YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Jurassic.Invasion.2024.720p.WEB-DL.CM.mkv

454.9 MB 720p video/x-matroska 519 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Nutty Professor
5.6

1996 ကထွက်ရှိခဲ့တဲ့ နာမည်ကျော်ဟာသမင်းသားကြီး Eddie Murphy ရဲ့ Comedy ဇာတ်ကားလေးပါ။ ထူးချွန်ထက်မြတ်ပေမယ့် မျိုးရိုးအလိုက် အ၀လွန်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့သိပ္ပံပညာရှင် ရှားမန်းဟာ သူ့ဉာဏ်ရည်ဉာဏ်စွမ်းကိုအသုံးချပြီး ၀စေတဲ့ဗီဇကိုပြောင်းစေတဲ့ ဆေးရည်ကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒီဆေးရည်ကိုအသုံးချပြီး ရှားမန်းလည်း အရင်ကမရခဲ့တဲ့လေးစားမှု ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင်နိုင်ဖို့ကြိုးစားရာကနေ ဆေးရည်ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် တလွဲတွေဖြစ်ကုန်ရပါတယ်။ ၁၉၉၀ ကျော်ကထွက်ရှိတဲ့ Eddie Murphy ကားထုံးစံအတိုင်း၀က်၀က်ကွဲရယ်ရတဲ့ကားလေးဖြစ်ပြီး Jada Pinkett, James Coburn နဲ့ Dave Chappelle တို့လည်းပါ၀င်ထားပါတယ်။ File size…(902.69MB)  / (764MB)  Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Romance /Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP

Drama • History
5.6 1996 95 mins
The Nutty Professor
(18+) Terminator Zan Kill
5.7

Terminator Zan Kill အေဒီ ၂၀၅၀အလွန် ကမ္ဘာကြီး နူကလီးယားစစ်ပွဲတွေကြောင့် ပျက်စီးသွားတဲ့အချိန်မှာ ကျန်ရှိနေသေးတဲ့ ကမ္ဘာကြီးကို အပိုင်သိမ်းဖို့ကြံစည်နေတဲ့ နီယိုယာမာတို အဖွဲ့ဟာ သူတို့ ရဲ့ အောင်ပွဲကို ပိတ်ပင်နေတဲ့ စက်ဝိုင်း တော်လှန်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် ကန်တိုကို မရရတဲ့ နည်းနဲ့ သတ်ဖို့ ကြိုးစားကြပါတော့တယ်။ နည်းပညာမြင့် ဆိုက်‌ဘော့ တစ်ကောင်ကို အချိန်နောက်ပြန်ပို့ပြီး ကန်တို့ရဲ့ အဖေကို သတ်ဖို့ကြံစည်ကြပါတော့တယ်။ အဲ့အချိန် အတိတ်က ယာမာအီ တိုင်းပြည်က သခင်မကြီးကလည်း အနာဂါတ်မှာ ကမ္ဘာပျက်မယ့်အရေးကို တားဆီးဖို့ရာ နာဂီ လို့ခေါ်တဲ့ နင်ဂျာမလေးကို စေလွှတ်လိုက်ရတာပေ့ါ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဆိုက်ဘော့ရဲ့ လက်ထဲကနေ တော်လှန်ရေးခေါင်းဆောင် ကန်တို့ရဲ့ အဖေကို နာဂီ ဘယ်လို ကယ်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။ File Size__(300MB) Quality__720p IMDb Rating__5/10 Format__mp4 Duration__01:00:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy • Mystery
5.7 2009 74 mins
(18+) Terminator Zan Kill
The Rise of the Beast
10

