YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Jujutsu Kaisen - 13v2 (1080p) {CM}.mp4

292.82 MB N/A video/mp4 2611 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
Predator

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(11 GB)/(3.6 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:46:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Drama • History • War
null 1987 106 mins
Predator
Where the Crawdads Sing
7.6

Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာ‌တော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။ စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ သူ့အဖေပဲကျန်ခဲ့တယ်။ ကလေးမလေးက မြို့ပေါ်ကျောင်းသွားတက်ကြည့်တယ်။ ဒါပေမဲ့ မြို့ကကလေးတွေက သူ့ကို ဗွက်တောထဲနေတဲ့ဟာမဆိုပြီး နှိမ်ကြတော့ ကျောင်းကနေထွက်ပြေးလာခဲ့တယ်။ စာလည်းမရေးတတ် စာလည်းမဖတ်တတ်ခဲ့ဘူး။ နောက်ကျ သူ့အဖေပါ ထွက်သွားတယ်။ ကောင်မလေး တစ်ယောက်တည်း ယောက်သွားတွေတူး ရောင်းစားရင်း ရှင်သန်ခဲ့ရတယ်။ ဆင်းရဲလွန်းတဲ့သူဆိုတော့ တစ်မြို့လုံးကလည်း သူ့ကိုအကောင်းမမြင်ကြဘူး။ ဒီလိုနဲ့ ကောင်မလေးအရွယ်ရောက်လာတယ်။ စိမ့်တောတစ်နေရာက မျှော်စင်မှာ လူတစ်ယောက်သေနေတော့ ရဲတွေကစုံစမ်းကြတယ်။ တစ်မြို့လုံးက ကောင်မလေးကို မကောင်းမြင်ပြီး သူပဲလို့စွပ်စွဲကြတယ်။ သက်သေကလည်း သက်သေဖျောက်ဖျက်ထားတဲ့ သက်သေပဲရှိနေတာမို့ သေသွားတဲ့သူနဲ့ ကောင်မလေးကလည်း ပတ်သက်ဖူးသလို တခြားအချက်လေးတွေလည်းရှိတာမို့ ကောင်မလေးကိုဖမ်းလိုက်ကြတယ်။ တစ်မြို့လုံးမှာမှ သူ့အပေါ်ကောင်းတဲ့ လူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အဘိုးကြီးက သူ့အတွက်ရှေ့နေလိုက်ပေးတယ်။ ဒီဇာတ်လမ်းကျောရိုးကိုမှ သူက လက်ရှိအမှုစစ်နေတာနဲ့ ကောင်မလေးအတိတ်ကို တစ်ကျော့စီကျော့ပြီး ပြသွားတယ်။ မပျင်းအောင်ပြနိုင်တယ်ပြောရမှာပဲ။ စာအုပ်ကိုရိုက်တာဆိုတော့ စာအုပ်မှာ နိမိတ်ပုံတွေမနည်းဘူးလို့သိရသလို သူ့ narrative တွေကလည်း နိမိတ်ပုံဆန်တယ်။ ဒီ Narrative တွေကြောင့်လည်း ဒီဇာတ်လမ်းက နည်းနည်းပိုကဗျာဆန်သွားပြီး ပိုလည်းဆွဲဆောင်မှုရှိသွားတယ် ပြောရမယ်။ တစ်ချို့အဖြစ်တွေဆို ကျွန်တော်တို့ကို သူရဲ့နိမိတ်ပုံဆန်ဆန် သွယ်ဝိုက်ပြောထားတဲ့ narrative မှာပဲ အဖြေထည့်ပေးထားတယ်။ နောက် သူ့ဇာတ်က ခုနဇာတ်ကိုမှ စာအုပ်ကပဲဖြစ်နေတာလား။ ဒါရိုက်တာပဲ လက်စွမ်းပြလိုက်လားတော့မသိဘူး။ တရားရင်ဆိုင်တဲ့အခန်းဆို လုံးဝ 12 Angry Men vibe အစစ်ကြီး။ အဆုံး narrative တွေမှာ Atonement vibe က ကောက်ထည့်လိုက်သေး။ အဲဒီလိုထည့်လိုက်လို့လည်း သူ့ဇာတ်လမ်းက ပိုကြွသွားတယ်လို့တော့ပြောလို့ရပါတယ်။ ရုပ်ပေါက်အောင်ကြီးမဟုတ်ဘဲ လိုက်ဖက်ရုံလေးထည့်သွားတာပါ။ Emotional လည်းဖြစ်လို လူ့သဘာဝလည်းပေါ်တယ်ပြောရမှာပဲ။ သို့တိုင်အောင်ပဲ ဒါတွေကလိုတော့မလိုလှဘူး။ Thriller, Mystery အမျိုးအစားဆိုတော့ အဲဒီ၂ခုအရသာတော့ တော်တော်လေးရတဲ့အတွက် သူ့တာဝန်ကျေပြီမလား။ အခက်ခဲဆုံးဘဝတစ်ခုအကြောင်းပြသွားတဲ့အတွက် ဒရာမာလည်းတော်တော်ဆန်ပါတယ်။ ကောင်မလေးအဖေရဲ့ တစ်ချို့အခန်းတွေဆို အိမ်ကိုပါ ပြန်‌ပြေးမြင်မိသွားတဲ့အထိ အားနေပြဿနာပဲတက်နေတဲ့မိသားစုတွေကို ထင်ဟပ်မိစေပါတယ်။ ဒီဘဝကနေ သူ့ကားနာမည် ကျောက်ပုစွန်တွေ သီချင်းဆိုနေကြတဲ့နေရာ... ဆိုသလို ဒီအောက်ဆုံးဘဝငရဲက ကောင်မလေးအတွက် မဖြစ်နိုင်ခြင်းတွေ ဖြစ်နိုင်တဲ့နေရာ ရောက်မရောက်ကို ရင်တဖိုဖိုနဲ့ ကြည့်ရအောင်လုပ်နိုင်စွမ်းရှိတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က နာမည်ကျော်စာအုပ်ကို ရိုက်ထားတာတင်မဟုတ်ဘဲ နာမည်ကျော်အဆိုတော် တေလာဆွစ်ကပါ Carolina ဆိုတဲ့သီချင်းကို ဒီကားအတွက် သီးသန့်ရေးပေးထားတယ်။ အမေရိကန်က တောသူမလေးက တောသူမလေးအကြောင်း သီချင်းကို လိုလိုလားလားရေးပေး ဆိုပေးထားတာပါ။ စာအုပ်ဖတ်ပြီး သိပ်ကြိုက်လို့ ဇာတ်ကားရိုက်မယ်ကြားတော့ ရေးပေးလိုက်တာပါတဲ့။ ဇာတ်ကတော့ အပျင်းပြေကြည့်လည်း ပြေ၊ ထိုင်ဖီးလ်ချင်လည်း ပြေ၊ Mainstream ကားပေမဲ့ Art Film မကျတကျလေးလည်း ဖြစ်နေတော့ ဘယ်လိုပရိသတ်အတွက်မဆို အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 745MB Quality - 1080p, 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 2H 5Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 2022 125 mins
Where the Crawdads Sing
Chip 'n Dale: Rescue Rangers
7

