YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Justice Bao S2 E30 720p CM.mp4

478.91 MB N/A video/mp4 847 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
Friend Zone
7.2

သင်ရော သင်ချစ်ရတဲ့သူငယ်ချင်းရဲ့ friend zone ထဲ ရောက်နေပြီလား??... Friendzone ဆိုတဲ့ ဒီဇာတ်ကားကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအနှံ့အပြားမှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဇာတ်ဝင်တေးကိုလည်း နိုင်ငံအစုံက အဆိုတော်တွေနဲ့ ဘာသာမျိုးစုံသီဆိုထားပါတယ် မြန်မာနိုင်ငံက အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင်ပေါ့ ဒီဇာတ်ကားထဲမှာတော့ မင်းသမီးလေး Baifern Pimchanok က ဂင်းဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ မင်းသား Nine Naphat ကတော့ ဂင်းကို ကြိတ်သဘောကျနေတဲ့ ကောင်လေး ပမ်အဖြစ် သရုပ်ဆောင်ထားပါတယ် Friend zone ထဲရောက်နေတဲ့ သူတွေအတွက် အဆိုးဝါးဆုံးအရာကဘာလဲသိလား ကိုယ်ချစ်ရတဲ့သူငယ်ချင်းက ရည်းစားရသွားတာပါပဲ အဲဒီလိုပဲ ပမ်အနေနဲ့ ဆယ်နှစ်ကျော်ချစ်ခဲ့ရတဲ့ ဂင်းတစ်ယောက် ရည်းစားရပြီး တဇွတ်ထိုးလုပ်နေတာကို လိုက်ထိန်းနေရတဲ့ ပမ်တစ်ယောက် အဆုံးသတ်မှာ ဆယ်နှစ်ကြာ friend zone ကနေ ရုန်းထွက်နိုင်မလား ဂင်းအနေနဲ့ကရော ပမ့်အပေါ် ဘယ်လိုသဘောထားဆုံးဖြတ်ပေးသွားမလဲဆိုတာကို ငယ်သူငယ်ချင်းကြား အမှတ်တရလေးတွေ ပျော်ရွှင်စရာ ဟာသဖြစ်ရပ်လေးတွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်❤️❤️ သင်လည်း friend zoneထဲထည့်ခံထားရသူဆို ချစ်ရတဲ့crush လေးကို ဒီကားပြပြီး ကိုယ့်အချစ်တွေမြင်လာအောင်ပြလိုက်တော့နော်..။ (ဘာသာပြန်ပေးထားသူတွေကတော့ Kyi Nue Zin & Nang Mwe Kham တို့ပါ) File Size :(2.8 GB ) and (950 MB) Quality : WEB-DL HEVC 1080p/HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by THZ & Nyeinsaeya Aung

Animation • Family
7.2 2019 118 mins
Friend Zone
Maaveeran
6.8

Maaveeran (2023) IMDb-7.5/10 ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။ နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL

Horror • Thriller
6.8 2023 166 mins
Maaveeran
Resident Evil: Welcome to Raccoon City
6

ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်း လီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာ ဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့က မိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာ ကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလား အခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့ လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီး ဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ... File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP / 1080p AAC 5.1CH Format…mkv Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson

Drama • Sci-Fi & Fantasy
6 2021 107 mins
Resident Evil: Welcome to Raccoon City
Bad Education
6.8

ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ် ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ... ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက... ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း.. အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာ ကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ.. သူက သိပ်ကိုတော်တဲ့လူတစ်ယောက်... သိပ်ဦးနှောက်ကောင်းတယ်... ဒီကျောင်းကြီးကို သုညအဆင့်ကနေ ထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ... ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်း သိပ်လေးစားချစ်ခင်ကြတာပေါ့.... ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား... ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်က Huge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ... နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ File Size : ( 1 GB , 370 MB) Quality : WEBRip 720p Running Time : 1 hr 48 min Format : Mp4 Genre : Biography , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Moe Myint Lwin

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
6.8 2019 108 mins
Bad Education
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Ghodwa
6.1

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB) / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

6.1 2021
Ghodwa
Operation Mayfair
6.3

Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။ မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။ စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် စီအမ်က တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy
6.3 2023 116 mins
Operation Mayfair
War of the Wills
6.3

ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ဝီလ်တို့ သားအဖကြားက မတည့်အတူနေစစ်ပွဲကိုမြင်တွေ့ရမယ့် Comedy Drama movieလေးပါပဲ…။ ဇာတ်လမ်းထဲမှာတော့ ကျိကျိတက်ချမ်းသာတဲ့အဘိုးဖြစ်သူသေဆုံးသွားပြီးတော့ အမွေတွေတစ်ပုံတစ်ပင်ကြီးကို မြေးဖြစ်သူဝီလ်နဲ့ သူ့အဖေကို ညီတူညီမျှခွဲဝေပေးခဲ့ပါတယ်…။ ဒီအတိုင်းရော့အင့်ဆိုပြီး ပေးလိုက်တာမျိုးမဟုတ်ဘဲ စည်းကမ်းချက်တစ်ခုရှိပါတယ်…။ အဲ့ဒီ စည်းကမ်းချက်ကတော့ ဝီလ်တို့သားအဖနှစ်ယောက် အဘိုးဖြစ်သူချန်ခဲ့တဲ့ အိမ်ကြီးမှာ ၂၉ရက်တာ၊ ခြံဝန်းအပြင်ဘက် ဘယ်ကိုမှထွက်သွားခွင့်မရှိဘဲ အိမ်ထဲမှာပဲအတူနေရမှာပါ…။ တစ်ယောက်က မနေနိုင်ရင် ဒါမှမဟုတ် ခြံဝန်းအပြင်ထွက်မိရင် ကျန်တဲ့သူက အမွေအကုန်ရမှာပါ…။ စည်းကမ်းချက်က ရှင်းရှင်းလေးပါ… ခက်တာက ဝီလ်တို့ သားအဖနှစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက သင့်မြတ်မှုမရှိတာပါပဲ…။ ဒီတော့ ဒီသားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အမွေမရအောင် ချောက်ချရင်း… အဆုံးသတ်မှာ ဘယ်သူကအမွေတွေရသွားမလဲဆိုတာကို plot twistလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းလေးပါပဲ…။ File size…1.64GB / 684MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.3 2023
War of the Wills
Red Dot
5.5

တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကို မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လို စိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့ အဲ့လိုစိတ်ကူးထားသူ‌တွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသား ဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီး နှစ်‌ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့ အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကို ပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lights တွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။ သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်း ရုတ်တရက်ကြီး Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ရှူသူ‌တွေကို အဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twist အပိုင်းကလည်း‌ ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေး ကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေ ကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.5 2021
Red Dot
First Kill
5

First Kill (2017) IMDb: 5.0/10 Genre: Action/Thriller Wall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။ တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။ သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။ သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ဝီလ်အနေနဲ့ အလောင်းကိုကြည့်ချိန်မှာ ရဲတစ်ယောက် ဖြစ်နေခဲ့မှန်း သိခဲ့ရပါတယ်။ သေနတ်ဒဏ်ရာနဲ့ လဲနေတဲ့သူ လီဗိုင်းကို အိမ်ပြန်ခေါ်သွားခဲ့ပြီး ဆေးကုပေးပြီးကာမှ ဒန်နီကို ဓားစာခံလုပ် အကျပ်ကိုင်ခြင်းခံရပါတော့တယ်။ အခင်းဖြစ်ရာနေရာကို ပြန်လာချိန်မှာ ရဲအရာရှိတစ်ယောက် ကြိုတင်ရောက်နေခဲ့ပြီး ဝီလ်နဲ့ လီဗိုင်းကို စတင်ပစ်ခတ် ပါတော့တယ်။ လီဗိုင်းကတော့ ဒန်နီနဲ့အတူ လွတ်မြောက်သွားခဲ့ပြီး ဒန်နီနဲ့လဲလှယ်ဖို့ အခင်းဖြစ်တဲ့နေရာက သော့ကို ယူလာခဲ့ဖို့ ဝီလ်ကို ချိန်းဆိုခဲ့ပါတယ်။ ဝီလ်အနေနဲ့ မိသားစုရဲ့မိတ်ဆွေဟောင်း ရဲမှူးဟောင်းဝဲလ်ကို အခင်းဖြစ်ရာကို ပထမဆုံးအကြိမ်ရောက်တာဖြစ်ကြောင်း လိမ်လည်ခဲ့ပြီး ညကျမှ သော့ကို ပြန်လာရှာဖို့ စိတ်ကူးခဲ့ပါတယ်။ ဝီလ်အနေနဲ့ ရဲတစ်ယောက်ကို သတ်ပစ်ခဲ့တဲ့အမှုကို ဖုံးကွယ်ရင်း သားဖြစ်သူ ဒန်နီဆီကို အရောက်သွားနိုင်မလား ရဲမှူးဟောင်းဝဲလ်အနေနဲ့ရော ဝီလ်ရဲ့လိမ်လည်ရတဲ့အကြောင်းရင်း အမှန်ကို စုံစမ်းနိုင်မလား ဘဏ်ဓားပြမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ရဲ့သရုပ်မှန်ကိုရော ဖော်ထုတ်နိုင်မလား ဆိုတဲ့ မေးခွန်းများကို အဖြေရှာနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.6 GB / 819 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Action/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Sai Sumali

