YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Justiace Bao E12 (720p).mp4

473.79 MB N/A video/mp4 3342 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Go Goa Gone
5.7

အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။ တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။ အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Fantasy • Mystery • Romance • Science Fiction
5.7 2013 111 mins
Go Goa Gone
Guru
6.8

အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။ လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။ သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။ သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေ ဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama
6.8 2007 166 mins
Guru
Aqua Teen Forever: Plantasm
6.4

Aqua Teen Hunger Force ဆိုတဲ့ Animation စီးရီးက မစ်ရှိုတ်ရယ်၊ အသားလုံးရယ်၊ အာလူးချောင်းကြော်ရယ်ဆိုတဲ့ အဓိက ဇာတ်ကောင် ၃ ကောင်ပါဝင်ထားပြီး ဂြိုဟ်သားတွေ၊ အပင်ကောင်တွေ၊ လူတွေလည်း ပါတဲ့အပြင် ကြည့်နေတဲ့လူကို ထထဆဲတဲ့ 8 bit Mooninite နှစ်ကောင်လည်းပါဝင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ ကလေးတွေမကြည့်သင့်တဲ့အခန်းတွေ ဆက်တိုက်ပါပါတယ်။ အသက်ပြည့်ပြီးသားလူကြီးတွေပဲကြည့်သင့်တယ်ဆိုပေမဲ့လည်း သာမန်ရိုးရိုးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ... နာမည်ကျော် Rick and Morty စီးရီးတွဲတွေကိုထုတ်ခဲ့တဲ့ Adult Swim ကပဲ ထုတ်ထားတဲ့အတွက် အဲဒီစတူဒီယိုရဲ့ Trademark လိုကိုဖြစ်နေတဲ့ ထူးထူးဆန်းဆန်းတွေ၊ မဖြစ်နိုင်တာတွေ၊ ဇာတ်ကားကြည့်နေတဲ့လူကို ဝင်ဝင်နှောင့်တတ်တဲ့ကောင်တွေနဲ့ဆိုတော့ ပျင်းတော့မပျင်းရပါဘူး… ထူးထူးခြားခြားဇာတ်လမ်းတွေ၊ အရင်လိုနဲ့မတူပဲကွဲထွက်နေတာမျိုးတွေကိုကြည့်ချင်တာဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ… (ဒီဇာတ်ကားနဲ့အညွှန်းကို Lwin Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 620MB Quality - 1080p, 720p Format - mp4 Duration - 1H 19min Genre - Animation, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Lwin Bo Encoded by Y

Comedy • Fantasy • Horror
6.4 2022 76 mins
Aqua Teen Forever: Plantasm
[18+] Rape Hunter: Target Woman
3.8

