YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Jigokuraku - Ep 13 (1080P)[CM] .mp4

394.72 MB N/A video/mp4 767 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mother
6.8

နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 778MB | 380MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Action • Drama
6.8 2023 115 mins
The Mother
The Gridiron (2016)

ဒဲရစ်ဆိုတဲ့ကောင်လေးတစ်ယောက်က စီးပွားရေးလုပ်ချင် ပေမယ့် သူဘာလုပ်လိုက်လိုက် လုပ်လိုက် တလွဲတွေပဲဖြစ်ပြီး အဆုံးသတ်သွားလို့ မိဘကရော သူ့မိန်းမကရော သူ့ကိုဆို တစ်စက်မှ အထင်မကြီးပါဘူး။ အဲဒါလည်း သူကအမှတ်မရှိဘဲ တစ်နေ့မှာ အမေရိကန်ဘောလုံးကစားနည်းက ဗြိတိန်မှာ ခေတ်စားလာတော့မယ်ဆိုပြီး သူ့ကိုယ်ပိုင်အသင်းထောင်ဖို့ လုပ်ပါတယ်။ အိမ်စရိတ်တွေလည်းမပေးပဲ ရသမျှအကုန် သူ့အသင်းအတွက်ပဲ သုံးနေတော့ မိန်းမနဲ့လည်း ပြသနာတက်လိုက် အကြွေးရှင် လက်ကပြေးရလိုက်နဲ့ နောက်ဆုံးသူ့အသင်းကအောင်မြင်သွား မလား ကျရှုံးမလားဆိုတာကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါး ပါးလေး ကြည့်ရမှာပါ။ ကားဟောင်းလေးဖြစ်ပြီး စိတ်လက် ပေါ့ပါးမှုကိုရစေတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Momo ဖြစ်ပါတယ်) File Size..........(1.68 GB) / (677 MB) / (462 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 37Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Momo Encoder..........SWM

Drama
null 2016 97 mins
The Gridiron (2016)
To Leslie
7

ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။ သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။ လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ကလိထိုးကျီစားမှု ကြောင့် သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းနဲ့ ဝဋ်တစ်ဖန်ပြန်လည်၊ ပလက်ဖောင်းမင်းသမီး အရင့်စားကြီးပေါ့။ မွေးရပ်မြေကို ပြန်ရောက်၊ တစ်အူထုံဆင်း အစ်မရင်းကပါ အိမ်ကနေနှင်ထုတ်ရလောက်အောင် ဘဝဆိုးရသူ။ လက်စလီ ဘယ်လဲ၊ ဘာလဲ။ ဘာတွေဆက်ဖြစ်မလဲ။ ဘာတေ‌ွကြုံရဦးမလဲ။ ဒီ ၂၀၂၂ နှစ်ထွက် မိသားစုဇာတ်ကားလေးက သင့်ကို တွေးစရာတွေတပုံတပင်နဲ့ အရောင်စုံခံစားချက်တွေ ပေးစွမ်းနိုင်တာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Arr Khun Winchester ပါ ) File Size__(2.7GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Drama • History • Music
7 2022 119 mins
To Leslie
About Us But Not About Us
6