5 2017 97 mins
First Kill
Casualties of War
7.1

ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်‌ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကို‌ချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။ နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

7.1 1989 113 mins
Casualties of War
Blue Spring Ride
6.1

Blue Spring Ride (2014) ************************ IMDb…..6.1 “ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” “အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ” ဇာတ်လမ်းအကျဉ်း ယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာ ရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့ မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲ နေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီး နေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက် ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့ အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကို သူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။ အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာ သူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ… ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီး အမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား… Blue Spring Ride သည် ဘဝရဲ့ ပထမဆုံးအချစ်၊ သူငယ်ချင်းအချစ်၊ မိသားစုပြဿနာများနဲ့ ဆယ်ကျော်သက် လူငယ် ကျောင်းသား၊ ကျောင်းသူများရဲ့ ခံစားချက်အပေါ် ဖြေရှင်းကြပုံများ၊ လူငယ်ဘဝတွေကို တစ်သက်တာ အဖိုးတန်အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ကြိုးစားကြပုံများနဲ့ ဖန်တီးထားသည့် လူငယ်ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ “Ao Haru Ride” Manga ကို ရုပ်ရှင်အဖြစ် ဆန်းသစ်ဖန်တီးပေးထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားစီးမျောနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.83GB/ 840MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Comedy, Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Tiff

Thriller • Drama • Crime • Action
6.1 2014 122 mins
Blue Spring Ride
Varsity Blues

Varsity Blues ဆိုတာ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဘောလုံးအကြောင်းနဲ့ လူငယ်ဘဝရဲ့ အလှည့်အပြောင်းတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပါ ဇာတ်အိမ်က တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ တည်ထားတာ ဒီမြို့မှာ ဘောလုံးဆိုတာ ဘာသာတရားလိုပဲ အားလုံးက အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းကို အသက်သွင်းထားတဲ့ပုံစံပေါ့ အဓိကဇာတ်ကောင်ကတော့ ဂျွန်နီ မော့က်စ် ဆိုတဲ့ကောင်လေး (ဂျိမ်းစ် ဗန် ဒါ ဘိခ် သရုပ်ဆောင်ထားတာ) သူက အသင်းရဲ့ အရန် ကွာတားဘက် ပြီးတော့ ဒီဘောလုံးအရူးတွေနဲ့ ပြည့်နေတဲ့ မြို့မှာ သူ့ဘဝကို သူ ကိုယ်ပိုင်လမ်းနဲ့ သွားချင်တဲ့ ကောင်မျိုးဖြစ်နေတာ ဒါပေမယ့် ကံကြမ္မာက လှည့်စားတယ်လေ အသင်းရဲ့ စတားကစားသမား လန်စ် ဟာဘာ ဒဏ်ရာရသွားတော့ မော့က်စ်တစ်ယောက် မထင်မှတ်ဘဲ အဓိက ကွာတားဘက်ဖြစ်လာတယ် ဒီမှာ ပြဿနာက နည်းပြကြီး ဘတ်ကုန်း (ဂျွန် ဗွိုက်ထ် သရုပ်ဆောင်ထားတယ်) သူက အနိုင်ရဖို့ဆို ဘာမဆို လုပ်မယ့် လူမိုက်ပုံစံ ကစားသမားတွေကို စိတ်ရော ကိုယ်ပါ ဖိအားပေးတာ မော့က်စ်ကတော့ ဒီဖိအားတွေ မြို့သူမြို့သားတွေရဲ့ မျှော်လင့်ချက်တွေကြားမှာ သူဘာကို တကယ်လိုချင်လဲ ရှာဖွေရတော့တာပဲ ဇာတ်ကားထဲမှာ သူငယ်ချင်းတွေ အချစ်ရေး (အေမီ စမတ် သရုပ်ဆောင်တဲ့ ဒါစီနဲ့ ဇာတ်လမ်းလေး ပါသေးတယ်) မိသားစုပြဿနာတွေနဲ့ ဘဝရဲ့ ရွေးချယ်မှုတွေကို ဟာသလေးနှောပြီး ပြသွားတာ နောက်ဆုံး မော့က်စ်တစ်ယောက် အသင်းကို သူ့လမ်းနဲ့ ဦးဆောင်ပြီး သူ့ကိုယ်သူ ပြန်ရှာတွေ့သွားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းထားပါတယ် ဘောလုံးပရိသတ်ဖြစ်ဖြစ် လူငယ်ဘဝ ဇာတ်လမ်းမျိုးကြိုက်တတ်သူဖြစ်ဖြစ် ဒီဇာတ်ကားက စိတ်ဝင်စားစရာပါပဲ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Comedy • Romance
0 1999
Varsity Blues
Or Utopia
6.7