ဖူယူကိုဟာ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီးရှေးရိုးစွဲယောက္ခမနဲ့ခင်ပွန်းသည်အတွက်ကလေးရဖို့ ဖိအားပေးကြိုးစားခံနေရသူဖြစ်ပါတယ်၊ကလေးတစ်ကြိမ်ပျက်ကျတိုင်း သူ့ယောက္ခမဆီသွားတောင်းပန်ရတဲ့အတွက် ကြိတ်မှိတ်သည်းခံနေရတာလဲရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ရထားပေါ်အသွား စိတ္တဇဖြစ်နေဟန်ရှိတဲ့သူတစ်ယောက်က သူ့ချစ်သူနဲ့ဖောက်ပြန်သူအဖြစ်အထင်မှားပြီး သူ့ခင်ပွန်းကို ဓားကြိမ်းကြိမ်းခဲ့တဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်။ ကာလတစ်ချို့ကြာလိုက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီလူကိုပြန်ဆုံခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ သူ့ခင်ပွန်းအပေါ်အငြိုးအတေးနဲ့ သူ့ကို ရက်ရက်စက်စက်မုဒိမ်းကျင့်သွားခဲ့တာပါ။ လက်ရှိမပြေလည်တဲ့ အိမ်ထောင်ရေး ၊ဖိအား အစရှိတာတွေကနေ မသိစိတ်က နာကျင်မှုရက်စက်မှု ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအပေါ်သာယာသွားတဲ့ ဖူယူကိုဟာ အမှောင်ထဲ ထိုးဆင်းဖို့အဆင်သင့်ဖြစ်သွားခဲ့ပါတော့တယ်။ နီကတ်ဆုရဲ့ နာမည်ကျော် ROMAN PORNO LINE တွေထဲကနောက်တစ်ကားပါပဲ။ Roman Porno Series တွေဟာလူတွေရဲ့အမှောင်တိုက်တွေဖြစ်တဲ့ ဆန်းပြားတဲ့လိုဘတွေ၊ ဇောတွေ၊ ပြင်းထန်ကြမ်းတမ်းတဲ့ နှိပ်စက်ညှင်းပန်းမှု ဒါတွေအပေါ်သာယာခြင်းတွေ၊အစွန်းရောက် ညစ်ညမ်းမှုတွေ၊အကြမ်းဖက်မှုတွေ ကိုတစုတစည်းထဲတွေ့မြင်နိုင်ခြင်းကြောင့်နာမည်ကြီးခဲ့ပြီး ၁၉၇၁-၁၉၈၈ သက်တမ်းအတွင်း အရေအတွက် အများကြီးထွက်ရှိပြီးအောင်မြင်ခဲ့တာပါ။ခံစားကြည့်စေချင်ပါတယ်။ Dark Side Production မှ တင်ဆက်သည်။ File Size : (1.3 GB) & (550 MB) Quality : WEB-DL 1080p & 720p Running Time : 01:11:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by  ALS Encoded by RGB

Documentary
3.8 1980 71 mins
[18+] Rape Hunter: Target Woman
Gyeong-ah's Daughter
5

အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။ အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။ တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ... သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး (ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။) File Size : 1.6GB, 563MB & 275MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 57mins Genre : Family, Drama Subtitle : Myanmar Subtitle(Hardsub) Translated by Win & Estel Encoded by Kinnov

Comedy • Drama • Romance
5 2022 118 mins
Gyeong-ah's Daughter
Kung Fu Panda
7.2

DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ… ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်… ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်… သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်.. အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်… ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီး ကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်… သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမား ငါးယောက်လည်းရှိပါတယ်… သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်…. တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပပါတော့တယ်… ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်… ‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့် သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်… ‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက် ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်… ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ… ‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့ အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်… ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ… ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီး မမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့….. ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက် ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်… ‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲ ဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး….. IMDb rating 7.5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်း နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့် ပါဝင်သရုပ်ဆောင်ထားပါတယ်… မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း ပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့….. File size…(1.5 GB)/(738 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by... Nyi Than Lwin

Adventure • Drama • Fantasy
7.2 2008 90 mins
Kung Fu Panda
Magic Mike’s Last Dance

လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike’s Last Dance ပါ။ Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman’s Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။ (ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်) လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ သူ့အတွက် ကိုယ်ကသာ အရာရာဖြစ်ချင်ကြတာမျိုး.. အဲဒီလို သူ့အတွက် ကိုယ်ကသာ အရာရာဆိုတဲ့ အကြီးမြတ်ဆုံးစိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တဲ့အခါ.. ဇာတ်လမ်းအကျဉ်း ဖော်ချွတ်အကသမားအဖြစ်က ထွက်ခဲ့ပြီး ကုမ္ပဏီလေးတစ်ခုထောင်ထားတဲ့ မိုက်ခ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ အရက်စပ်တဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ်.. ပရဟိတပွဲတစ်ခုမှာ အရက်စပ်ပေးရင်းနဲ့ တစ်ညမှာတော့ အထီးကျန်နေတဲ့ သူဌေးကတော်လေး မက်စ်အတွက် တစ်ကိုယ်တော်ကပြဖျော်ဖြေဖြစ်သွားတယ်ပဲ ဆိုပါတော့လေ… မိုက်ခ်ရဲ့ ဖျော်ဖြေမှုကြောင့် အကြံအစည်သစ်တစ်ခု ရသွားတဲ့ မက်စ်က လန်ဒန်ကို အတူလိုက်ခဲ့ဖို့၊ မိုက်ခ်အတွက် အလုပ်တစ်ခု စီစဉ်ပေးမှာဖြစ်လို့ သူနဲ့တစ်လလောက် အလုပ်အတူလုပ်ပါလို့ ကမ်းလှမ်းလာခဲ့တာမို့ မိုက်ခ်တစ်ယောက် လန်ဒန်ကို ပါသွားပါတော့တယ်.. ဟိုရောက်မှ သိရတာက သူလုပ်ရမှာက ပြဇာတ်ရုံတစ်ခုမှာ ဒါရိုက်တာအဖြစ် ပွဲတစ်ခုစီစဉ်ပေးရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက် ဦးစားပေးတင်ဆက်တဲ့ အကြီးစားအကဖျော်ဖြေပွဲတစ်ခုကို အစအဆုံး တာဝန်ယူလုပ်ပေးရမှာဆိုတာပါ.. အဓိက ပြဿနာကတော့ သူတင်ဆက်ရမယ့် ပြဇာတ်ရုံက မက်စ်ရဲ့အရင်ယောက်ျားဘက်ကနေ မက်စ်ရထားတဲ့ ဂန္တဝင်ပြဇာတ်ရုံဖြစ်ပြီး သူတို့ကို ပွဲမလုပ်နိုင်အောင် ပြဇာတ်ရုံပြင်ဆင်မွမ်းမံရေးမှာ အရင်ယောက်ျားဘက်က နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်လာတာပါပဲ.. အကအဖွဲ့တွေ ရှာရ၊ အရင်ယောက်ျားရဲ့ နှောင့်ယှက်မှုတွေကို နည်းမျိုးစံနဲ့ခံရနဲ့ ဗျာများနေခဲ့တဲ့ မိုက်ခ်နဲ့ မက်စ်တို့နှစ်ယောက်ကြား နားမလည်နိုင်ခြင်းတွေ မယုံကြည်နိုင်ခြင်းတွေ ပေါက်ဖွားလာခဲ့ချိန်မှာတော့.. သူတို့ စီစဉ်ထားသလို ပွဲက အောင်အောင်မြင်မြင်နဲ့ ပြီးသွားနိုင်မှာလား.. သူဌေးမလေးမက်စ်ကရော မိုက်ခ်ကိုထားခဲ့ပြီး အရင်ယောက်ျားဆီ ပြန်သွားမှာလား.. မိုက်ခ်ကရော မက်စ်ဖြစ်စေချင်သလို ပြီးပြည့်စုံအောင် တင်ဆက်ပြသနိုင်ပါ့မလား.. ဆိုတာကိုတော့ မင်းသမီးကအကိတ် မင်းသားကအလန်း ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(900 MB)/(400 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by…. Emily

0 2023
Magic Mike’s Last Dance
Balada Si Roy
7.4

Balada Si Roy (2023) ******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူ မတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်.. ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် … နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သား ဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်.. မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါ လက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……. .ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်…. File Size : 2.2GB, 921MB Quality : WEB-DL 1080p, 720p Format : mp4 Duration : 1hr 49mins Genre : Romance, Drama , Action Translated by Thinn Thinzar Encoded by Phyo Pyae

