YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Justice Bao S3 E39 720p CM.mp4

419.64 MB N/A video/mp4 300 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nefarious
6.6

Nefarious (2023) တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် သေသွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ချဖို့ အချိန်မတိုင်ခင် ထောင်ဆီ လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဂျိမ်းစ်လည်း လူသတ်သမားနဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါမှာ အက်ဝါ့ဒ်က သူဟာ လူမသတ်ခဲ့ကြောင်း သူ့ကို နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက ပူးကပ်ပြီး လူတွေကို သတ်ခဲ့တာဖြစ်ကြောင်း ပြောလာပါတယ်။ တကယ်ပဲ အက်ဝါ့ဒ်ကို နတ်ဆိုးက ပူးကပ်နေတာလား ဒါမှမဟုတ် ရူးသွပ်နေတဲ့ လူသတ်သမားတစ်ယောက်လားဆိုတာကို ဇာတ်ကားအဆုံးထိ မေးခွန်းတွေ များစွာနဲ့ ရင်တထိတ်ထိတ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 969MB | 456MB | 227MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action • Crime • Drama
6.6 2023 98 mins
Nefarious
The Wandering Earth II
7.2

ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ အရင်ရိုက်တတ်တဲ့ တရုတ်သိပ္ပံကားတွေနဲ့ယှဉ်ရင်တော့ another level ကိုရောက်လာတဲ့ ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးဟာ Solar Crisis လို့ခေါ်တဲ့ နေမင်းကြီး ပေါက်ကွဲပြန့်ကားလာတဲ့အန္တရာယ်ကြောင့် နှစ်ပေါင်း ၃၀၀ နေရင် ကမ္ဘာပျက်တော့မယ့် အခြေအနေကိုရောက်လာပါပြီ။ ဒီအခြေအနေက‌နေ ရုန်းထွက်ဖို့ ကမ္ဘာ့နိုင်ငံပေါင်းစုံအဖြေရှာကြရင်းနောက်ဆုံးမှာတော့ ကမ္ဘာကြီးကို နေအဖွဲ့အစည်းကနေ ဝေးရာကိုသယ်ထုတ်သွားပြီး အခြားနေအဖွဲ့အစည်းတစ်ခုထဲမှာရှင်သန်ဖို့ ကမ္ဘာ့အင်ဂျင်ပေါင်း ၁၀၀၀၀ ကိုတည်ဆောက်ပြီး ခရီးသွားကမ္ဘာစီမံကိန်းကို စတင်ခဲ့ကြပါတော့တယ်။ အဲဒီခရီးစဉ်ဟာ လဆွဲအားကနေ လွတ်အောင် လကို တွန်းထုတ်တာတွေ၊ အရံအစီအစဉ်အနေနဲ့ လကိုဖောက်ခွဲရတာတွေ စတဲ့အဆင့်ပေါင်းများစွာပါပြီး နှစ်ပေါင်း ၂၅၀၀ ကြာမြင့်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအစီအစဉ်ကို ဆန့်ကျင်ပြီး လူတွေကို Matrix ရုပ်ရှင်ထဲကလို ဒစ်ဂျစ်တယ်သက်ရှိတွေအဖြစ် ရှင်သင်စေချင်တဲ့အဖွဲ့ကလည်း လိုက်ပြီးတိုက်ခိုက်လာတဲ့အခါ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရပါတော့တယ်။ File size…(2.7 GB)/(1.4 GB)/(850 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:53:00 Genre...Drama, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Romance
7.2 2023 173 mins
The Wandering Earth II
(18+) Sin Sisters 2
1

၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်းဟာသကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၁၈+ အခန်းနဲ့ စကားလုံးအသုံးအနှုန်းတွေပါတာကြောင့် ကိုယ့်ဘာသာ ချင့်ချိန်ကြည့်ကြဖို့ အကြံပေးပါရစေ မိန်းမလှလေး ၅ ယောက်ကို အခန်းကြီးတစ်ခုထဲမှာ ကြိုးတုပ်ပြီး ဖမ်းဆီးထားရာကနေ စပါတယ် အဲ့ဒီမိန်းမ ၅ ယောက်က ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်၊သရုပ်ဆောင်၊ မော်ဒယ် နဲ့ အလှမယ် စသည်ဖြင့် လူသိရှင်ကြားနာမည်ကြီးသူတွေပါ... ဒါပေမယ့် သူတို့အားလုံးမှာ လိင်ကိစ္စနဲ့ပတ်သတ်ပြီး မကောင်းတဲ့အတိတ်တွေကိုယ်စီရှိခဲ့ပါတယ် ဒီအတိတ်တွေကို ဖမ်းဆီးပြန်ပေးဆွဲတဲ့ သူက ဝန်ခံခိုင်းပြီး အပြစ်အရှိဆုံးလို့ ယူဆရတဲ့သူကို အသက်ရှင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်... ဒီ ၅ ယောက်ဟာက သူတို့ကျူးလွန်ခဲ့တဲ့ တဏာရာဂလိင်ဇာတ်လမ်းတွေကို ဘယ်သူက အဆိုးဆုံးလဲဆိုတာကို ယှဉ်ပြိုင်ပြောဆိုရင်း အသက်ရှင်လွတ်မြောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်... (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။) Genre..... Comedy, Romance, Thriller Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 449MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Action • Comedy
1 2010 104 mins
(18+) Sin Sisters 2
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
The Card Counter
6.2

ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ... Chess အကြောင်းမသိတဲ့သူတွေတောင် The Queen's Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလို ဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်... ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့.... ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်... နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့  သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်... ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်....မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်... နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီး ကစားပါတယ်...သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရ သိလို့  ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်... ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်က ချဉ်းကပ်လာတဲ့အခါမှာတော့..... မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.04GB),(1 GB) and (369MB) Quality : WEBScr 720p Format…mp4 Duration…01:51:00 Genre : Action  , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi & Chothet MMT Encoded by Phyo Pyae

Comedy
6.2 2021 111 mins
The Card Counter
The Boy Who Harnessed the Wind
7.9

Channel Myanmar ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ The Boy Who Harnessed The Wind(2019)ပါ။ Rating တွေအနေနဲ့လဲ မြင့်မားပြီး အပြင်မှာ တကယ်ရှိတဲ့ ဝီလီယမ် ကန်ကွမ်ဘာဆိုတဲ့ ကောင်လေးအကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးဟာ ဆွဲဆောင်မှုရှိရှိနဲ့ ဇာတ်လမ်းအဆုံးထိကိုဆွဲခေါ်သွားနိုင်မှာပါ။ ကြည်နူးပီတိဖြစ်ရင်း အလိုမကျဒေါသထွက်ရင်း စိတ်ခွန်အားတွေပါပေးစွမ်းနိုင်တဲ့ ဒီကားလေးက IMDb Rating 7.6/10 Rotten Tomatoes 87%ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုလဲ တင်ပြလိုပါသေးတယ်။ တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာ ပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ ထို့အတူပါပဲ။ ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ထုံး နှလုံးမူထားတဲ့၁၃နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာ Wimbeဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။ မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။ တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။ မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးက မီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာ စာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ? သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ? သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား? စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်း စိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်...

Mystery
7.9 2019 113 mins
The Boy Who Harnessed the Wind
Perfect Sense
7

Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား… သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ နောက်ဆုံးမှာရော ဒီရောဂါကြီးဟာ ပျောက်ကင်းသွားမှာလား ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ခုပဲခံစားကြည့်ကြည့်လိုက်ရအောင် File size…(1.6 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Science Fiction, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