ပွင့်လင်းရာသီမြန်မာပြည်ဖြစ်လာပြီဆိုတော့လည်း မီယမ်မာကြီးမှာလည်း LGBTQ နဲ့ပတ်သက်လို့ အရင်ကထက် ပိုပွင့်လင်းလာတဲ့အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့လည်း လုံးဝကြီးပွင့်လင်းတာလည်း မဟုတ်သေးပြန်တော့ လွဲမှားနေတဲ့ Myths လေးတွေတော့ ရှိပါသေးတယ်။ ဒီဖိလစ်ပိုင်ကားလေးကို အကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ LGBTQs are just humansဆိုတဲ့အချက်ကို ချပြထားတာကိုပါပဲ။ Privilege လူတန်းစားလည်းမဟုတ်သလို နှိမ်ချစရာလည်းမဟုတ်တဲ့ သာမန်လူလိုပဲ ဆိုးကွက် ကောင်းကွက်တွေအကုန်ရှိနေနိုင်တယ်ဆိုတဲ့ Human natureကိုချပြထားတဲ့ရုပ်ရှင်လေးပေါ့။ ဖိလစ်ပိုင်ဒရာမာတွေ ကြိုက်နှစ်သက်တဲ့လူတွေဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုတော့ ကိုဗစ်ရောဂါ ထကြွသောင်းကျန်းနေတဲ့ကာလမှာ အခြေတည်ထားပြီးတော့ တက္ကသိုလ်က အင်္ဂလိပ်ဘာသာပရော်ဖက်ဆာဖြစ်တဲ့ အဲရစ်က သူ့ရဲ့တပည့်ဖြစ်တဲ့ လန်းစီလော့နဲ့ လာတွေ့တာကနေ အစပျိုးထားပါတယ်။ ဆရာကတော့ သိပ်လှတဲ့သက်တန့်ကြီး ကွေးနေပေမဲ့ တပည့်ဖြစ်တဲ့လန့်စ်ကတော့ ရေရေရာရာမသိတဲ့ မကွေးတကွေးလေးပေါ့။ ဒါပေမဲ့ ဆရာဖြစ်သူအဲရစ်ရဲ့ အထူးအထူးသော အလေးပေးမှု ဂရုစိုက်မှုတွေကြောင့် ပတ်ဝန်းကျင်ကပြောစရာဖြစ်နေတာပေါ့။ အဲရစ်ဘက်ကကြည့်တော့လည်း ပထွေးကရိုက်နှက်ခံရလို့ ခိုကိုးရာမဲ့တပည့်ကို ဂရုစိုက်ပေးတာဖြစ်ပြီး ပတ်ဝန်းကျင်ကကြည့်တော့လည်း ၁၇ နှစ်တာတွဲခဲ့တဲ့ချစ်သူ နာမည်ကျော်စာရေးဆရာမားကပ်စ်က ကိုယ့်ကိုယ်ကိုယ်သတ်သေသွားရတာ လန့်စ်နဲ့အဲရစ်ကြားက ကရုဏာပိုလွန်းတဲ့ဆက်ဆံရေးကြောင့်လား သို့လော သို့လောပေါ့။ ဒီလိုနဲ့ ထွေရာလေးပါးစကားဝိုင်းလေးကနေ အရှိန်တက်လာတဲ့ သူတို့ ၂ ယောက်ရဲ့ စကားဝိုင်းလေးကနေ ကြက်သွန်ဥအခွံခွာသလို တစ်စတစ်စ ပုံရိပ်ထင်လာတဲ့ မားကပ်စ် အဲရစ်နဲ့လန့်စ် ဒီ ၃ ယောက်ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်း၊ ကိုယ်စီမထင်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မားကပ်စ်ရဲ့ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနောက်က အဖြစ်အပျက်တွေက တစ်လွှာချင်းပေါ်တဲ့အခါ…. လန့်စ်နဲ့အဲရစ်က တကယ်ပဲဆရာနဲ့တပည့်ဆက်ဆံရေးထက်မပိုဘူးလား။ မားကပ်စ်ရဲ့အဆုံးစီရင်မှုကရော လန့်စ်ရဲ့ပယောဂတွေ တကယ်ပဲပါဝင်နေခဲ့တာလား။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ငါတို့အကြောင်းမဟုတ်တဲ့ငါတို့အကြောင်းဆိုတာကရော ဘာကိုရည်ညွှန်းချင်တာလဲဆိုတာကို ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်းနဲ့ပဲ ကိုယ်တိုင်အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ Elijah Canlasရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ရုပ်ရှင်လေးဆိုတော့ Worth watching ဖြစ်မဖြစ်ကိုတော့ ကိုယ်တိုင်ပဲအကဲဖြတ်လိုက်ကြရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 723MB | 377MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6 2023
About Us But Not About Us
The Equalizer 3
7.1

