကြီးနစ်ခ်တစ်ယောက် သူ့ရဲ့ကိုရို့ကားယား လှည့်ကွက်တွေနဲ့ အချစ်ဇာတ်လမ်းသစ်ကိုအောင်မြင်စွာစနိုင်ပါ့မလား ဘာတွေကြုံရဆုံရဦးမလဲကိုတော့ ပါပီလေးတို့ပန်းခြံမှာပဲ အဖြေရှာကြည့်လိုက်ပါ ပေ့ါပေါ့ပါးပါးနဲစိတ်အပန်းပြေအောင် ကြည့်သင့်တဲ့ comedy, romance ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် File Size : 1.22 GB, 613 MB Quality : WEB-DL 1080p / 720p Running Time : 1hr 31min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

4.7 2017
Dog Park
Banger
5.5

ယခုတစ်ခေါက်တင်ဆက်ပေးလိုတဲ့ ဇာတ်ကားလေးကတော့ ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်.. ဒီကားလေးမှာဆိုရင် မူးယစ်ဆေးအဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးဖို့အတွက် ဒီဂျေသမားဟောင်းတစ်ယောက်အား အသွင်ယူထောက်လှမ်းစေသည့်အကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်.. ScorpeX အမည်ရ ဒီဂျေသမားဟောင်းတစ်ယောက်ဟာ အကြွေးပတ်လည်ဝိုင်းနေလျက် ၎င်းရဲ့သီချင်းဓာတ်ပြား တွေဟာလည်းရောင်းတန်းမဝင်ဘဲ လူကြိုက်နည်းကာ အခက်အခဲကြုံနေရသူတစ်ယောက်ဖြစ်ပါတယ်.. ၎င်းဒီဂျေသမားဟာ မိမိကိုယ်ကိုယ်မိမိ ရောင်းတန်းမဝင် တော့သည့် အိုပယ်အနုပညာသမားအဖြစ်ကို ငြင်းဆန်လျက် လူငယ်ခြေတက်ဒီဂျေသမားများနဲ့ လိုက်လံတုပပြိုင်ဆိုင် နေစဉ်မှာပဲ ၎င်းထံသို့ အထူးအေးဂျင့်တစ်ယောက်ရောက်ရှိ လာကာ မူးယစ်ခေါင်းဆောင်တစ်ဦးကို အသွင်ယူကာကူညီ စုံစမ်းပေးဖို့ အတင်းအဓမ္မခြိမ်းခြောက်ခြင်းခံရပါတော့တယ်.. ScorpeX နှင့်သိကျွမ်းသူ ဒီဂျေတစ်ယောက်ဟာ ထိုမူးယစ် ဆေးခေါင်းဆောင်နှင့်ပတ်သက်ကြောင်း သိရှိထားကြသည့် ထောက်လှမ်းရေးအဖွဲ့ဟာ ScorpeX မှတဆင့် ထောက်လှမ်းဖို့ ကြိုးစားကြပြီး ScorpeX ဟာလည်း ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်ဖြစ်လျက် သားရဲတွင်းဆီ ဝင်ရောက်ရဖို့ ဖြစ်လာခဲ့ပါတယ်… ဂီတအနုပညာရူးသွပ်သူ ScorpeX အဖို့ အသက်ဘေးအန္တရာယ်နဲ့ နီးကပ်လှတဲ့ ထောက်လှမ်းရေးလုပ်ငန်းကို ဝါသနာပါရာ ဒီဂျေစက်တွေကိုင်တွယ်ရင်း ရင်တထိတ်ထိတ်နဲ့လုပ်ဆောင်ရပုံကို ဟာသဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. ဒီကားလေးဟာဆိုရင် ဒီဂျေသမားများကို အခြေခံရိုက်ကူးထားတာ ဖြစ်လို့ အီလက်ထရိုသီချင်းပေါင်းများစွာနဲ့ မြူးမြူးကြွကြွကြည့်ရှု ရမယ့်ကားလေးဖြစ်ပြီး မိမိကိုယ်ကိုယ်အထင်ကြီးလှတဲ့ ScorpeX ရဲ့ မဝံ့မရဲဖြစ်မှု မချင့်မရဲနိုင်မှု လေကြီးမှုတွေကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ စိတ်အပန်းပြေကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုတင်ဆက်ပေးလိုက် ရပါတယ်ခင်ဗျာ………………… File size… (1.46GB) / (801MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2025 90 mins
Banger
Vena
7.4