7 2011
Perfect Sense
Bloodsucking Bastards
6

ဇာတ်လမ်းလေးကတော့ အရောင်းကုမ္ပဏီတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အဲဗန်ဟာ စိတ်သဘောထားကောင်းတဲ့အတွက် သူ့လက်အောက် သူငယ်ချင်း ဝန်ထမ်းတွေဟာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတယ်။ သူ့ရည်မှန်းချက်ဖြစ်တဲ့ ယာယီအရောင်းမန်နေဂျာကနေ တရားဝင် အ‌ရောင်းမန်နေဂျာ ဆိုတဲ့ရာထူးကိုရဖို့အတွက်ကြိုးစားနေသူတစ်ယောက်ပါ။ အထက်ကနေ အမျိုးသားလိင်အားတိုးဆေးရောင်းဖို့အတွက် တင်ပြချက်တစ်ခုကို လုပ်ဖို့ အထက်လူကြီး တက်ဒ်က အဲဗန်ကိုတာဝန်ပေးလိုက်ပါတယ်။ အဲ့နေ့တစ်ဆက်တည်းမှာပဲ ကုမ္ပဏီမှာရာထူးတစ်နေရာ ကြေညာစရာရှိတဲ့အတွက် ရုံးကဝန်ထမ်းအကုန်လုံးကို တက်ဒ်ရဲ့ရုံးခန်းထဲကိုလာခိုင်းလိုက်ပါတယ်။ အဲဗန်က သူ့ကိုမန်နေဂျာရာထူးကြေညာ ပေးတော့မယ်အထင်နဲ့ ပျော်ရွှင်နေပါတယ်။ တကယ်ကြေညာလိုက်တဲ့အခါမှာ ကောလိပ်ကျောင်းတုန်းက ရန်ဖက်ဖြစ်တဲ့ မက်စ် ကိုကုမ္ပဏီမှာခန့်လိုက်ပါတယ်။ မက်စ်ကုမ္ပဏီကိုရောက်လာတဲ့အချိန်ကစပြီးတော့ ဝန်ထမ်းတွေဟာ တစ်ယောက်ပြီး တစ်ယောက် ဗန်ပိုင်းယားတွေဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ သတိထားမိလာတဲ့ အဲဗန်ဟာ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ တင်မ်နဲ့အတူ ဗန်ပိုင်းယားတွေကိုရှင်းလင်းပစ်တဲ့အခါမှာတော့…… File size…1.17 GB / 512MB Quality… Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

6 2015
Bloodsucking Bastards
The One I Love
7

အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ‌ဆက်ဆံရေးတွေခြောက်ကပ်လာတာ အဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန်နဲ့ဆိုဖီဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်‌‌ရေးက ‌ အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကို ပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာ အိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာ‌နဲ့ပဲအကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေ လင်မယားတွေက ဘယ်လောက်ပြန် အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန်တို့လဲ သွားနေဖို့ ဆုံးဖြတ်လိုက်ကြတာ‌ပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲဆိုတာကို Thriller ဆန်ဆန် Ro-Comedy လေးနှောပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။ Genre fusion လေးကတော့တော်တော်လှတယ်ဗျ။ IMDB 7.0 နဲ့ ခရမ်းချဥ်သီး ၈၀ရာခိုင်နှုန်းတောင်ရထားတာမလို့ ဒီလိုပုံမှန်မြင်တွေ့နေကြနဲ့မတူတဲ့ကားလေးကို ရုပ်ရှင်ချစ်သူများလက်လွှတ်မခံဖို့ပဲအကြံပေးပါရစေဗျာ။ File size… 1 GB / 582MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

7 2014 91 mins
The One I Love
Snack Shack
7

Snack Shack (2024) IMDb – 7.0/10 ဒါရိုက်တာ Adam Rehmeierရဲ့လက်ရာ အမေရိကန်လူငယ်ဟာသဇာတ်မြူးလေးပေါ့။ ၁၉၉၁ ခုနှစ် နီဘရာစကာက ဆယ်ကျော်သက်နှစ်ယောက်ရဲ့ စီးပွားရှာကြပုံနဲ့ ဖွန်ကြောင်ကြတာကို ရှုစားကြရမှာပါ။ မုစ်နဲ့ အေဂျေဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ပိုက်ဆံအတော်ရှာချင်တဲ့ကောင်တွေ။ ခွေးအပြေးပြိုင်ပွဲလည်း ဝင်လောင်း၊ ဘီယာလည်း ကိုယ့်ဘာသာချက်ရောင်းနဲ့ အတော်ဟုတ်နေတာ။ ဒါပေမဲ့ မိဘဖြစ်သူတွေက သူတို့လုပ်ငန်းတွေကို ကဖျက်ကယက်လုပ်တဲ့အတွက် ဘော်ဒါနှစ်ကောင်ဘူရပါရော။ ဒီမှာပဲ ဘော်ဒါနှစ်ကောင် နွေရာသီအတွင်း ရေကူးကန်တစ်ခုမှာ မုန့်ရောင်းပြီး စီးပွားရှာဖို့ကြံကြပါတော့တယ်။ အေဂျေ့အိမ်နားကို ပြောင်းလာတဲ့ စော်လေးတစ်ဗွေပြောင်းလာပြီး ဘော်ဒါနှစ်ကောင် ဝိုင်းကြောင်ရာက စော်လေးက သူတို့လုပ်ငန်းကိုခြိမ်းခြောက်လာတဲ့အတွက်a သူတို့ဘယ်လိုကြံကြမယ်ဆိုတာ ကြည့်ရှုကြပါဦး။ ( aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Comedy Quality…. 1080p | 720p File size… 1.9GB | 935MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