2022ထွက် horror ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်ကားခေါင်းစဉ်ကြည့်ပြီးတော့တော့ transformer ရဲ့နောက်ဆုံးထွက်မဲ့ကားနဲ့တော့မမှားပါနဲ့ဦး ဇာတ်လမ်းအကျဉ်းကတော့ သဘာ၀ပတ်၀န်းကျင်တက်ကြွလှုပ်ရှားသူတစ်စုက company တစ်ခုရဲ့လျှို့ဝှက်စမ်းသပ်ခန်းတစ်ခုကို ခိုး၀င်ပြီး သူတို့ရဲ့တရားမ၀င်စမ်းသပ်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတာပါ ဒါပေမဲ့ အဲဒီစခန်းမှာ စမ်းသပ်ခံတိရိစ္ဆာန်ကြီးတစ်ကောင်လွတ်‌နေပြီး သူတို့ထင်ထားတာနဲ့ မတူတဲ့အရာတွေကိုကြုံတွေ့ကြရတဲ့အချိန်မှာတော့...... သူတို့သူငယ်ချင်းတစ်စုဘာတွေတွေ့ကြုံရမလဲ အဲဒီစခန်းထဲကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမှာပါ ဒါရိုက်တာ Jack Ayersရိုက်ကူးထားပါတယ်။ File size…(1 GB)/(500 MB)/(230 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Horror, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing

Comedy • Romance
10 2022
The Rise of the Beast
A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy
7 2016 108 mins
A Conspiracy of Faith
The Woman King
7.8

~ IMDb - 6.7/10, Rotten Tomatoes - 94% ~ သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။ "ဇာတ်လမ်းအကျဉ်း" ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.11GB, 1.1GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 2H 15Min Genre - Action, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Action • Adventure • Fantasy
7.8 2022 135 mins
The Woman King
We Have a Ghost
6.1

We have a Ghost ကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ… သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်… ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် … တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်… စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် … ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် … အားနက်စ်ကြောင့် တဖန်ပြန်စတင်လာတဲ့ Wizard Clipက အားနက်စ်ကို ဖမ်းမိသွားလား … ဒါမှမဟုတ် ကယ်ဗင့်အဖေကပဲ အားနက်စ်ကို သူ့အပိုင်မွေးမြူထားပြီး စီးပွားရှာမလား … ဟာသဇာတ်မြူးကားလေးဖြစ်လို့ သရဲကြောက်တတ်သူတွေတောင် အေးဆေးကြည့်လို့ရတဲ့ကားမျိုးပဲ ဖြစ်ပါတယ်ခင်ဗျာ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:09:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

6.1 2023 127 mins
We Have a Ghost
The Good Mother

၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
The Good Mother
The Revenant

နယ်စပ်တစ်ခုမှာတာဝန်ထမ်းဆောင်ရင်း တိုက်ပွဲကျသွားတဲ့ တပ်သားဘတ်ဂရေဂိုရီဟာ သေဆုံးပြီး၁လကျော်အကြာမှ သူ့အလောင်းကသူရဲ့မိသားစုတွေဆီကိုပြန်ရောက်လာပါတယ် သူ့ရဲ့မိသားစုတွေနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ရဲ့သေဆုံးမှုအတွက်ယူကြုံးမရဖြစ်ကြရပြီး သူ့ရဲ့ချစ်သူကောင်မလေးကလဲ သူ့ကိုအရမ်းချစ်ပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားတာမလို့ဖြေမဆည်နိုင်လောက်အောင်ကိုဝမ်းနည်းနေရပါတယ် ဒါပေမယ့် အလောင်းကိုမြေချပြီးနောက်ရက်မှာပဲ ဘတ်ဂရေဂိုရီကအခေါင်းထဲက ပြန်နိုးလာပြီး သူ့ကိုယ်တိုင်အရှင်လတ်လတ်မြေမြုပ်ခံထားရတယ်အထင်နဲ့ သူ့သူငယ်ချင်းဂျိုဝီကိုအပြေးသွားရှာပါတယ် ဒါပေမယ့်ဂျိုဝီမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ဘတ်ဂရေဂိုရီကပုပ်သိုးပြီးအနံ့တောင်ထွက်နေပါပြီ ဒါပေမယ့်လည်းသစ္စာရှိလွန်းတဲ့သူငယ်ချင်းက သူ့ဘော်ဒါမိုက်ရူးရဲဆန်စွာ ဖွက်ထားပြီး လိုအပ်တာအကုန်လုံးကို ဥပဒေနဲ့ညီတာမညီတာမတွေးတော့ဘဲ အကုန်လိုက်လုပ်ပေးရာကစလို့ကြောက်မက်ဖွယ် ဗရမ်းဗတာကိစ္စတွေဖြစ်လာရပါတော့တယ်… File size…(1.7 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Del Lune