IMDb - 7.3/10, Rotten Tomatoes - 79% ~ Chip 'n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating - 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip 'n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size - 1.51GB, 853MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 37Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Documentary
7 2022 99 mins
Chip 'n Dale: Rescue Rangers
League of Gods: The Fall of Sheng
5

မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။ နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။ အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Comedy • Romance
5 2023 80 mins
League of Gods: The Fall of Sheng
Proof of Life
7

Proof of Life(2000) အညွှန်း *********************** ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse, Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်.. သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီး စီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခုတော့ရှိတယ်.. တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ ပီတာဘိုးမန်း(David Morse) ဟာ အကြမ်းဖက်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်.. အဲ့ဒီနောက် ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့ အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့…. File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Comedy • Crime
7 2000
Proof of Life
Saw X
7.1

Saw X (2023) ဒါဟာ Saw ရုပ်ရှင်တွဲကြီးရဲ့ ၁၀ ကားမြောက် ရုပ်ရှင်ပါ။ ဆော ရုပ်ရှင်တွေဟာ ရုပ်ရှင်လောကမှ သူမတူတဲ့ ဇာတ်အိမ်တစ်ခုနဲ့ ထိုးဖောက်လာခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ ဒီရုပ်ရှင်ရဲ့အချိန်ကတော့ Saw 2004 နဲ့ Saw II 2005 ကြားကာလကို ပြထားတာပါ။ နာမည်ကျော် ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာကို ဒီရုပ်ရှင်မှာ ပထမဆုံး ဇာတ်လိုက်အဖြစ် မြင်ကြရမှာပါ။ ဒါရိုက်တာကတော့ အရင် ဆောရုပ်ရှင်တွေရဲ့ တည်းဖြတ်သူ Kevin Greutert ပါပဲ။ ဒီရုပ်ရှင်ဟာ IMDb Rating (7.1)/ RT (79%) ရရှိထားပြီး ဆောရုပ်ရှင်အားလုံးထဲမှာ ရိတ်တင်အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း… ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါပြီ။ ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်လို့ လိမ်ခေါ်ပြီး သူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ ဖျံကျမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို့ ပညာပြန်ပေးတာကို ခံရပါတော့တယ်။ ဆောရုပ်ရှင်တွေကို စတင်ခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ကတော့ James Wan နဲ့ Leigh Whannell ဖြစ်ပြီး သူတို့ရဲ့ဇာတ်လမ်းကို လူအတော်များများကြားဖူးကြမှာပါ။ ရုပ်ရှင်ကျောင်းဆင်းခါစ ရှိမဲ့စုမဲ့ငွေလေးနဲ့ အိမ်လေးတစ်လုံးထဲမှာ ရိုက်ခဲ့တဲ့ Saw 2004 ဟာ သမိုင်းတလျှောက် အမြတ်အစွန်းအများဆုံးရုပ်ရှင်စာရင်းဝင်သွားခဲ့ပြီး (ဒေါ်လာ ၁.၂ သန်းရင်းပြီး သန်း ၁၀၀ ကျော် ပြန်ဝင်သွား) တစ်ကမ္ဘာလုံးကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီအောင်မြင်မှုကတဆင့် Conjuring, Aquaman တို့လို နောက်ထပ်ကမ္ဘာကျော်ကားတွေကို တက်လှမ်းနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ရဲ့မင်းသား Tobin Bell ကလည်း Jigsaw အဖြစ် ဆောရုပ်ရှင်တိုင်းမှာပါခဲ့ပြီး သူမပါဖြစ်တဲ့ Saw Spiral မှာတောင် ပုံလေးတော့ ထည့်ခံရပါသေးတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။

Drama
7.1 2023
Saw X
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
Twisted Neighbor

စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။ မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။ တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre…Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

