YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Jubilee (2023) S01 EP03.720p(CM).mp4

297.37 MB N/A video/mp4 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Until Tomorrow
5

လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။ မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။ ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ... ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ... အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance • TV Movie
5 2022 86 mins
Until Tomorrow
Govinda Naam Mera
5.4

ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့ အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါ သူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ် မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ် ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့ အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ် တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့...။ ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…2.28GB / 1.1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ BpL ~ Yunni

Drama
5.4 2022 131 mins
Govinda Naam Mera
The Lovebirds
6.1

Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့ Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani (ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့ အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့ Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲ ကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲ ပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆို ဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစ တောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။ အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။ လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စု ပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကို ကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ် ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစ ရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌ တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့ မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့ လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေ သူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။ သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။ သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရော ပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။ အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကို the lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။

Comedy • Family
6.1 2020 87 mins
The Lovebirds
The Tiger’s Nest
5.7

The Tiger’s Nest (2022) ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Drama • Comedy
5.7 2022
The Tiger’s Nest
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
My Sassy Girl
7.1

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ “မိထူးဆန်း” လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ “မ”ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

7.1 2023 117 mins
My Sassy Girl
Gwen Shamblin: Starving for Salvation

ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ…….. File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
Gwen Shamblin: Starving for Salvation
Vendetta Road

ဒီဇာတ်ကားက မာဖီးယားတွေလက်ကနေ ထွက်ပြေးလာတဲ့ရာဇဝတ်သား Ivanဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာNathanLightက ရိုက်ကူးခြယ်မှုန်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာမင်းသားChristianWatkins နဲ့မင်းသမီးMaic Engleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာDakota Brooks ဆိုတဲ့ သမင်တွေကို အမဲလိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်က Campgroundမှာ အမဲလိုက်ဖို့ အချိန်ပိုင်းအလုပ်ဝင်လုပ်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းနံပါတ် ၅ က Mr.LoganMcleanဆိုတဲ့ သူတစ်ယောက်က အသတ်ခံထားရပါတယ် အဲ့အချိန်မှာပဲမာဖီးယားဂိုဏ်းကအဖွဲ့သားတွေက Campgroundမှာ လာရောက်ပုန်းအောင်းနေတဲ့ Ivanလို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ကိုဖမ်းဆီးဖို့ရောက်ရှိလာပါတော့တယ် အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲ Campgroundမှာတည်းနေကြတဲ့ သူတွေအားလုံးကို ခရစ်ဒစ်ကတ်အချက်အလက် တွေကို လိုက်တောင်းတဲ့ ဖုန်းတစ်လုံးဝင်လာပါတယ် Dakotaဆိုတဲ့ ကောင်မလေး တစ်ယောက်ဒီပြဿနာကိုလိုက်ဖြေရှင်းရင်းIvan ဆိုတဲ့ မာဖီးယားဂိုဏ်းက အလိုရှိနေတဲ့ကောင်လေးနဲ့ဆုံမိပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ Campground ကဧည့်သည်တွေကိုဖုန်းဆက်ပြီး ခရစ်ဒစ်ကတ်အချက်အလက်တွေကို လိုက်တောင်းနေတာကရော ဘယ်သူ ဖြစ်မလဲ Mr.LoganMclean ဆိုတဲ့ သူကရော ဘယ်သူလဲ သူကဘာကြောင့်အသတ်ခံလိုက်ရတာလဲ Ivanဆိုတဲ့ ကောင်လေးကရောဘယ်သူလဲ ဘာကြောင့်သူ့ကို မာဖီးယားဂိုဏ်းကအလိုရှိနေတာလဲ သူကရော မာဖီးယားတွေလက်က လွတ်အောင်ပြေးနိုင်ပါ့ မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက် လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့စိတ်ကို ကြည့်နေရင်း ထမသွားချင်လောက်အောင် စွဲဆောင်ထားနိုင်ပြီး Thriller အမျိုးအစားကြိုက်နှစ်သက်တဲ့ သူတွေအတွက် မလွတ် စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.45GB / 415MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2023
Vendetta Road
Migration
6.8

ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲ တင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကို ထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်…။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု ဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်း အရာလေးပါ…။ ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲ အမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ…။ ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊ သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးက ပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။ သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတို သဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်…။ ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊ လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။ သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်း မလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်…။ ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာ လမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေ မြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်…။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD

6.8 2023
Migration
The Curious Case of Benjamin Button

အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို အေးအေးဆေးဆေးထိုင်ဖတ်နေရသလို ခံစားချက်မျိုးပေးမယ့် Masterpiece ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ တချို့ဇာတ်ကားတွေလို တစ်ခါကြည့်ပြီးတာနဲ့မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဇာတ်လမ်းထဲကို စီးမြောဝင်သွားပြီး ရုပ်ရှင်ပြီးတဲ့အခါ အတွေးပေါင်းများစွာနဲ့ ရင်ထဲမှာတသသကျန်ခဲ့မယ့် ရုပ်ရှင်လို့ပြောလို့ရတယ်။ လူတိုင်း ဘဝမှာ တစ်ခါတော့ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:46:00 Genre…Drama, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader

Drama
0 2008
The Curious Case of Benjamin Button
Side By Side
5.8

Side by side (2023) ================= Chihiro Ito ရဲ့ လက်ရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မိယာမာ ဟာ ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ သူ့စွမ်းရည်ကတော့ တခြားသူတွေရဲ့ စိတ်ကိုမြင်နိုင်တယ် သူ့ရဲ့စွမ်းရည်ကို အသုံးချပြီး လူတွေရဲ့ ပူပန်မှုတွေ စိတ်ဒဏ်ရာတွေကို ကူညီကုစားပေးတယ် လက်ရှိမှာ သူဟာ ရှိအိုရိဆိုတဲ့ အမျိုးသမီးနဲ့အတူ တောရွာလေးတစ်ခုမှာ အေးချမ်းစွာနေထိုင်တယ် သူမဟာ သူနာပြုတစ်ယောက်ဖြစ်ပြီး မိမိ ဆိုတဲ့ သမီးလေးရှိတယ် မိယာမာဟာ ထူးခြားတဲ့ အရာတစ်ခု သူ့နောက် အမြဲလိုက်နေသလို ခံစားနေရတယ် အဲဒါကတော့ ကူဆာကာဆိုတဲ့ ဂျူနီယာတစ်ယောက်ကြောင့်ပါပဲ ကူဆာကာဟာ မြို့ပေါ်က နာမည်ကြီးအဖွဲ့ရဲ့ ဂီတာတီးသမားတစ်ယောက်ဖြစ်တယ် မိယာမာဟာ အကြောင်းရင်းကို သိချင်တာမို့ ကူဆာကာနဲ့ တွေ့ဆုံနိုင်ဖို့ကြိုးစားခဲ့တယ် သူတို့ နှစ်ဦးတွေ့ချိန်မှာ မိယာမာ ကြိုးစားဖွက်ထားခဲ့တဲ့ အတိတ်တစ်ခု ပြန်လည် အစပေါ်လာချိန်မှာတော့…. ( အညွှန်းရေးသားထားသူကတော့ Thu Thu ပါ ) File size_(1.7GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:04:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu

5.8 2023 130 mins
Side By Side
Threads
8

ဒီတစ်ခေါက်ကတော့ IMDb 8/10 ရရှိထားပြီး Rotten tomatoes မှာ 100%ထိရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက စစ်ပွဲကာလအတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ နျူကလိယစစ်ပွဲအကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်အတွင်း စီမံအုပ်ချုပ်ပုံတွေ လူ့သဘာဝတွေကိုပါ ရိုက်ကူး တင်ဆက်ပေးထားတာပါ ရုသ်နဲ့ ဂျင်မီတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ခြေလွန်လက်လွန်ဖြစ်ကာ ရုသ်တစ်ယောက် ကိုယ်ဝန်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဂျင်မီနဲ့ ရုသ်တို့ လက်ထပ်ဖို့ အကြောင်းဖန်လာပေမဲ့ အချိန်ကာလအားဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ရေးဟာလည်း တင်းမာနေချိန်ဖြစ်ပါတယ်။ ရုသ်နဲ့ ဂျင်မီတို့ အတူတူနေထိုင်နိုင်ရန် ကြိုးစားနေကြချိန် သူတို့မြို့လေးရဲ့ မိုင် ၂၀အကွာ နေတိုး အခြေစိုက်စခန်းဟာ နျူကလိယနဲ့ တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားချိန် သူတို့စုံတွဲလည်းကွဲကွာသွားကြပါတော့တယ်။စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်သန်နိုင်အောင်ရုန်းကန်ကြပုံတွေ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲပုံတွေအပြင် နျူကလိယရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအား နောက်ဆက်တွဲအကျိုးဆက် စတာတွေကိုပါလက်တွေ့ဆန်ဆန် ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(4.3 GB)/(2.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Comedy
8 1984 117 mins
Threads
Kurangu Pedal
6