7 2024
Snack Shack
Love in the Limelight
6.5

၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာ အမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmes နဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကို အခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူး ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက် ရေးသားထားပြီး Alexa PenaVega နဲ့ Carlos PenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာ နာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်း ပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်း သီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်း မရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake City ကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင် အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာ တကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့ နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ် ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကို နှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ အပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.5 2022
Love in the Limelight
Jobs
6

Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီး August 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်… Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့ Apple Computer ကို စတင်တီထွင် ဖို့ အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲ ကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါ ရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကို သူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေ ရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်… ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့် Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ… ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ခရေစေ့တွင်းကျ ပြောမပြနိုင်ပေမယ့် တစ်စေ့တစ်စောင်းတော့ သိလာမှာပါလို့ မှတ်ချက်ပြုရင်း…. File size… 2.2 GB / 962 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 9m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… JimX

6 2013 129 mins
Jobs
Charade
7.8

IMDb 7.8 , ခရမ်းချဉ်သီး RT 94% – Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ – ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။ – ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက – အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ – အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ် – သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ? – ယောင်္ကျား‌ သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့‌ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ – သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Comedy, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

Action • Drama
7.8 1963 113 mins
Charade
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Kudumba Sthreeyum Kunjadum

Kudumba Sthreeyum Kunjadum (2024) “လက်ပူးလက်ကြပ်” စိတ်ညစ်စရာတွေ ခဏတာမေ့ထားပြီး အားရပါးရရယ်မောပစ်ချင်သူတွေအတွက် မလေယာလမ်စကားပြော ဟာသ-မှုခင်း-ဒရာမာရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြို့တစ်မြို့ကို တာ၀န်ပြောင်းရွှေ့လာတဲ့ရဲတစ်ယောက်ဟာ ရောက်ပြီးသိပ်မကြာခင်မှာပဲ ခိုးမှုတွေနဲ့ ကြုံခဲ့ရပြီး သူခိုးဂိုဏ်းကိုလိုက်စုံစမ်းပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ရေးဟာလည်း အရှုပ်အရှင်းတွေ ဖြစ်လို့နေပါတယ်။ သူပြန်လာတဲ့အချိန်မှာ မိန်းမဖြစ်သူဟာ အရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲသွားတာကို သတိထားမိခဲ့ပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ သူ့မိန်းမနဲ့တိတ်တိတ်ပုန်းရည်းစားက သူ့ကိုလာသတ်တယ်လို့ အိပ်မက်မက်ရာကစလို့ သူ့သံယတွေပိုကြီးထွားလာပြီး မိန်းမဖြစ်သူကို လက်ပူးလက်ကြပ်ဖမ်းဖို့ စောင့်ကြည့်နေတယ်။ အဲဒီလိုနဲ့ သူခိုးဂိုဏ်းမှာဘယ်သူတွေပါမလဲ၊ အိမ်ထောင်ရေးအရှုပ်အရှင်းကိစ္စကရော ဘယ်လိုဆက်ဖြစ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆက်စပ်နေဦးမလဲဆိုတာကို ရယ်စရာ ဗရုတ်သုတ်ခဇာတ်၀င်ခန်းတွေနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Action • Science Fiction • Thriller
0 2024 150 mins
Kudumba Sthreeyum Kunjadum