0 2023
Twisted Neighbor
The Bikeriders
7.1

Sons of Anarchy စီးရီးကို ကြိုက်တဲ့လူတွေဆိုရင် ဒီမူဗီကို ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ Motorcycle Club က biker တွေရဲ့ အငွေ့အသက်တွေကို အလွမ်းသယ်နိုင်မှာဖြစ်ပါတယ်။ The Bikeriders မှာတော့ မင်းသားကြီး Tom Hardy, ပျိုမေတို့ အသည်းစွဲ Austin Butler နဲ့ မင်းသမီး Jodie Comer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Jeff Nichols ရေးသားရိုက်ကူးပြီး Danny Lyons ရဲ့ The Bikeriders photo book ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ဒီမူဗီမှာတော့ ဗန်ဒယ်ဆိုတဲ့ မော်တော်ဆိုင်ကယ်ကလပ်က အဖွဲ့သားတွေရဲ့ နေထိုင်ဖြတ်သန်းပုံ ဘဝအစဉ်အဆက် ကြမ်းကြပုံ ရမ်းကြပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ဒီဇာတ်ကြောင်းကို ဗန်ဒယ်ကလပ်နဲ့ နီးစပ်ခဲ့သူ အမျိုးသမီးတစ်ဦးက အဖွဲ့ဝင်ဟောင်း တစ်ယောက်ကို ဇာတ်ကြောင်း ပြန်ပြောပြတဲ့ စတိုင်လ်နဲ့ အတိတ်ကိုတစ်လှည့် ပစ္စုပ္ပန်ကို တစ်လှည့် ရိုက်ကူးပြထားခြင်းပါ။ ဇာတ်ကြောင်းကို အင်ထရိုဝင်ပေးနေရင် ဇာတ်ပေါ့သွားနိုင်လို့ ဇာတ်လမ်းကိုပဲ အပြေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ အကြိုက်တွေ့စေရမယ်လို့ အာမခံပါတယ်။ File size…1.71GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

7.1 2024
The Bikeriders
Blood Simple
7.5

ဒီကားကတော့ neo-noir crime အမျိုးအသားလေးဖြစ်ပြီး Crime thriller တွေကြိုက်တဲ့သူတွေအတွက် တော့ကွက်တိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကဆက်ပြည်နယ်က ဘားပိုင်ရှင်တစ်ယောက်က သူ့မိန်းကဖောက်ပြန်နေတာကို သံသယဝင်ပြီး အလွတ်စုံထောက်တစ်ယောက်ကို ငှားပြီးစုံစမ်းခိုင်းပြီးတော့ နှစ်ယောက်စလုံးကိုသတ်ခိုင်းပါတယ်။ ဇာတ်လမ်းကအဲ့ကနေစပြီးရှုပ်တော့တာပါပဲ။ Spoiler တွေပါမှစိုးလို့ ဒီလောက်ပဲ ညွှန်းပါတော့မယ် ။ မှုခင်း ကားတွေကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာတော့သေချာပါတယ်။ File size…(1.7 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Dark Comedy, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Thriller • Action
7.5 1984 97 mins
Blood Simple
Prathinidhi 2
6.7

Prathinidhi 2(2024) အမှန်တရားဘက်တော်သား ဒီတစ်ခါမှာတော့ IMDB 8.7/10 ရထားတဲ့အပြငိ ပရိသတ်အကြိုက်တွေ့စေမယ့် ဘောလီးဝုဒ်နိုင်ငံရေး ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေ အာဏာကို အလွဲသုံးစားလုပ်မှုတွေ အနိုင်ကျင့်မှုတွေရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ အိန္ဒိယပြည်သူတွေရဲ့ဘဝ… ကလောင်ရှိပေမယ့် ရေးချလို့ရမယ့်စာရွက်မရှိ…. စာရွက်ရှိသော်လည်း ချရေးပေးမယ့် ကလောင်မရှိဆိုသလို အမှန်တရားကိုဖော်ထုတ်မယ့်သူမရှိလို့ အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ …. ဒီနိုင်ငံအတွက် အမှန်တရားအတွက် ဘာမဆိုလုပ်ရဲပြီး အကြောက်အရွံ့မရှိတဲ့ ရုပ်သံလိုင်းတစ်ခု… ဒါမှမဟုတ် အမှန်တရားဘက်တော်သားတစ်ယောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှူသွားလှည့်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲရေးသားပေးထားပါတယ်)

Crime • Romance • Drama
6.7 2024
Prathinidhi 2
Love on the Danube: Love Song

ဆာရာနဲ့ ဂျူလီယာတို့ သားအမိဟာ အားလပ်ရက်မှာ အချိန်အတူတူ ကုန်ဆုံးချင်တဲ့အတွက် အပျော်စီးသဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျက်တို့ သားအဖဟာလည်း အချင်းချင်း ပိုရင်းနှီးလာအောင် သဘ်ောခရီးစဉ်မှာ လိုက်ပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျက်တို့ သင်္ဘောပေါ်မှာ အမှတ်မထင် ဆုံတွေ့မိပြီး ရင်းနှီးသွားရာက မိဘတွေအကြောင်း စကားစပ်မိပြီး ဆာရာ့အမေနဲ့ ဂျက်ရဲ့အဖေတို့ဟာ အိမ်ထောင်ဖက်တွေ ဆုံးသွားလို့ စိတ်ဒဏ်ရာရနေတဲ့အကြောင်း ပြောဖြစ်ကြပြီး သူတို့ မိဘတွေကို အောင်သွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို သူတို့မိဘတွေက ချစ်ကျွမ်းဝင်သွားမလား၊ စီစဉ်တဲ့သူနှစ်ယောက်ကပဲ ချစ်ကျွမ်းဝင်သွားမလားဆိုတာကို ကြည်နူးဖွယ်ကြည်ရှုရမဲ့ Romance Comedy ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(829 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… TV Movie , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
Love on the Danube: Love Song
Uninvited
5.8

Uninvited (2024) IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။ အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။ သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား? ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama • Romance
5.8 2024 93 mins
Uninvited
Stalked by My Amish Boyfriend
6.2

Stalked by My Amish Boyfriend (2024) ************************************ CM ပရိသတ်ကြီးကို Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကာလေဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် နွေရာသီ ပိတ်ရက် ကော်ဖီဆိုင် တစ်ဆိုင်မှာ အေဘရမ်ဆိုတဲ့ အာမစ်ရှ် ကောင်လေးတစ်ယောက်နဲ့ ဝင်တိုက်မိရင်း မိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အေဘရမ်က အာမစ်ရှ်လူမျိုး လူငယ်တွေ လုပ်နေကျ အစဉ်အလာဖြစ်တဲ့ ၁၆ နှစ်ပြည့်ချိန် သူတို့အဝန်းအဝိုင်း အပြင်ဘက်က လူနေမှုဘဝတွေကို လေ့လာစူးစမ်းတဲ့ ကာလ ရန်စပန်ဂါ လုပ်နေတာ ဖြစ်ပြီးတော့ ကာလေကို မြင်မြင်ချင်း စွဲလမ်းသွားခဲ့ပါတယ်။ နွေရာသီ ပိတ်ရက်ကို အတူဖြတ်သန်းပြီးတဲ့အခါ ကာလေက ကောလိပ်တက်ဖို့ တခြားမြို့ကို သွားခဲ့ပြီး အေဘရမ်ကလည်း သူ့နေရပ်ကို ပြန်ဖို့ စီစဉ်ထားတာပါ။ ကာလေ ကောလိပ်ရောက်တဲ့အချိန်မှာ အေဘရမ်ကလည်း သူမတို့ကျောင်းမှာ တက်ဖို့ ရောက်နေတာကို အံ့အားသင့်စွာနဲ့ တွေ့လိုက်ရပါတယ်။ ကာလေက နွေရာသီ အပျော်တွဲခဲ့ပေမယ့် အေဘရမ်အဖို့က လုံးဝကို မစွန့်လွှတ်နိုင်ဘဲ အစွဲအလန်းကြီးစွာနဲ့ လိုက်လာခဲ့တာမို့ ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ ကာလေကရော အေဘရမ်လက်က လွတ်နိုင်ပါ့မလားဆိုတာ…။ (အညွှန်းကို Aoi မှ ရေးသားထားပါတယ်) File size…1.67GB / 752MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 28m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aoi Encoded by AHtet

Adventure • Action • Science Fiction
6.2 2024 88 mins
Stalked by My Amish Boyfriend