YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Jatt.Nuu.Chudail.Takri.2024.1080p.WEBRip.YK(CM).mkv

2.33 GB N/A video/x-matroska 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Knock at the Cabin
6.4

M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။ ဇာတ်လမ်းအကျဉ်း အဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ.... File size…(1.29GB)  / (696MB) / (324MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:40:00 Genre... Horor / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mr. Anderson

Drama
6.4 2023 100 mins
Knock at the Cabin
Bunshinsaba vs Sadako
3.8

ဂျပန် နိုင်ငံကနေပြီးတော့ ပြန်နှံ့လာခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခု...! ပိုပြီး ထူးဆန်းဖွယ်ကောင်းတာက အဲဒီ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်းဟာ ၇ ရက်အတွင်းမှာ အသေဆိုးနဲ့ သေဆုံးကြရတဲ့အခါ...? ဒီသတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့ပြီးလူတွေရဲ့ စိတ်ကို ဂယက်ထအောင် ခြောက်လန့်လို့နေခဲ့ပါတယ် ။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ကျောင်းတစ်ခုမှာ အဲဒီ ထိတ်လန့်ဖွယ် ကျိန်စာသင့် ဗီဒီယိုနဲ့ပတ်သတ်ပြီး ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတော့တယ် ။ အဲဒီအရာကတော့...? ဒီကျိန်စာဆိုးကြီးကို ဖြေရှင်းနိုင်ပါ့မလား ? ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာအတွင်းမှာ သူတို့တွေ ဘယ်အရာတွေ စတေးကြရဦးမှာလဲ ? ဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy
3.8 2016 80 mins
Bunshinsaba vs Sadako
Double XL
6

IMDb 5.8/10 (2.6K) အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ netflix movieဖြစ်တဲ့အပြင် မင်းသမီး ဆိုနခ်ရှီးဆင်ဟားနဲ့ မင်းသမီး ဟူမာကူရေရှီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Body Shaming နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။ ဒီဇာတ်ကားမှာ တစ်ယောက်က ဒေလီမြို့မှာ အားကစားအစီအစဉ်တင်ဆက်သူဖြစ်ချင်နေတဲ့ ဖက်တီးမလေး ရာဂျ်ရှရီ...။ နောက်တစ်ယောက်ကတော့ ဒေလီမြို့မှာနေပြီး သူ့ဒီဇိုင်းတွေ နိုင်ငံတကာကိုထိုးဖောက်သွားအောင် ခရီးသွားဖက်ရှင်ဗီဒီယိုလေး တင်ဆက်ချင်နေတဲ့ ဖက်တီးမလေး ဆိုင်ရား...။ ရာဂျ်ရှရီဟာ အင်တာဗျူးဖြေရမှာကိုစောင့်နေခဲ့ပြီး ဆိုင်ရားကတော့ ဘတ်ဂျက်ရန်ပုံငွေထုတ်ပေးမှာကို စောင့်နေခဲ့ပါတယ်။ ရှေ့ဆက်ပြီး သူတို့နှစ်ယောက် တွေ့ကြုံရမယ့် ဘဝခရီးကြမ်းတွေနဲ့ လူတွေရဲ့ကဲ့ရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိနိုင်ပါ့မလား...။ သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ပါ့မလား...။ ဆိုတာကိုတော့ လောကကြီးအန်တုပြီး ရင်ဆိုင်မယ့် သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ချက်တွေမှာ ဆက်လက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်။ ဆိုတေးလို အစားလေးလျှော့ဖက်တီးမ နင်ဒီ့ထက်ဝရင်ကြည့်မလှဆိုတာကလည်း တကယ်မဟုတ်ပါဘူးနော်။ ဝမှလှနေတဲ့ ကစ်ကစ်ကိတ်ကိတ်လေးတွေ ရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ရှိရင်းစွဲအတိုင်းလက်ခံပြီး ကိုယ့်ဘဝကို ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လျှောက်လှမ်းကြပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။ File size…2.18GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Cherry & BpL & Yunni  & OeliuJ

Action • Drama • Thriller
6 2022
Double XL
Gyeong-ah's Daughter
5

အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။ အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။ တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ ... သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး (ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။) File Size : 1.6GB, 563MB & 275MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 57mins Genre : Family, Drama Subtitle : Myanmar Subtitle(Hardsub) Translated by Win & Estel Encoded by Kinnov