0 2009
The Revenant
The Holdovers
8

The Holdovers (2023) ~ IMDb – 8/10, RT – 96%, Meta – 82% ~ တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It’s a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို… နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ဒီကာလဟာ ဘယ်လောက်နွေးထွေးမလဲ ပြေးကြည့်စရာမလိုဘူးရယ်။ ဒါပေမဲ့လည်း ပိုနွေးထွေးတဲ့ကလာလတစ်ခုမှာ အထီးကျန်ရတဲ့အခါမှာလည်း ပိုဝမ်းနည်းစရာကောင်းတာလည်း ဖြစ်မြဲသဘောတရားတစ်ခုပဲ။ ဒီရုပ်ရှင်ကတော့ အနွေးထွေးဆုံးကာလမှာ အထီးအကျန်ဆုံးဖြစ်ရတဲ့ ဖော်ဝေးသူတွေအကြောင်းလို့ ပြောလည်း မမှားဘူး။ ဇာတ်အိမ်ကိုတော့ ၁၉၇၀ကာလရဲ့ နယူးအင်္ဂလန်တစ်နေရာက ဘော်ဒါကျောင်းတစ်ခုမှာတည်ထားတယ်။ စစချင်းတော့ ရုပ်ရှင်ဟာ ခင်ဗျားကို အဲဒီကျောင်းက လူအများစုနဲ့ မိတ်ဆက်ပေးသွားလိမ့်မယ်။ ခရစ္စမတ်ပိတ်ရက်တွေ မစခင်ကာလပေါ့။ အဲဒီမှာ စည်းကမ်းအရမ်းကြီးသလို အမြဲဘုကလန့်လုပ်တတ်လို့ ကျောင်းအုပ်အပါအဝင် အားလုံးမေတ္တာပို့တာ ခံရနေကျ ဆရာတစ်ယောက်ရှိတယ်။ ဒီဘဲက ဘယ်လောက်ဘုကလန့်လုပ်သလဲဆို မိဘတွေလည်း လာကြိုဖို့ရောက်နေသလို နောက်လေးဆယ့်ငါးမိနစ်မှာ ချာ့ချ်ကျောင်းထဲ ဒေသနာယူပြီး ပိတ်ရက်အိမ်ပြန်ရတော့မယ့် ကျောင်းသားတွေကို သင်ခန်းစာအသစ်ကောက်သင်တဲ့အထိကို ဘုကလန့်လုပ်တတ်တယ်။ ဒီနောက်တော့ ခရစ္စမတ်နဲ့ နယူးရီးယားပိတ်ရက်အတွက် အားလုံးအလျှိုလျှို အိမ်ပြန်သွားလိုက်ကြတာ နောက်ဆုံး ကျောင်းမှာပဲဆက်နေဖို့ အအပ်ခံထားရတဲ့ ကျောင်းသားငါးယောက်ရယ် ဆရာတစ်ယောက်ရယ် ထမင်းချက်မိန်းမကြီးတစ်ယောက်ရယ်ပဲ ကျန်တော့တယ်။ ဒီကျောင်းသားတွေက အစကတည်းက ခပ်ဆိုးဆိုးခပ်ပေပေကျောင်းသားတွေဆိုတော့၊ နဂိုကတည်းက စည်းကမ်းကြီးတဲ့ဆရာကလည်း ပိုကြပ်တော့ ကျောင်းသားတွေနဲ့ဆရာကြားက တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်ဆိုသလိုအဖြစ်တွေကို မြင်ရတော့တာပဲ။ ဒီနောက်တော့ နဂိုမူလ အအပ်ခံထားရတဲ့ ကျောင်းသားလေးယောက်စလုံးပြန်သွားကြပြီး ပြန်မလို့လုပ်ပြီးမှ ကျန်ခဲ့တဲ့ကျောင်းသားတစ်ယောက်ရယ် ဆရာရယ် ထမင်းချက်ရယ် ဘော်ဒါကျောင်းကြီးထဲ ကျန်ခဲ့ကြပြီ။ တရွေ့ရွေ့နဲ့ လူသူတွေပါးသွားလိုက်တာ… ဒီမှာမှ တကယ့်ဇာတ်စတယ်ပြောရမှာပဲ။ ဒီဇာတ်က အဓိကပုံဖော်သွားတာလည်း သူတို့၃ယောက်အကြောင်းပဲ။ သူတို့ သုံးယောက်ဟာ ဒီတိုင်းအထီးကျန်နေတဲ့လူတွေမဟုတ်ဘဲ ကိုယ့်ဒဏ်ရာနဲ့ ကိုယ်ရှိနေတဲ့ လူတွေချည်းပဲဖြစ်ကြောင်း ဒါရိုက်တာက ပါးပါး ပါးပါးချင်းနဲ့ ရုပ်လုံးပေါ်လာအောင် ရိုက်ပြတယ်။ မတည့်နေရာက သူတို့ချင်းအဖော်ပြုရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာရင်း တစ်ယောက်အတွက်တစ်ယောက် နွေးထွေးပေးချင်လာတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ အရာအားလုံးအဆင်ပြေလေသတည်းတော့မဟုတ်ဘူးပေါ့။ ဒုက္ခတွေ အပူတွေက တစ်ခုအပေါ် တစ်ခုဆင့်လျက်ပဲ။ ဒါပေမဲ့လည်း ဒုက္ခတွေပါ နွေးထွေးသွားစေမယ့် ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာက လှလှပပလေး တင်ပြသွားနိုင်ခဲ့တယ်။ Alexander Payne ရဲ့ ကာလအတန်ကြာပြီးမှ ပြန်စရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို သူရိုက်ခဲ့တဲ့ The Descendants တို့၊ Sideways တို့လို ကွာလတီမျိုးကို သူပြန်အသက်သွင်းနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်က ခရစ္စမတ်ရုပ်ရှင်ဖြစ်နေတဲ့အပြင်ကို သူ့ရဲ့ တခြားဘက်ခြမ်းမှာလည်း Dead Poet Society ကို တခြားဗားရှင်းတစ်မျိုးနဲ့ ရိုက်ပြထားသလို ခံစားမှုမျိုးလည်းရနေတယ်။ ဆန့်ကျင်ဘက်ပေါ့။ မနာခံတဲ့ လူဘော်ကြော့ခပ်ဆိုးဆိုးကျောင်းသားတွေရယ် သူတို့လိုလူစားတွေကို မုန်းတီးစိတ်နည်းနည်းရှိနေတဲ့ စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်ရယ်ကို ပြထားသကိုး။ ဒါလည်း အစမှာပါပဲ။ သူပြချင်တာကို ဆက်သွားဖို့ သူ့ကာရိုက်တာတွေကို ပုံဖော်နေဆဲကာလမှာပဲ ဒီလိုခံစားချက်မျိုးပေးထားတာပါ။ ဒီရုပ်ရှင်မှာ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Paul Giamatti ကြီးကို‌တော့ တော်တော်လေးချီးကျူးရပါမယ်။ လူ့ခွစာကန့်လန့်ဆရာတစ်ယောက်ကနေ သနားစရာကောင်းတဲ့ ဆရာအိုကြီးတစ်ယောက်အဖြစ် တငွေ့ချင်းပြောင်းသွားတဲ့အရွေ့ကို ပေါလ်ဟာ ကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ ပေါလ်ဟာ Cinderella Man နဲ့ ဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ဖူးသလို အခုရုပ်ရှင်နဲ့လည်း ရွှေကမ္ဘာလုံးပွဲမှာ သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ ကျောင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Dominic Sessa ဆိုလည်း ဒီကားကလွဲ တခြားဘာမှမရိုက်ဖူးပေမဲ့ ခုနဆရာကာရိုက်တာနဲ့ ထပ်တူညီစွာပဲ အမြင်ကတ်ဖို့ကောင်းနေရာကနေ သနားဖို့ကောင်းသွားတဲ့ ကျောင်းသားတစ်ယောက်ပုံစံကို လှလှပပ ကူးပြောင်းနိုင်ခဲ့တယ်။ အက်ကြောင်းထပ်နေပြီ ထင်ကောင်းထင်ရနိုင်ပေမဲ့ အက်ကြောင်းမထပ်တဲ့ဇာတ်နဲ့ အက်ကြောင်းမထပ်တဲ့ကာရိုက်တာတွေလို့ပဲ မှတ်ချက်ပေးရပါမယ်။ The Holdovers ဟာ မြင်နေကျ ခရစ္စမတ်ရုပ်ရှင်တွေနဲ့တော့ မတူပေမဲ့ ခရစ္စမတ်အတွက် အကောင်းဆုံးခရစ္စမတ်ရုပ်ရှင်တွေထဲက တစ်ကားတော့ ဖြစ်လာခဲ့တယ်။ ပွဲတော်ဟာ သူ့ဝိသေသအတိုင်း သူလှပပေမဲ့ ခင်ဗျားသာ တစ်ကိုယ်တည်း အထီးကျန်နေမယ်ဆို The Holdovers ဟာ ခင်ဗျား ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
The Holdovers
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
Better Times
6.4