Vena (2024) IMDb Rating (7.4) ဂျန်နီဟာ သူ့ရဲ့အတူနေချစ်သူနဲ့မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ မိသားစုဘ၀ကိုလိုချင်ပေမယ့်လည်းငယ်ရွယ်သူဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေတစ်ခုပြီးတစ်ခုအပြင် မိခင်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်က သူ့ရဲ့သားဦး၊လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကနေ ရှောင်ထွက်ဖို့အလွယ်လမ်းကိုလိုက်ရင်း မူးယစ်ဆေးရဲ့သားကောင်အဖြစ်ကလည်းရုန်းမထွက်နိုင်တဲ့အတွက် သူ့ဘ၀ဟာ ထွက်ပေါက်မဲ့ မွန်းကြပ်စရာအတိပါပဲ။ ဒါပေမယ့်လည်း ဘယ်တုန်းကသူ့ဆီမှာရှိနေမှန်းမသိတဲ့ မိခင်စိတ်တစ်ချို့ရုန်းကြွလာချိန်မှာတော့ ဂျန်နီတစ်ယောက်အတိတ်ကအမှားတွေမှန်သမျှကိုပြုပြင်ဖို့ကြိုးစားရင်း၊ သူ့အနာဂတ်အတွက် သူ့ကလေးလေးအနာဂတ်အတွက်မကောင်းနိုင်တဲ့ပတ်ဝန်းကျင်ကသူတွေကိုပါရှောင်ဖယ်ရုန်းထွက်ချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ၊ ထင်မှတ်မထားသူတွေဆီကအကူအညီနဲ့ ကြိုဆိုမှုတွေကို မြင်တွေ့ရမှာပါ။ သူ့အတွက် ပြင်ဆင်ချိန်ဟာ တကယ်တမ်းမှီနိုင်သေးရဲ့လား? ဘာလင်မြို့မှာကျင်းပခဲ့တဲ့ First Steps Awards ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု ဓာတ်ပုံဆုတွေ ရရှိခဲ့ပြီးဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေရရှိထားတဲ့ ဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ကလေးမွေးတဲ့အခန်းကိုကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ပြထားတာတွေနဲ့ လိင်ဆက်ဆံခန်းတစ်ချို့၊မူးယစ်ဆေးအသုံးတွေကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေနိုင်ပါ။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:56:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance • Action
7.4 2024 117 mins
Vena
You Are the Apple of My Eye
7.4

You Are the Apple of My Eye (2025) ********************************** IMDb… 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။ တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့… ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 700MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:58 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror
7.4 2025 102 mins
You Are the Apple of My Eye
Monkeybone

Monkeybone (2001) ———————————– ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ ဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှမချင်းပေးထားတဲ့ ကတိစကားကြောင့် ကိုမာဝင်နေတာကို အသက်မဆက်ပေးတော့ပဲ ၃ လနေရင် ပလပ်ဆွဲဖြုတ်ပြီး ပေးသေလိုက်တော့မယ်ဆိုတာကို စတူးတစ်ကောင် အောက်ကနေ သိလိုက်ရတော့ အိပ်မက်ဆိုး နတ်ဘုရားအကူအညီယူပြီး သူ့ဘော်ဒါ မျောက်ရိုင်းလေးနဲ့ လူ့ပြည် ဘယ်လိုပြန်တက်ကြမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားက ရယ်စရာလည်းကောင်းသလို အဲဒီခေတ်တုန်းက ကြည့်ခဲ့ရတာ Creepy လည်း ဖြစ်ပါတယ်။ အကောင်တွေ ဖန်တီးထားတာ စိတ်ကူးယဉ်တာ ပုံရိပ်တွေက ကျောချမ်းစရာလည်းကောင်းခဲ့တယ်။ အခုမှ သေချာပြန်ကြည့်မိတော့ ဒီကား ဒါရိုက်တာ Henry Selick ဆိုတာက အဲဒီလို Creepy ဆန်ဆန် Animation ရုပ်ရှင်တွေဖြစ်တဲ့ Coraline တို့ The Nightmare Before Christmas တို့ James and the Giant Peach တို့ကို ဖန်တီးထားတဲ့ ဆရာကြီးဖြစ်နေရောဗျာ။ တစ်ခုတော့ပြောချင်ပါတယ် ဒီကားကို ကြည့်မယ်ဆို Rating ကို တစ်ချက်လောက် ခေါက်ပစ်ထားလိုက်ပါ။ 2000 ကာလတုန်းက လက်ရာတစ်ခုကို ပြန်စီးမျောတဲ့အနေနဲ့ပဲ အေးဆေးသာယာစွာ ခံစားကြည့်ရှုလိုက်ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.8 GB / 880 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

0 2001 93 mins
Monkeybone