Comedy • Drama • Romance
5 2022 118 mins
Gyeong-ah's Daughter
[18+] Daughters of Eve
5.6

ဒီကားကတော့ ဂန္တဝင်ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်....လူသားတို့ရဲ့ရမ္မက်နဲ့လိုအင်လောဘ ကြမ်းကြုတ်ရက်စက်တဲ့သဘောသဘာဝတွေကို ကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးထားပြီး အသက်ဝင်လွန်းတာကြောင့်ရယ် သရုပ်ဆောင်တွေကြောင့်ရယ် ဘာဆင်ဆာမှာမဖြတ်ထားတာကြောင့်ရယ် နာမည်ကြီးခဲ့ပါတယ်။ အီလိုကိုစ်ပြည်နယ်အစွန်အဖျားက ရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာလိင်မှုကိစ္စမှာပွင့်လင်းစွာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အများသူငါလို ရမ္မက်စိတ်တွေကိုမျိုသိပ်ပြီး ရွာကကလေးတွေကိုဓမ္မပုစ္ဆာတွေ သင်ပေးနေတဲ့ တွန်ညာဆိုတဲ့မိန်းမလှလေးရှိပါတယ်။ အများလက်မခံနိုင်တဲ့အယူအဆတွေကိုသင်ကြားနေတဲ့ သူ့အပေါ်လိုသူတွေရှိသလို သူ့အလှအပကြောင့်မလိုသူတွေလဲရှိပါတယ်။ တစ်နေ့တော့ရွာကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းဟောင်းအလှပဂေးတစ်ဦးလဲဖြစ်တဲ့ ဆယ်လ်ဒါဟာ အမေရိကန်သားချစ်သူတစ်ယောက်နဲ့အတူပြန်ရောက်လာချိန်မှာ ဒဏ်ရာဟောင်းတွေ အတိတ်ဇာတ်လမ်းဟောင်းတွေနဲ့အတူ ငြိမ်သက်နေတဲ့ တွန်ညာရဲ့ဘဝအပြင် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်လမ်းထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်တို့ရဲ့ ဘဝတွေပါ လှုပ်ခတ်ဖို့ဖြစ်လာပါတော့တယ်။ ဆယ်လ်ဒါကတော့ တွန်ညာရဲ့စရိုက်နဲ့ဆန့်ကျင်စွာပွင့်လင်းမြင်သာရှိလွန်းလို့ပါပဲ။ Silip: Daughters of Eve ဟာအဲ့ဒီခေတ်အခါမှာခေတ်စားနေတဲ့ လိင်အသားပေး Sexploitation films တွေထဲကအထင်ရှားဆုံးဥပမာ တစ်ခုဖြစ်ပြီး၊ ၁၉၈၂ ဖိလစ်ပိုင်ကိုယ်စားပြု Miss Universe ပြိုင်ပွဲဝင် Maria Isabel Lopez,နာမည်ကျော်အချိုရည်ကြေငြာအလှမယ် Sarsi Emmanuelle တို့အကြမ်းပတမ်းခေါင်းဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်ကားကြီးတစ်ကားလို့ မထင်နိုင်စရာပွင့်လင်းလွန်းတဲ့ လိင်ဆက်ဆံခန်းတွေ၊ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့မဖွယ်မရာ စကားပြော၊ အပြ၊ အပြုအမူတွေအပြင် သွေးထွက်သံယို သတ်ခန်းဖြတ်ခန်းတွေ ကြမ်းကြမ်းတမ်းတမ်းပါဝင်ပါတယ်။ 2007 dvd အနေနဲ့ထွက်ရှိအပြီး ကာလသားတွေကြားနာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့ တစ်ချို့အခန်းတွေမှတ်မိတဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ ဖိလစ်ပိုင်ရဲ့ခေတ်ဟောင်းရုပ်ရှင်ကားဆိုပေမယ့် အကောင်းဆုံး BluRay Quality နဲ့ သေချာတင်ဆက်လိုက်ပါတယ်.. File size…(4 GB)/(999 MB) Quality….BluRay HEVC 1080p/720p Format…mkv/mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Action • Adventure • Crime • Drama
5.6 1985 125 mins
[18+] Daughters of Eve
Raven’s Hollow
5.3