Better Times (2023) IMDb – 6.4/10 ဒါရိုက်တာ Milad Schwartz Avazရဲ့လက်ရာ ဒိန်းမတ်မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အမေဖြစ်သူ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပြီးကတည်းက စိတ်အခြေအနေမကောင်းတဲ့ အော်စကာတစ်ယောက် အစ်ကိုဖြစ်သူ ကားလ်ရဲ့မိသားစုနဲ့အတူ လိုက်နေပါတယ်။ တစ်ရက် အဖေဖြစ်သူရဲ့ မုန့်ဆိုင်ကို ဘဏ်ကနေအကြွေးသိမ်းမဲ့အကြောင်း တရားရုံးလာခဲ့ဖို့အကြောင်းကြားစာက ကားလ်ဆီကိုရောက်လာတဲ့အတွက် ကားလ်နဲ့ အော်စကာတို့ သူတို့ညီကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ လူးကတ်စ်ကိုပါသွားခေါ်ပြီး သူတို့အဖေရှိတဲ့ မြို့လေးဆီထွက်လာခဲ့ကြပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက အတူတူမရှိခဲ့ကြတဲ့ သားအဖလေးယောက် ပြန်လည်ဆုံတွေ့ကြပုံ၊ တစ်ဦးချင်းစီရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြပုံတွေကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 629MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.4 2024
Better Times
The Diplomat
7.4

The Diplomat 2024 သံအမတ်တစ်ယောက်ရဲ့ဘဝခရီး IMDb – 7.4/10 မင်းသားကြီး John Abraham ရဲ့ positive reviewတွေပိုင်ဆိုင်ထားတဲ့ The Diplomat ဆိုတဲ့ ဇာတ်ကားလေး ထွက်ထွက်လာချင်းမှာပဲ CM Bollywood ပရိသတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဗျ။ ဒီဇာတ်ကားလေးကတော့ မျိုးဆက်ပေါင်းများစွာ အာဃာတတွေထားပြီး အမြဲအင်အားချင်းပြိုင်နေတဲ့ နိုင်ငံနှစ်နိုင်ငံကြားက သံအမတ်တစ်ယောက်ရဲ့ဘဝကို ပုံဖော်ထားတာဖြစ်ပြီး ပါကစ္စတန်ကို ဖျားယောင်းခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသူလေးကို အိန္ဒိယကို ပြန်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အိန္ဒိယသံအမတ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံထားတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်လို့ပြောလိုက်ရင် နိုင်ငံချင်းကပ်ရပ်ဖြစ်နေပေမဲ့ ၃ နဲ့ ၄ လိုမျက်နှာချင်းမဆိုင်ကြတာ အားလုံးအသိပါပဲ။ ဒီတော့ ပါကစ္စတန်နိုင်ငံထဲက အိန္ဒိယသံရုံးက သံအမတ်တစ်ယောက်အတွက်တော့ အရာရာဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ဘဝပါ။ ဒီလိုနဲ့တစ်နေ့ သံရုံးထဲကို အုဇ်မာဆိုတဲ့အမျိုးသမီးတစ်ယောက် ရုတ်တရက်ပြေးဝင်လာပြီး ကူညီဖို့ ငိုယိုအကူအညီတောင်းခံပါတော့တယ်။ ပါကစ္စတန်မှာ ဒါမျိုးတွေကြုံနေကြအပြင် စာရွက်စာတမ်းနဲ့တူတာ အိန္ဒိယပတ်စပို့ပဲရှိနေပါသတဲ့။ ဖြစ်နိုင်ခြေနည်းတဲ့ သူ့ရဲ့ထွက်ဆိုချက်တွေကြောင့် သူ့ကို ဘယ်သူမှမယုံကြပေမဲ့ စစ်ဆေးကြည့်တဲ့အခါ ဖျားယောင်းခံရ လိမ်ညာလက်ထပ်ခံရ လိင်အကြမ်းဖက်ခံရတဲ့ သနားစရာမိန်းကလေးမှန်းသိသွားတဲ့နောက် သံအမတ်ကြီးဂျေပီဆင်းဂ်က သူ့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့… နိုင်ငံနှစ်နိုင်ငံကြား သံတမန်ရေးရာကိစ္စတွေ ပဋိပက္ခတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝ မိသားစုရေးရာတွေကြား အုဇ်မာကို သူဘယ်လိုကယ်ထုတ်မလဲဆိုတာ လှလှပပ ပုံဖော်ထားတဲ့ Political drama ‌ကောင်းတစ်ကားကို အခုပဲ CMနဲ့အတူ ရှုစားလိုက်ကြပါဦးစို့။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ Cym ~ ToMo ~ Star ~ Zweတို့ပဲဖြစ်ပါတယ်)