7.4 2023 109 mins
Balada Si Roy
The Boogeyman
6.1

ဒီသရဲကားကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မူလအစီအစဉ်ကတော့ Hulu မှာ streaming ပြသဖို့ ဖြစ်ပေမဲ့အကြိုပွဲတွေမှာ လူတွေအရမ်းကြောက်ပြီးကြိုက်ကြတဲ့အတွက် ရုံတင်ဖြစ်သွားပါတယ်။အချို့အခန်းတွေမှာ ပရိသတ်တွေ အရမ်းအော်ပြီး အရေးကြီးတဲ့ဒိုင်ယာလော့တွေကို အသံဖုံးသွားလို့ ရုပ်ရှင်ကိုကြောက်စရာအခန်းနဲ့ ဒိုင်ယာလော့ကြား နည်းနည်းခြားအောင်ပြန်တည်းဖြတ်လိုက်ရပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက မိန်းကလေးသရုပ်ဆောင်နှစ်ယောက်ကတော့Star Wars Series ထဲက မင်းသမီးလေယာနဲ့ ဒရက်ရှ် နေရာက သရုပ်ဆောင်ခဲ့တဲ့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းအကျဉ်း အဓိကမကောင်းဆိုးဝါး ဘူဂီမန်းဟာ စတီဖင်ကင်းရဲ့ နာမည်ကျော် IT နဲ့ အတော်ဆင်တူပါတယ်။ကလေးတွေကို အရမ်းကြောက်အောင်လုပ်ပြီး သတ်ပစ်တာပါ။ဒါပေမဲ့ IT လောက်တော့ စွမ်းအားမကြီးပါဘူး။သူဟာ အလင်းကိုကြောက်ပါတယ်။အမှောင်ထဲမှာပဲ လှုပ်ရှားနိုင်တယ်။စိတ်ဒဏ်ရာရှိနေတဲ့ကလေးတွေကို ပစ်မှတ်ထားတယ်။ဒီလိုမျိုးပါပဲ။စတီဖင်ကင်းရဲ့ ဝတ္ထုတိုပဲဖြစ်လို့ IT, Dark Tower လို့ပင်မဇာတ်ကြောင်းကြီးမှာတော့ ထပ်မပါသေးပါဘူး။ ဒီရုပ်ရှင်မှာတော့ စိတ်ကုထုံးဆရာဝန်ဒေါက်တာ ဟာပါမှာ ဆေဒီ နဲ့ ဆောယာဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်။သူတို့ရဲ့အမေကတော့ မကြာသေးခင်‌လေးက ကားတိုက်မှုဖြစ်ပြီးဆုံးသွားတာမို့ သူတို့မိသားစုဝင်သုံးယောက်လုံးကိုယ်စီပူဆွေးနေတုန်းအချိန်မှာပဲရှိပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက် ရုတ်တရက်ဒေါက်တာဟာပါနဲ့ လာပြပါတယ်။သူ့ရဲ့ကလေးတွေကို မကောင်းဆိုးဝါးတစ်ကောင်ကသတ်သွားကြောင်း အခိုင်အမာပြောပါတယ်။ပြီးတော့ ဒေါက်တာဟာပါရဲ့အိမ်မှာပဲသတ်သေသွားပါတယ်။အဲဒီနောက်မှာ ကလေးမလေးနှစ်ယောက်ဟာထူးဆန်းတဲ့ကြောက်စရာတွေမြင်လာရတဲ့အခါ… File size… 2.8 GB / 1.1 GB / 445 MB Quality… WEB Rip 4K/ 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.1 2023
The Boogeyman
Cry_Wolf
5.8

Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai

Comedy • Romance • Drama
5.8 2005
Cry_Wolf
Monkey King Fight Lion Camel
5.8

CM ချစ်ပရိတ်သတ်တို့အတွက် မရိုးနိုင်တဲ့ မျောက်မင်းစွန်းဝူခုန်းကားကို ဗားရှင်းတစ်မျိုးနဲ့ ရောက်လာပြန်ပါပြီ… ဒီဇာတ်ကားလေးမှာတော့… အနောက်ခရီးသွား ထန်စန်းကိုယ်တော်နဲ့ စွန်းဝူခုန်းတို့ ညီအစ်ကို ၃ ယောက်က ခရီးလမ်းမှာ… ဝူကျယ်ရွာလေးကို ကျော်ဖြတ်ခဲ့တဲ့ အခိုက်အတန့်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတာပါ.. ဝူကျယ်ရွာမှာက ရှီထူလင်မျိုးနွယ်တွေနေခဲ့တယ်… ရှီထူလင်မျိုးနွယ်တွေက တောထဲ အမဲလိုက်ပြီး ရှာဖွေစားသောက်နေထိုင်ကြသူတွေပေါ့… ဒါပေမယ့် နှစ်တစ်ထောင်ကျင့်စဉ်တွေကျင့်ပြီးတော့ အစွမ်းတွေရလာတဲ့ မိစ္ဆာညီအစ်ကို ၃ ကောင် ( အမွှေးပြာခြင်္သေ့ကြီး၊ နှာမောင်းရှည် ဆင်ဖြူကြီး နဲ့ ရွှေရောင်အတောင်ပံရှင် ငှက်ကြီး) တို့ ကြီးစိုးချိန်ကစပြီး… ရှီထူလင်မျိုးနွယ်ဝင်တွေက လက်တစ်ဆုတ်စာလောက်ပဲ ကျန်တော့တဲ့အထိ လူမျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ရတယ်… ဒီအဖြစ်ပျက်ကို ကြုံတွေ့တဲ့ ထန်စန်းကိုယ်တော်တို့ ဆရာတပည့်တွေက ထုံးစံအတိုင်း မိစ္ဆာတွေလက်ထဲက အဖမ်းခံရ လူသားတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… ဒါပေမယ့် ဘယ်လို အကွေ့အကောက်တွေ ကြုံတွေ့ရမယ်.. ဘယ်လိုတွေ ကြိုးစား ကယ်တင်ခဲ့ရတယ်ဆိုတာကတော့ ဇာတ်ကားလေး ပုံဖော်ပြပါလိမ့်မယ်..

Crime • Thriller
5.8 2024
Monkey King Fight Lion Camel
Welcome To The Game
6

ကစားပွဲလေးက ကြိုဆိုလိုက်ပါတယ်…အမြဲတမ်း လောင်းကစားဆို နိုင်နေတဲ့ ပန်ကာထိပ်က ဝက်အူ လုဖေးတစ်ယောက်… အချီကြီးရှုံးသွားတဲ့ကစားပွဲတစ်ခုကို ပုံဖော်တင်ဆက်ပေးထားတဲ့ကားလေးတစ်ကားပါ… အားလုံးသိမှာပါ လောင်းတယ်ဆိုတဲ့ ကစားပွဲမှာ… လောင်းတာက ငွေမဟုတ်ပါဘူး…စိတ်ကိုပါ…. အလျော်အစားတော့ကြီးတာပေါ့… လုဖေးတစ်ယောက်က ကာစီနိုတွေမှာ အချဉ်ဖမ်းနေကြသူတစ်ယောက်ပေါ့… တစ်နေ့ သူအချဉ်ဆိုပြီး ၁၀ သိန်းနဲ့လောင်းလိုက်မိတာ… သူရှုံးသွားခဲ့ပါတော့တယ်… ဒီလိုနဲ့ ၆ ရက်အတွင်း သူအကြွေးမဆပ်နိုင်ရင် ကလီစာထုတ်ရောင်းခံရမယ့်အခြေအနေရောက်နေတာပေါ့… ဒီတော့ လုဖေးလည်း ဒီအကြွေးကိုဆပ်ဖို့ နောက်ထပ် ကစားပွဲတစ်ခုကို လောင်းကြေးထပ်ခဲ့ပါတယ်… ဒါကတော့ သူ့အကြွေးရှင်ရဲ့သမီးကို ပြန်ပေးဆွဲတာပါပဲ… ဟုတ်ပါတယ်… လုဖေးတစ်ယောက် နေရင်းထိုင်ရင်း သူဌေးသမီးတစ်ယောက်ကို ကောက်ရပြီး… အဲ့သူဌေးသမီးက အကြွေးရှင်သမီးဖြစ်နေတာကြောင့်…. ပြန်ပေးဆွဲယောင်ဆောင်ပြီး ရတဲ့ငွေနဲ့ အကြွေးပြန်ဆပ်ဖို့ မဟာစီမံကိန်းကြီးရေးဆွဲပြီး ကစားပွဲကို စကပါတော့တယ်…. သူ့အစီစဉ်တိုင်းအောင်မြင်မှာလား…. ဒီကစားပွဲက ဘယ်သူက ကစားသမားလဲ… ဘယ်သူက နယ်ရုပ်လဲဆိုတာကတော့… CM နဲ့အတူ ကြည့်ပြီး ဖော်ထုတ်ကြတာပေါ့ စုံထောက်တို့ရေ…