Raven’s Hollow (2022) ================ အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ “ကျီးကန်း” ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ ထိုမြို့လေးကတော့ “ကျီးကန်း” ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ထိုသို့ ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ ပါတယ်။ “ကျီးကန်း” ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြို့နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ Horror, Thriller အရသာကို ကောင်းကောင်း ကြီး ခံစားရမှာဖြစ်လို့ ညအချိန် နားကြပ်နဲ့ တပ်ပြီး ကြည့်ရှု့ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)

Action • Crime • Drama
5.3 2022 98 mins
Raven’s Hollow
Tracker
6.5

ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံ စစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp က ရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင် ထားပါတယ်. ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီး လူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ် နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့ မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီ လူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကို ဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ် မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှ ရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ် ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်က ဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားက အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါ တော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင် ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့ မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံ ဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကော မိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကော သူ့ရဲ့သဘောထားက စစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲ တောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်း အရင်းကကော ဘာဖြစ်မလဲ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုက စစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲ ခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေ ထွက်ပြေး လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာ ဖြစ်ပါတယ်.. ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့ အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်း ပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုး တွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ ဒီဇာတ်ကားဟာ Action, Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူ ပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင် စွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်လိုက်ပါဦး… File size…2.30 GB / 1.24GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.5 2010
Tracker
Brother Bear 2
6.1

The Brother Bear 2 (2006) IMDb Rating – 6.1/10 Rotten Tomatoes – 50% နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။ တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ… နောက်ဆုံးမှာ ခီနိုင်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ… File size… 1.2 GB / 553 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Animation /Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

6.1 2006
Brother Bear 2
Dream Images
7.6

ရိုမေနီးယား ဒိုကူမန်ထရီ ရုပ်ရှင်ပါ။ ၂၀၁၆မှာပဲ Transilvania International Film Festivalမှာ ပြသခဲ့ဖူးတယ်။ 1978မှာ ရိုမေနီးယား အာဏာရှင် Ceausescuက တစ်တိုင်းပြည်လုံးကို ထိန်းချုပ်ထားခဲ့တယ်။ အဲဒီကာလမှာ အနုပညာသမားတွေဟာ ပိတ်ပင်ခံခဲ့ရတယ်။ Rodion G.A.ဆိုတဲ့ တီးဝိုင်းတစ်ခုကလည်းပါခဲ့တယ်။ သူတို့ဝိုင်းဟာ အဲဒီခေတ်အနေနဲ့ဆို တော်တော်ခေတ်ရှေ့ပြေးနေတဲ့ ဂီတကို ချပြခဲ့တဲ့ဝိုင်းပါ။ အာဏာရှင်က ပိတ်ပင်ထားလို ဆိုဗီယက်ကလည်း သူနဲ့မဟာမိတ်ဖြစ်တဲ့ ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းက နိုင်ငံတွေကို ကွန်မြူနစ်မဟုတ်တဲ့ နိုင်ငံတွေနဲ့ ကူးလူးဆက်ခံခွင့်ပိတ်ထားတယ်။ အဲဒါကို Iron Curtainလို့ခေါ်ခဲ့ကြတယ်။ ဒီတော့ သူတို့ဝိုင်းဟာ ဘယ်လိုမှ သူတို့ဂီတကို မဖြန့်ဝေနိုင်ခဲ့ဘူး။ အနှစ်၃၀ကြာပြီး ၂၀၁၃မှပဲ ပွဲဦးထွက် အယ်လ်ဘမ်ကို ယူကေက Strut Recordကနေ ဖြန့်ဝေပေးခဲ့တယ်။ ဒီလို ခေတ်ရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ Bandက Rodion Ladislau Rosca ဆိုတဲ့ အဓိကလူရဲ့ ၂၀၁၆တုန်းက လက်ရှိဘဝကို ရိုက်ပြထားတာပါ။ တီးဝိုင်းအကြောင်းနည်းနည်းပဲပါပြီး လက်ရှိကျေးလက်မှာနေနေတဲ့ Rodion Ladislau Rosca ရဲ့ ဘဝကိုပဲ ပြထားပါတယ်။ ဒီဒိုကူမှာ သူနေထိုင် စားသောက်ရှင်သန်ဖြတ်သန်းပုံကို အဓိကပြပြီး ဂီတကိုချစ်ခြင်းနည်းနည်းစွက်ထားပါတယ်။ ဒီဒိုကူမန်ထရီက ရိုမေနီးယား ဂီတအဖွဲ့တစ်ဖွဲ့ရဲ့အတိတ်ကို ဦးတည်တာဆိုပေမဲ့ လက်ရှိကိုပဲပြထားတဲ့ အချက်က ထူးခြားတယ်လို့ပဲပြောရပါမယ်။ File Size : 1.5 GB, 932 MB Quality : WEB-DL 1080p / 720p Running Time : 1hr 18min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.6 2016
Dream Images
Trapped