Or Utopia (2024) ****************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် ဂျပန်သဘာဝလွန် ဇာတ်ကားသစ်လေး တင်ဆက်ပေးပါရစေ။ ဒီကားလေး‌ထဲမှာဆိုရင် ဂျပန်နိုင်ငံတစ်ဝှမ်းလုံး အမည်မသိထူးဆန်းတဲ့ သတ္တဝါကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အခြေအနေကို နောက်ခံထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတ္တဝါကြီးတွေရန်က ကာကွယ်ဖို့အတွက် လူတွေဟာ အိမ်ထဲမှာပဲ ပုန်းနေကြရတယ်။ အဲဒီလိုပုန်းနေကြတဲ့ အချိန် .. ဟိုတယ်တစ်ခုတည်းမှာ တည်းခိုနေကြတဲ့ အသက်ရှင်ကျန်ရစ်သူ ၁၂ယောက်ဟာလည်း အပြင်ကို ထွက်လို့မရတော့ဘဲ ပိတ်မိနေကြရပါတယ်။ ဆေးစွဲနေတဲ့ သက်လတ်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ဦး၊ စာရေးဆရာတစ်ဦး၊ ဟိုတယ်မန်နေဂျာ၊ အောက်ပိုင်းသေနေတဲ့ ဟိုတယ်ပိုင်ရှင်၊ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ရတာသဘောကျတဲ့ အမျိုးသားတစ်ဦး၊ အဲဒီဟိုတယ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စီစဉ်ထားခဲ့ကြတဲ့ အဖွဲ့တစ်ဖွဲ့ အပါအဝင် လူအမျိုးမျိုးပါပဲ။ ဒီလိုနဲ့ အတူတူနေကြရင်း ဟိုတယ်ပိုင်ရှင် ဟိရာယာမာ ရုတ်တရက် သေဆုံးသွားတဲ့အခါ အချင်းချင်းသံသယဖြစ်မှုတွေ ရှိလာကြပါတယ်။ နောက်ဆုံးမှာ ပိတ်လှောင်ခံထားရတာကြောင့် တချို့က စိတ်ထွက်ပေါက်ရှာကြတယ်။ဟိုတယ်ထဲကို စိမ့်ဝင်လာတဲ့ လေထုကြောင့် တချို့လူတွေကလည်း မဟုတ်မမှန်တာတွေကို မြင်လာကြရတယ်။ တစ်ချိန်တည်းမှာပဲ ဟိရာယာမရဲ့ သေဆုံးခြင်း နောက်ကွယ်က အမှန်တရားကို ရှာတွေ့တဲ့အခါမှာ စာရေးဆရာမာကိအပါအဝင် တစ်ဦးချင်းစီရဲ့ အတိတ်တွေနဲ့ လျှို့ဝှက်ချက်တွေဟာ တစ်စတစ်စ ထွက်ပေါ်လာပါတော့တယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ကို စောင့်နေကြတဲ့ သူတို့ဟာ ကယ်ဆယ်ရေး တကယ်ရောက်လာတဲ့အချိန်ထိ ခံနိုင်ရည်ရှိကြမလား။ ကြားထဲမှာရော ဘယ်လိုတွေ ဖြစ်ကြမလဲ။ တစ်ဦးချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ။ ဟိုတယ်ပိုင်ရှင်ဟိရာယာမာ ဘာကြောင့်သေဆုံးသွားခဲ့ရတာလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.84GB / 803MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Action • Comedy • Romance
6.7 2024 129 mins
Or Utopia