Thriller • Crime
6 2024
Welcome To The Game
On Becoming a Guinea Fowl
7

ဒီကားကိုတော့ ဒါရိုက်တာ Rungano Nyoni ရိုက်ကူးထားပြီး Susan Chardy, Elizabeth Chisela, Roy Chisha တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကတော့ ဇမ်ဘီယာနိုင်ငံက ရှုလာဆိုတဲ့ အမျိုးသမီး တစ်ဦးရဲ့ မိသားစုအကြောင်းကို အဓိကထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားအစမှာတော့ ရှုလာက သူငယ်ချင်းရဲ့ ဝတ်စုံပါတီ ကနေ ရစ်ငှက်အဝတ်အစားဝတ်ထားရင်း ကားမောင်းပြီး အိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ သူ့ အန်ကယ်ဖြစ်တဲ့ ဖရတ်ဒ်ရဲ့ အလောင်းကို တွေ့ရတဲ့အပြင် အမူးသမားဖြစ်နေတဲ့ ဝမ်းကွဲဖြစ်တဲ့ ဆန်ဆာနဲ့လည်း တွေ့ ခဲ့ရပါတယ်။ ဒီလိုနဲ့ အန်ကယ်ဖြစ်သူရဲ့ အသုဘအတွက် အဒေါ် ဖြစ်သူတစ်စုကခေါ်လို့ မိသားစုအိမ်မှာ သွားကူရင်း ဝမ်းကွဲတွေ ပြန်ဆုံတွေ့တဲ့အခါ သူတို့ရဲ့ ရင်ဖွင့်စကားတွေကနေ အချိန် အကြာကြီး လျှို့ဝှက်ထားခဲ့တဲ့ မိသားစုရဲ့ ဆိုးရွားတဲ့အတိတ် ဟောင်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတဲ့အခါ….. ရှုလာမှာရော လျှို့ဝှက်ထားတဲ့ အတိတ်ဆိုးရှိနေမလား….. သူတို့မိသားစုရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ အန်ကယ်ရဲ့ မုဆိုးမ ဇနီးဖြစ်သူရဲ့ မိသားစုနဲ့ သူတို့မိသားစုကြားက ပဋိပက္ခတွေ ၊ အဒေါ်တွေရဲ့ဖိနှိပ်မှုတွေကို ဇမ်ဘီယာမိသားစုတစ်ခုရဲ့ အိမ်တွင်းဇာတ်လမ်းအဖြစ် ကြည့်ရှုခံစားရမှာပါ။ နောက်ဆုံးမှာ ရှုလာကရော မုဆိုးလာရင် သားကောင်ကို အသံနဲ့အချက်ပေးတတ်တဲ့ ရစ်ငှက်ကြီးတစ်ကောင် ဖြစ်လာနိုင်မလား….. ဒါကို ဇာတ်လမ်းလေးထဲမှာ စီးမြောရင်းခံစားရမှာပါ။ File size… (1.34 GB) / (729 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre …..Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

History • Drama • War
7 2024 99 mins
On Becoming a Guinea Fowl
No Country for Old Men
8.2