၂၀၀၀ ခုနှစ်အစောပိုင်းက ထွက်ရှိထားတဲ့ Crime/Thriller ရုပ်ရှင်ကားကို Cherlize Theron, Kevin Bacon, Courtney Love နဲ့ Dakota Fanning တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ Karen နဲ့ Will Jennings တို့ စုံတွဲမှာ Abby ဆိုတဲ့ ကလေး တစ်ယောက်ရှိပါတယ်။ Willကတော့ နာမည်ကြီး မေ့ဆေးဆရာဝန်တစ်ယောက်ဖြစ်ပြီး အလုပ်အရမ်းများတတ်သူပါ။ Karen ကတော့ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ Will တစ်ယောက် ဆေးဘက်ဆိုင်ရာ ညီလာခံ သွားတက်နေတုန်း Karen နဲ့ Abby တို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ Abby လေးကို အိမ်ထဲထိဝင်ပြီး ပြန်ပေးသမားတွေက ပြန်ပေးဆွဲကာ Will နဲ့ Karenကိုလည်း ဖမ်းခေါ်ထားပါတယ်။ သူတို့ အစီအစဥ်အတိုင်း ၂၄နာရီ ပြည့်တဲ့အထိ မနေပေးရင် Abby လေးရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ သူတို့ သမီးလေးကို ကယ်တင်ဖို့ ပြန်ပေးသမားတွေရဲ့ အကြံအတိုင်း လိုက်လုပ်ကြရပါတော့တယ်။ File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2002
Trapped
Gabriel’s Rapture: Part I
5.9

Gabriel’s Rapture: Part I (2021) ********************************* အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ…. ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel’s Inferno (Part – 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့ နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကို စကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသား သုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ “ဒီကောင်ကွာ ဒီကောင်မကွာ” ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဒီအပိုင်းမှာတော့ ဂောဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက် ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ် File Size : 1.55GB/ 540MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:36:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

5.9 2021 95 mins
Gabriel’s Rapture: Part I
Bird of Paradise
5.8

Bird of Paradise (2024) ဆွီဒင်နိုင်ငံတကာရုပ်ရှင်ပြပွဲကြီးမှာ အကောင်းဆုံးအယ်ဒီတာဆုကို ရရှိထားတဲ့ Bird Of Paradise 2023 ရုပ်ရှင်ဇာတ်ကားကြီး။ ကတ်ဆိုတဲ့အချိန်ပိုင်းသရုပ်ဆောင်တစ်ယောက်က ကိုယ်ပိုင်သီးသန့်ဘဝလေးမှာ နေထိုင်တတ်သူတစ်ယောက်ပါ။ ပါတီပွဲတစ်ခုမှာ ဒိုမိနစ်ဒွန်နဝေးဆိုတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မထင်မှတ်ထားလောက်အောင် နာမည်ကျော်ကြားသွားတဲ့အခါ.. ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဂျာနယ်လစ်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းခံရပြီးနောက် ဒီဇာတ်ကားအတွက် အရင်ရွေးချယ်ထားတဲ့သရုပ်ဆောင်ဆာရှာဟာ အသတ်ခံလိုက်ရတာကို ကတ်တစ်ယောက် သိလိုက်ရတဲ့အခါ ကတ်တစ်ယောက် ဆာရှာအသတ်ခံရတဲ့အမှုကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဆာရှာဟာ ဒီရုပ်ရှင်ကားကြောင့် အသတ်ခံခဲ့ရတာလား? ဒါမှမဟုတ် သူ့ရဲ့အတိတ်က ပတ်သက်ခဲ့သူတစ်ယောက်ယောက်ရဲ့ လက်ချက်လား? စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်လောကနဲ့ LA မှာ ဖြစ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေ ပြဿနာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(870 MB) / (400 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:32:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Family • Drama
5.8 2024 90 mins
Bird of Paradise
Coach Carter
7.3