The Equalizer 3 (2023) IMDb Rating (7.1) / Rotten Tomatoes (75%) “မင်းက အငြိမ်းစားပါ” “ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ” “မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ” မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။ ဒီရုပ်ရှင်အစမှာတော့ မက်ကောဟာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုကို လာရှင်းရင်းနဲ့ သေလာက်တဲ့ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာကို အီတလီရဲ့ Altamonte မြို့လေးက ဆရာဝန်တစ်ယောက်က ကုပေးပြီး ကယ်ဆယ်ထားခဲ့ပါတယ်။ အဲဒီမြို့ကလေးဟာ အေးချမ်းပြီးလူတွေကလည်း သဘောကောင်းကျတာမို့ မက်ကော ပျော်စပြုလာပါတယ်။ ဒါပေမဲ့ ဒီတစ်မြို့လုံးကို အရမ်းရက်စက်တဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်က ထိန်းချုပ်ထားတာမို့ သူခင်တဲ့ မိတ်ဆွေအသစ်တွေကို ကာကွယ်ဖို့ တစ်ဂိုဏ်းလုံးနဲ့ ရင်ဆိုင်ရတဲ့အခါ… ဒီကားရဲ့ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ကူးခဲ့တဲ့ Antoine Fuqua ပါပဲ။ သူ့လက်ရာတွေထဲမှာ The Magnificent Seven, Training Day, Southpaw, Bullet Train တို့ဟာလည်း နာမည်ကျော်တွေပါပဲ။ အကုန်ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ စီးရီးကြိုက်တဲ့သူတွေအတွက်လည်း သူ ထုတ်လုပ်ခဲ့တဲ့ Shooter, Mayour of Kingstown စီးရီးတွေဟာလည်း ထိပ်တန်းပါပဲ။ ဒါလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပြန်တာပါပဲ။ စပွိုင်လာအနည်းငယ်ပါမည်… ကြည့်ပြီးမှဖတ်ရင် မက်ကော စီအိုင်အေမှာလုပ်တုန်းက ကူညီခဲ့တဲ့ Brian နဲ့ Susan Plummer တို့ရဲ့သမီးအမ်မာကော်လင်နဲ့ တိုက်တိုက်ဆိုင်ဆိုက်ပြန်တွေ့ကြတာပါ။ ဇာတ်လမ်းအဆုံးမှာ မက်ကောက မှတ်စုစာအုပ်အနက်လေးကို အမ်မာကော်လင့်ကို ပေးလိုက်တဲ့သဘောဟာ သူအပြီးတိုင်အငြိမ်းစားထပ်ယူပြီး သူ့နေရာကို အမ်မာ ဆက်ယူစေချင်တဲ့သဘောလို့ ယူဆရပါတယ်။ ဒါကြောင့် ငွေကို ကိုယ်တိုင်သွားပေးခိုင်းပြီး လူစိမ်းတစ်ယောက်ကို ကူညီလိုက်ရတဲ့ ခံစားချက်ကို ပြတာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

Science Fiction • Horror
7.1 2023 109 mins
The Equalizer 3
Sometimes They Come Back
5.7

Sometimes They Come Back (1991) ========================== အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King’s Cat’s Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ ’90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.7 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Thriller Translator…….Alias Encoder……….SWM

5.7 1991 98 mins
Sometimes They Come Back
Khoobsurat
6.4

Khoobsurat (2014) “ကန့်လန့် ချစ်သူ” IMDb 6.5 ရထားတဲ့ ဟင်ဒီကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Fawad Khan နဲ့ မင်းသမီးချောလေး Sonam Kapoor တို့ ပါဝင်ထားတဲ့ romantic comedy ကားလေးပဲဖြစ်ပါတယ် ရုံတင်ဝင်ငွေ ရူပီး သန်း ၈၀၀ နီးပါးပြန်ရခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအကျဥ်းကတော့ မီလီချက်ကရာဗာတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးဟာ အိန္ဒိယ ခရစ်ကတ်ပရီးမီးယားလိဂ်မှာ အကြောပြင် ဆရာဝန် Physiotherapist အဖြစ် လုပ်ကိုင်တာဖြစ်ပြီး နာမည်ကြီးအသင်းရဲ့ ကစားသမားတစ်ယောက်ကို ပွဲချိန်တွင်း ပြန်ကစားလို့ရအောင် ကုသပေးလိုက်နိုင်တာကြောင့် တော်ဝင်မိသားစုတစ်စုက သူ့ကို ခေါ်ပါတော့တယ် မီလီရဲ့ အမေကလည်း မီလီ့နည်းတူ ခေတ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်ပြီး သူ့သမီးကိုလည်း သမီးစိတ်ကြိုက်ယောကျာ်းတစ်ယောက် အမြန်ရစေချင်သူပါ တော်ဝင်မိသားစုက ဝှီးချဲလ်ပေါ်က သိပ်ခေါင်းမာလွန်းတဲ့ ဘုရင်ကြီးကို ကုပေးရမှာဖြစ်ပြီး သူ့ရဲ့ ကတော်ကလည်း ဟိတ်ဟန်ဆန်လွန်းပြီး သားတော် မင်းသား ဗစ်ကရမ်ကပါ အမေနဲ့ တစ်ပုံစံတည်းပါ စရောက်တဲ့နေ့ကတည်းက ဒေါက်တာမလေး မီလီတစ်ယောက် အလွဲလွဲအချော်ချော်ဖြစ်နေပြီး သူ့ရဲ့ ရွှတ်နောက်နောက် ကာရိုက်တာနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ အပေါက်အလမ်းမတည့်မှုက သူ့အတွက် တော်တော်လေး ဒုက္ခရောက်စေပါတယ် အနေနီးလို့ သူချစ်မိသွားတဲ့ ရေခဲတုံးမင်းသားလေးရဲ့ အချစ်ကို ရယူချင်ပေမယ့် မင်းသားမှာ ပိုင်ရှင်ရှိနေတာမို့ ဒေါက်တာ မလေးခင်ဗျာ ချစ်သူနဲ့ ပေါင်းဖက်နိုင်ပါ့မလား… ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး ဒီထဲက ဒေါက်တာမလေးရဲ့ အပြုံးအရယ် အလှနဲ့တင် သိပ်ကိုကြည်နူးစရာကောင်းနေပြီမို့ ကြည့်ရတာ တန်မယ့်ကားတစ်ကားပါ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.4 2014 130 mins
Khoobsurat
Sugar Factory
9.5