No Country for Old Men (2007) ဒီဇာတ်ကားကတော့ IMDB Rating 8.2/10 နဲ့ RT Rating 93 % ရရှိထားတဲ့ Crime Thriller ဇာတ်ကားကောင်းတစ်ကားပါ Ethan Coen နဲ့ Joel Coen ဆိုတဲ့ ညီနောင် ဒါရိုက်တာရဲ့ ဖန်တီးမှုဖြစ်ပြီး Best Picture Best Actor (Supproting) Best Director Best Writing Adapted စတဲ့ အော်စကာ ၄ ဆုနဲ့ အခြားဆုပေါင်း ၁၅၆ ဆု တောင် ရရှိထားတဲ့ ဇာတ်ကားကြီးပါ ဇာတ်လမ်းအကျဉ်းကတော့… လဝေးလန်မော့စ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ အမဲလိုက်ထွက်ရင်း မထင်မှတ်ဘဲ ဆေးမှောင်ခို အရောင်းအဝယ်တစ်ခု ပြသနာတက်တဲ့ နေရာကိုတွေ့သွားမိတယ် … အခင်းဖြစ်တဲ့နေရာမှာ မှောင်ခိုသမားအကုန်လုံးက အကုန်နီးပါးသေဆုံးနေပါတယ် သေလုမျောမျောလူတစ်ယောက်ကျန်နေပေမဲ့ သူလည်း စကားအနည်းငယ်ပြောနိုင်ရုံကလွဲလို့ဘာမလုပ်နိုင်ပါဘူး… ဒါကြောင့် အမဲလိုက်သမားဟာမှောင်ခိုသမားတွေရဲ့ ဒေါ်လာ ၂ သန်းကျော်ကို လောဘတက်ပြီး ယူခဲ့မိပါတယ် အဲဒီနောက်မှာတော့ ပြသနာအကြီးကြီးတက်တော့တာပဲသူဟာ မုဆိုးဘဝကနေ သားကောင်ဘဝကို ရောက်သွားခဲ့ပြီး ချီဂါးလို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပါတော့တယ်…. မျက်တောင်တစ်ချက်မခတ်ပဲ သေနတ်မောင်းခလုတ်ကိုနဖူးကိုတေ့ပြီး ဇီဝန်ချွေတတ်တဲ့ လူသတ်သမား ချီးဂါးကတော့ဒီကားရဲ့အသက်ပါပဲ ဗီလိန်သရုပ်ဆောင်ကြီးက ဘယ်လောက်တောင်ပီပြင်သလဲဆိုတော့ Best Actor(Supporting)ဆုရရှိသွားပါတယ်။ ဆရာဝန်တွေပြောကြားချက်အရ ဒီဇာတ်ကားထဲမှာပါတဲ့ဆံပင်ဂုတ်ဝဲနဲ့ စိတ္တဇလူသတ်သမား ချီးဂါးပုံစံက ပြင်ပလောကက စိတ္တဇလူသတ်သမားတွေနဲ့ အနီးစပ်ဆုံးတူတဲ့ ကာရိုက်တာဖြစ်ပါတယ်တဲ့။တကယ်လည်းဒီဇာတ်လမ်းထဲမှာ ချီးဂါးရဲ့သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြည့်စူးစူးတွေဟာ ကျောချမ်းဖို့ကောင်းလှပါတယ်။ ဒီကာရိုက်တာအတွက် မင်းသားJavier Bardem ကို လာငှားကြတုန်းက သူက ငါကားမမောင်းတတ်ဘူး၊အကြမ်းဖက်တာမျိုးလဲမကြိုက်ဘူးပြောတော့ ဒါရိုက်တာ Coen ညီနောင်က ငါတို့ရှာနေတာ ဒီလိုလူပဲတဲ့…တကယ်လဲကွက်တိပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sherlock မှ တင်ဆက်ထားပါတယ်။)

8.2 2007 122 mins
No Country for Old Men