Comedy
7.4 2024 132 mins
The Diplomat
Ladybug Ladybug
7.1

ဒီဇာတ်ကားက ၁၉၆၃ ခုနှစ်ကထွက်တာဖြစ်ပေမယ့် အခုထိကြည့်သင့်တဲ့ကားတစ်ကားပါ။ ဒီဇာတ်လမ်းဟာ တကယ်ဖြစ်ခဲ့တဲ့အဖြစ်မှန်ကို အခြေခံထားတာပါ။ အဲဒီကာလမှာ အမေရိကန်မှာ နျူကလီးယားစစ် ဖြစ်နိုင်တဲ့အန္တရာယ်ကြောင့် ကျောင်းတစ်ကျောင်းမှာ အရေးပေါ်သတင်းချက် ထုတ်ရပြီး ကလေးတွေနဲ့ဆရာတွေ တကယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာကလေးတွေရဲ့အပြုအမူတွေ၊ ကြောက်ရွံ့နေတာတွေ၊ ဆုံးဖြတ်ချက်လုပ်ဖို့ကြိုးစားနေတာတွေက တကယ်ကလေး နေရာက ခံစားကြည့်ရှုနေရသလိုပါပဲ File size… 1.78 GB / 894 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 22m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyaw Wai Yan Phyo

Thriller • TV Movie
7.1 1963 82 mins
Ladybug Ladybug
The Weird Missing Case of Mr. J
6.5

The Weird Missing Case of Mr. J (2009) ********************************************* IMDb- 6.5 ကျွန်တော်တို့ CM ကနေ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဟာသအချစ်ဇာတ်မြူးကားလေးဖြစ်တဲ့ The Weird Missing Case of Mr.J ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ mercy for none ကားထဲမှာ ပါဝင်ထားတဲ့ မင်းသားကြီး Lee Bum Soo နဲ့ The Gangster, the cop and the devil ကားထဲမှာ ပါဝင်ထားတဲ့ မင်းသမီးကြီး Kim Gyu Ri တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** ပိုင်ဆိုင်မှုထိန်းသိမ်းရေး မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဂျောင်ဆွန်းဖီး(Lee Bum Soo) တစ်ယောက် ချစ်သူဖြစ်သူ ယူမီဆွန်း (Kim Gyu Ri) နဲ့အတူ မင်္ဂလာဝတ်စုံသွားကြည့်ပြီး အပြန် စီးကရက်သောက်ချင်တာကြောင့် ဆင်းဝယ်ရင်း ပျောက်ဆုံးသွားပါတော့တယ်. ထိုလူပျောက်မှုကို ကိုင်တွယ်ရသူ စုံထောက်ဘတ်ဆိုသူဟာ သူ့ချစ်သူ မိန်းကလေးက သူ့ကို လိမ်လည်ကာ ပိုက်ဆံတွေ ယူပြေးသွားတာမို့လို့ ဘာနေနေ မိန်းမတွေကိုပဲ တရားခံလို့ထင်နေတဲ့အခါ ပျောက်ဆုံးသူ ဂျောင်ဆွန်းဖီးနဲ့ စေ့စပ်ထားတဲ့သူ ယူမီဆွန်းတစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ ဂျောင်ဆွန်းဖီးကိုရော ဘယ်လိုပြန်တွေ့အောင် ရှာကြမလဲဆိုတာကို ဟာသဆန်ဆန် romantic ဆန်ဆန်လေး ရိုက်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Theintက ရေးသားထားပါတယ်) File Size – 2.47 GB/ 855 MB Quality – WEB-DL 1080p/ 720p Duration – 1h 38m Format – mp4 Genre – Comedy Subtitle – Myanmar Subtitle (Hard Sub) Translated by – Theint Encoded by – Treasure Htet