Sugar Factory (2023) “ဟန်ဆောင်အချစ်ဇာတ်လမ်း” IMDb – 9.5/10 Sugar Factoryဆိုတဲ့ ကန်နာဒါစကားပြော အိန္ဒိယအချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးချော ဆိုနာမွန်တယ်ရီယိုနဲ့ မင်းသားဒါလင်ခရစ်ရှ်နာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ “Single is the best”လို့ တစာစာကြွေးကြော်ရင်း အချစ်ရေး အိမ်ထောင်ရေးကို တစက်ကလေးမှ စိတ်မဝင်စားကြတဲ့ အာရာနဲ့ အာဒီတီ။ အာရာက မင်္ဂလာပွဲတွေစီစဉ်ပေးတဲ့ စီစဉ်သူကြီးဖြစ်ပေမဲ့ အိမ်ထောင်ရေးကိုလုံးလုံးအယုံအကြည်မရှိသူ။ အာဒီတီဆိုတဲ့ မိန်းမပျိုလေးကလည်း ထိုနည်း၎င်း ဘာလဲ အချစ်ဆိုတာလို့ မေးခွန်းထုတ်တတ်တဲ့ ဆော့ဖ်ဝဲပညာရှင်။ ဒီလို မချစ်တတ်တဲ့ယောကျ်ားနဲ့ မချစ်တတ်တဲ့မိန်းမတို့ ဆုံတွေ့ကြတာက Sugar Factoryလို့ခေါ်တဲ့ အရက်ဆိုင်မှာ။နှစ်ယောက်သား မထင်မှတ်ဘဲဆုံတဲ့အချိန်မှာ အရင်တချိန်က ဆုံခဲ့ဖူးသူတွေမို့ ခဏအတွင်းရင်းနှီးသွားကြရင် အချစ်ကိုမယုံကြည်ကြောင်း ဒဿနတွေပွင့်အံကြတာပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင်မူးပြီးတဲ့နောက်မှာတော့ အကြောင်းကြောင်းကြောင့် ချစ်သူတွေအဖြစ်ဟန်ဆောင်ရဖို့ဖြစ်လာပါတော့တယ်။ အချစ်ကိုအယုံအကြည်မရှိတဲ့ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.5 2023
Sugar Factory
Two Brothers
7

နာမည်ကျော် Enemy At The Gates ဇာတ်ကားနဲ့ European Film Awards ဆုအပြင် အခြားဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ဒါရိုက်တာကြီး Jean-Jacques Annaud ကိုယ်တိုင်ရိုက်ကူးထားပြီး ရုပ်ရှင်ထူးချွန်ဆုတွေအများကြီးရထားတဲ့ မင်းသားကြီး Guy Edward Pearce နဲ့ August Rush မင်းသားလေး Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Advanture/ Drama/Family ဇာတ်ကားလေးဖြစ်ပြီး ဆုတွေအများကြီးလည်းဆွတ်ခူးထားပါသေးတယ် ဇာတ်လမ်းလေးကတော့… နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ ကျားညီကိုပေါက်လေးနှစ်ကောင်ဟာ တစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါ ကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre…Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Action • Science Fiction • Animation • Adventure
7 2004 109 mins
Two Brothers
My Wife Is a Gangster My Wife Is a Gangster 1
6.5