Coach Carter (2005) ************************ IMDb…7.3,,,Rotten….64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်… နည်းပြအနေနဲ့လည်း ရစ်မန်းမြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး….ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်…ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို ကမ်းလှမ်းကြတယ်… အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်… ဒီကားက ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘဝကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ… Cater ရဲ့နေရာမှာတော့ Mother…f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်… ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘဝထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်… သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ….သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ…သူအောင်မြင်ပါ့မလား… ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်… scene တိုင်းဟာ တန်ဘိုးရှိတယ်…ပြသချိန် ၂နာရီ၁၆မိနစ်မှာ မပြီးပါစေနဲ့လို့ ကယောင်ကတမ်းဆုတောင်းမိတဲ့ကားမျိုးပါ… တယုတယနဲ့ တန်ဘိုးထားပြီး မဖျက်သင့်တဲ့ ခင်ဗျားတို့ ရဲ့ ချစ်စရာ ဇာတ်ကားစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံတယ်… File Size : 2.74GB/ 1.21GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Science Fiction • Horror • Thriller
7.3 2005 136 mins
Coach Carter
A Complete Unknown
7.6

A Complete Unknown (2024) IMDb Rating (7.6) / Rotten Tomatoes (81%) ကမ္ဘာပေါ်မှာ စာပေပညာနိုဘယ်ဆုကို ရတဲ့ တေးရေးဆရာ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဘော့ဒီလန်လို့ခေါ်တယ်။ ဖို့ခ်ဂီတ၊ ကန်းထရီး၊ ပေါ့၊ ရော့ခ်တွေမှာ အလွှမ်းမိုးနိုင်ဆုံး အဆိုတော် တေးရေးဆရာတွေထဲက တစ်ယောက်ပါပဲ။ ဘီတယ်လို Band တွေတောင် သူ့ကို အတုယူအားကျရပါတယ်။ သူ့ရဲ့ “Blowin’ in the Wind” နဲ့”The Times They Are a-Changin'” သီချင်းကတော့ ကမ္ဘာမှာ လူသိအများဆုံးပါပဲ။ ကျွန်တော်တော့သူ့ကို Knocking on Heaven Door သီချင်းနဲ့ စသိခဲ့တာပါပဲ။ အခုတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို ဒါရိုက်တာ James Mangold က ရိုက်ကူးထားပါပြီ။ ဒီဒါရိုက်တာလက်ရာတွေကိုတော့ Logan တို့ Ford vs Ferrari တို့မှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘော့ဒီလန်နေရမှာတော့ မင်းသား Timothée Chalamet ပါဝင်ထားပြီး Edward Norton နဲ့ Elle Fanning တို့ ပါဝင်ထားပါတယ်။ သီချင်းတွေကိုလည်း Timothée Chalamet, Edward Norton, Monica Barbaro နဲ့ Boyd Holbrook တို့က ကိုယ်တိုင်ပဲ ရဲရဲကြီး သီဆိုထားပါတယ်။ အော်စကာဆန်ခါတင်အဖြစ် အကောင်းဆုံး ရုပ်ရှင်ဆု၊ သရုပ်ဆောင်မင်းသားဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ဒါရိုက်တာဆု၊ အသံဆုတွေ ဝင်ထားပြီးပါပြီ။ Brutalist နဲ့ အပြိုင်ကျဲမဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းထဲမှာတော့ ဘော့ဒီလန်တစ်ယောက် အဆိုတော်ဘဝစတင်လာပုံ၊ ဖို့ခ်ကနေ ကန်းထရီး၊ ပေါ့၊ ရော့ခ်လောကတွေထဲမှာ နေရာယူလာပုံနဲ့ နိုင်ငံရေး အချစ်ရေးတွေကို ပြသထားတာတွေ့ရမှာပါ။ အထုပ္ပတ္တိရုပ်ရှင်ကောင်း ဂီတရုပ်ရှင်ကောင်းကြိုက်ရင်အလွတ်မခံရမဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(9.6 GB) / (3.3 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Music Duration….02:21:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Benjamin Translated by Mr.Anderson

7.6 2024 140 mins
A Complete Unknown