Kurangu Pedal(2024) IMDb-7.9/10 နွေရာသီ ပျော်စရာလေးများ နွေရာသီပိတ်ရက်မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတွေးပျော်ကြတာ ကျောင်းသားဘဝမှာလူတိုင်းစိတ်ကူးခဲ့ကြတာဖူးပါပဲ ရွာတစ်ရွာရဲ့ ပူလောင်လောင်နွေရာသီတစ်ခုမှာ ကျောင်းပိတ်ရက်ရှည်ရလို့ ပျော်နေကြတဲ့ကလေးတစ်သိုက်မှာ နွေရာသီအစီအစဉ်တွေအပြည့်နဲ့ပေါ့ လူကြီးတွေကလည်း ကလေးတွေပိတ်ရက်မှာ ဘာလေးတွေကူခိုင်းမယ် ဘယ်အမျိုးတွေဆီပို့မယ်ဆိုတဲ့အစီအစဉ်နဲ့ပေါ့ ဒီနှစ်နွေရာသီမှာတော့ ကလေးတွေကနွေရာသီအစီအစဉ်အပြည့်နဲ့ လူကြီးတွေရဲ့အစီအစဉ်တွေကို ကန့်ကွက်ကြတော့တာပဲဒီနွေရာသီမှာကလေးတွေရဲ့ ထူးခြားတဲ့အစီအစဉ်လေးကတော့ စက်ဘီးစီးသင်ကြဖို့ပါပဲ စက်ဘီးစီးသင်ဖို့ စက်ဘီးငှားခဆိုတာလိုအပ်လာကြတဲ့အချိန် မိဘတွေဆီကတောင်းဖို့ခက်ခဲနဲ့ ကြံကြဖန်ကြတာပေါ့ ကလေးအတွေး ကလေးအကြံလေးတွေနဲ့ နွေရာသီပိတ်ရက်ဖြတ်သန်းကြပုံလေးတွေက ခဏတာပေါ့ပါးအပျင်းပြေရှုစရာတော့ဖြစ်မှာမို့ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်

6 2024
Kurangu Pedal
Suspiria
7.3

ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ …. ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး….. File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7.3 1977 99 mins
Suspiria
Pretty Ghost
5.8

CM တရုတ်ကားချစ် ပရိသတ်တို့ကို ၁၉၉၁ က ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ယနေ့ခေတ်မှာ ချစ်ကြိုက် ညားပြီး သစ္စာဖောက်လိုက်… ပိုင်ဆိုင်မှုလုလိုက်နဲ့ ဇာတ်တွေများနေချိန်မှာ… ၁၉၉၀ ဝန်းကျင်မှာတော့ အချစ်သာ စစ်မှန်ရင် တမလွန်ရောက်နေတဲ့မင်းကို မရရအောင် ကိုယ်ယူမှာပါဆိုတဲ့ဇာတ်မျိုး… ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်… တိုနီဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဗိသုကာဒီဇိုင်းပညာရှင်လေးက လူငယ်တို့သဘာဝအတိုင်း ရုံးထဲက အချောဆုံး ကောင်မလေး အယ်လန်ကို စိတ်ဝင်စားပြီး ပိုးပန်းနေခဲ့တာပေါ့… ဒါပေမယ့် သူက လခစားဆိုတော့ ပြိုင်ကားစီးနေတဲ့ သူဌေးသားနဲ့ မယှဉ်နိုင်တာကြောင့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေလေရဲ့… တစ်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သွားစစ်ရင်း… သရဲတစ်ကောင်က လူစားထိုးဖို့ကြိုးစားရင်း မရဏလမ်းကို တစ်ခဏရောက်သွားခဲ့တယ်… စိတ်ထားလှတဲ့ သရဲမလေးအကူအညီနဲ့ သေကံက လွတ်ငြိမ်းခဲ့ပေမယ့်… သရဲမလေးကတော့ သူ့အနားမှာ ဆက်ရှိနေတာပါ့… သရဲမလေးနဲ့ သူဘယ်လိုတွေ ရင်းနှီးမှုတည်ဆောက်မယ်ဆိုတာ… သရဲမလေးအကူအညီနဲ့ အယ်လန်အချစ်ကိုရမှာလား… သရဲမလေးနဲ့ပဲ မေတ္တာမျှမှာလား… ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင်

5.8 1991
Pretty Ghost