My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။ My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့….. ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး “အစ်ကိုကြီး” လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ပိုးကောင်ဖြူပါတဲ့။ ငယ်ကတည်းက လက်ဇောင်းထက်ပြီး အရာရာကိုလက်ပါဒုတ်ပါဖြေရှင်းတတ်တာ သူမရဲ့ပင်ကိုယ်စတိုင်ပါပဲ။ လူမိုက်တွေနဲ့ပြိုင်မိုက်ပြီး ကျင်လည်ကျက်စားနေတဲ့ ဒီလို ဂျစ်ကန်ကန်ဖိုက်တာ ကောင်မလေးခမျာ အစ်မဖြစ်သူရဲ့ဆန္ဒအရ အိမ်ထောင်ပြုရဖို့အကြောင်းဖန်လာတဲ့အခါ…….။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး https://channelmyanmar.to/?s=my+wife+is+a+gangster မှာကြည့်ရှုနိုင်ပါတယ်။***

6.5 2001 110 mins
My Wife Is a Gangster My Wife Is a Gangster 1
Once Upon a Time in China IV
5.9

ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး စစ်ပွဲဆီ ဦးမတည်သွားအောင် ဘယ်လိုကြံဆောင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

5.9 1993 100 mins
Once Upon a Time in China IV
Visher
5

ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်‌ချင်သူတွေအတွက် Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့ Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီး တွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေ ဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲ ဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ ပေးစွမ်းနိုင်မှာပါ။ အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့က ဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန် နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေက မှိုလိုပေါက်နေတာပါ။ အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။ သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကို လိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေ ထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကို တောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာ သူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့ သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာ ကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ် သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…976MB / 379MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 65 mins
Visher
The Great Battle
7

The Great Battle (2018) ************************ မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့ The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။ အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလို တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့.. တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရော ဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။ ၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File size…4.82GB / 1.49GB Quality…WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration….2h 17m Genre ….. Action, Historical, Drama, War Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri

Drama
7 2018
The Great Battle
House of Spoils

ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားပြီး IMDbမှာ 4.8/10အထိရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားထဲမှာတော့ ရည်မှန်းချက်ပြည့်ဝပြီး တက်လမ်းတွေကိုအမြဲရှာနေတဲ့စားဖိုမှူးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့နာမည်ကြီးစားသောက်ဆိုင်ကထွက်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းစဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းလွယ်ကူနေတာမဟုတ်လေတော့ ပြဿ‌နာပေါင်းစုံနဲ့ ဒုက္ခတွေတွေ့ရပါတော့တယ်။ သူ့ကိုအမြဲသံသယဝင်နေတဲ့ စီးပွားရေးတွဲဖက်၊ ရင်းနှီးမြုပ်နှံသူတွေ‌ကြားထဲမှာ သူ့ကိုယ်သူပြန်အဖတ်ဆယ်ဖို့ကြိုးစားရင်း ဆက်တိုက်ဆိုသလို သူပြောင်းလာတဲ့အိမ်မှာ မကျွတ်သေးတဲ့ဝိဉာဉ်တစ်ကောင်ကပါ အမျိူးမျိုးဒုက္ခပေးလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(2.1 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Drama • Romance
0 2024
House of Spoils
Whispers in the Wind
5.6

Whispers in the Wind (2024) IMDb Rating (5.6) ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဟန်နာဆိုတဲ့ဖိလစ်ပိုင်သူလေးဆရာမလေးဟာ တစ်ရက်မှာဆူနာမီဖြစ်ပေါ်ခဲ့ပြီး သူ့ချစ်သူအီမီးက သေသွားပြီး သူက အသက်ရှင်လျက်ကျန်နေခဲ့ပါတယ်။ တစ်ရက်မှာ ရန်ဆိုတဲ့ ဖိလစ်ပိုင်သားကလည်း သူ့အဖေမသေခင် ၀ေးကွာနေတဲ့သူ့အမေကိုရှာဖို့မှာခဲ့တာကြောင့် ဂျပန်မှာနေတဲ့သူ့အမေကို လာရှာရာ ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ ရန် အမေကို ဂျပန်မှာနေတာကြာတဲ့ ဟန်နာကလည်းလိုက်ရှာပေးရင်း နောက်ဆုံးမှာသူ့အမေနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေအိမ်ကိုရောက်တော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေက ထင်ထားသလိုမဟုတ်ဘဲ ဟန်နာ ဟာထင်ယောင်ထင်မှားဖြစ်နေတဲ့ အမှန်တရားကိုတွေ့ရမှာပါ။ ဒီတော့ ဘယ်လိုအမှန်တရားမျိုးလည်းဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုကြပါဦး… (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

5.6 2024 96 mins
Whispers in the Wind