Comedy
6.5 2009 97 mins
The Weird Missing Case of Mr. J
Two for the Road
7.4

ဒီရုပ်ရှင်က ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်ပါပဲ။ လက်ထပ်ပြီးသူတွေ (သိုမဟုတ် ရယ်စရာရှာနေသူတွေ) အနေနဲ့ ဒီရုပ်ရှင်ကို သေချာပေါက် ကြည့်သင့်ပါတယ်။ မဖြစ်မနေ ကြည့်ရမယ့်ကား ပါပဲ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ကြည့်ဖူးတာဖြစ်ပြီး အခုဆို ၇ ကြိမ်လောက် ရှိနေပါပြီ။ Mark နဲ့ Joanna တို့ရဲ့ ဆက်ဆံရေးကို အချိန်ကာလ ပြောင်းလဲမှုတွေနဲ့ ချပြထားတာက အချိန်ကို မှတ်မိဖို့ ခက်မယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဇာတ်ကောင်စုံတွဲရဲ့ ဆံပင်ပုံစံနဲ့ သဘောထားတွေကို ကြည့်ရင် ရိုးရှင်းပါတယ်။ Audrey Hepburn က ထူးချွန်လွန်းပြီး သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုပါပဲ။ Albert Finney ကလည်း အလုပ်ကြိုးစားလွန်းတဲ့ ခင်ပွန်းအဖြစ် ဆွဲဆောင်မှုရှိပါတယ်။ Maxwell-Manchester မိသားစုက ရယ်စရာကောင်းပြီး၊ အထူးသဖြင့် Ruthie လိုခေါ်တဲ့ ကလေးမလေးက ပိုရယ်ရပါတယ်။ Audrey ကတော့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ပျင်းရိနေတဲ့ ဇနီးဖြစ်ပြီး Albert ကတော့ အလုပ်ပင်ပန်းလွန်းပြီး စိတ်တိုတတ်တဲ့ ခင်ပွန်းပါ။ ဒီရုပ်ရှင်က သူတိုရဲ့ ခရီးစဉ် သုံးခုကို ပြသထားပါတယ်။ ပထမခရီးစဉ်က သူတိုရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ချိန်၊ ဒုတိယခရီးစဉ်က ပထမဆုံး ကလေး ကိုယ်ဝန်ရှိချိန်၊ တတိယခရီးစဉ်ကတော့ သူတိုရဲ့ အိမ်ထောင်ရေး ပြိုကွဲစပြုလာချိန်တွေပါ။ သူတိုရဲ့ ချစ်ခြင်းမေတ္တာကို အံ့ဩစရာကောင်းအောင် ပြသထားပြီး Hepburn နဲ့ Finney တိုဟာ တကယ့်ဘဝမှာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။ တေးဂီတက လှပပြီး ရုပ်ရှင်တစ်လျှောက်လုံး ဖွင့်ထားတာကို ကျွန်တော် သဘောကျပါတယ်။ ဒါဟာ ရုပ်ရှင်တစ်ခုလုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲက အဖြစ်အပျက်တွေမှာ ကျွန်တော် တို့ကို တဖြေဖြေး ကြည်နူးစရာဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

7.4 1967 112 mins
Two for the Road